အတွေ့အကြုံ နိုင်ငံရေး

ဗီယက်နမ်စစ်ပွဲမှာ စစ်မြေပြင်အရာရှိတစ်ယောက်က ပင်တဂွန်မှာ ရှိတဲ့ အထူးစုံးစမ်းရေးအရာရှိ ကို မြောက်ဗီယက်နမ်နဲ ရင်ဆိုင်တဲ့ တိုက်ပွဲမှာ သူတို့ ရရှိတဲ့ အခြေအနေ၊ အောင်မြင်မူတွေ တိုက်ပွဲ အခြေအနေတွေကို ပြည့်ပြည့်စုံစုံ တင်ပြတယ်။

အဲမှာ အထူးစုံးစမ်းရေးအရာရှိ က "ထည့်တွက်တဲ့ အထဲမှာ မင်း တခု ကျန်ခဲ့တယ်" လို့ ဆိုတယ်။
"ဘာကျန်ခဲ့လဲ" လို့ မေးတော့ 
"ပြည်သူတွေရဲ့ စိက်ခံစားချက်လေဗျာ" တဲ့။
"ဒါပါ ထည့်တွက်မှ မင်း အဖြေမှန်မှာပေါ့" လို့ ဆိုတယ်။

သိပ်ကောင်းတဲ့ အယူအဆတခုပဲ။
မြန်မာနိုင်ငံ အရေးနဲ ပါတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ဖိအားပေးနေတာ ရှစ်နှစ်နီးပါး ရှိနေပြီ။ ကုလသမဂ္ဂ အမည်ခံ အဖွဲ့တွေ အရှေ့အလယ်ပိုင်းက လူတွေ အပြင် လူ့အခွင့်အရေး တောင်းဆိုနေတဲ့ အဖွဲ့တွေ မျိုးစုံပါပါတယ်။
ငွေကြေးအင်အား နိုင်ငံတကာ ဥပဒေ အပေါ် ရေငုံထားသလို ငုံထားနိင်တဲ့ သူတွေ ရှေ့နေတွေ အကျိုးဆောင် တွေ အတော်များပါတယ်။
မြန်မာအပေါ် ပါးပါးလှီးမယ် ဆိုတဲ့ အကြံနဲ တခုပြီး တခု ကြံစည်နေကြတာ ရှိတယ်။
အတွင်းမှာလည်း မျိုးစုံ ကေဂျီယူနစ်တွေ ပါတာပေါ့လေ။

အခုချိန်ထိ လုပ်ဆောင်နေတာ အောင်မြင်တယ် လို့တောင် ဆိုရမှာပါ။ ဒါတောင် မစ်(စ်)ကလင်တန် မတက်ပဲ ဒေါ်နယ်ထရန့် တက်လာလို့ အတော်မလှုပ်ခတ်တာ ။ 
ထရန့် တက်လာတာပဲ ကျေးဇူးတင်ရမလိုလိုပါ။

ထား ဖိအားမျိုးစုံ ပေးလာလိုက်ပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်ကြတာပဲ။ ဒီနိုင်ငံက လူတွေအများစုဟာ ခွေးကို ချောင်ပိက်ရိုက်ထားသလိုပါပဲ။ အရင်ကလည်း စစ်တပ် အုပ်စီုးမူအောက်မှာ ဒုက္ခတွေ့ပြီးပြီ။ ဒီမိုကရေစီ ခောတ်အောက်မှာလည်း အဘတွေ ပေါင်းစားသမျ သည်းခံလာပြီးပြီ။ အခု နိုင်ငံတကာရဲ့ ကြိုးကိုင် ခြယ်လှယ်နေသမျကိုလည်း သိသူရှိ မသိသူရှိ ပေါ့ သည်းခံနေကြတုန်းပဲ။

တတပ်စားလည်း ကြက်သွန် နှစ်တပ် စားလည်း ကြက်သွန် ဆိုသလိုပ။ ခံနိုင်ရည် ရှိနေသရွေ့တော့ သည်းခံနေကြအုန်းမှာ ဆိုပေမယ့် ခွေးတောင် ချောင်ပိက်ရိုက်ရင် ပြန်ကိုက်ပါတယ်။
ဒီလိုပါပဲ။ မြန်မာပြည်သူတွေအများစုဟာလည်း သည်းမခံနိင်တော့တဲ့အခါ ပြန်ကိုက်ရင် ခင်များတို့ ဘာလုပ်ကြမလဲ ဆိုတာပါပဲ။

အနောက်က ဖိအားပေးမူ မျိုးစုံ ပြည်တွင်းမှာလည်း စစ်ပွဲ အစုံနဲ အချင်းချင်း မညီမျမူတွေ မကျေနပ်မူတွေ ကြားမှာ နေထိုင်နေကြရတာ စိက်ကုန်နေကြပြီ။
မျော့်လင့်ချက် ရောင်ခြည်တခု အနေနဲ ဒေါ်အောင်ဆန်းစုကြည်ကို မျော်ခဲ့ကြတာ ဖြစ်တယ်။ 

ဒါကြောင့်လည်း NLD ပါတီ နဲ ဒေါ်အောင်ဆန်းစုကြည် အစီုးရ တက်လာတာ ဖြစ်တယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နဲ ဆွေမျိုး ကောင်းစားရေး ဝါဒအောက်မှာ အဖိနှိပ်ခံ ပညာရေး အပျက်ခံ နေကြရပေမယ့် ပြည်သူအများစု ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိးရသလဲ။

ကျွန်တော်တို့ ၉၀ ဖွား‌တွေ တသက် NLD ပါတီနဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က မျိုးစုံ ကဲ့ရဲ့တာ အပြစ်တင်တာ မကြိုက်နှစ်သက်အောင် စာတွေ ရေးခဲ့ကြတယ်။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ နဲ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပြတ်ပြတ်သားသား 
အနိင်ရခဲ့တယ်။
သုံးကြိမ်ဆက် ဖြစ်သလို ဆယ်စုနှစ် သုံးစု နီးပါးကြာတဲ့ အထိ သူမ မှ သူမ ဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။

နိုင်ငံတခုဆိုတာ ဤ နိုင်ငံမှာ နေတဲ့ လူတွေရဲ့ ယုံကြည်မူ အပေါ်မှီတည်ပြီး ရပ်တည်နေတာပါ။ နိုင်ငံတကာ ဝင်စွက်ဖက်ခြင်းဟာ ပြသာနာရဲ့ အဖြေကို မဖြေရှင်းပေးနိင်ဘူး။
အခု UN မှာ ဒိုင်ခံဖြေပေးနေတဲ့ သူတွေကိုလည်း နိုင်ငံကိုယ်စား ကျေးဇူးတင်မိပါတယ်။
သို့ပေမယ့် အခုလို တ‌ဖြေးဖြေး ချောင်ပိက်အရိုက်ခံနေရတာ သူတို့နဲ အစီုးရလောက်ပဲ သိပါမယ်။
ပြည်သူအများစု မသိကြပါဘူး။ သူတို့ အနေနဲက အားကိုးရာ အစီုးရမင်းက လုပ်ပေးမယ် ဆိုတာပဲ နားလည်ရုံ။ နိုင်ငံအတွင်းမှာ စစ်ပွဲတွေ ဖြစ်နေတာလည်း ဒုက္ခ ဆိုပေမယ့် အစီုးရကို မျော်လင့်ချက် မကုန်သေးဘူး။ နိုင်ငံတကာက ဖိအားပေးမူ အပေါ်မှာလည်း မသိသလို အစီုးရ က ငါတို့အတွက် လုပ်ပေးနေတာပဲ ဆိုပြီး မာန်တင်းနေဆဲပဲ။

အခု တဖြေးဖြေးနဲ ချောင်ပိက်ရိုက်လာလိုက်တာ မြန်မာဆိုတာ နိုင်ငံတကာမှာ အသက်ရူပေါက် သေးသေးလေးသာ ရတော့တဲ့ ‌အခြေအနေမှာ မြန်မာပြည်သူတွေရဲ့ ဒေါသက ဘယ်သူကို ပုံချကြမလဲ ဆိုတာပဲ။ 
အခု ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေကိုပါ တရားစွဲတာမျိုး ဖြစ်လာတယ်။ ပြည်တွင်းမှာလည်း လော်ဘီတချို့က ဒေါ်အောင်ဆန်းစုကြည်ကို တရာခံတဖွယ် ပစ်မှတ်ထားလာတာမျိုး လုပ်လာတယ်။
တကယ်ကော ဒေါ်အောင်ဆန်းစုကြည်က တရားခံဖြစ်သွားမှာလား မေးရင် တသက်လုံး နိး ပါ လို့ ဆိုရမယ်။ ဒါဆို ပစ်မှတ်က ဘာဖြစ်လာမလဲ ဆိုတာ နိုင်ငံတကာ က လူတွေ သိနားလည်စေချင်တယ်။
ဒီအချက်တွေဟာ အဖက်ဖက်တွက် ကောင်းသော လက္ခဏာ ဖြစ်လာမှာ မဟုက်သလို ပိုကောင်းမွန်သော ရလာဒ်ဖြစ်လာစေမှာ မဟုက်ဘူး။
အဖွဲ့အစည်းတခုဆိုတာ သူတို့ ကလပ်စည်းတွေကို ရှင်းရင် ပျက်သွားမယ်။ ပြည်သူတွေဆိုတာမျိုးက ချောင်ပိက်ခံရလို့ ပြန်လုပ်တာမျိုး ဖြစ်သွားမယ်။

အနောက်နိုင်ငံတွေ ပထမကမ္ဘာစစ်ရလာဒ်အရ ဂျာမဏီကို ပိက်ဆို့ထားခဲ့တယ်။ အမျိုးသားရေး မကြီးထွားအောင် ပိက်ခဲ့ပေမယ့် ဟစ်တလာ တက်လာသလို ဂျူးသန်းနဲချီ သေဆုံးခဲ့ရတယ်။
ဒီအပြစ်ဟာ ဟစ်တလာလက်ချက် မကင်းသလို အနောက်နိုင်ငံတွေ စနပ်လည်း မကင်းဘူး။

လူဆိုတာ တွန်းလှန်တက်တဲ့ အမျိုး ဖြစ်သလို ကမ္ဘာမှာ လူမျိုးရေးနဲ ဘာသာရေးအခြေခံပြီး အပြန်အလှန် တိုက်ထုက်ကြတာက မူလ စိက်ပဲ။
အမေရိကန် ကျွန်စနစ် ဘာလို့ ပျက်သုန်းလဲ ဆို သမ္မတ လင်ကွန်း ဆိုတာထက် ကျွန်တွေရဲ့ တွန်းလှန်မူ ကြောင့်သာ ပိုလွက်လပ်ရလာတာပဲ။
လင်ကွန်းကပဲ ရှေ့က ဦးဆောင် လုပ်အုန်း ကျွန်တွေ မပါရင် ဘာမှ ရှေ့ဆက် မရပါ။

ဒီသဘောအရ နိုင်ငံတကာ ကို ပြောချင်တာက မြန်မာပြည်သူစိက်ထဲကို အမျိုးသားရေးဝါဒ မသွင်းလိုက်ပါနဲ။ တွန်းလှန်လာဖို့ မလုပ်ပါနဲ ဆိုတာပဲ ပြောချင်တာ။

မြန်မာတွေရဲ့ စိက်သာဝကိုလည်း သိသင့်တယ်။
ပျော်ပျော်နေတက်တယ်။ပျင်းတယ်။ သည်းခံ ခွင့်လွက်ပေးနိင်တယ်။ မင်းလောင်းမျော်တက်တယ်။
မီးတို့ပေးနိင်ရင် အချိန်မရွေး ထလောင်နိင်တယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် မင်းတပါးလို့ လက်ခံထားကြတယ်။
ပြည်တွင်းမှာ မကြိုက်သူ သန်းနဲချီ ရှိပါမယ်။
 သို့ပေမယ့် ပြန်သိသင့်တာက သူမကို မင်းလောင်း လို ဘုရင်မလို ကိုးကွယ်သူတွေကလည်း သန်းနဲချီ ရှိတာပါ။ 

ပြောရရင် ထိုင်းက နတ်ရွာစံသွားတဲ့ ဘုရင်လိုပါပဲ။
နယ်တွေမှာ ဆို ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အရှေ့က ကာပေးနေတဲ့ တပ်မှုးလိုပဲ သက်မှတ်ကြသလို သူမအတွက် ကိုယ်ကျိုးစွန့်မယ့်သူလည်း မနည်းပါ။
ဒါဟာ ကြွားဝါပြောနေတာမဟုက်ဘူးဆိုတာ သိကြမှာပါ။

မကြိုက်သူ အများစု ရှိပါတယ်။ ပညာတက်အသိုင်းအဝိုင်းတွေ အတိုက်အခံတွေ စစ်တပ်က လူတွေ အပြင် တချို့ အဖွဲ့အစည်းတွေ မျိုးစုံက ခင်များတို့နဲ တွေ့တဲ့ အခါ ပြောကြမှာပါ။
ဒါပေမယ့် ပြောချင်တာက သူတို့ဟာ နိုင်ငံတခုလုံးက ပြည်သူတွေကို ကိုယ်စား မပြုဘူး ဆိုတာပဲ။
တချို့ မြန်မာကို ဖိနှိပ်ချင်တဲ့ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ဖြစ်စေ တခြားနိုင်ငံမှာ ဖြစ်စေ မြန်မာလူမျိုး တစုလောက်နဲ တွေ့ပြီး တိုင်းပြည်က ဘာဆိုတာမျိုး ထုက်ပြန်တာ စစ်တမ်းပြောနေတာမျိုးက လက်ခံစရာ မရှိပါ။

ပြည်ပြေးအများစုဟာ နေရာမရတာ အတိုက်အခံ ဖြစ်လိုလွန်းတဲ့ စိက်အခံ ရှိကြသလို ပြည်တွင်းက အဖွဲ့အစည်းတွေဟာလည်း နေရာ မရတာ သူတို့ လိုချင်တာ မရရင် မကျေနပ်လို့ အပြစ်တင်နေတာမျိုးက များတယ်။ UN လို အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ တွေ့သွားတာမျိုးက အစီုးရ သို့ စစ်တပ် သို့ လူမျိုးအလိုက် မကျေနပ်တဲ့ သူတွေကို မေးမြန်းသွားတာမျိုးပဲ တွေ့နေရတာမို့ပါ။ သူတို့ ပြောဆိုချက် က အမှန်လို့ ဆိုလေမလားပေါ့။

ပြီးတော့ အရှေ့တိုင်းက ဒီမိုကရေစီဟာ အနောက်တိုင်း ဒီမိုကရေစီစနစ်နဲ မတူပါဘူး။
ဒီဘက်က မင်းလောင်းမျော်တက်တဲ့ သဘောရှိတယ်။အုပ်စီုးတာကို ကြိုက်နှစ်သက်တယ်။
ပြီးတော့ မြန်မာစိက်ဓါက်ကို ပိုသိဖို့ လိုတယ်။
သတ္တိရှိတာ လိမ်မာ ပါးနပ်တာ ဘာလာ ဘာလာတွေက နိုင်ငံတိုင်းက ပြောနေကြစကားပဲ။
ဒါထက် အမှန် ပိုသိသင့်တာ။
ဖြစ်ပွားနေတဲ့ ပြသာနာအရင်းခံအားလုံးဟာ အုပ်ချုပ်မူ မကောင်းတဲ့ အချက်ကြောင့် ဖြစ်သလို ဆွေမျိုးကောင်းစားရေး မူဝါဒတွေကြောင့်သာ ဖြစ်တယ်။ စနစ်ကြောင့် ခောတ်ကြောင့် ဒုက္ခ ဖြစ်ရတာ ဖြစ်သလို ပညာရေး အနှိပ်ကွပ်ခံရမူ ရဲ့ ရလာဒ်ပဲ။
သို့သော် မြန်မာတွေက အေးဆေးနေလိုသူတွေ များတယ်။အုပ်ချူပ်မူ ကောင်းရင် ‌အနောက်ကနေ လိုက်မယ့်သူ များတယ်။

ဒါကြောင့်လည်း စနစ်တွေ အုပ်ချူပ်မူတွေကို တဖြေးဖြေး ပြန်အသက်သွင်းနေရတယ်။ ဘယ်နိုင်ငံကတော့ ဘယ်လို သွားနေတယ် ဆိုတာမျိုးတွေ လိုက်အတုယူနေလို့ မရဘူး။ဒါလုပ်လို့ အပြစ်ပေးမယ် ဆိုတာမျိုး ဝင်စွက်ဖက်နေလို့ မရဘူး။
စွက်ဖက်နေတယ် အတိုင်းအတာ တခုထိ ရောက်လာရင် ပြန်အာခံကြမယ်။ ဒီလို အချိန် ခင်များတို့ ဘာဆက်လုပ်ကြမလဲ ဆိုတာပဲ။
အနောက်စံ စနစ်ကို ဒီဘက်မှာ အသက်သွင်းလို့ မရဘူး။ တခြားနိုင်ငံက မူဝါဒကို ဒီမှာ လာအုပ်ချူပ်စေချင်လို့ မရဘူး။

ဟောင်ကောင်တော်လှန်ရေးဟာ ဒီမိုကရေစီ စနစ်ထက် ဖိနှိပ်မူကို တွန်းလှန်တာမျိုးပဲ။ တရုတ်မကောင်းတာ သိလို့ လာမအုပ်ချုပ်စေချင်တာမျိုးပဲ။
မတူတဲ့ အမျိုးနှစ်ခုကို ပေါင်းစပ်ရမယ် လို့ အတင်းသွင်းရင် စစ်ပွဲ အစ ဖြစ်လာမှာပဲ။

ပြောသာ ပြောနေရတယ်။ ဥရောပမှာလည်း ဒီအခြေအနေကို ကြုံနေရပြီဆိုတာ လက်ခံရမယ်။
မြန်မာမှာလည်း ဖိနှိပ်နေတာ များပြီ ဆိုတာ လူတွေ နားလည်ပြီး တွန်းလှန်လာတဲ့ အခါ အဲဆီုးကျိုးကို နိုင်ငံတကာက လူတွေ တာဝန်ခံရပါမယ် ။
ငွေကြောင့်ပဲ လုပ်လုပ် ဝါဒကြောင့်ပဲ လုပ်လုပ် ဘာကြောင့်ပဲ လုပ်လုပ် လူတိုင်းဟာ ကိုယ့်နိုင်ငံ ကိုယ်လူမျိုး အုပ်ချူပ်တာကလွဲ တခြားသူ လာချူပ်ခြယ်တာ မကြိုက်ကြတာ သိပြီးသားပဲ။

ဒါကြောင့်ဆိုချင်တာ ခင်များတို့ ဘာအချက်အလတ်တွေ ပြည့်ပြည့်စုံစုံပဲ ရှိနေ ရှိနေ ပြည်သူတွေရဲ့ စိက်ခံစားချက်ကို ထည့်မတွက်ရင် အဖြေမမှန်ဘူး။

လက်ရှိ အဘတွေဟာ ဒါကို ထည့်မတွက်လို့ ရွေးကောက်ပွဲတိုင်းမှာ အရူံးကို လက်ခံရတာ ဖြစ်တယ်။ ဘာပဲ မမ ပြည်သူတွေ အမှန်တကယ် ဘယ်သူကို ကိုးစားနေလဲ ဆိုတာက အဖြေပဲ။
ပြီးတော့ တစ်ဦးတစ်ယောက်အပေါ် ယုံကြည်မူဟာ တခြားထက် ပိုခိုင်မာတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုမျိုးအပေါ် ယုံကြည်မူက ပိုသာပါတယ်။

ခင်များတို့ ဝါဒပေးတဲ့ သူတွေ အများစုက မုန်းကောင်း မုန်းပါမယ်။ဒါပေမယ့် သူတို့တွေဟာ လူနည်းစု ပါ။ ပြီးတော့ ဒီနိုင်ငံ ကောင်းခြင်း 
မကောင်းခြင်းကို သိသူ အင်မတန်နည်းပါတယ်။

ဒီလူတွေဟာ ဒီတိုင်းပြည်ကို အုပ်ချူပ်နိင်စွမ်းလည်း မရှိသလို ပြည်သူအများစုရဲ့ ယုံကြည်ကိုးစားမူက်ုလည်း မရပါဘူး။ အများစုဟာ အကောင်းစား ဟိုတယ် မှာ အကောင်းဆုံး အစားအစာစားပြီး 
ပါဝါပွိင့်လေး ပြပြီး ထင်ရာ အမြင်ကို ပြောရုံကလွဲ တခြားဘာမှ မရှိတဲ့ သူတွေပဲ။

အဆီုးဆုံးက ပြည်သူတွေဟာ ပညာမတက်လို့ အသိညဏ်နည်းတော့ ငါတို့လောက် မသိပါဘူး ဆိုတဲ့ အတွေး အများစု ပိုင်ထားတယ်။

သူတို့ဆီက Information ဆိုတာ မှန်ရဲ့လား။
ပြီးတော့ နိုင်ငံတခုအပေါ် အရေးယူကောင်းတိုင်း ယူနေရင် ပြန်တွန်းလှန်တဲ့အခါ ခင်များတို့ အပြစ်တင်နေကြအုန်းမလား။

ကမ္ဘာနိုင်ငံရေးဇက်ခုံဟာ ခင်များတို့ လုပ်သလို လိုသလို ရသွားတာ မရှိဘူးဆိုတာ သိကြပါတယ်။ အဖြေ နမ်းချက် မကိုက်တဲ့ အခါ ဒီနိုင်ငံကိုပဲ ဆက်အပြစ်တင်နေကြအုန်းမယ် ဆိုရင် အမျိုးသားရေးဝါဒဟာ ကမ္ဘာတခွင် အလံထူနေအုန်းမှာပါ။
နိုင်ငံတခု ကို ကြည့်တဲ့အခါ ပြည်သူတွေရဲ့ စိက်အမှန် ခံစားချက်ကို ကြည့်နိင်မှ အဖြေမှန်မှာပါ။

တရုတ်ကို ကွန်မြူနစ် အုပ်စီုးနိင်တာ ဝါဒ စနစ်ကြောင့် မဟုက်ဘူး။
ဗီယက်နမ်မှာ မြောက်ဗီယက်နမ်တွေ အောင်ပွဲခံတာ ဝါဒကြောင့် မဟုက်ဘူး။
ကျူးဘားမှာ အောင်ပွဲခံတာ ဝါဒထောက်ပံသူ‌နိုင်ငံကြီးတွေကြောင့် မဟုက်ဘူး။
အမေရိကန် ကျွန်စနစ်ပပျောက်တာ အစီုးရလက်‌ချက်ကြောင့်ပဲ မဟုက်သလို အစ္စရေးလို နိုင်ငံ ထူထောင်နိင်တာ စနစ်တွေ လက်ချက်ကြောင့် မဟုက်ဘူး ဆိုတာ သိသင့်တယ်။

မောင်ချင်း
၁၈.၁၁.၂၀၁၉

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး