OVER SEA သမားတွေ အ၀ယ်လိုက်နေတဲ့ ဆန်
ရန်ကုန်ဆန်ဈေးကွက် Over sea သမား အ၀ယ်လိုက်နေ
ချင်းလေး
ရန်ကုန်၊သြဂုက်(၂၅)ရက်
တရုက်ဝယ်လိုအား ကောင်းမွန်ခြင်း မရှိသော်ငြားလည်း Over sea သမားများ ၀ယ်ယူနေသဖြင့် ဘုရင်နောင့်ဆန်ကုန်စည်ဒိုင်သို့ ဆန်ပုံမှန်ဝင်ရောက်နေပြီး ပြည်တွင်းဆန်ဈေး ကျဆင်းနေခြင်း မရှိပဲ တည်ငြီမ်နေသည်ဟု အဆိုပါ ကုန်စည်ဒိုင်မှ အတွင်းရေးမူး ဦးသန်းဦးက ပြောကြားသည်။
တရုက်က ဆန်ရွှေးဝယ်တဲ့အတွက် ပို့တဲ့သူတွေကလည်း ဆန်ကောင်း ရွှေးဝယ်ပို့ကြတယ်။ (၂၅)မှတ်ဆန်ကတော့ over sea သမားတွေ အ၀ယ်လိုက်တဲ့အတွက် ဈေးက အဆမတန် မကျသွားပဲ တည်ငြီမ်နေတယ်။ ဟု ၎င်းက ပြောကြားသည်။
Over sea သမားများ လက်ရှိတွင် အ၀ယ်လိုက်နေခြင်းမှာ ပြည်ပ တင်ပိုပမူ အတွက် မဟုက်ပဲ ၎င်းတို့ ကြွေးကျန်လျက် ရှိနေသော ဦးပိုင်ကုပ္မဏီသို့ ပေးသွင်းရန် ကျန်နေသည့် ဆန်များအတွက် တရုက်ဈေးကွက် ပျက်နေခိုက် ၀ယ်ယူမူ ပြုနေခြင်း ဖြစ်ကာ (၂၅)မှတ်ဆန်မှာ ယခု လဆန်းပိုင်းကထက် တအိက် ကျပ်(၁၀၀၀)ခန့် ကျဆင်းလာခဲ့ခြင်း ဖြစ်ကာ ဆက်လက်ကျဆင်းခြင်းမရှိပဲ တည်ငြီမ်နေသည်ဟုလည်း ၎င်းက ဆက်လက်ဆိုသည်။
ဘုရင်နောင့် ကုန်စည်ဒိုင်သို့ နယ်မှ ဆန် ပုံမှန်ဝင်ရောက်နေပြီး ဈေးကွက် အရောင်းအ၀ယ် ပုံမှန်အနေအထားတိုင်း ကောင်းမွန်လျက် ရှိနေကာ (၂၅)မှတ်ဆန်မှ ကျပ်(၁၅၀၀၀) တပါတ်လည်တွင် ရှိနေသည်ဟု ဈေးကွက်အတွင်းမှ စုံးစမ်း သိရှိရသည်။
ပြည်တွင်းဆန်ဈေးတွေ၊အရောင်းအ၀ယ်တွေက ဒီလတွေမှာ အေးနေ ငြိမ်နေကျပါပဲ။သီတင်းကျွှက် ရောက်မှ ဈေးပြန်ကောင်းလာနိင်တယ်။ ဟု မန္တလေးဆန်ကုန်စည်ဒိုင်မှ ဦးသိန်းဇော်က ဆိုသည်။
ပြီးခဲ့သည့် လက တရုက်မှ ဆန်ဝယ်လိုအား အမြင့်ဆုံး အခြေအနေရောက်ခဲ့ရာ ကုန်သည်အများစု မူဆယ်သို့ နေစဉ် အိက်(၅၀၀၀၀)နီးပါး တင်ပို့နေခဲ့ကြရာ ယခုလအတွင်း တရုက်နိင်ငံဘက်မှ အဖမ်းအဆီးများမူ ကြောင့် ဆန်အများစုမှာ မူဆယ်တွင် သောင်တင်လျက် ရှိနေကာ လက်တလောတွင် အရောင်းအ၀ယ် ပြန်အစပျိုးလာခဲ့ခြင်း ဖြစ်သည်။
တရုက်ဝယ်လိုအားကြောင့် ပြည်တွင်းဆန်ဈေးပါ တောက်လျောက် မြင့်တက်လာခဲ့ကာ တင်ပို့နေမူ အနေအထားအရ ပြည်တွင်းဆန်လိုအပ်ချက်ပါ ရှိလာနိင်သည့် အနေအထား ဖြစ်ခဲ့ရာမှ ယခုအခါ သိသာစွာ လျော့ကျသွားခဲ့ပြီ ဖြစ်ကြောင်း ဆန်ကုန်သည် ဦးသန်းဦးက ဆိုသည်။
တရုက်နိင်ငံသို့ ဆန်တင်ပို့မူ ခေတ္တ ရပ်နားနေမူကြောင့် ဆန်ဈေးကျဆင်းသွားဖွယ်ရှိနေသော်လည်း Over sea သမားများ အ၀ယ်လိုက်နေမူကြောင့် ရန်ကုန်ဆန်ဈေးကွက်မှာ အရောင်းအ၀ယ် ပုံမှန်အနေအထား ရှိနေပြီး နယ်ဘက်မှ ဆန် ပုံမှန်ဝင်ရောက်လျက် ရှိနေသည် ဟု ဆန်ကုန်သည်တို့က ဆိုသည်။
ပြည်ပတင်ပို့ရန် ပြင်ဆင်နေသည့် ဆန်ဂိုထောင်ရုံတခု |

Comments
Post a Comment