တရုတ်ကို ဖိုက်မယ့် G7ရဲ့ B3W စီမံကိန်း
#တရုတ်မှ တည်ဆောက်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းများ
စီးပွားရေးအကြောင်းတွေလည်း မပြောရတာ ကြာကို။
မနေ့က G7 နိုင်ငံတွေက B3W စီမံကိန်း ကြေညာတယ်။ အဓိကက တရုတ်ရဲ့ BRI စီမံကိန်းကို ဖိုက်ဖို့ ထင်တယ်။
ကမ္ဘာမှာ စားသုံးသူဈေးကွက် ဝေစု အကြီးဆုံးက ဉရောပ နဲ့ အမေရိက လို အနောက်နိုင်ငံတွေ။
တရုတ်၊အိန္ဒိယ နဲ့ အာဆီယံလို အာရှ နိုင်ငံတွေက ထုတ်လုပ်သူ နိုင်ငံတွေ။
စားသုံးသူ မြင့်တာ အာရှမှာ ဂျပန်နဲ့ ကိုရီးယားပဲ ရှိတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း လောင်စာနဲ့ ချမ်းသာကြတာမို့ စားသုံးသူအဆင့်နီးပါးရှိသည့်တိုင်း ထုတ်လုပ်တဲ့ နိုင်ငံတွေပဲ။
တရုတ်က သူရဲ့ တိုးတက်မှုဟာ ထုတ်လုပ်မှုနဲ့ တိုင်းတာတယ်။ သူ့ ထုတ်လုပ်မှု လျော့ကျသွားရင် သူ့ရဲ့ စားသုံးမှုစွမ်းရည်ပါ ကျဆင်းသွားမယ်။ ပြောရရင် ထုတ်လုပ်နိုင်စွမ်းနည်းသွားရင် ချမ်းသာတဲ့ အဆင့်ကနေ ကျသွားမယ်။
ဒီတော့ သူတို့ ထုတ်လုပ်မှု တိုးဖို့ OBOR လိုမျိုး BRI စီမံကိန်းတွေ ဖော်တယ်။အဓိကက ထုတ်လုပ်မှု စွမ်းရည်အပေါ် ထပ်တိုးချင်လို့ပဲ။
အာဆီယံနိုင်ငံတွေ အများစုက ကုန်ကြမ်းထုတ် နိုင်ငံတွေပဲ။ ပြောရရင် စက်မှုခောတ်ဆိုဆို ကုန်ကြမ်းအများစု ရောင်းကြတဲ့ နိုင်ငံ။ စင်္ကာပူတစ်ခုတည်းသာ ကြားခံပွဲစားအဖြစ် ချမ်းသာတာ။
ဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အာဆီယံကုန်သွယ်မှုဟာ ဉရောပနဲ့ အနောက်ကို တင်ပို့မှုထက် တရုတ်ကို တင်ပို့မှု ပိုများလာတယ်။
ဘာကြောင့်လဲ ဆိုရင် ဉရောပ နဲ့ အမေရိကန် လို နိုင်ငံတွေက စားသုံးသူနိုင်ငံတွေမို့ အသင့်ဖြစ်တာကိုပဲ ကြိုက်တယ်။ကုန်ကြမ်းလိုမျိုးထက် ကုန်ချောကို ပိုကြိုက်တယ်။
ဒီတော့ ဈေးကြီးတဲ့ အာဆီယံထုတ်ကုန်အစား ဈေးသက်သာပြီး Service ကောင်းတဲ့ တရုတ်ဆီက ပိုယူတယ်။
ဒီတော့ တရုတ်လိုအပ်တဲ့ ကုန်ကြမ်းကို အာဆီယံက ပို့ပေးတယ်။ ကုန်ချောထုတ်ရင် တွက်ချေမကိုက်တော့ အလွယ်တင်ပို့နိုင်တဲ့ တရုတ်ဈေးကွက်ကို ပိုအမှီပြုလာတယ်။
သဘောပြောရရင်
အာဆီယံက တရုတ်ကို မှီခိုတာလား။တရုတ်က အာဆီယံကို မှီခိုတာလား။
ချိန်းခြောက်နိုင်သူက မှီခိုသူ မဖြစ်နိုင်တော့ တရုတ်ကို အာဆီယံက ပိုမှီခိုလာရတယ်။
တကယ်တမ်းပြောရရင် အာဆီယံ ဆိုတာ ကွန်မြူနစ်ရန်ကို ကြောက်လို့ စတင်ဖြစ်တည်လာတဲ့ အဖွဲ့အစည်းပဲ။
ကြောက်နေတယ် ဆိုတာ မဖြစ်သင့်။
နောက်တော့ ဉရောပက EU စံကို အားကျပြီး အဲသဘောဆောင်လာတာ။
ပြောရရင် စီးပွားရေးတစင်ထောင်တာပဲ။
အဲကနေ အခု တရုတ်ကြောက် ဖြစ်လာတာ ပြန်တွေးရင် ရှက်စရာပါ။
ဆိုတော့ အနောက်နိုင်ငံတွေကတော့ တရုတ်ကို ပိုဖိအားပေးလာတယ်။
အာဆီယံကလည်း တရုတ်ကို အဖေခေါ်တာ ခွေးဖြစ်နိုင်တဲ့ အကွက်ပဲ။
ဘာကြောင့်လည်း တရုတ်သည် ထုတ်လုပ်ရေးသမားမို့ ဈေးကွက်ကို မှီခိုရတယ်။အထူးသဖြင့် ဉရောပနဲ့ အမေရိက ဈေးကွက်ပဲ။
အဲအနောက်နိုင်ငံတွေ ပစ္စည်းမဝယ်ရင် သူလည်း နားကားပြီ။
သူ နားကားရင် ကုန်ကြမ်းပို့ပြီး မှီခိုနေရတဲ့ အာဆီယံလည်း နားကားပြီ။
အနောက်နိုင်ငံတွေ တရုတ်မှာ ကုန်စည်လာထုက်တာ အခကြေးသက်သာတာရယ်နဲ့ လူငယ်များလို့ပဲ။
အခု တရုတ်ရဲ့ လူဦးရေစံနှုန်းအရ အသက်ကြီးပိုင်း များလာတယ်။
တအိမ်ထောင် ခလေးတစ်ယောက်စံအရ တရုတ်မှာ မျိုးပွားနှုန်း နှိမ့်လာတယ်။
အာရှသဘောအရ အမျိုးသားသာ အဓိကမို့ တရုတ်မှာ အမျိုးသမီးရှားပါးတာလည်း ကြုံရတယ်။
ဆိုတော့ အနာဂါတ်မှာ သက်ကြီးပိုင်းတွေ များတဲ့ တရုတ်အတွက် စီုးရိမ်စရာ ဖြစ်လာကော။ဒီတော့ တစ်အိမ်ထောင် ခလေး နှစ်ဦးကနေ သုံးဦးအထိ ခွင့်ပြုပေးလာတယ်။
တရုတ်ဟာ ကုန်ထုတ်လုပ်ရေးကနေ ချမ်းသာလာတော့ လုပ်အားခ ဈေးမသက်သာတော့ဖူး။ ဒီအပြင် အရင်က တရုတ်ဟာ ကုန်သွယ်ရေးမှာ အခွင့်အရေး ရတဲ့ ကင်းလွက်ခွင့်တွေ ချမ်းသာလာသည်နှင့်အမျ စွန့်ရတော့ ကုန်စည်တန်ဖိုး ဈေးကြီးလာတယ်။
ဒီအပြင် နိုင်ငံရေး စီးပွားရေးအရ တရုတ်ဟာ အနောက်နိုင်ငံတွေနဲ့ မတည့်တော့ ကုန်သွယ်ရေးအပေါ် ဖိအားပေးခံလာရတယ်။
အမှန်ဆို ဒီသဘောတွေ အခွင့်အရေးယူပြီး အာဆီယံဟာ စုပေါင်းပြီး ကုန်ကြမ်းပို့ရာကနေ ကုန်ချောစနစ်ကို ပြောင်းပြီး ဉရောပနဲ့ အနောက်ဈေးကွက်ကို ပို့ရမှာ ။
ပြောရရင် တရုတ်နဲ့ အနောက်နိုင်ငံတွေကြား အခတ်အခဲကို တစင်ထောင်ပြီး စီးပွားရေးချရမယ့် အစား တရုတ်ကို ကုန်ကြမ်းပို့ရာကနေ ရတဲ့ ငွေနည်းနည်းကို မှီခိုပြီး တရုတ်ကြိုးဆွဲရာ ကနေကြတာ ရှက်စရာပါ။
ဒါကြောင့်လည်း အရင် အမေရိကန်သမ္မတဟောင်း ထရန့်က မခန့်လေးစား လုပ်တာ။
အာဆီယံသည် လက်လေးတွဲပြီး ပုံရိုက်တဲ့ အဆင့်ကနေ ဘာမှ ဖြစ်မလာဖူး။
အခုတော့ G7 က B3W စီမံကိန်းစပြီ။
တရုတ်နဲ့ အဆက်သွယ် နည်းတဲ့ နိုင်ငံတွေ ပွပေါက်ပဲ။
အာဆီယံအနေနဲ့လည်း ဒါကို ကြိုမြင်ပြီး ဘက်ပြောင်းသင့်တယ်။ တရုတ်လောင်ရိပ်ကြောင့် အာဆီယံသည် ခွေးသာသာပဲ ဖြစ်ပါလိမ့်မယ်။
အနောက်နိုင်ငံများကတော့ တရုတ်ကို စီးပွားရေးအရ ဖြိုချနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ကိုယ်တွေ အနေနဲ့ ဒီအချိန် ဝင်နိုင်ရင် ကုန်ထုတ်လုပ်သူ အဆင့်ကနေ အတော်တက်လှမ်းသွားနိုင်တယ်။
တရုတ်ကို မှီခိုနေရင် ကုန်ကြမ်းပို့တဲ့ နိုင်ငံအဆင့်ကနေ တက်မှာ မဟုတ်ပဲ တရုတ်လျောရင် ကိုယ်ပါ ဒုက္ခရောက်မယ့် အကွက်။
တရုတ်သည် အာရှအာဏာချိန်ခွင်က အလေးလျော့ဖို့ ဖိအားပေးနိုင်မှသာ အာဆီယံသည်လည်း အလုပ်ဖြစ်လိမ့်မယ်။
အာဆီယံ ဩဇာတက်ဖို့က တရုတ်နဲ့ လက်တွဲတာ ဖြုက်နိုင်မှပဲ။
အခု B3Wသည် တရုတ် BRI ထက် ပိုအလုပ်ဖြစ်နိုင်တယ်။ ဘာကြောင့်လည်း ဆို G7 နိုင်ငံများသည် စားသုံးသူ နိုင်ငံများ ဖြစ်လို့ပါပဲ။
စားသုံးသူများသည် အမြဲ အပေါ်စီးကပဲ ရှိနေလို့ပဲ ဖြစ်တယ်။
တွေးမိတွေးရာ
မောင်ချင်း
၁၃.၆.၂၀၂၁
Comments
Post a Comment