ဘဏ်များအကြောင်း တွေးစရာ အပိုင်း(၁)
ဘဏ် ငွေကြပ်နေပြီ လို့ ပြောတဲ့ အခါ မယုံသူတွေ များတယ်။အများစု က ပညာတက် အသိုင်းအဝိုင်းတွေပဲ။
မဖြစ်နိုင်ပါဖူး ဆိုတဲ့ စကားလုံး သုံးကြတာလည်း ရှိတယ်။
သို့သော် ပြည်သူအများစုက အရှေ့မှာ ကြုံခဲ့ရပြီးပြီ။
ပထမ အချက်က လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတာ။ မအလကတော့ လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီး မသိမ်းပါဖူး လို့ အာမခံပေးတယ်။
ဒုတိယအချက်က ငွေစက္ကူဖျက်သိမ်းတာ။
ဒီအချက်ဟာ အတော်ကို ဒုက္ခပေးခဲ့သလို တိုင်းပြည်စီးပွားရေး၊လူမှုဘဝပေါင်းများစွာကို ဖျက်ဆီးခဲ့တာပဲ။
ဒါကြောင့် သိမှီးသူတွေ၊ တချို့ ပြည်သူက ဒေါ်လာ ခေါ် နိုင်ငံခြားငွေ ပြေးစုကြတယ်။
တခုခုဆို နိုင်ငံခြားငွေက အာမခံချက် ရှိသလို ပြည်တွင်းကျပ်ငွေသာ ကမောက်ကမ ဖြစ်ချင် ဖြစ်နေမယ်။ ဒေါ်လာကတော့ အာမခံချက်ရှိတာကိုး။
ဒီလိုနဲ့ လူတွေ ဒေါ်လာ ပြေးဝယ်သလို တချို့ကြတော့ ရွှေပြေးစုကြတယ်။
ဒါကို မှီပြီး ပွဲစားကုန်သည်တချို့ အလုပ်ဖြစ်သွားသလို ရွှေဈေးဆို စံချိန်တင်(၁၇)သိန်းထိရောက်ခဲ့တယ်။
ဒေါ်လာဈေးဟာလည်း အတက်ဘက်ကို ဦးတည်နေတာမို့ ကျပ်ငွေအပေါ် ဖိအားများစေတယ်။
ဒီအချိန်မှာ ဆယ်စုနှစ် တခုစာ ယုံကြည်မူ တည်ဆောက်နေရတဲ့ ဘဏ်တွေ လေးလအတွင်း ပြိုပျက်သွားတာပဲ။
ဘဏ်ကို လူတွေ စိုးရိမ်တဝတ်နဲ့ ငွေထုတ်ကြလဲဆိုရင် ဘဏ်ပြိုလဲမှာ ကြောက်လို့ပါ။
၂၀၀၃ တုန်းက ဘဏ်တွေ ပြိုလဲမှုကြောင့် လူလတ်တန်းစားတွေနဲ့ အခြား လူတွေ ထိခိုက်နစ်နာသွားခဲ့ရတယ်။
ဆိုတော့ ဘဏ်အပေါ် စီုးရိမ်ချက်နဲ့ ငွေပြေးထုတ်ကြတာပဲ။
ဘဏ်တွေဟာ နဂိုကတည်းက အခြေခံလုပ်ငန်းစဉ်သည် ငွေလွဲလုပ်ငန်းပါပဲ။
မြန်မာမှာ ကနဦး ဒီလောက်ပဲ စတင်ပေမယ့် နောက်ပိုင်း အတိုးပေးနှုန်းက အာဆီယံမှာ အမြင့်ဆုံးလို့တောင် ဆိုရမယ့် (၁၃)ရာခိုင်နှုန်းနား ရှိခဲ့တာမို့ ဘဏ်တိုးထားသူ များလာတယ်။
နောက် လုပ်ငန်းရှင်တွေ ငွေသားထည့်လာတော့ ဘဏ်ကလည်း ထိုငွေသားအပေါ် အမြတ်ရရှိအောင် ကစားခဲ့တာပဲ။
သိတဲ့ အတိုင်း မြန်မာဘဏ်လုပ်ငန်းရှင် အတော်များများသည် တခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်နေကြတာပါ။ ဆိုတော့ ငွေပြောင်းငွေလွဲ လုပ်ရင် ကုမ္ပဏီတွေကိုပါ အကျိုးရှိအောင် လုပ်လာတယ်။
နောက်တော့ ချေးငွေပေးခွင့်ပါ ပြုတာမို့ တခြားလုပ်ငန်းတွေကို အပေါင်ခံထားပြီး ယူခွင့်ပြုတယ်။
အများစုက နားလည်မှု ဆိုတဲ့ ပုံစံနဲ့ သွားကြတာချည်းမို့ မတန်မရာတွေလည်း ဂျင်းထည့်ခံရတာပဲ။ ပြောရရင် စနစ်တကျ မသွားကြတာ များတယ်။
နောက်တော့ နိုင်ငံခြားဘဏ်တွေ ဝင်လာမှသာ ပြန်ပြင်နေကြတာ။သို့သော် ရင်းနှီးရင် အလုပ်ဖြစ်ကို။
နောက်တော့ လူလတ်တန်းစားတွေ ငွေစုလာတယ်။ ဒါက အရေးပါတဲ့ အသွင်ကူးပြောင်းမှုပဲ။
ဘဏ်ဝန်ဆောင်မှု လုပ်ကိုင်သူ ဦးရေသည် နိုင်ငံလူဦးရေရဲ့ (၂၀)ရာခိုင်နှုန်းနီးပါးရှိတယ်။ အမြင်အရ နည်းတယ် ဆိုနိုင်ပေမယ့် ဒီ (၂၀)ရာခိုင်နှုန်း လူဦးရေဟာ တကယ့် ခရိုနီတွေ၊ လုပ်ငန်းရှင်တွေ၊ ချမ်းသာသူတွေ အပြင် လူလတ်တန်းစားတွေ အများဆုံး ပါဝင်ထားကြတာမို့ နိုင်ငံငွေကြေးလည်ပတ်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးတယ်။
ပြောရရင် ကျေးလတ်လူတန်းစားသည် ငွေကြေးသုံးစွဲမှုနည်းတော့ ဘဏ်စနစ်နဲ့ ထိစပ်သူ နည်းတယ်။ သူတို့အတွက် အများဆုံးသည် ငွေကြေးလွဲပြောင်းမှုသာပါ။
ဆိုတော့ ဘဏ်မှာ ငွေကြေးပြန်ထုတ်ကြတော့ အခတ်အခဲဖြစ်လာတယ်။
အရင်လို ငွေထုတ် ငွေသွင်း မရှိတော့ပဲ အထုတ်ချည်းပဲ ဖြစ်လာတယ်။
ဆိုတော့ ဘဏ်မှာ ငွေနည်းလာတယ်။
ချေးငွေပေးမှုအရ လုပ်ငန်းရှင်တွေကို အပေါင်ခံထားပြီး ပေးတာလည်း ပြန်မရ ဖြစ်သွားတယ်။
ဘဏ်တွေ ချေးငွေ အများဆုံး ပေးတာ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ။
သို့သော် Covid-19 ကြောင့် စီးပွားပျက်ကပ်ဆိုက်နေတော့ ငွေလည်ပတ်မှု နည်းနေတာ ကြာပြီ။
ဒါကို NLD အစီုးရလက်ထက်က သိကြတာမို့ ငွေကြေးလည်ပတ်မှု ကောင်းအောင် ဈေးကွက်ထဲကို ငွေထည့်တယ်။
ချေးငွေတွေ ချပေးသလို ကျပ်ဘီလီယံပေါင်းများစွာ ချပေးတယ်။
ပြည်သူကို ထောက်ပံငွေ ပေးတယ် ဆိုတာ တကယ်တော့ Money Cycling ဖြစ်အောင် ဖန်တီးပေးတာ။
ဒီလိုနဲ့ ၂၀၂၀ အောက်တိုဘာလောက်ကနေ ငွေပြန်လည်ပတ်စ ပြုလာတယ်။ ဒီတော့ ဘဏ်တွေ အသက်ရှုချောင်တယ်။
ငွေလည်ပတ်မှု အားကောင်းလာတော့ နောက်တဆင့်ပြီး တဆင့် ကဏ္ဍပေါင်းစုံ တိုးတက်လာနိုင်တာကို။
ဆိုတော့ မအလ အကြမ်းဖက်အဖွဲ့အစည်းဟာ မျော်လင့်ချက် ရောင်ခြည်သန်းလာတဲ့ တိုးတက်မှု ကို ဖျက်ဆီးလိုက်တာပဲ။
မတရားအာဏာသိမ်းပြီးနောက် လူတွေဟာ ကိုယ်ငွေ ဆုံရှုံးမှာ ပိုကြောက်လာတယ်။
ဒီတော့ ရသမျ ငွေ ပြန်ထုတ်၊လက်ကိုင်ဖို့ လုပ်ကြတယ်။ ဆိုတော့ ငွေလွဲငွေပြောင်းကဏ္ဍပေါ်မှာပါ ထိလာတယ်။
ဘဏ်က လိုအပ်တဲ့ ငွေကြေးတွေကို ချေးထားသူတွေဆီကနေ မရနိုင်ဘူး။
ဆိုတော့ လည်ပတ်စပြုနေတဲ့ ငွေကြေးစီးဆင်းမှုသည် တဖန် ရပ်တန့်သွားပြန်တယ်။
အဆီုးဆုံးက မြန်မာပြည်မှာ ဘဏ်တွေ လုပ်နေတဲ့ ငွေလွဲလုပ်ငန်းအပေါ်မှာပါ ကြီးကြီးကျယ် ထိလာတာပဲ။
မြန်မာပြည်က ဘဏ်တွေသည် ငွေကြေးကို သုံးဆ အထိ ပွားနိုင်တယ် လို့ ဆိုကြတယ်။
အမေရိကန်မှာဆို (၇)ဆ(၈)ဆ ထိ ပွားတယ် လို့ဆိုတယ်။
ပွားလာခြင်းသည် စီးပွားရေးကောင်းမွန်သော လက္ခဏာဖြစ်ပေမယ့်
မတရားသော လုပ်ရပ်တွေ ၊အာဏာသီမ်းတာတွေ ဖြစ်ရင် ဒုက္ခရောက်လာတယ်။
ဆိုတော့ ငွေကြေးတွေ မလည်ပတ် ရပ်တန့်သွားတော့ အခတ်အခဲရှိလာတယ်။
အစောနက ဆိုသလိုပဲ သုံးဆအထိ ပွားထားတဲ့ ငွေကြေးဟာ မူရင်းငွေအများစုသည် ပြည်သူလက်ထဲ ရောက်နေရင် ကျန် ပွားထားတဲ့ ငွေတွေ ပြန်ထုတ်ရင် ထုတ်ပေးစရာ မရှိ။
မူရင်းက ငွေပွားထားတာကြောင့် ငွေကြေးလည်ပတ်မှု အားကောင်းနေချိန်မှာ အလုပ်ဖြစ်ပေမယ့် ရပ်တန့်သွားရင် အလုပ်မဖြစ်တော့ဘူး။
ဒီတော့ ဘဏ်တွေ ငွေထုတ်ပေးနိုင်မှု ကန့်သတ်လာတာပဲ။
ကနဦးကန့်သတ်မှုက သာမန်လူတန်းစားတွေ၊ ငွေလွဲပြောင်းလုပ်သူတွေရဲ့ ငွေကို ကန့်သတ်တယ်။နောက်တော့ လုပ်ငန်းငယ်တွေပါ ကန့်သတ်လာတယ်။
ဘဏ်တွေဆိုတာ ယုံကြည်မှုကို ငွေနဲ့ လဲလှယ်တဲ့ နေရာပဲ။
ပြည်သူတွေ ဘဏ်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အခါ ပြသာနာဖြစ်တာပဲ။ နောက်တစ်ခေါက် ဘဏ်တွေ ယုံကြည်မှု ရဖို့ မလွယ်တော့ဖူး ထင်တယ်။
ခောတ်ကောင်းရင် နိုင်ငံခြားဘဏ်တွေက ဝါးမြိုသွားလိမ့်မယ် ယူဆတယ်။
ပြည်သူတွေက ပြည်တွင်းဘဏ်ကို မယုံကြတော့လို့ပဲ။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်များသည် မီးလောင်ရာ လေပင့်သလို ဖြစ်နေတယ်။
ငွေထုတ်ယူမှု အကန့်အသတ် လုပ်လာလေလေ လူတွေ ပိုထုတ်လေလေပဲ။
အဆီုးဆုံးက Digital Payment ကို လော်ဘီ လုပ်နေတာပဲ။
ဗဟိုဘဏ် ဝတ္တရားက ဘာဆိုတာတောင်
မသိတော့ဖူး ထင်။
ငွေထုတ်ပေးနေရခြင်းကို အကန့်အသတ် လုပ်လာပုံများသည် မှားတဲ့ သဘောပဲ။
သို့သော် ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်တွေက ငွေအကန့်အသတ်ရှိလာကြောင်း ပြောဆိုမှုပေါ် မူတည်ပြီး ထုတ်ပြန်ချက်တွေ ထုတ်နေပုံပဲ။
ဘဏ်များသည် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအပေါ် ငွေကြေးအကန့်သတ် ထုတ်ပေးတာသည် အတော်ဆီုးရွားပါတယ်။
NLD အစီုးရလက်ထက်က ဗဟိုဘဏ်သာဆို ဘာလုပ်မယ် ထင်ပါသလဲ။
ပြောရရင် ပြည်တွင်းဘဏ်တွေ လူပါးဝနေတာ တွေ့ရမှာပါ။
အခြေခံလူတန်းစားတွေ နှစ်သိန်းလောက် ငွေထုတ်ရဖို့ ခတ်ခဲနေပေမယ့် သိန်းထောင်ကဏန်း သောင်းကဏန် ထုတ်လိုသူတွေအတွက်ကျ အဆင်ပြေနေတာ သိရတယ်။
ပြောရရင် ခရိုနီအချင်းချင်းကျ ငွေသားလိုသလောက် ထုတ်ပေးပြီး မရှိတဲ့ အခြေခံလူတန်းစားတွေကျတော့ အကန့်အသတ်လုပ်နေတာ ရွံဖို့ ကောင်းပါတယ်။
ခောတ်ပြန်ကောင်းရင် ဘဏ်တွေကို ထိရောက်တဲ့ ပြစ်ဒါဏ် ချပေးစေချင်တယ်။
ဘဏ်တွေမှာ ခရိုနီတွေ ဆောက်လုပ်ရေးဘာညာလုပ်ငန်းရှင်တွေအတွက် သီးသန့်ဆောင်ရွက်ပေးနေတာ ကြာပြီ။ ငွေသားလိုသလောက် ရသလို တချို့ ဘဏ်ဝန်ထမ်တွေကိုယ်တိုင် ရာခိုင်နှုန်းစားနဲ့ လုပ်ပးနေတယ် လို့ အသံထွက်နေပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ဘဏ်ကနေ ငွေထုတ်ရ ခတ်ခဲလာတယ် လို့ ကြားရတော့ ဘဏ်တွေ အခြေအနေမဟန်ဘူး လို့ တွေးမိသေးတယ်။
နောက်တော့ စီးပွားရေးဘဏ်က ငွေထုတ်တာတွေ လုပ်ပေးပေမယ့် ဆပ်ပြာခွက်နဲ့ ရေခတ်ရသလို အလီလီ ခတ်ရတော့ ကုန်သည်တွေ အဆင်မပြေကြဖူး လို့ဆိုတယ်။
နောက်ဆက်တွဲ ဆီုးကျိုးက လက်ငင်းငွေချေ ကုန်သွယ်မှု အပေါ် ထိခိုက်လာခြင်း၊ပို့ကုန် သွင်းကုန် ထိခိုက်လာခြင်း၊မလိုအပ်ပဲ အချိန်ကြာခြင်းတို့ကို တွေ့လာရတာပဲ။
အရင်က ပြောကြတယ်။ ဘဏ်တွေ မပြိုလဲနိုင်ဘူး ဆိုတာမျိုး။ ဒီလို ပြောသူ အများစုကို ကြည့်လိုက်ရင် ဘဏ်တွေနဲ့ ပါက်သက်နေသူတွေ များတယ်။
ဘဏ်ပိုင်ရှင်အများစုသည် ကျောက်မြတ်တူးဖော်ရေး၊ဘိလပ်မြေ၊ဟိုတယ်လုပ်ငန်း၊သတ္တူတူးဖော်ရေး၊သစ်ထုတ်လုပ်ရေး၊စက်သုံးဆီရောင်းဝယ်ရေး၊သယ်ယူပို့ဆောင်ရေး၊လမ်းကန်ထရိုက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများဆုံး လုပ်ကိုင်ကြတယ်။
စဉ်းစားကြည့် ပြီးခဲ့တဲ့ Covid-19 ကာလ တစ်နှစ်နဲ့ မအလ အကြမ်းဖက်အုပ်စု အာဏာသိမ်းမှု လေးလကျော်အတွင်း အလုပ်ဖြစ်ကြရဲ့လား ဆိုတာ။
ဆောက်လုပ်ရေးဆိုဒ်အများစုမှာ ဘဏ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု ကြီးတယ်။
သူတို့ ဆောက်တာ အများစုက သာမန်ပြည်သူ လိုက်မမှီနိုင်တဲ့ ကွန်ဒို၊အိမ်ရာအများစုတွေ ဖြစ်တယ်။ ဒါတွေဟာ ကွန်ဒိုမီဒီယံလော ထွက်တာနဲ့အတူ အာဏာမသိမ်းခဲ့ရင် ဖြစ်ပေါ်လာမယ့် နိုင်ငံခြားဈေးကွက်ကို ကြည့်ပြီး ရင်းနှီးမြှုပ်နှံထားကြတာ။
အကုန်ပလုံနေတာ သိသာပြီး ငွေတွေ အကုန်မြုပ်နေကြတာ တွေ့ရမယ်။
ဆိုတော့ ဒင်းတို့သည် ရသမျ ပြည်သူကို ကန့်သတ်နေပေမယ့် ကျဆုံးခန်းထဲ ရောက်နေသလို အဖြစ်မျိုးပဲ။
နောက် ဗဟိုဘဏ်က ဆော်ဩနေတဲ့ ဒီဂျစ်တယ် ပေးမဲန့် ကိစ္စ။
အရှုးတွေ များ သူတို့ ပြောရုံနဲ့ ပြည်သူက လိုက်လုပ်မယ် လို့ ထင်နေကြတုန်းကို။
မယုံရင် မအလ ဘောမနေတဲ့ သူတွေ၊ ခွေးတပ် အသိုင်းအဝိုင်းထဲက လူတွေကိုပဲ အရင်သုံးခိုင်းကြည့်စေချင်တာ။
ဘယ်လောက်ထိ အခြေခံဖောင်းဒေးရှင်းတွေ ခိုင်လို့ သုံးခိုင်းရဲတာလဲ မေးစရာပါ။
သူတို့ကသာ သုံးခိုင်းနေတာ တကယ့်လက်တွေ့မှာ သုံးရမယ့် နေရာ နည်းတယ်။
မေးချင်တာက ပြီးခဲ့တဲ့ Covid-19 ကာလမှာ စီးပွားရေးအခတ်အခဲတွေ ရှိတော့ လူတွေ Digital Payment ကို ပိုသုံးလာကြတယ်။ ပြီးခဲ့တဲ့ ဗဟိုဘဏ်ကကော NLD အစီုးရကပါ သုံးကြပါလို့ မတိုက်တွန်းဘူး။
ဈေးကွက်လိုအပ်ချက်အရ အကူးအပြောင်း ဖြစ်သွားတာ။
ဗဟိုဘဏ် ဒီလို ညွန်းဆိုရခြင်းသည် လက်ကျန်းငွေသား နည်းတာရယ် အသစ်ရိုတ်မထုတ်နိုင်တာကြောင့်လည်း ဖြစ်လိမ့်မယ်။
ပြည်သူ့အပေါ် စေတနာ တစက်တောင် မရှိတဲ့ ခွေးတွေဟာ ဂျာမဏီဆီက ငွေစက္ကူ မရလို့သာ ငွေသားတွေ ရိုတ်မထုတ်နိုင်တာ။
ရှိလို့ကတော့ ငွေကြေးဖောင်းပွလည်း ဂရုစိုက်မှာ မဟုတ်ပဲ တဒုန်းဒုန်းရိုက်ထုက်ပြလိုက်မယ် ဖြစ်ခြင်း။
ဒီအတွက် ဂျာမဏီကို ကျေးဇူးတင်ရမယ်။နို့မို့ဆီု ငွေကြေးဖောင်းပွမှု မြင့်တက်တဲ့ အရှိန် အပြင်းထန်ဆုံး ဖြစ်သွားမယ်။
ပြီးခဲ့ ရက်တွေက ငွေကြေးထုတ်ယူမှုနဲ့ ပါတ်သက်ပြီး ပိုကန့်သတ်လာတယ်။
ဒါဟာ အောက်ခြေမှာ လည်ပတ်နေတဲ့ အသေးစား ငွေကြေးဈေးကွက် လည်ပတ်မှုကို ထပ်ရိုက်ချိုးတာပဲ။ လုပ်ငန်းငယ်တွေအပေါ် ထိခိုက်မှု ပိုများလာနိုင်တယ်။
နောက်ဆုံး ပြည်သူတွေကို သေရင် သေပါစေ။ ငွေသားထုတ်ယူခွင့် မပြုနဲ့ လို့တောင် စာထုတ်လာလေမလား။
အောက်ခြေအပေါ် အကျိုးသက်ရောက်စေမယ့် ကန့်သတိချက်တွေ အဆက်မပြတ်ထုတ်နေပေမယ့် သူဌေး သူဌေးချင်းကြတော့ ငွေသွားငွေလား အကုန်အဆင်ပြေနေကြတာလည်း ကြားရတယ်။
တော်လှန်ရေးပြီးရင် ပြည်သူဘက်က မရပ်တည်ပဲ ချစ်တီးကြနေတဲ့ လုပ်ငန်းရှင်တွေကိုပါ ဖယ်ကျဉ်မှ ရမယ်။
ဘဏ်လုပ်ငန်းတွေဟာ လူထုက ယုံကြည်မှု ပျောက်သွားကြတာ သိပြီးသား ဖြစ်လောက်ပြီ။ ဆိုတော့ မအလ လိုပဲ မလုပ်ရဲတာ ဘာမှ မရှိဖူး ဖြစ်လာနိုင်တာပဲ။
သမိုင်တွေအရ ဘဏ်ကို ဒေဝါလီခံပြပြီး ဘဏ်ပိက် ၊တခြားစီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေ မသေသေးဘူး။
ဘဏ်တွေမှာ ငွေကြပ်တည်းလား မေးရင် ကြပ်တည်းနေလို့သာ ပြည်သူတွေ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်မရ ဖြစ်နေတာလေ။
ရှေ့လျှောက် ပိုကြပ်အုန်းမယ့် သဘော ရှိတယ်။
ပြည်သူတွေ ဘဏ်ကနေ ငွေထုတ်မရရင် ဘဏ်လုပ်ငန်းရှင်ရဲ့ ကုမ္ပဏီတွေ ဆောက်ထားတဲ့ ကွန်ဒိုတွေ၊အိမ်ယာတွေ အများကြီးပါ။
သွားပြီးသာ သိမ်းကြပေတော့ဗျာ။
ကိုယ်တွေလည်း မွဲနေပြီမို့။
Comments
Post a Comment