သီလ၀ါ SEZ အတွက် လျပ်စစ်ဓါက်အားအတွက် ဂျပန်ကုပ္မဏီမှ တာဝန်ယူ တည်ဆောက်မည်
ဂျပန်ဝန်ကြီးချူပ် ရန်ကုန်မြို့ သီလ၀ါSEZ သို့ လာရောက်စဉ် |
ချင်လေး
ရန်ကုန်၊သြဂုက်(၂၄)ရက်
သီလ၀ါ အထူးစီးပွားရေးဇုန် အတွက် သီးခြားလျပ်စစ်ဓါက်အားပေးစက်ရုံကို ဂျပန်ကုပ္မဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး လက်ရှိ 2015 ခုနှစ်တွင် လိုအပ်ချက်ချက်မှာ MKV(၁၀)မှ MKV(၂၀)အထိသာ လိုအပ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကငှ ဖြစ်သူ ဦးဆက်အောင်က ဆိုသည်။
လျပ်စစ်နဲ ပါတ်သက်တာတွေကိုတော့ ဂျပန်နိင်ငံက ODA lone ကို ပေးခဲ့ပါတယ်။လျပ်စစ်နဲ ပါတ်သက်ပြီး အရည်အသွေး၊မပျက်တောက်အောင် ဓါက်အားပေးစက်ရုံကို ဂျပန်က ဆောက်မှာပါ ဟု ၎င်းက ဆိုသည်။
ကနဦး တည်ဆောက်နေသော သီလ၀ါအထူးစီးပွားရေးဇုန် ၏ Zone A မှ ဧကပေါင်း(၉၀၁.၂၈) ရှိနေကာ နိင်ငံတကာမှ စက်ရုံအလုပ်ရုံပေါင်း (၄၅)ခုခန့် တည်ဆောက်ရန် ပြင်ဆင်နေပြီး ဖြစ်ကာလျပ်စစ်ဓါက်အားအတွက် ဇုန်၏ ပြင်ပ အခြေခံအဆောက်အဦးကို အစီုးရမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ရာ ဂျပန်နိင်ငံမှ ODA Lone ကို အတိုးနူန်း(၀.၀၁)ရာခိုင်နူန်းဖြင့် နှစ်လေးဆယ် သတ်တမ်း ချေးငွေကို ချေးယူ ရရှိထားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သီလ၀ါအထူးစီးပွားရေးဇုန်အတွက် လျပ်စစ်ဓါက်အားအတွက် သဘာဝဓါက်ငွေ့ ဓါက်အားပေး စက်ရုံ နှင့် ကျောက်မီးသွေးသုံး လျပ်စစ် ဓါက်အားပေးစက်ရုံကို တည်ဆောက်သွားရန်ရှိနေပြီး လျစ်စစ်ဓါက်အား လိုအပ်ချက်မှ ၂၀၁၅ ခုနှစ်တွင် MKV(၁၀)မှ (၂၀)အတွင်း၊၂၀၁၈ခုနှစ်တွင် MKV(၆၀) မှ (၉၀)၊၂၀၂၀ ခုနှစ်တွင် MKV(၁၆၀)မှ (၂၁၅) အထိ လိုအပ်ချက်ရှိမည် ဟု သိရှိရသည်။
လျပ်စစ်ဓါက်အားရရှိဖို့အတွက် MEPE နဲ ပူးပေါင်းဆောင်ရွှက်နေပါတယ်။လျပ်စစ်ဝန်ကြီးငှနကလည်း ဂျပန်အကူအညီ ရယူပြီး လျပ်စစ်ဓါက်အား ပြတ်တောက်ခြင်း မရှိအောင် ပူးပေါင်း လုပ်ဆောင်နေပါတယ် ဟု ဦးဆက်အောင်က ဆိုသည်။
အဆိုပါဇုန်အတွက် လိုအပ်သည့် သဘာဝဓါက်ငွေ့ကို မုတ္တမကွေ့ ရှိ ကမ်းလွန်သဘာဝဓါက်ငွေ့ တူးဖော်သည့် နေရာမှ ရယူသွားဖွယ်ရာ ရှိနေပြီ ဓါက်အားပေးစက်ရုံ တည်ဆောက်မည့် ဂျပန်ကုပ္မဏီကို ထုက်ဖော်ပြာကြားခြင်း မရှိသေးချေ။
သီလ၀ါအထူးစီးပွားရေဇုန်ကို မြန်မာအစီုးရနှင့် ဂျပန်အစီုးရတို့ ပူးပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်ရာ ပြင်ပ အခြေခံအဆေက်အဦးတို့ကို အစီုးရမှ တာဝန်ယူမည်ဖြစ်ကာ လမ်းများ၊လျစ်စစ်၊ရေ နှင့် အခြား တည်ဆောက်မူတို့ ပါဝင်ကြောင်း၊သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းပိုင် ကိစ္စရပ်များကိုမူ အများပိုင် ကုပ္မဏီ (၉)ဖွဲ့ပါဝင်လျက် သီလ၀ါအထူးစီးပွားရေးဇုန်ဖွံးဖြိုးတိုးတက်ရေးအများပိုင် ကော်မတီ မှ တာဝန်ယူတည်ဆောက်ကြမည် ဖြစ်သည်။
သီလ၀ါအထူးစီးပွားရေးဇုန်၏ အတွင်ပိုင်း အခြေခံအဆောက်အဦးတို့ကို သီလ၀ါ အများပိုင်ကုပ္မဏီမှ တင်ဒါခေါ်ထားရာ အမေရိကန်ဒေါ်လာ(၃၄.၅)သန်းဖြင့် ဆောင်ရွှက်သွားမည် ဖြစ်သည် ဟု အဆိုပါ ကုပ္မဏီ၏ ဥက္ကငှ ဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။
မြန်မာနိင်ငံတွင် ပထမဦးဆုံးအနေဖြင့် အထူးစီပွားရေးဇုန် အဖြင့် တည်ဆောက်လျက် ရှိနေသော သီလ၀ါအထူးစီးပွားရေးဇုန်းသည် တရုက်နိင်ငံတွင် တည်ဆောက်ခဲ့သော SEZ ဇုန်များကို အတုယူ တည်ဆောက်ခဲခြင်း ဖြစ်ပြီး အခြားစက်မူဇုန်တို့နှင်မတူပဲ သီးခြား စီမံခန့်ခွဲရေး၊အထူးစီးပွားရေဇုန် ဥပဒေ၊ သီးခြား လျပ်စစ် ဓါက်အား၊နိင်ငံသား နိင်ငံခြားသား မခွဲခြားပဲ လုပ်ငန်းလုပ်ကိုင်နိင်ရန် ဆောက်ရွှက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် စတင်လည်ပတ်နိင်ရန် ပြင်ဆင်ထားသည်။
Comments
Post a Comment