နိုင်ငံရေးအကျိုးအမြတ်ရှိသူများ နဲ့ ကျဆုံးရသူများ
မအလ ခွေးအုပ်စု အာဏာသိမ်းပြီးနောက်မှာ အကျိုးရှိတဲ့ အုပ်စုတွေကို သတိပြုမိတယ်။ နိုင်ငံရေးအကျိုးအမြတ်ဆိုရာဝယ် တန်ဖိုးမြင့်တက်လာမှုကလည်း အပါအဝင် ဖြစ်ပါတယ်။ ဆိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ အကျိုးအမြတ်ရှိတဲ့သူအုပ်စုတွေကို ကြည့်ရင် ဩဇာအာဏာမြင့်တက်လာခြင်း နဲ့ ဂုဏ်သိက္ခာအရ မြင့်တက်လာခြင်းတို့ပဲ ဖြစ်တယ်။ မြန်မာနိုင်ငံအရေးမှာ အရေးပါ အရာရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ KIA နဲ့ KNU တို့ပဲ ဖြစ်တယ်။ အရင်အခြေအနေအရ သူတို့ဟာ တိုင်းရင်းသားလက်နတ်ကိုင်အင်အားစု အနေနှင့်သာ လူသိများပြီး ဩဇာအရှိန်အဝါလည်း အများမဖြစ်ထွန်းခဲ့ဘူး။ ပြောရရင် ပြည်မဘက်က ပြည်သူတွေ ယုံကြည်လေးစားတာ နည်းခဲ့တယ်။ တော်လှန်ရေးကာလပြီးနောက် ပြည်သူဘက်က ရပ်တည်သလို တော်လှန်ရေးလူငယ်တွေကိုပါ လက်ခံခဲ့တာကြောင့် နိုင်ငံရေးဩဇာ အထွက်အထိပ် ရောက်လာခဲ့တယ်။ တိုင်းရင်းသားလက်နတ်ကိုင် အဖွဲ့ပေါင်းစုံ ရှိတဲ့ ဒီနိုင်ငံမှာ အခုချိန်မှာ နိုင်ငံရေး ရေချိန်အရ လူထုအားအကိုးဆုံးနဲ့ ဩဇာအတက်ဆုံး အဖွဲ့ နှစ်ခုပဲ။ ဘယ်လောက်ထိလဲဆိုရင် တခြားတိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့အစည်းတွေပါ ပျောက်သွားတဲ့ သဘောအထိ ရှိနေတာ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဩဇာအက...