ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်မည့် ကုပ္မဏီ တရုက်နွယ်ဖွား နှစ်ဦးပိုင် ဟု ဆို

ရန်ကုန်မြို့သစ် စီမံကိန်း ဖြစ်လာဖွယ်နေရာ                                                          

လက်တလော နာမည်ကြီးနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွှက်ခွင့် ရရှိထားတဲ့ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုပ္မဏီဟာ တရုက်နွယ်ဖွားတွေ ဖြစ်တဲ့ ရှောက်ပန်းနဲ ရှောက်စန်း ညီအကို နှစ်ဦးက ထူထောင်ထားတာ ဖြစ်တယ်လို့ ဧရာဝတီ သတင်းငှနက ရေးသားလိုက်ပါတယ်။

အမေရီကန်ဒေါ်လာ ဘီလီယံနဲ ချီ ကုန်ကျမယ့် အဆိုပါ အများပိုင် ကုပ္မဏီဟာလည်း နေရာ လိပ်စာ အတိအကျ မရှိသေးတဲ့ အပြင် တာဝန်ရှိသူ ဆိုလို့ အဆိုပါ ကုပ္မဏီရဲ့ မန်နေဂျင်ဒဒါရိုက်တာ ဦးသက်ဦး ဆိုသူကသာ ဒိုင်ခံ တုန့်ပြန်ဖြေရှင်ပေးနေတယ်လို့ သိရပါတယ်။

ရှောက်ပန်းနဲ ရှောက်စန်းလို့ ခေါ်တဲ့ တရုက်နွယ်ဖွား ညီအကို နှစ်ဦးဟာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်နေတဲ့ ဦးမြင့်ဆွေနဲ အလွန် ရင်းနှိး ပါတ်သက်နေသူတွေ ဖြစ်ပြီး ပြည်သူရင်ပြင်ထဲမှာပါ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရရှိထားကြတယ်လို့ ဆိုပါတယ်။

အဆိုပါ အများပိုင်ကုပ္မဏီဟာ နောက်ကွယ်က တရုက်လူမျိုးအမြောက်အများ ပါဝင် ပါတ်သက်နေဖွယ် ရှိနေတဲ့ အပြင် တရုက်ညီအကို နှစ်ဦးကို တရုက်အစီုးရရဲ အေ့ဂျင်တွေ အဖြစ်လို့ တင်စားထားကြပါတယ်။နောက်တချက်က မြစ်စုံ စီမံကိန်းအတွက် လျော်ကြေး အနေနဲ ပေးအပ်ခဲ့တာလို့လည်း အသံထွက်နေပါတယ်။

တရုက်အနေနဲ မြစ်စုံ စီမံကိန် ရပ်တန့်ခံ၇တာကြောင့် ယင်းအစား ၇န်ကုန်မြို့သစ်စီမံကိန်းကို အစိုးရအဖွဲ့က ပေးခဲ့တာ ဖြစ်ပြီး မြို့သစ်တည်ဆောက်ရေးအတွက်လည်း သမ္မတက ခွင့်ပြုပေးခဲ့ပုံ ရှိတယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ့ စီးပွားရေး လုပ်ငန်း အတော်များများဟာ တရုက်နွယ်ဖွားတွေနဲ အီန္ဒိယ နွယ်ဖွား အများစုက နောက်ကွယ်ကနေ ကြီးစီုးနေကြတာ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်း အတော်များများဟာ အိန္ဒိယ နွယ်ဖွားတွေ ရလေ့ ရှိပြီး အထူးစီးမံကိန်းတွေကတော့ တရုက်နွယ်ဖွားတွေက ရရှိလေ့ ရှိတယ်လို့ လုပ်ငန်းရှင်တဦးက ဆိုထားပါတယ်။

ပြန်ကြားရေးက ၀န်ကြီး ဦးရဲထွဠ်ကတော့ အဆိုပါ စီမံကိန်း လုပ်ဆောင်ရာမှာ ပွင်းလင်းမြင်သာမူ ရှိစေဖို့ အတွက် တင်ဒါ အသစ်ထပ်ခေါ်မှာ ဖြစ်ပြီး မြန်မာ့ရတနာ မြို့သစ်အများပိုင်ကုပ္မဏီက ဆောင်ရွှက်ခွင့်ကို ရပ်နားထားမယ်လို့လည်း ဆိုထားပါတယ်။

ပွင့်လင်းမြင်သာမူ မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်လခန့်ကတည်းက မြေကွက်အရောင်းအ၀ယ်တွေ ဖြစ်ထွန်းနေပြီး အငြီမ်းစား ယူသွားပြီ ဖြစ်တဲ့ ဗိုလ်ချူပ်မူးကြီး သန်းရွှေရဲ့ သမီးကလည်း မြေကွက်အများအပြားကို လိုက်လံ ၀ယ်ူခဲ့တယ်လို့ ဧရာဝတီ သတင်းငှနက ဆိုထားပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ၀န်ကြီးချူပ်  ဦးမြင့်ဆွေ၏ သဝဏ်လွှာတွင် အများပိုင်​ကုမ္ပဏီ အ​နေဖြင့်​ မြန်​မာကျပ်​​ငွေ ကျပ်​ဘီလီယံ ၇၀၀၀ (အ​မေရိကန်​​ဒေါ်လာ ၈ ဘီလီယံ) အကုန်​အကျခံကာ ၃ နှစ်​အတွင်း​ ၇ဝရာခိုင်​နှုန်း ပြီးစီး​အောင်​ ​ဆောင်​ရွက်​ထားရန်​ သ​ဘောတူညီမှု ရရှိထားပြီး

ထိုစီမံကိန်းအတွက်​ ကုမ္မဏီဘက်​မှ တန်​ဖိုးနည်း တိုက်​ခန်း ၂ သောင်း၊ ​ကျောင်းသား ၁၀၀၀ ဆံ့ စာသင်​​ကျောင်းတခု၊ ဘိုးဘွားရိပ်​သာ တဆောင်​နှင့်​ ၆ လမ်းသွား တံတား ၅ စင်းကို တည်​​ဆောက်​​ပေးသွားမယ်လို့ ဆိုထားပါတယ်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး