အမေရိကန် ကုပ္မဏီ တခုမှ MPT ကို တရားစွဲဆို
ပထမဆုံးအကြိမ် အနေနဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို I.I(W.S) လို့ခေါ်တဲ့ အမေရိကန်ကုပ္မဏီက တရးစွဲဖို့ ပြင်ဆင်လိုက်ပါပြီ။
အဓီကအချက်ကတော့ ဖိလစ်ပိုင်ကနေ အိန္ဒိယသို့ တယ်လီဖုန်း ဆက်သွယ်ပေးစေဖို့တွက် မြန်မာဆက်သွယ်ရေးက ကြားခံအဖြစ် လုပ်ဆောင်ပေးရန် လက်မှတ်ရေးထိုးခဲ့သည့်ကို ပျက်ကွက်ခဲ့သည့် အတွက် ဟု ဆိုကာ I.I(W.S)ကုပ္မဏီမှ ဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၉ခုနှစ်က ရေးထိုးခဲ့သည့် ယင်းစာချုပ်ကို ဖောက်ဖျက်မူဖြင့် အမေရိကနိနိင်ငံတွင် တရားစွဲဆိုသွား၇န် ပြင်ဆင်နေပြီး စာချုပ်ပါ အချက်များအတိုင်း တရားစွဲဆိုသွားမည် ဖြစ်သည်ဟုလည်း သတင်းရရှိသည်။
ဒုတိယအကြီမ် အဖြစ် ယခုအစိုးရ တက်လာသည့် နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို တရာစွဲဆိုသည့် ဖြစ်ရပ် ဖြစ်လာခဲ့ကာ ယင်းမတိုင်မှီကလည်း ကျပ်(၁၅)သိန်းတန် ဖုန်း အငှားကိစ္စရပ်များတွက် ပြည်သူများက တရားစွဲဆိုလိုသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ စာချူပ် ဖောက်ဖျက်မူကြောင့် IIWS ကုပ္မဏီအနေနှင့် ဒေါ်လာသန်း(၃၀) နှင့် ငှန ကိုယ်စလှယ် ဖြစ်သူမှ နစ်နာကြေး ဒေါ်လာသန်း(၁၅၀)ခန့် ရယူလိုမူဖြင့် တရားစွဲဆိုမည် ဖြစ်သည် ဟု ဦးတင်အေးက ဆိုခဲ့သည်။
R.S :: myanmar media

Comments
Post a Comment