တော်တလို တာထွက်နေတဲ့ဆန်
တရုက်ကို တော်တလို တာထွက်နေတဲ့ ဆန်
မောင်ချင်း
ရန်ကုန်၊သြဂုက်(၂၄)ရက်
တရုက်ဘက်မှာ အဖမ်းအဆီးများနေတယ်။သူတို့ဘက်ကုန်သည်တွေ ဆင်းလာမ၀ယ်ကြဘူး၊အခုတော့လည်း ပြန်ဝယ်လာတယ်။အရည်အသွေးကောင်းတဲ့ ဆန်ကိုပဲ လို့ ဆန်ကုန်သည် ဦးသန်းဦးက ညည်းလိုက်တယ်။
တရက်ကို အိက်ပေါင်း(၅၀၀၀၀)လောက် အင်းနဲ အားနဲ တင်ပို့ကောင်းနေတုန်း ရုက်တရက် ဒုန်းဆို တရုက်အာဏာပိုင်တွေက တရားမ၀င်လို့ ပြောပြီး ယခုလဆန်းပိုင်းတုန်းက ဖမ်းဆီးလိုက်တာ တရုက်ကုန်သည်တွေရော ပြည်တွင်းက ဆန်ကုန်သည်အချို့ပါ ပါကုန်ကြတယ်။တချို့ဆို တရက်တည်း ဆန်ကား(၁၀)စီးလောက် ကွီခနဲ မိကုန်ကြတော့ ဟိုကလည်း မ၀ယ်ရဲ ဒီဘက်ကလည်း အရှိန်နဲ ပို့ကောင်းတုန်းမှာ ဘရိက်ဖမ်းအုပ်လိုက်တလို ရှော့တွေ ဖြစ်ကုန်ရောပေါ့။
တရုက်ပေါ်လစီ အနေအထား
တရုက်ဆန်ဝယ်လိုအားဈေးကွက် အားကောင်းလာတာ နှစ်သိပ်မကြာသေးပေမယ့် အခုချိန်မှာတော့ ပြည်တွင်းဆန် သုံးပုံ နှစ်ပုံလောက်က သူတို့ ၀ယ်ယူနေကြတယ် လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ပြီးခဲ့တဲ့ နှစ်ကဆို ပြည်ပဆန်တင်ပို့မူရဲ့ (၇၀)ရာခိုင်နူန်းလောက်က တရုက်က ၀ယ်တာ ဖြစ်ပြီး အရည်အသွေးဆိုတာမကြည့်ပဲ ရတာအကုန်ဝယ်တော့ ပြည်တွင်ဆန်တွေကလည်း အကုန် သွားကြတာလို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ပြောဖူးတယ်။
တရုက်ဆိုတာမျီုးကလည်း ဘာလာလာ အကုန်ဝယ်တာကိုး။သူတို့ ယူနန်ပြည်နယ်ဘက်က ကုန်းတွင်းခေါင်တော့ ဆန်လိုအပ်ချက်က ကြီးတယ်။ဘာလာလာ အကုန်ဝယ်ဆိုတာ မြန်မာတင် မကပါဘူး။ထိုင်း၊လာအို နဲ ဗိယက်နမ် ဆီတွေကလည်း သိမ်းကျူံးဝယ်တာပါ။သူတို့က လိုအပ်ချက်သာ ရှိတာ အီမ်နီးချင်း နိင်ငံတွေဆီက ၀ယ်ရင် အထက်စီးကနေပဲ သူတို့ သက်မှတ်တဲ့ ဈေးနူန်း၊အ၀ယ် ပေါ်မှာပဲ ကိုယ်တွေက ထုက်ရောင်းရတာ။
မူဆယ်ကို ဆန်ပို့နေတဲ့ ကုန်သည်တစ်ယောက်ကတော့ တရုက်က ဆန်ဝယ်တဲ့အခါမှာ ရန်ကုန်ကနေ မူဆယ်အထိ ကားခ တွေက အစ အသေးစိက်ကြည့်ပြီး မှ အမြတ် တရုက်ငွေ သုံးလေး ယွမ် ပေးတက်ပြီး ၀ယ်ကြတာ။သူတို့ ကုန်သည်တွေက စည်းလုံးတယ်။ဒီဈေး ဆို ဒီဈေးပဲ ။မြန်မာတွေပဲ တင်းခံမယ် ဆိုပြီး လုပ်တယ်။တစ်ယောက် ထဖောက်တာနဲ ပျက်တာပဲ လို့ ပြောပါတယ်။
ပြီးတော့ ယူနန်အစီုးရကလည်း သူတို့ဆီမှာ ဆန်လိုအပ်ချက်က ကြီးတာ သိတယ်။အခုချိန်ထိ တရားဝင် သွင်းခွင့် မပေးသေးပေမယ့် မှောင်ခိုသွင်းတာကို လက်ခံတယ်။တခါတလေ အဖမ်းအဆီး ရှိတာကလည်း တရုက်ကုန်သည်တွေနဲ ဒေသခံ တာဝန်ရှိသူတွေ ပူးပေါင်းလုပ်တာလို့ ဒီဘက်က ကုန်သည်တွေက ပြစ်တင်ပြောဆိုထားတာတွေလည်း ရှိပါတယ်။တရုက်ကုန်သည်တွေက ဆန်ဝယ်တဲ့အခါမှာ သူတို့ ဂိုထောင်အရောက် ပို့ပေး ရောက်မှ ငွေချေလေ့ ရှိတာမို့ မြန်မာကုန်သည်တွေ နစ်နာတာတွေလည်း များလှပြီလို့လည်း ကုန်သည်တွေက ဆိုကြပြန်ပါတယ်။
တရုက်ကို ဆန်တင်ပို့တဲ့အခါမှာ တရားဝင်ဖြစ်စေဖို့ တောင်းဆိုနေတာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ကတည်းက စီးပွားကူးသန်းဝန်ကြီးငှန နဲ ဆွေးနွေးနေခဲ့ကြတာ အခု ပြသာနာ တက်လာတဲ့ အချိန်ထိ မရသေးပါဖူး။တရုက်ကလည်း အရည်းအသွေးတွေ စစ်ဆေးပြီးမှ သာ တရားဝင်သွင်းခွင့် ပြုမယ်လို့ ဆိုတော့ အရည်အသွေး တိုင်းတာတာတွေက အချိန်ယူရအုန်းမှမို့ နောင်နှစ် ကူးတဲ့အထိ ဖြစ်လာအုန်းမယ် မထင်ပါဖူး။
စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကတော့ ဈေးကွက် အသစ်တွေမှာ ထိုးဖောက်ကြဖို့ အသစ်တွေ ရှာဖို့ ပြောဆိုတဲ့ အထိ ဖြစ်လာခဲ့ပေမယ့် ပြည်ပကို(၂၅)ဆန်သာ အဓီကထား ပို့နေရတဲ့ မြန်မာအတွက်တော့ တော်တော်ကို မလွယ်တာပါ။အခုလည်း တရုက်က ပြန်ဝယ်နေပြီ ဆိုပေမယ့် အရည်အသွေးကောင်းတဲ့ ဆန်ကို ရွှေးဝယ်နေတဲ့အတွက် မူဆယ်မှာ စုပြုံနေတဲ့ ဆန်တွေ အများကြီးမရောင်းရသေးပါဖူး။သို့သော်လည်း နောက်ပိုင်းတော့ ထုံးစံအတိုင်း ဆန်ဈေး ပြန်ကျသွားခဲ့ရင် အ၀ယ်ပြန်လိုက်လာကြမှာပါ။
ဘာလို့ ပိုလို့ရောင်းသူကို လိုအပ်နေတဲ့ ၀ယ်သူက အစီး ဖြစ်နေတာလဲ
ဒီကိစ္စမှာတော့ အဓီက အချက်ကတော့ ပြည်တွင်း ဆန်ကုန်သည်တွေ မညီညွက်တာရယ်၊မူဆယ်မှာ ဆန်သိုလှောင်ရုံတွေ နည်းတာတွေ ကိုယ်ရဲ့ဆန်အရည်အသွေး နှိမ့်တာတွေကြောင့်က အဓီက အချက်တွေပါ လို့ မန္တလေးအခြေစိုက် ဆန်ကုန်သည်ကတော့ ပြောပါတယ်။
၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်တုန်းက ဆန်တန်ချိန် (၈)သိန်းနီးပါး၊၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်တုန်းက တန်ချိန်(၇)သိန်းကျော်လောက်အထိ တင်ပို့ထားခဲ့ရတဲ့ တရုက်ဈေးကွက်ဟာ တရားဝင် မဟုက်သေးပေမယ့် ၀ယ်လိုအား ဘယ်လောက်ကြီးမားတယ် ဆိုတာ အားလုံးအသိ။ ဒါပေမယ့် တရုက်ကုန်သည်တွေရဲ့ လက်ထဲမှာပဲ ဈေးက ရှိနေတဲ့အပြင် မူဆယ်ရောက်လာတဲ့ ဆန်အ၀င်အနေအထားကို ကြည့်ပြီး ဈေးကစားကြပါတယ်။သူတို့က ကားခတွေ ပြည်တွင်းဈေးနူန်းတွေကိုပါ သိရှိထားပြီး ယင်းအပေါ်မှာ ကြည့်ဝယ်တလို ဆန်စုပြုံရောက်လာပြီ ဆိုရင်အ၀ယ်ရပ်တာမျိုး လုပ်လေ့ ရှိပါတယ်။ဒီလိုအချိန်မျိုးဆို ပြည်တွင်းကုန်သည်တွေ မနေနိင်ကြတော့ပဲ ရတဲ့ဈေးနဲ ပြန်ထုက်ရောင်းကြတယ်။ဒီအချက်ကို သိထားကြပေမယ့် ကုန်သည်တွေက တင်းမခံနိင်ကြပါဘူး။တစ်ယေက်မဟုက် တစ်ယောက်က ထဖောက်တယ်။ဒီနေ့ ဒီဈေးနဲ မရောင်းရင် နောက်ရက် ထပ်မရနိင်တော့ဘူး ဆိုတဲ့ အတွေး နဲ ရောင်းကြတာမို့ အသားစီးရှိနေတာပါ။
နေက်တချက်က မူဆယ်မှာ ဆန်သိုလှောင်နိင်တဲ့ အရည်အသွေးမြင့် ဂိုထောင်တွေ နည်းတယ် ၊ဆန်စုပြုံရောက်လာတဲ့အခါ ထားဖို့ အခတ်အခဲ ရှိတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်ထိတော့ အစီုး၇ဘက်ကရော ပုဂ္ဂလိကဘက်ရော လုပ်ဆောင်နိင်မူ မရှိသေးတာကို တွေ့ရှိရပါတယ်။ဆန်သိုလှောင်ရုံ အခတ်အခဲ ရှိတဲ့အတွက် ဆန်ရောက်ပြီး သုံးလေးရက် ကြာပြီဆို မဖြစ်မနေ ရောင်းထုက်ရတဲ့ အဆင့် ဖြစ်နေတယ်လို့ မူဆယ်က ဆန်ကုန်သည် ပြောပါတယ်။
ဆန်အရည်အသွေး ကိစ္စရပ်ကလည်း အတော်ကို စကားပြောရတဲ့ အခြေအနေပါ။ဆန်အမျိုးအစားတူတာကို စိုက်လို့ မရအောင်လည်း နယ်မြေဒေသအခြေအနေက ရှိနေပါတယ်။ဆန်အရည်အသွေးနဲ ပါတ်သက်ပြီး အစီုးရဘက်ကရော ပုဂ္ဂလိကဘက်ပါ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပေမယ့် ပြည်ပကို(၂၅)မှတ်ဆန်ပဲ တင်ပို့နေရတုန်းပါ။ ဆန်အမျိုးအစားအချို့ကို စိုက်ဖို့ လုပ်ဆောင်ကြတာမျိုးတွေ ရှိပေမယ့်လည်း မိရိုးဖလာ စိုက်နေကြ ဆန်ပဲ စိုက်တာတွေကြောင့် တောင်သူတွေ အမြတ်နည်းတယ်။တခြားစိုက်မယ့်ဆိုလည်း ငွေကြေးက စကားပြောတယ်လို့ တောင်သူတွေက ဆိုတယ်။
လက်ရှိမှာ တောင်သူတွေတွက် ချေးငွေကိစ္စတွေ စတင်နေပြီ ဖြစ်ပေမယ့် အရည်အသွေးတခုတည်းရှိရမယ် ဆိုတဲ့ အချက်ကတော့ ပြင်ဖို့ ခတ်ခဲနေအုန်းမှာပါ။ ကိုယ်ဆန်ကလည်း အရည်အသွေးမကောင်းတော့ ၀ယ်သူက ရစ်တမျ သည်းခံရောင်းနေရတဲ့ အခြေကလည်း ကုန်သည်တွေတွက် ရိုးနေပြီ ဖြစ်မှာပါ။
အရည်အသွေးနဲ တရားဝင်မ၀င်
အခုရက်ပိုင်းထဲ အဖမ်းအဆီးများပြန်တေ့ ကုန်သည်တွေ ညည်းကြတယ်။အစီုးရကလည်း ဆန်စပါးအသင်းချူက တာဝန်ရှိသူတွေ၊ကုန်သည်တွေခေါ်ပြီး တရုက်နဲ ညိပေးပါတယ်။ဟိုကလည်း အရည်အသွေးကို တပြားမှ အလျော့ မခံပဲ ပြီးမှ တရားဝင် အဖြစ်သွင်းခွင့် ပြုမယ်လို့ ဆိုပါတယ်။ တရုက်ကုန်သည်တွေကလည်း ညီအကို ဆွေမျိုးပေါက်ဖော်တွေချင်းဆိုတော့ လက်ရှိမှာ နမူနာအဖြစ် ဆန်အရည်အသွေးကောင်းတာတွေကို ပြန်ဝယ်နေပြနေပါတယ်။
ဆန်အရည်အသွေးနဲ ပါတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက တရုက်သံရုံးက စီးပွားရေးဆိုင်ရာ တာဝန်ခံ တစ်ယောက် ပြောဖူးပါတယ်။သူတို့ အနေနဲ ဆန်အရည်အသွေးကိစ္စကို စစ်ဆေးဖို့ စီးပွားကူးသန်းရုံးကို ပေးပို့ထားဖူးကြောင်း၊ဒါပေမယ့် အကြောင်းမပြန်တဲ့အတွက် လုပ်ဆောင်၍မရသေးတဲ့ အကြောင်းပါ ပြောဆိုခဲ့ဖူးတယ်။သူပြော အပြီးမှ ပြည်ထေင်စု ၀န်ကြီးကိုယ်တိုင် မူဆယ်မှာ သွားရောက် ညိနိင်းခဲ့ပေမယ့် အောင်မြင်မူ မရခဲ့ပါဖူး။အခုလည်း တကြီမ် ဆွေးနွေးကြပြန်တော့ တရုက်က အရည်အသွေးနဲ ပါတ်သက်ပြီး လူသုံးယောက်လာမယ် ဆိုထားတော့ အားလုံးစောင့်ဆိုင်းနေကြပြန်ရော။ဒါပေမယ့် ကိုယ်နိင်ငံ အခြေအနေရယ်၊ဆန်အနေအထားရယ် နဲ တရုက်လုပ်ပုံ ကိုင်ပုံတွေအရ အဆင်ပြေမယ့်အခြေအနေမမြင်သေးပါဖူး။
အကယ်လို့ အရည်အသွေးကိစ္စ ဖြစ်လာခဲ့ရင်တောင် နောင်နှစ်မှသာ ဖြစ်လာဖွယ် ရှိနေပြီး တရုက်ကို တင်ပို့နေတဲ့ နူန်းထားအများကြီးလျော့ကျသွားနိင်ခြေ ရှိတယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင်က ဦးသိန်းဇော်က ပြောပါတယ်။
ပြည်တွင်းဆန်အမျိုးအစားတွေ များလွန်းနေတာတွေက ချက်ချင်းပြောင်းလဲဖို့ မလွယ်ကူသေးတလို့ ဒီနှစ်ထဲမှာ ဂျပန်ကို အရည်အသွေးပြည့်မှိတဲ့ ဆန်တင်ပို့တဲ့အခါ ဘယ်လောက်ခတ်ခဲတယ် ဆိုတာကိုပါ တင်ပို့နေသူတွေ သိကြမှာပါ။(၂၅)မှတ်ဆန်ကို အရင်ကတည်းက တောင်အာဖရိကလို အလှုရှင်ဝယ်လို့ ပို့ပေးခဲ့ရာကနေ အခုနောက်ပိုင်း တရုက်ဝယ်လိုအားကြောင့် ဈေးကွက်ပိုမို ကျယ်ပြန့်လာခဲ့တာပါ။တရုက်နိင်ငံအနေနဲကလည်း မုန့်တွေ ပြုလုပ်တဲ့ နေရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုကြတာမို့ ၀ယ်လိုအားကောင်းခဲ့တာပါ။အချိန်မှာ (၂၅)မှတ်ဆန် တင်ပို့ရာကနေ အရည်အသွေးပြည့်မှိတဲ့ ဆန်တင်ပို့ဖို့ ဆိုတာ ပြောင်းလဲယူဖို့ အတော်ကို ခတ်ခဲပါတယ်။အကယ်လို့ ဆန်အရည်အသွေးကောင်းမှ တရုက်ကို တရားဝင်တင်ပို့နိင်ပြီ ဆိုရင်တောင် (၂၅)မှတ်ဆန်တွေဟာ လက်ရှိလိုပဲ တရားမ၀င် အနေအထားတိုင်း ရှိနေအုန်းမှာပါ။တရုက်ဘက်လည်း အရည်အသွေးပဲ ဆိုနေ ဆိုနေ လိုအပ်ချက်ကြီးတဲ့ သူတို့နိင်ငံအတွက် တရားမ၀င်လည်း ၀ယ်နေအုန်းမှာပါပဲ။
ဒါကြောင့်လည်း ဆန်ကုန်သည် အများစုက ဆန်အရည်အသွေးထက် တရားဝင် ပို့နိင်ဖို့သာ ပိုလိုးလားနေကြပြီး ဟိုရောက်ရင်အဖမ်းခံထိနေရတဲ့ ကိစ္စကို ဖြေရှင်းချင်ကြတာပါ။ဒီအချက်ကို ဆောင်ရွှက်နိင်ဖို့က မူဆယ်မှာ ဆန်ရောင်းဝယ်ရေး ဒိုင်အဖြစ်နေရာအတည်တကျ ရှိဖို့လိုတလို ဆန်တွေကို အလေအလွင့်နည်းအောင်၊စနစ်တကျ ထိန်းထားနိင်တဲ့ ၈ိုထောင်ရုံတွေ လိုအပ်ပါတယ်။ လက်ရှိတရုက်ကို တရားဝင်အနေအထားတင်ပို့နိင်အောင်ဆောင်ရွှက်နေလိုပဲ ပြည်တွင်းဘက်က လိုအပ်ချက်တွေကိုလည်း ပြင်ဆင်သင့်နေပါပြီ။
ဆန်ကုန်သည်တွေအနေနဲလည်း ပိုမိုစည်းလုံးသင့်တဲ့ အနေအထားကို အခုချိန်ထိ မတွေ့ရသေးတဲ့အပြင် သတင်းနဲ အချက်အလက် ရရှိနိင်မူ နည်းပါးနေတဲ့ အခြေအနေကလည်း ဈေးကွက်မှာ တပန်းရူံးနေပါတယ်။
တရုက်နိင်ငံက ကုန်သည်သည်တွေဟာ မြန်မာပြည်ဈေးကွက်အခြေအနေကို အမြဲမပြတ်ထောက်လှမ်းနေတလို သတင်းစာ၊ဂျာနယ်တွေကိုလည်းအမြဲ ဘာသာပြန် ထုက်ပြန်လျက်ရှိနေပြီး မြန်မာဘက်တော့ ဒီလိုအခြေအနေတွေ မရှိသေးဖူး လို့ ဆန်ကုန်သည်တဦးက ပြောဆိုထားပါတယ်။
နောင်ခါလာ နောင်ဈေးလည်း မှောင်ခိုပါပဲ
မြန်မာနိင်ငံဟာ လယ်ယာစီးပွားရေးစနစ်ကို အဓီကထားဆောင်ရွှက်နေတဲ့ တိုင်းပြည်ဖြစ်ပြီး ဆန်ဆိုရင်လည်း ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်က တန်ချိန်(၁.၃)သန်းကျော်၊၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်မှာ (၁.၂)သန်းနီးပါး ထိ တင်ပို့ခဲ့ရာမှာ တရုက်က အဓီက ၀ယ်ယူတဲ့ အနေအထားမို့ ဆန်ဈေးကွက်ကို နောင်နှစ်တွေအထိ လွမ်းမိုးနေအုန်းမှာပါ။ဥရောပ၊ဂျပန် နဲ အာဆီယံနိင်ငံတွေကို တင်ပို့နေတယ် ဆိုပေမယ့် အနည်းငယ်သာ ရှိနေသေးပြီး တောင်အာဖရိက ဆိုရင်လည်း အလှုရှင်တွေ ရှိမှ ရောင်းနေရတဲ့ အခြေအနေဖြစ်နေပါတယ်။
မြန်မာနိင်ငံအနေနဲ တခြားဈေးကွက်သစ်တွေ ရှာဖို့ လိုအပ်ပေမယ့် အရည်အသွေး အနေအထားအရ မလွယ်ကူသေးပဲ ရှိနေတဲ့ ဆန်အမျိုးအစားများကိုသာ အရည်အသွေးကောင်းမွန်အောင် မြင့်တင်နေရမယ့် သဘောပါ။တရုက်နိင်ငံအနေနဲကတော့ စားသုံးမူ၊ကုန်ကြမ်းလိုအပ်ချက်အရ ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်ကတောင် တန်ချိန်(၄)သန်းဝယ်မယ်လို့ သတင်းထုက်ပြန်ထားခဲ့ပြီ ယင်ပမဏထက်တောင် ပိုခဲ့တဲ့ အခြေအနေမို့ ၀ယ်လိုအားကတော့ မည်သို့ပင်ဆိုစေ ရှိနေအုန်းမှာပါ။တခြား ထိုင်း၊ဗီယက်နမ်နိင်ငံက ထွက်တဲ့ ဆန်တွေထက် စာရင် ဈေးချိုနေသေးတဲ့ မြန်မာဆန်ကို အရည်အသွေး လို့ ဆိုနေပေမယ့် လိုအပ်ချက်အရ ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ၀ယ်နေအုန်းမှာပါ။
အဓီကအချက်အနေနဲ မူဆယ်မှာ ကျယ်ကျယ်ပြန့်ပြန်ရောင်းဝယ်မူ ပြုနိင်မယ့် ကုန်စည်ဒိုင်လို့ ဖွင့်လစ်သင့်ပြီး အဓီကအနေနဲ ကုန်သည်တွေ စည်းလုံးကြဖို့ လည်း လိုပါတယ်။ ရုက်တရက် တရုက်ကပေးတဲ့ ဈေးနူန်းတွေ မြင့်လာပြီဆိုရင်း အလုံးအရင်းနဲ တင်ပို့နေကြတဲ့အခြေအနေ၊ဒီနေ့မရောင်းရရင် နတ်ဖြန် ဈေးထပ်ကျသွားနိင်တယ် ဆိုတဲ့ အတွေးနဲ ရရာဈေးနဲ ရောင်းကြတဲ့ပုံစံတွေကလည်း တရုက်ကြိုက်ဈေးကွက်ဖြစ်လာစေပါတယ်။မည်သို့ပင် ဆိုဆို ကိုယ်နိင်ငံမှ တရားဝင်အနေအထားနဲ သွားပြီး သူတို့ဆိရောက်ရင် တရားမ၀င်ဖြစ်နေတဲ့ ကိစ္စရပ်ကလည်း လူပြောများစရာပါပဲ။ လက်ရှိ ဆွေးနွေးနေတဲ့ ရလာဒ်တွေကလည်း ထူးခြားလောက်တဲ့ အခြေအနေမပေါ်သေးတဲ့အပြင် အရည်အသွေးပိုင်းကို ပဲ ဦးစားပေး ပြောလာမယ့် တရုက်ဘက် တာဝန်ရှိသူတွေကို ဆက်စောင့်ကြည့်ရမှာပါပဲ။အရင်ကလိုပဲ မထူးခြားနား ဖြစ်နေခဲ့ရင်တော့ မူဆယ်ဘက်မှာ ရန်ဖန်ရန်ခါ အဖမ်းအဆီးများတဲ့ ဒါဏ်ကတော့ ရရှိနေအုန်းမှာပါပဲ။
ဒါပေမယ့် တရုက်ကို အပို့များလို့ ပြည်တွင်းဆန်ဈေးတက်နေပြီး ဆန်ပြတ်လတ်နိင်တဲ့ အခြေအနေရှိနေခဲ့ရာ အခုတော့ တရုက်ဖမ်းတာများလို့ ပြည်တွင်းဆန်ဈေး ပြန်လည်တည်ငြီမ်နေတယ်လို့ ဆန်ကုန်သည် ဦးသန်းဦးကတော့ ဆိုထားကြောင်းပါ။

Comments
Post a Comment