မြန်မာပြည်က မြေဈေးအကြီးဆုံး လမ်းမကြီး(၂)ခု


မြန်မာနိုင်ငံက ဈေးအကြီးဆုံး မြေနေရာတွေဟာ ရန်ကုန်တိုင်း ပြည်လမ်းမနဲ့ ကမ္ဘာအေးဘုရားလမ်းတွေပေါ်မှာ တည်ရှိပါတယ်။

မြန်မာနိုင်ငံမှာ မြေဈေးအကြီးဆုံးနေရာတွေက စမ်းချောင်းမြို့နယ်၊ကမာရွက်မြို့နယ်၊လှိုင်မြို့နယ်က ပြည်လမ်းမဘေး နဲ့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းဘေးတွေပါ။
ဒီမြို့နယ်တွေမှာ ရှိတဲ့ ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းဘေး မြေဈေးဟာ တစ်စတုရန်းပေကို ကျပ်(၃၅၀၀၀၀) ပေါက်ပါတယ်။ 

ဒါဟာ လမ်းမ‌ကြီးဘေးက မြေဈေးကို ဆိုလိုရင်း ဖြစ်ပြီး အတွင်းနဲ့ တခြားလမ်းတွေက ဈေးသက်သာပါတယ်။

ကျန်တဲ့ မြို့နယ်တွေမှာတော့ မြေဈေးနှုန်း အဲလောက် မရပေမယ့် ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းဘေးဆို အနည်းဆုံး တစ်စတုရန်းပေကို ကျပ်(၂၅၀၀၀၀)လောက် အမြင့်ဆုံးရထားကြတာမို့ ဈေးကြီးတဲ့ ပါဝင်နေဆဲပါ။

ဒါတောင် မြေဈေးသက်မှတ်ချက်အရ ၂၀၁၉ ခုနှစ်ကထက် လျော့ကျသွားတာ ဖြစ်ပြီး တချို့မြေအရောင်းအဝယ်တွေက သတ်မှတ်ဈေးထက် များနိုင်သေးတယ်။

ဆိုတော့ မြန်မာမှာ ဈေးအကြီးဆုံး မြေနေရာတွေ အဆောက်အဦးတွေဟာ ဒီနေရာတွေ ဖြစ်နေဝာာပါ။ ရိုးရိုးတိုက်ခန်းတောင် ဒီလမ်းမဘေးပေါ်မှာဆို ဈေးမတန်မရာ မြင့်နေမှာပါ။

ဈေးကြီးရခြင်း အကြောင်းရင်းက အင်းလျားကန်တည်ရှိတာ၊လူ‌နေထုထပ်တာ၊ စီးပွားရေးအရ အချက်အချာကျပြီး လုပ်ငန်းတွေ တည်ရှိတာ၊သယ်ယူပို့ဆောင်ရေးအတွက် လွယ်ကူတာ၊Shopping Mall တွေ တည်ရှိနေတာက အဓိက ထင်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမြေဈေးအကြီးဆုံးနေရာက ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်း လို့တောင် ဆိုရမှာပါ။

ရန်ကုန်မြို့က ဒီလမ်းနှစ်ခုက လွဲရင် တခြာနေရာတွေ တခြားမြို့တွေရဲ့ မြေဈေးဟာ အဲသလောက် မရှိတဲ့ အတွက်ပါ။

သို့သော်လည်း အဝယ်မရှိတော့ဖူး ထင်ပါတယ်။ လူတွေမှ မဝယ်နိုင်ကြတော့တာကို။
😁😆

#တွေးမိတွေးရာ
မောင်ချင်း

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး