နိုင်ငံရေးအက္ခရာ
နိုင်ငံရေးမှာ ဘာရည်ရွယ်ချက် ရှိရှိ
အစိုးရ ဟာ အက္ခရာကျတယ်။
ပြောရရင် ဩဇာအရှိဆုံးပဲ။
ဒါကြောင့် ဒီနေရာကို လူတိုင်း လိုချင်ကြတာ ဖြစ်တယ်။လက်နတ်ကိုင်အဖွဲ့အစည်းတွေကလည်း လိုချင်တယ်။ ဘယ်သူမဆို အစိုးရတစ်ရပ် ဖြစ်ချင်လာတယ်။
ဒီတော့ ပြည်သူကရွေးလို့ တက်ချင် တက်မယ်။
လတ်နတ်ကိုင်ပြီး တက်ချင် တက်နေမယ်။
အစိုးရ နေရာ ရရင်တောင် အသိအမှတ်ပြုခံရဖို့ လိုသေးတယ်။
ပြည်သူက အသိအမှတ်ပြုတာ ၊နိုင်ငံတကာက အသိအမှတ်ပြုတာ မျိုးက အရေးကြီးတယ်။
ကိုယ့်ကို အစိုးရတစ်ရပ်ဖွဲ့ပြီး စင်ထောင်နေနေ ဘယ်သူကမှ အသိအမှတ်မပြုရင် ဘာအာဏာမှ ရလာမနေဘူး။
လတ်နတ်ကိုင်ပြီး အစိုးရကို ဖြုက်ချ သိမ်းအုန်း။
ဘယ်သူမှ အသိအမှတ်မပြုရင် ဘာမှ ဖြစ်မလာဘူး။
ဗန်နီဇွဲလား နိုင်ငံမှာ အာဏာရ အစိုးရ မကောင်းတော့ စင်ပြိုင်အစိုးရတခု ထောင်တယ်။သူကို ဗန်နီဇွဲလား အစိုးရက အသိအမှတ်မပြုပေမယ့် အမေရိကန် နဲ့ ဥရောပက နိုင်ငံတွေက အသိအမှတ်ပြုတယ်။ ဒီတော့ အာဏာရနေတဲ့ အစိုးရ ဂွမ်းတာပဲ။
အရင် စစ်အစိုးရလက်ထက်ဟာလည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ နိုင်ငံတကာက မြန်မာအစိုးရအနေနဲ အသိအမှတ်ပြုထားတယ်။
ဒါကြောင့်လည်း လုပ်ချင်တာ လုပ်ခွင့်ရခဲ့တယ်။
ဆိုတော့ ပြောရရင် အစိုးရ ဆိုတာ ပါဝါပဲ။
ဒီလို အသိအမှတ်ပြုခံရတဲ့ အစိုးရကို မင်းက ဘာ ငါက ဘာဆိုပြီး သွားလုပ်လို့ မရဘူး။
သူပုန်အဆင့်သာ ရှိတဲ့ လက်နတ်ကိုင်တွေက ငါတို့ ဒေသမှာ ရွေးကောက်ပွဲ ကျင်းပချင်ရင် ငါတို့နဲ့ ဆွေးနွေးဆိုတာမျိုးက အတော်ရီစရာ ကောင်းတယ်။အစိုးရကို လက်နတ်နဲ့ စိန်ခေါ်တာမျိုးက အခုခောတ်မှာ ဒုက္ခပဲ ပိုရောက်စေတယ်။
သေစေနိင်တဲ့ လက်နတ်ကိုင်ထားရင် လူတိုင်း သွေးကြွတာပါ။
အင့်အားသင့်စရာအကောင်းဆုံးအချက်က မီဒီယာတွေက ကန်းပိန်းလုပ်ပေးနေတာပဲ။
အတော် ကြောက်ဖို့ ကောင်းတဲ့ ရည်ရွယ်ချက်ပါ။
ဒီလို လုပ်ပေးတာဟာ နိုင်ငံရေးအရ လက်ရှိအစိုးရကို တိုက်ခိုက်နေတာပဲ။
သတင်းဆိုတဲ့ အပိုင်းမှာ promote လုပ်ပေးတာနဲ သတင်းရေးတာ မတူဘူး။
ပြသာနာက မီဒီယာတွေက negative view
အရမ်းများကြတယ်။အဲတာ ပြသာနာပဲ။
အဆိုးဆုံးက ပါဝါရှိတယ် ဆိုတဲ့ ယုံကြည်မူ များတယ်။
အစိုးရတရပ် မကောင်းရင် မကြိုက်ရင် နောင်အစိုးရ သစ်တရပ် ပေါ်ထွက်လာဖို့ ရည်ရွယ်ရမယ်။ဒါနိုင်ငံရေး ရည်ရွယ်ချက်ကောင်းတယ်။
ညဏ်အားနည်းတဲ့ လတ်နတ်ကိုင်ကို ပြန်ရွေးနေတာမျိုး နောက်ပြန်ဆုက်သွားစေနိုင်တဲ့ အတွေးအခေါ်မျိုး ထည့်ကြတာဟာ စိက်ပျက်ဖို့ ကောင်းပါတယ်။
စာမဖတ်ကြတာလည်း ပါတယ်ပေါ့လေ။
နိုင်ငံရေးဩဇာတရပ်ထူထောင်ချင်ရင် သေနတ်ကိုင်ပြီး ဂျိုးကြွနေလို့ မရဘူး။ လူတစ်ယောက်ကို ကြက်ဌက်သတ်သလို အလွယ်တကူသတ်ပြီး ဗိုလ်ကျချင်တဲ့ အတွေးအခေါ်မျိုးဟာ နိုင်ငံရေးရည်မှန်းချက်မဟုက်ဘူး။
ဖြတ် ထုက် သက် လမ်းစဉ် ရွေးတဲ့ ဗကပ လည်း နောက်ဆုံး ကိုယ်လူ ပြန်လုပ်ကြံတာ ခံပြီး ဇက်သိမ်းတယ်။ တော်ခိုပြီး နိုင်ငံရေး ဩဇာထောင်တဲ့ ကျောင်းသားတွေလည်း အချင်းချင်း ပြန်သတ်တာနဲ့ ပြီးသွားတယ်။ လက်ရှိနိုင်ငံရေး စာမျက်နှာမှာလည်း အတော်ကို ဂုဏ်သိက္ခာအမည်းစက် ဆီုးခဲ့တ
ယ်။
ထင်သလို လုပ်ခဲ့တဲ့ စစ်တပ်လည်း အခုထိ အဲအရိပ်မည်းတွေအောက်မှာ ရှင်သန်နေရတယ်။ ဒါတောင် နိုင်ငံတော် အဖွဲ့အစည်းတခုနော်။
လောကကြီးမှာ လူတစ်ယောက်ကို သတ်လိုက်ဖို့ လွယ်တယ်။ အဲအရိပ်မည်းကို ပြန်ချေဖျက်ဖို့ ခတ်တယ်။ အဖွဲ့အစည်းတရပ် အနေနဲ့ဆို ပိုဆီုးတာပေါ့။
နောင်တချိန် ပြန်တရားစီရင်ပေးဖို့ တောင်းဆိုကြမှာပဲ။
ဒီနိုင်ငံမှာ ဖြစ်နေတဲ့ ပြသာနာက ဘယ်သူမဆို ငါက အကောင်ကွ လို့ ထင်နေကြတာပဲ။ အဖွဲ့အစည်းတွေ မှာ ဖြစ်စေ ဘယ်နေရာမျိုးမှာမဆို ငါသိ ငါတက်ပဲ ချကြတာ။
ငါဒါလုပ်ရင် နောင် ဘာဖြစ်မယ် ဆိုတာ စဉ်းစားချက် မရှိဘူး။ ဒီလို အခြေအနေမျိုးနဲ့ နိုင်ငံကို ဦးဆောင်ချင်ကြသေးတာ များတယ်။
မှတ်သားမိသလောက် အမေရိကန်ဆို သူတို့ နိုင်ငံအခြေခံဥပဒေကို ရေးဆွဲကြတော့ နောင် နှစ် ဘယ်လောက်ထိ အကျိုးသက်ရောက်စေဖို့ ရည်ရွယ်ခဲ့တယ် လို့ ဆိုတယ်။
ကျွန်စနစ်ကိုကျ သမ္မတ လင်းကွန်းကပဲ ပြန်လည်ပြင်ဆင်ပါယ်ဖျက်ခဲ့တယ်။
နိုင်ငံရေးရည်မှန်းချက်တွေမှာ နောင် နှစ်(၅၀) (၁၀၀)ထိ ဘာဖြစ်လာအောင် ဆိုတာမျိုး ပြင်ဆင်ကြရမှာ။ မြန်မာ နိုင်ငံရေးမှာ ဒါမျိုး ပြင်ဆင်ကြတာ နည်းပြီး လက်ငင်းချက်ချင်းဆိုတာကိုပဲ ကြိုက်တယ်။
လေးငါးနှစ်စီမံကိန်းဆိုတာတောင် သိပ်မကြိုက်ကြ။
နိုင်ငံနဲ့ ပါတ်သက်ပြီး ရေရှည် အံဝင်တကျ ဖြစ်အောင် ဖန်တီးနေတာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိသေးတယ်။
သူလို နိုင်ငံရေးရည်မှန်းချက် နိုင်ငံကို ဖြစ်စေချင်တဲ့ အတွေးမျိုး လုပ်နိင်သူတွေ လိုအပ်နေဆဲ။
ဒီနေရာမှာ ပုဂ္ဂိုလ်ရေး ကိုးကွယ်စရာမလိုဘူး။
နိုင်ငံရည်မှန်းချက်တွေ အကောင်အထည်ဖော်နိင်သူ ဘယ်သူမဆို အားပေးရမှာပါ။
အလကားနေ သေနတ်ကိုင် လူတွေဆီ သွား လိုက်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလိုမျိုးကို အားပေးနေတာထက် တိုင်းပြည်ပိုအကျိုးရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ရမှာပါ။ နောက်လုပ်မယ့် သူက သူဖြစ်နေစရာ သူလို လိုက်လုပ်နေစရာ မလိုဘူး။
ခေါင်းဆောင်ကောင်း ဆိုတာ သူရပ်တည်ချက် နဲ့ သူပဲ။
အခုက ဒီနိုင်ငံမှာ အလကားနေ လိုက်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းတွေကို စင်ပေါ် တင်တင်ပေးနေတာပဲ။ ညဏ်ပညာ မရှိပဲ လက်နတ်ကိုင် အုပ်စုဗိုလ်ကျချင်တဲ့ အတွေးအခေါ်မျိုးက ၁၉ ရာစုက ပင်လယ်ဓါးပြအဆင့်သာသာပါ။
ဒါတွေကို စတုတ္ထမဏ္ဍာင် ဆိုလား အတွေးနဲ ကလောင် လက်တွေက သွေးစွန်းတဲ့ သေနတ်တွေကို ဖန်တီးပေးနေတာ အတော် စိက်ပျက်ဖို့ ကောင်းတယ်။
ဒီနိုင်ငံက သွေးစွန်းနေတဲ့ သေနတ်ကိုင်တဲ့ လက်တွေ မလိုဘူး။ ညဏ်ကို အသုံးချပြီး ဖွံ့ဖြိုးရေးကို ဦးစားပေးတဲ့ လူတွေပဲ လိုတာ။
ဦးနှောက်မရှိသူချင်း သူတော်ချင်း သူတော် ပေါင်းဖတ်ပြီး နိုင်ငံကို ဒုက္ခရောက်အောင် မဖန်တီးကြပါနဲ့လို့ ဆိုပါရစေ။
နှစ်(၇၀) ပြည်တွင်းစစ်အစား နှစ်(၇၀) ပညာရေးနဲ လူသားဖွံ့ဖြိုးရေးကို အားစိုက်ခဲ့ကြရင် အခုခောတ် လူငယ်တွေ ဒီလောက် ဒုက္ခမရောက်ဘူး။
မောင်ချင်း
၂၉.၁၂.၂၀၂၀
Comments
Post a Comment