Posts

Showing posts from August 24, 2014

ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်မည့် ကုပ္မဏီ တရုက်နွယ်ဖွား နှစ်ဦးပိုင် ဟု ဆို

Image
ရန်ကုန်မြို့သစ် စီမံကိန်း ဖြစ်လာဖွယ်နေရာ                                                           လက်တလော နာမည်ကြီးနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွှက်ခွင့် ရရှိထားတဲ့ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုပ္မဏီဟာ တရုက်နွယ်ဖွားတွေ ဖြစ်တဲ့ ရှောက်ပန်းနဲ ရှောက်စန်း ညီအကို နှစ်ဦးက ထူထောင်ထားတာ ဖြစ်တယ်လို့ ဧရာဝတီ သတင်းငှနက ရေးသားလိုက်ပါတယ်။ အမေရီကန်ဒေါ်လာ ဘီလီယံနဲ ချီ ကုန်ကျမယ့် အဆိုပါ အများပိုင် ကုပ္မဏီဟာလည်း နေရာ လိပ်စာ အတိအကျ မရှိသေးတဲ့ အပြင် တာဝန်ရှိသူ ဆိုလို့ အဆိုပါ ကုပ္မဏီရဲ့ မန်နေဂျင်ဒဒါရိုက်တာ ဦးသက်ဦး ဆိုသူကသာ ဒိုင်ခံ တုန့်ပြန်ဖြေရှင်ပေးနေတယ်လို့ သိရပါတယ်။ ရှောက်ပန်းနဲ ရှောက်စန်းလို့ ခေါ်တဲ့ တရုက်နွယ်ဖွား ညီအကို နှစ်ဦးဟာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်နေတဲ့ ဦြး...

ရုရှားရေနံ ကုပ္မဏီတခု ဒုတိယအကြီမ် ရင်းနှီးမြုပ်နှံ

Image
 Mg.chin Yanmgon ရုရှားနိင်ငံ အခြေစိုက် ရေနံကုပ္မဏီတခု ဖြစ်တဲ့ Bashneft International B.V.,Co.ltd ဟာ မြန်မာနိင်ငံ ကမ်းလုပ်ကွက်ဖြစ်တဲ့ Block EP-4မှာ ၀င်ရောက် ရှာဖွေဖို့ အမေရိကန်ဒေါ်လာသန်း(၃၈.၃)တန် သဘောတူညီမူ စာချူပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ ဒီလုပ်ကွက်ကို  Bashneft International B.V.,Co.ltd က (၉၀)ရာခိုင်နူန်း ပါဝင်မှာ ဖြစ်ပြီး မြန်မာကုပ္မဏီဖြစ်တဲ့ Myanmar’s Sun Apex Holdings က (၁၀)ရာခိုင်နူန်း ပါဝင်မှာ ဖြစ်ကာ စာချူပ်သက်တမ်းကတော့ (၃)နှစ် ဖြစ်ပါတယ် လို့ သတင်းထုက်ပြန်ချက် အရ သိရှိရပါတယ်။ အဆိုပါ ရုရှားရေနံ ကုပ္မဏီဟာ ဗြိတိန် အခြေစိုက် British Premier Oil ကလည်း ရှယ်ယာ(၃၀)ရာခိုင်နူန်း ပါဝင်တဲ့ လုပ်ငန်းဖြစ်ပြီး ဒုတိယကန်ထရိုက်အဖြစ်နဲ မြန်မာ့ ကမ်းလွန်ရေနံ လုပ်ကွက်ကို ရှာဖွေခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရေနံလုပ်ကွက်ဖြစ်တဲ့ Block EP-4 ဟာ မြန်မာ့ ကမ်းလွန်ရေပိုင်နတ်မှာ တည်ရှိပြီး (၈၄၁)Squares mile ကျယ်ဝန်းတာ ဖြစ်ပြီး ကမ်းလွန်ရေနံလုပ်ကွက်ပေါင်း(၁၅၀)ကျော်ထဲက တခု ဖြစ်ပါတယ်။

ဆန်ကုန်သည်တွေ ရူံးလေတလား ပြည်ပတင်ပို့မူ အခြေအနေ

Image
Mg.chin Yangon မြန်မာနိင်ငံရဲ့ ဆန်လောကဟာ ခတ်ခဲတဲ့ အခြေအနေမှာမို့  ပြည်တွင်းလုပ်ငန်းရှင် အများအပြားဟာလည်း ရုန်းကန်နေရတဲ့ အခြေအနေပါ။ကုန်သည်အများစုဟာ ပြည်ပတင်းပို့ရောင်းချခွင့် ရတဲ့ အခြေအနေပေါ်မှာသာလိုက်ပါပြီး ဆန်းဈေးအတက်အကျကို လိုက်ပါနေရတဲ့သူတွေပါ လို့ ဆန်ကုန်သည်တွေကတော့ ပြောပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ် ကတော့ ဒီရက်ပိုင်းထဲမှာ မြန်မာဆန်ဈေးဟာ အတက်အကျ ကြမ်ပြီး (၅)နှစ်အတွင်းမှာ (၄၀)ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ကြမ်း အခေါ်(၂၅)မှတ်တန်သာ ပြည်ပကို အဓီကထား တင်ပို့နေရတဲ့ လုပ်ငန်းတွေဟာ ဒီနှစ်ပိုင်းထဲမှာ အရူံးကြီးခဲ့တယ်လို့ ဆိုကြပြီး အထူးသဖြင့် သဘောင်္နဲ တင်ပို့သူတွေ ပိုအထိနာခဲ့တယ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းဆန်ဈေးဟာ စားသုံးမူ တိုးလာတလို ဈေးနူန်းအရလည်း မြင့်တက်လာခဲ့တာကတော့ သိသာထင်ရှားလှပါတယ်။အစီုးရ ၀န်ထမ်း လခတွေ မြင့်တက်လာပြီးနောက်ပိုင်း သိသာစွာ မြင့်တက်ခဲ့တာဟာ ကုန်သည်တွေ ကြောင့်မဟုက်ပဲ တောင်သူတွေ၊သိုလှောင်သူတွေ နဲ ပြည်ပ ၀ယ်လိုအားကြောင့် ဖြစ်ပြီး ကုန်သည်တွေကတော့ အမြတ်အစွန်း အနည်းငယ်ပေါ်မှာသာ မှီခိုနေရတယ် လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အခြေစိုက် ကုန်သည်...

ဘိန်း စီးပွားရေး

Image
ဘိန်းစေး ခြစ်နေစဉ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိင်ငံဟာ ဘီန်းစိုက်ဧကပေါင်း (၁၄၃၀၀၀)မှာ စိုက်ပျိုးနေကြပြီး အဓီကအားဖြင့်တော့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးကြတယ်လို့ ကုလသမဂ္ဂက သတင်းထုက်ပြန်ထားခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကထက် (၁၃)ရာခိုင်နူန်း ပိုမိုစိုက်ပျိုးလာကြခြင်း ဖြစ်ပြီး ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယမြောက် အစိုက်ပျိုးဆုံး နိင်ငံ တခုပါ။ စိုက်ပျိုးတလောက်လည်း အထွက်နူန်း တိုးတက်နေပြီး ၂၀၁၂ခုနှစ်တုန်းက ဆိုရင် တန်ချိန်ပေါင်း(၈၁၀)အထိ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အဓီကလမ်းကြောင်းတွေကတော့ တရုက်၊လာအို ၊ထိုင်း နယ်စပ်တို့ ဖြစ်တဲ့ ရွှေတိဂံ နယ်မြေဖြစ်ပြီး မူယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းတွေကတော့ အတော်ကို များပါတယ်။ ရှမ်းပြည်ဘက်မှာ ဆိုရင် မန္တလေး-မူဆယ် လမ်းကြောင်း၊တောင်ကြီး -တာချီလိက် လမ်းကြောင်း၊တောင်ကြီး- လွိင်ကော် လမ်းကြောင်း၊နန်စန်-ကျိုင်းတုံ လမ်းကြောင်း တို့ ဖြစ်ပြီး တမူး-ကလေး လမ်းကြောင်း၊မြစ်ကြီးနား -မန္တလေး လမ်းကြောင်း၊ရန်ကုန်-မန္တလေးလမ်းကြောင်း၊ရန်ကုန်-တောင်ကြီး လမ်းကြောင်းတွေအပါအ၀င်ဖြစ်ပြီး ရန်ကုန်ကနေ တဆင့် မော်လမြိုင်၊မြိက်၊ကော့်သောင်း တို့ အထိလည်း ပေါက်ရောက်နေပါတယ်။ ပြည်တွင်းလမ်းေ...

အိမ်ခြံမြေဈေးနူန်းထက် ဈေးကစားသူတို့ကို ထိန်းချူပ်သင့်

Image
Myanmar Estate  Mg.chin Yangon မြန်မာ့ အိမ်ခြံမြေဈေးကို ဈေးကွက်သဘောအရ ထိန်းချူပ်တာထက် ၀င်ရောက်ဈေးကစားနေတဲ့ တရာမ၀င်းငွေကြေးတွေကိုသာ ကာကွယ်ထိန်းချူပ်ဖို့ ကြိုးစားသင့်တယ် လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားလိုက်ပါတယ်။ အစိုးရအနေနဲ တရာမ၀င်ငွေးကြေးတွေ စီးဝင်နေမူကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ အချက်ထက် ဈေးနူန်းထိန်းချူပ်ရေးကို သာ ဦးစားပေးတဲ့ ပုံစံ သက်ရောက်နေတဲ့အတွက် ကာကွယ် ဥပဒေတွေ အတက်နိင်ဆုံး ထုက်ပြန်သင့်ကြောင်း ပြောကြားခဲ့တာပါ။ အီမ်ခြံမြေဈေးနူန်းတွေ မဖြစ်သင့်တဲ့ ဈေးနူန်းတခု အထိ ရောက်ရှိလာတာဟာ တရားမ၀င်ငွေကြေးများကြောင့်လို့ အခိုင်အမာ ဆိုနေကြပြီး ရောင်းသူ ၀ယ်သူ ညီတဲ့ ဈေးနူန်း အဖြစ် ရောက်ရှိလာတာ ဖြစ်တာမို့ အခွန်နဲ ထိန်းချူပ်တာက ပိုသင့်တော်တယ် လို့ အီမ်ခြံမြေ ပွဲစားတဦးက ဆိုထားပါတယ်။ အခွန်ကို ကောက်ခံရာမှာ တရားဝင်ငွေရလမ်းကြောင်း မဖော်ပြနိင်ရင် အခွန်(၂၅)ရာခိုင်နူန်း ကောက်ခံတာဟာ ဈေးနူန်းကို မကျဆင်းစေပဲ ဖြစ်နေတာမို့ အကယ်၍ အီမ်ခြံမြေတွေကို တခုထက် ပိုပိုင်ဆိုင်လာခဲ့ရင် အခွန် Double Tax ကောက်ခံဖို့ အစီုးရက လုပ်သင့်တယ် လို့ အီမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။ ဈေးကွက်စီး...

Online VISA ကို စက်တင်ဘာ(၁)ရက်နေ့မှ စတင်ခွင့်ပြုမည်

Image
Tourism 2012 Mr.chin Yangon မြန်မာနိင်ငံကို ၀င်ရောက်လိုတဲ့ ခရီးသွားဧည့်သည်တွေ အနေနဲ ဗီင်္ဇ လျောက်တဲ့အခါမှာ ပိုမိုအဆင်ပြေစေဖို့ အွန်လိုင်းဗီဇ လျောက်ထားခြင်းကို လာမယ့် စက်တင်ဘာ(၁)ရက်နေ့က စတင်ပြီး ခွင့်ပြုပေးတော့မှာပါ။ ဒီလိုလျောက်ထားနိင်ဖို့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအာဝန်ကြီးငှန က တရားဝင်ထုက် ပြန်ထားခဲ့ခြင်း  ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ အနေနဲ လွယ်လင့် တကူ လျောက်ထားနိင်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ မြန်မာအစီုးရအနေနဲ ဗီဇကို (၃)မျိုးခွဲခြား ဆောင်ရွှက်ပေးနေပြီး လုပ်ငန်းဗီဇ ကို US$(50)နဲ ရက်ပေါင်း(၇၀)၊   ပြည်ဝင်ဗီဇကို US$(40) နဲ ရက်ပေါင်း(၂၈)ရက်၊ ဖြတ်သန်းဗီဇကို US$(20) နဲ (၂၄)နာ၇ီ အဖြစ် သက်မှတ်ခွင့်ပြု ပေးထားပါတယ်။ ဒီလို ခွင့်ပြုပေးတဲ့အတွက် ဆိုက်ရောက်ပြီးမှ ဗီဇ လျောက်ထားရတဲ့ အခတ်အခဲကို ဖြေရှင်းပေးနိင်မှာ ဖြစ်တလို လျောက်ထားတဲ့ အခါမှာလည်း အွန်လိုင်းကနေ တဆင့် အီးမေလ် ပေးပို့ လျောက်ထားနိင်မှာပါ။ မြန်မာနိင်ငံကို ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာလှည့် ခရီးသွား(၂)သန်းကျော် ၀င်ရောက်ခဲ့ပြီး ဒီနှစ်ထဲမှာလည်း (၃)သန်းအထိ ၀င်ရောက်လာဖို့ မြန်မာအစီုးရက မျော်လင့်ထားပါတယ်။ ၂၀၁၃...

နိင်ငံခြားရင်းနှိးမြုပ်နှံသူ စောင့်ကြည့် အနေအထားသာ ရှိနေ

Image
Mr.Chin Yanmgon FDI in Myanmar (1989-2012) မြန်မာနိင်ငံမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေကို နိင်ငံခြားသားတွေ အနေနဲ ရာနူန်းပြည်ဝင်ရောက် ရင်းနှီးမြုပ်နှံခွင့်ကို နိင်ငံခြားသားရင်နှီးမြုပ်နှံမူ ဥပဒေနဲ အညီ MIC က တရားဝင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူတွေ မျက်စီအကျဆုံး နိင်ငံတခုမှာလာရောက်ရင်းနှီးမြုပ်လိုသူတွေ များပြားလှပေမယ့ အမေရီကန်နိင်ငံရဲ့ ဆန်ရှင် မပျက်သေးတဲ့အတွက် အတော်ကို ခတ်ခဲနေအုန်းမှာပါ။ အထူးသဖြင့် အမေရိကကို တင်ပို့ရောင်းချမယ့် လုပ်ငန်းတွေ အတော်များများက ချက်ချင်း လာရောက်ရင်းနှိးမြုပ်နှံဖို့ဆိုတာ ရင်ဆိုင်ရမယ့ အခတ်အခဲတွေ ရှိနေတုန်းမို့ပါ။ အခုချိန်မှာ အဓီကကျတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ ၀င်ရောက်လာဖို့ ဆိုတာ တဆင့်ခံ ကုပ္မဏီတွေ အများအပြား ၀င်လာနိင်ဖွယ် ရှိနေပြီး ရေနံနဲ သဘာဓါက်ငွေက လုပ်ငန်း၊ဘဏ်လုပ်ငန်း တွေနဲ အထည်ချုပ် လုပ်ငန်းတွေမှာ ရာနူန်းပြည့် လာရောက်ရင်းနှီးမြုပ်နှံကြဖွယ် ရှိနေပါတယ်။ ရေနံနဲ သဘာဝဓါက်ငွေ လုပ်ငန်းတွေကို အောက်တိုဘာလ နောက်ဆုံးထား တင်ဒါ ခေါ်ယူနေတာ ဖြစ်ပြီး နိင်ငံခြား ဘဏ်(၁၀)ဘဏ်ကိုလည်း လုပ်ကိုင်ခွင့် ပြုဖို့ အစီုးရကနေ ပြင်ဆင်နေပါတယ...

အသားထုက်လုပ်နိင်မူ GDP အမေရီကန်ဒေါ်လာ (၁၁၁.၁)ဘီလီယံ ရှိဟု CIA ဆို

Image
GDP (purchasing power parity) myanmar အမေရိကန်နိင်ငံရဲ့ CIA က လေ့လာ ဆန်းစစ်ချက်အရ မြန်မာနိင်ငံရဲ့ ၂၀၁၃ခုနှစ် ဂျီဒီပီဟာ ထုက်လုပ်နိင်မူစွမ်းအား ဟာ အမေရိကန်ဒေါ်လာ(၁၁၁.၁)ဘီလီယံရှိနေပြီးတော့ ကမ္ဘာမှာ အဆင့်(၇၂)ရှိနေကာ တရားဝင်ထုက်ပြန်ချက်အရတော့ (၅၉.၄၃)ဘီလီယံသာ ရှိနေတယ်လို့  ဆိုထားပါတယ်။   လူတစ်ဦးချင်း ၀င်ငွေကတော့ တနှစ်ကို ပျမ်းမျ အမေရီကန်ဒေါ်လာ(၁၇၀၀)အထိ ရှိနေတယ်လို့ ဖော်ပြထားပြီး အခွန်ရရှိမူကလည်း အမေရီကန်ဒေါ်လာ(၂.၄၁၃)ဘီလီယံ ရှိနေပြီး အသုံးစရိက်ကတော့ (၄.၄၄၃)ဘီလီယံ အထိ ရှိနေတယ်လို့ ဆိုထားပါတယ်။ အလုပ်လုပ်နိင်တဲ့ လူဦးရေဟာ (၃၄.၃၁)သန်းခန့် ရှိတာမို့ ကမ္ဘာပေါ် မှာ  လုပ်သားကြွယ်ဝမူ အဆင့်(၁၉)မှာ ရပ်တည်နေပါတယ်။စက်မူလုပ်ငန်း ဖွံးဖြိုးတိုးတက်မူ နူန်းထားကလည်း (၁၁.၄)ရာခိုင်နူန်း အထိ ရှိနေပြီး  ဂျီဒီပီ အချိုးကျ ပါဝင်မူ အရ  လယ်ယာစိုက်ပျီုးရေး က (၃၈)ရာခိုင်နူန်း၊စက်ရုံ အလုပ်ရုံကနေ (၂၀.၃)ရာခိုင်နူန်း နဲ ၀န်ဆောင်မူ လုပ်ငန်းတွေကနေ (၄၁.၇)ရာခိုင်နူန်း အထိ ရရှိနေတယ် လို့ ထုက်ပြန်ထားပါတယ်။ ဂျီဒီပီ တိုးတက်မူနူန်းထားကလည်း မြန်ဆန်နေပြီး ၂၀၁၃ ခုနှစ်မှ (၆.၈) ရာခိုင်နူန်း ရှိနေသော်ငြားလည်...

မြန်မာနိင်ငံရဲ့ တရားမ၀င်ငွေစီးဆင်းနေမူ US(1.704) ဘီလီယံ ရှိနေ

Image
Mr.chin Yangon,myanmar ထိုင်းနိင်ငံ အခြေစိုက် မှောင်ခိုငွေကြေးဆိုင်ရာ စစ်တမ်းကောက်ယူတဲ့ Havocscope Global black market Information ကနေ ထုက်ပြန်တဲ့ သတင်းများအရ မြန်မာနိင်ငံရဲ့ တရားမ၀င် ငွေကြေး လှည်ပတ်နေမူဟာ တနှစ်ကို အမေရိကန်ဒေါ်လာ(၁.၇၀၄)ဘီလီယံ ရှိတယ် လို့ ဆိုထားပါတယ်။ အဓီကကတော့ မူးယစ်ဆေးဝါး ရောင်းချမူကနေတဆင့် ရရှိတဲ့ ငွေဖြစ်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ(၁.၅)ဘီလီယံလောက် ရှိတဲ့ ပမာဏရှိပါတယ်။ ထူးခြားချက်အနေနဲကတော့ လူမှောင်ခို ကိစ္စဖြစ်ပြီး တရုက်ကို ရောင်းချတဲ့ အခါမှာ ပျမ်းမျ ဒေါ်လာ(၇၃၀၀) ရရှိနေတယ် ဆိုတဲ့ အချက်ပါပဲ။  Counterfeiting  လို ကိစ္စရပ်ကနေ လည်း အမေရီကန်ဒေါ်လာ(၀.၄)ဘီလီယံနီးပါး ရရှိနေတဲ့ ကိစ္စရပ်များကိုလည်း ဖော်ပြ ပါရှိပါတယ်။ မြန်မာနိင်ငံဟာ ဘိန်းထုက်လုပ်တဲ့ ဒုတိယ အများဆုံး စာရင်းဝင်နိင်ငံ ဖြစ်နေဆဲ့ ဖြစ်ကာ အီမ်နီးချင်နိင်ငံတွေကနေတဆင့် နိင်ငံတကာ ကို ဖြန့်ဖြူးနေတဲ့ အတွက် ယင်းငွေပမာဏတွေကို  ရရှိနေတာ ဖြစ်ပြီး ထိုင်းရဲ့ မှောင်ခိုငွေလမ်းကြောင်းကိုတော့ မမှိသေးပါဖူး။ စစ်တမ်များ အရ ထိုင်းနိင်ငံဟာလည်း တရားမ၀င်ငွေ အမေရိကန်ဒေါ်လာ(၁၃.၉၅)ဘီလီယံ လည်ပတ်နေပြီး မူးယစ်ဆေးဝါးရောင်းချမူကေ...

အမေရိကန် ကုပ္မဏီ တခုမှ MPT ကို တရားစွဲဆို

Image
ပထမဆုံးအကြိမ် အနေနဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို  I.I(W.S) လို့ခေါ်တဲ့ အမေရိကန်ကုပ္မဏီက တရးစွဲဖို့ ပြင်ဆင်လိုက်ပါပြီ။ အဓီကအချက်ကတော့ ဖိလစ်ပိုင်ကနေ အိန္ဒိယသို့ တယ်လီဖုန်း ဆက်သွယ်ပေးစေဖို့တွက် မြန်မာဆက်သွယ်ရေးက ကြားခံအဖြစ် လုပ်ဆောင်ပေးရန် လက်မှတ်ရေးထိုးခဲ့သည့်ကို ပျက်ကွက်ခဲ့သည့် အတွက် ဟု ဆိုကာ  I.I(W.S)ကုပ္မဏီမှ ဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ခုနှစ်က ရေးထိုးခဲ့သည့် ယင်းစာချုပ်ကို ဖောက်ဖျက်မူဖြင့် အမေရိကနိနိင်ငံတွင် တရားစွဲဆိုသွား၇န် ပြင်ဆင်နေပြီး စာချုပ်ပါ အချက်များအတိုင်း တရားစွဲဆိုသွားမည် ဖြစ်သည်ဟုလည်း သတင်းရရှိသည်။ ဒုတိယအကြီမ် အဖြစ် ယခုအစိုးရ တက်လာသည့် နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို  တရာစွဲဆိုသည့် ဖြစ်ရပ် ဖြစ်လာခဲ့ကာ ယင်းမတိုင်မှီကလည်း ကျပ်(၁၅)သိန်းတန် ဖုန်း အငှားကိစ္စရပ်များတွက် ပြည်သူများက တရားစွဲဆိုလိုသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။ အဆိုပါ စာချူပ် ဖောက်ဖျက်မူကြောင့် IIWS ကုပ္မဏီအနေနှင့် ဒေါ်လာသန်း(၃၀) နှင့် ငှန ကိုယ်စလှယ် ဖြစ်သူမှ နစ်နာကြေး ဒေါ်လာသန်း(၁၅၀)ခန့် ရယူလိုမူဖြင့် တရားစွဲဆိုမည် ဖြစ်သည် ဟု ဦးတင်အေးက ဆိုခဲ့သည်။ R.S :: myanmar media

သီလ၀ါ SEZ အတွက် လျပ်စစ်ဓါက်အားအတွက် ဂျပန်ကုပ္မဏီမှ တာဝန်ယူ တည်ဆောက်မည်

Image
ဂျပန်ဝန်ကြီးချူပ် ရန်ကုန်မြို့ သီလ၀ါSEZ သို့ လာရောက်စဉ် ချင်လေး ရန်ကုန်၊သြဂုက်(၂၄)ရက် သီလ၀ါ အထူးစီးပွားရေးဇုန် အတွက် သီးခြားလျပ်စစ်ဓါက်အားပေးစက်ရုံကို ဂျပန်ကုပ္မဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး လက်ရှိ 2015 ခုနှစ်တွင် လိုအပ်ချက်ချက်မှာ MKV(၁၀)မှ MKV(၂၀)အထိသာ လိုအပ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကငှ ဖြစ်သူ ဦးဆက်အောင်က ဆိုသည်။ လျပ်စစ်နဲ ပါတ်သက်တာတွေကိုတော့ ဂျပန်နိင်ငံက ODA lone ကို ပေးခဲ့ပါတယ်။လျပ်စစ်နဲ ပါတ်သက်ပြီး အရည်အသွေး၊မပျက်တောက်အောင် ဓါက်အားပေးစက်ရုံကို ဂျပန်က ဆောက်မှာပါ ဟု ၎င်းက ဆိုသည်။ ကနဦး တည်ဆောက်နေသော သီလ၀ါအထူးစီးပွားရေးဇုန် ၏ Zone A မှ ဧကပေါင်း(၉၀၁.၂၈) ရှိနေကာ နိင်ငံတကာမှ စက်ရုံအလုပ်ရုံပေါင်း (၄၅)ခုခန့် တည်ဆောက်ရန် ပြင်ဆင်နေပြီး ဖြစ်ကာလျပ်စစ်ဓါက်အားအတွက် ဇုန်၏ ပြင်ပ အခြေခံအဆောက်အဦးကို အစီုးရမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ရာ ဂျပန်နိင်ငံမှ ODA Lone ကို အတိုးနူန်း(၀.၀၁)ရာခိုင်နူန်းဖြင့် နှစ်လေးဆယ် သတ်တမ်း ချေးငွေကို ချေးယူ ရရှိထားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သီလ၀ါအထူးစီးပွားရေးဇုန်အတွက် လျပ်စစ်ဓါက်အားအတွက် သဘာဝဓါက်ငွေ့ ဓါက်အားပေး စက်ရုံ နှင့် ကျော...

OVER SEA သမားတွေ အ၀ယ်လိုက်နေတဲ့ ဆန်

Image
ရန်ကုန်ဆန်ဈေးကွက် Over sea သမား အ၀ယ်လိုက်နေ ပြည်ပတင်ပို့ရန် ပြင်ဆင်နေသည့် ဆန်ဂိုထောင်ရုံတခု ချင်းလေး ရန်ကုန်၊သြဂုက်(၂၅)ရက် တရုက်ဝယ်လိုအား ကောင်းမွန်ခြင်း မရှိသော်ငြားလည်း Over sea သမားများ ၀ယ်ယူနေသဖြင့် ဘုရင်နောင့်ဆန်ကုန်စည်ဒိုင်သို့ ဆန်ပုံမှန်ဝင်ရောက်နေပြီး ပြည်တွင်းဆန်ဈေး ကျဆင်းနေခြင်း မရှိပဲ တည်ငြီမ်နေသည်ဟု အဆိုပါ ကုန်စည်ဒိုင်မှ အတွင်းရေးမူး ဦးသန်းဦးက ပြောကြားသည်။ တရုက်က ဆန်ရွှေးဝယ်တဲ့အတွက် ပို့တဲ့သူတွေကလည်း ဆန်ကောင်း ရွှေးဝယ်ပို့ကြတယ်။ (၂၅)မှတ်ဆန်ကတော့ over sea သမားတွေ အ၀ယ်လိုက်တဲ့အတွက် ဈေးက အဆမတန် မကျသွားပဲ တည်ငြီမ်နေတယ်။ ဟု ၎င်းက ပြောကြားသည်။ Over sea သမားများ လက်ရှိတွင် အ၀ယ်လိုက်နေခြင်းမှာ ပြည်ပ တင်ပိုပမူ အတွက် မဟုက်ပဲ ၎င်းတို့ ကြွေးကျန်လျက် ရှိနေသော ဦးပိုင်ကုပ္မဏီသို့ ပေးသွင်းရန် ကျန်နေသည့် ဆန်များအတွက် တရုက်ဈေးကွက် ပျက်နေခိုက် ၀ယ်ယူမူ ပြုနေခြင်း ဖြစ်ကာ (၂၅)မှတ်ဆန်မှာ ယခု လဆန်းပိုင်းကထက် တအိက် ကျပ်(၁၀၀၀)ခန့် ကျဆင်းလာခဲ့ခြင်း ဖြစ်ကာ ဆက်လက်ကျဆင်းခြင်းမရှိပဲ တည်ငြီမ်နေသည်ဟုလည်း ၎င်းက ဆက်လက်ဆိုသည်။ ဘုရင်နောင့် ကုန်စည်ဒိုင်သို့ နယ်မှ ဆန် ပုံမှန်ဝင်ရောက်နေပြီး ဈေးကွက် အေ...

မြန်မာ့စတော့အိက်ချိန်းဈေးကွက် အခြေအနေ

Image
အခတ်အခဲတွေကြားက မြန်မာ့ စတော့အိက်ချိန်းဈေးကွက် မောင်ချင်း ရန်ကုန်၊သြဂုက်လ(၂၅)ရက် ရန်ကုန်မြို့ရှိ စတော့ရောင်းဝယ်ရေးစင်တာ (MSEC) မြန်မာ့စီးပွားရေးစနစ်ကို ပြောင်းလဲပေးနိင်ဖွယ် ရှိနေသော စတော့ အိက်ချိန်း ဈေးကွက်ကို ပြင်ဆင်ဆောင်ရွှက်နေမူ၊လူစိက်ဝင်စားမူ အများအပြားရရှိနေသော်လည်း လိုအပ်ချက် ၊အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်ကာ  အများပိုင်ကုပ္မဏီများ၏ သက်တမ်းနုနယ်ခါစအခြေအနေမို့ အများပြည်သူတို့အနေနှင့် အစုရှယ်ယာ ၀ယ်ယူပါက ဘက်ပေါင်းစုံမှ စဉ်းစားကြရန် လိုအပ်လျက် ရှိနေသည်။ စတော့ အိက်ချိန်း ဆိုတာ လက်ရှိမြန်မာ့စတော့ အိက်ချိန်းဈေးကွက် ပေါ်ပေါက်လာရန်အတွက် (၁၆)နှစ်ကျော် လာရောက်ပူးပေါင်း ပါဝင်ထားသည့် ဂျပန်နိင်ငံမှ ဒိုင်ဝါကုပ္မဏီ နှင့် အစီုးရဘက်မှ MSEC(မြန်မာစတော့အိက်ချိန်းစင်တာ)တို့ မှ ပူးပေါင်းကာ ၂၀၁၅ခုနှစ်ကုန် ပိုင်းခန့်တွင် ဆောင်ရွှက်ရန် ပြင်ဆင်လျက် ရှိသည်ဟုလည်း MSEC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အစီုးရ၏ အားပေးမူကြောင့် အများပိုင်ကုပ္မဏီ အများအပြားပေါ်ပေါက်လာခဲ့ပြီး ယခင်အစီုးရလက်ထက်က (၂၃)ခု၊လက်ရှိအစီုးရလက်ထက်တွင် (၁၃၂)ခု အသီးသီး ပေါ်ပေါက်လာခဲ့သည်။  ထိုသို့ ပေါ်ပေါက်လာလျက်ရှိနေသော်လည်း အမျာ...

တော်တလို တာထွက်နေတဲ့ဆန်

Image
တရုက်ကို တော်တလို တာထွက်နေတဲ့ ဆန် မောင်ချင်း ရန်ကုန်၊သြဂုက်(၂၄)ရက် တရုက်ဘက်မှာ အဖမ်းအဆီးများနေတယ်။သူတို့ဘက်ကုန်သည်တွေ ဆင်းလာမ၀ယ်ကြဘူး၊အခုတော့လည်း ပြန်ဝယ်လာတယ်။အရည်အသွေးကောင်းတဲ့ ဆန်ကိုပဲ လို့ ဆန်ကုန်သည် ဦးသန်းဦးက ညည်းလိုက်တယ်။ တရက်ကို အိက်ပေါင်း(၅၀၀၀၀)လောက် အင်းနဲ အားနဲ တင်ပို့ကောင်းနေတုန်း ရုက်တရက် ဒုန်းဆို တရုက်အာဏာပိုင်တွေက တရားမ၀င်လို့ ပြောပြီး ယခုလဆန်းပိုင်းတုန်းက ဖမ်းဆီးလိုက်တာ တရုက်ကုန်သည်တွေရော ပြည်တွင်းက ဆန်ကုန်သည်အချို့ပါ ပါကုန်ကြတယ်။တချို့ဆို တရက်တည်း ဆန်ကား(၁၀)စီးလောက် ကွီခနဲ မိကုန်ကြတော့ ဟိုကလည်း မ၀ယ်ရဲ ဒီဘက်ကလည်း အရှိန်နဲ ပို့ကောင်းတုန်းမှာ ဘရိက်ဖမ်းအုပ်လိုက်တလို ရှော့တွေ ဖြစ်ကုန်ရောပေါ့။ တရုက်ပေါ်လစီ အနေအထား တရုက်ဆန်ဝယ်လိုအားဈေးကွက် အားကောင်းလာတာ နှစ်သိပ်မကြာသေးပေမယ့် အခုချိန်မှာတော့ ပြည်တွင်းဆန် သုံးပုံ နှစ်ပုံလောက်က သူတို့ ၀ယ်ယူနေကြတယ် လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ပြီးခဲ့တဲ့ နှစ်ကဆို ပြည်ပဆန်တင်ပို့မူရဲ့ (၇၀)ရာခိုင်နူန်းလောက်က တရုက်က ၀ယ်တာ ဖြစ်ပြီး အရည်အသွေးဆိုတာမကြည့်ပဲ ရတာအကုန်ဝယ်တော့ ပြည်တွင်ဆန်တွေကလည်း အကုန် သွားကြတာလို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ...

ရေနံနှင့်သဘာဓါက်ငွေ့ လုပ်ငန်းများ လုပ်ကိုင်ရန် ကုပ္မဏီ(၁၀)ခုကို MIC မှ ခွင့်ပြု

Image
ရေနံနှင့်သဘာဓါက်ငွေ့ လုပ်ငန်းများ  လုပ်ကိုင်ရန် ကုပ္မဏီ(၁၀)ခုကို MIC မှ ခွင့်ပြု မြန်မာ့ရေနံနှင့် သဘာဝဓါက်ငွေ့ ထုက်လုပ်နိင်မူ အခြေအနေ ချင်းလေး ရန်ကုန်၊သြဂုက်(၂၃)ရက် မြန်မာနိင်ငံ ရင်းနှိးမြုပ်နှံမူ ကော်မရှင်မှ  နှစ်လအတွင်း ရေနံနှင့်သဘာဝဓါက်ငွေ့တူးဖော်ရေးလုပ်ငန်း၊ဖွံးဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြည်နယ်နှင့်တိုင်းဒေသရှိ (၂၁)ခုတွင် ပြည်တွင်းပြည်ပကုပ္မဏီပေါင်း(၁၀)ခုကို ရှာဖွေလုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သတင်းထုက်ပြန်ချက်များ အရသိရှိရသည်။ အဆိုပါ ကုပ္မဏီများမှာ စကာင်္အခြေစိုက် ကုပ္မဏီများပါဝင်နေပြီး နယ်သာလန်၊လိုက်ဘီးရီယား၊ဗြိတိန်၊ အိန္ဒိယ၊ကနေဒါနှင့် ဘရူးနိင်းနိင်ငံ အခြေစိုက်ကုပ္မဏီကြီးများလည်း ပါဝင်ခဲ့ကာ Production Sharing Contract(PSC) စာချုပ်အရ ရေနံနှင့်သဘာဝဓါက်ငွေ့ ရှာဖွေရေး၊Improved Petroleum Recovery Contract (IPR) စာချူပ်တို့ အရ ရေနံနှင့် သဘာဝဓါက်ငွေ့ အထွက်တိုးရေး လုပ်ငန်းများ လုပ်ကိုင်နိင်ရန် MIC မှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ရေနံနှင့် သဘာဝဓါက်ငွေ့ ရှာဖွေရန်၊ရေနံအထွက်တိုးရေး လုပ်ငန်းများအတွက် လုပ်ကိုင်ခွင့် ပြုသော ကုပ္မဏီများမှာ Petronas Canigali myan...