ရေနံနှင့်သဘာဓါက်ငွေ့ လုပ်ငန်းများ လုပ်ကိုင်ရန် ကုပ္မဏီ(၁၀)ခုကို MIC မှ ခွင့်ပြု
ရေနံနှင့်သဘာဓါက်ငွေ့ လုပ်ငန်းများ လုပ်ကိုင်ရန်
ကုပ္မဏီ(၁၀)ခုကို MIC မှ ခွင့်ပြု
ချင်းလေး
ရန်ကုန်၊သြဂုက်(၂၃)ရက်
မြန်မာနိင်ငံ ရင်းနှိးမြုပ်နှံမူ ကော်မရှင်မှ နှစ်လအတွင်း ရေနံနှင့်သဘာဝဓါက်ငွေ့တူးဖော်ရေးလုပ်ငန်း၊ဖွံးဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြည်နယ်နှင့်တိုင်းဒေသရှိ (၂၁)ခုတွင် ပြည်တွင်းပြည်ပကုပ္မဏီပေါင်း(၁၀)ခုကို ရှာဖွေလုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သတင်းထုက်ပြန်ချက်များ အရသိရှိရသည်။
အဆိုပါ ကုပ္မဏီများမှာ စကာင်္အခြေစိုက် ကုပ္မဏီများပါဝင်နေပြီး နယ်သာလန်၊လိုက်ဘီးရီယား၊ဗြိတိန်၊ အိန္ဒိယ၊ကနေဒါနှင့် ဘရူးနိင်းနိင်ငံ အခြေစိုက်ကုပ္မဏီကြီးများလည်း ပါဝင်ခဲ့ကာ Production Sharing Contract(PSC) စာချုပ်အရ ရေနံနှင့်သဘာဝဓါက်ငွေ့ ရှာဖွေရေး၊Improved Petroleum Recovery Contract (IPR) စာချူပ်တို့ အရ ရေနံနှင့် သဘာဝဓါက်ငွေ့ အထွက်တိုးရေး လုပ်ငန်းများ လုပ်ကိုင်နိင်ရန် MIC မှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ရေနံနှင့် သဘာဝဓါက်ငွေ့ ရှာဖွေရန်၊ရေနံအထွက်တိုးရေး လုပ်ငန်းများအတွက် လုပ်ကိုင်ခွင့် ပြုသော ကုပ္မဏီများမှာ Petronas Canigali myanmar၊Precious stone Mining၊Petrolean Exploralion၊ပါရာမီစွမ်းအင်လုပ်ငန်းစု၊MPRL E&P Pte၊Bashneft Internalional B.V(Netgerlands) Sun Apex Holding၊ONGC Videsh Limited (India) Machinery and Solutions Brunei National Petroleum Co., Sdn. Bhd., (Brunei)IGE ၊Pacific Hunt Energy Corp., (Canada) Young Investment Group နှင့် CAOG S.a r.l., (Luxembourg) Apex Geo Services တို့ ဖြစ်ကြကာ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊မောလမြိုင်ဒေသ (ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်)၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း တို့ရှိ နေရာ(၂၁)ခု တွင် ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ကာ ဆက်တိုက် လုပ်ကိုင်နိင်ရန် ခွင့် ပြုခဲ့သည်ဟု DICA မှ သတင်းထုက်ပြန်ထားသည်။
ပြည်တွင်းရေနံနှင့် သဘာဝဓါက်ငွေ့ တူးဖော်ရေးလုပ်ငန်းများကို မြန်မာနိင်ငံရေနံနှင့် သဘာဝဓါက်ငွေ့လုပ်ငန်း(MOGE) မှ နိင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် အကျိုးတူးပူးပေါင်းဆောင်ရွှက် နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်ပိုင်းလုပ်ကွက်(၁၀)ခု နှင့် ကမ်းလွန်လုပ်ကွက် (၂၇)ခု ဆောင်ရွက်နေကာ ထပ်မံ၍ ကုန်ပိုင်း(၅၃)ကွက် နှင့် ကမ်းလွန် (၄၈)ကွက်ကို ဆောင်ရွှက်သွားရန် ရှိနေသည်ဟု MOGE က ဆိုသည်။
လက်ရှိ လုပ်ကိုင်ခွင့်ပြုသည့် ကုပ္မဏီ(၁၀)ကို သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ် အစီုးရ၊လုပ်ငန်းငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးငှနများ ၊အဖွဲအစည်းများ၏ သဘောထားများကို ရယူကာ ရင်းနှီးမြုပ်နှံမူကော်မရှင်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ကုဗပေ ၇.၈ ထရီလီယံ ထုတ်လုပ်နိုင်စွမ်းအလားအလာရှိသော အဓိကဓါတ်ငွေ့ရင်းမြစ် အဖြစ် နိင်ငံတကာတွင် ရေပန်းစားလျက်ရှိနေပြီး ယခုနှစ် အောက်တိုဘာလ တွင် ရေနံနှင့် သဘာဝဓါက်ငွေတူးဖော်ရန် တင်ဒါခေါ်ယူမူ ပြီးဆုံးတော့မည် ဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝဓါက်ငွေ့ ထုက်လုပ်နိင်မူ အခြေအနေ |

Comments
Post a Comment