Posts

Showing posts with the label နိုင်ငံတကာ အတွေးအမြင်

ဗီယက်နမ်စစ်ပွဲအကြောင်း တစေ့တစောင်း

အနောက်နိုင်ငံတွေရဲ့ အားပြိုင်မှု တွေကနေ ဖြစ်ပေါ်လာတဲ့ ဒီ ဗီယက်နမ်စစ်ပွဲဟာ Proxy war လို့ သတ်မှတ်ခဲ့ကြတယ်။ အမေရိကန်နဲ့ ဆီုဗီယက် အားပြိုင်မှုတွေကနေ ပြည်တွင်းစစ်ဖြစ်လာခဲ့ရတဲ့ ဗီယက်နမ် စစ်ပွဲဟာ (၁၉)နှစ် ၊ငါးလ၊လေးပါတ် နဲ့ တစ်ရက် ကြာမြင့်ပါတယ်။ ၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ် အထိ ဖြစ်ပွားခဲ့ကာ အနောက်နိုင်ငံရေးဇက်ခုံကိုပါ အပြောင်းအလဲ ဖြစ်စေခဲ့တယ်။ အထူးသဖြင့် အမေရိကန်ပေါ့။ မနိုင်သော စစ်ကို တိုက်နေတယ်။အကျိုးမရှိတဲ့ စစ်ပွဲကို ကူနေတယ်ဆိုတဲ့ သဘောကြောင့် ကန့်ကွက်မှုတွေ ရှိလာတာကြောင့် ‌ဆုတ်ခွာခဲ့ရတဲ့ စစ်ပွဲ တခုပဲ။ ဗီယက်နမ်စစ်ပွဲဟာ ပြင်သစ်တို့က နယ်မြေစွန့်ရာမှာ ဒါဏ်ရာတွေနဲ့ ထားခဲ့‌တာကြောင့် မီးပွားဖြစ်ကာ စစ်ပွဲကြီးအသွင် ပြောင်းခဲ့ရတာပဲ။ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားလို အသွင်ဆန်လာတဲ့ အနေအထားဖြစ်လာတယ်။ ဆီုဗီယက်ကလည်း သူတို့ရဲ့ ကွန်မြူနစ်ဝါဒကို တွင်ကျန်စေချင်တယ်။ အမေရိကန်က‌လည်း ဒီမီုကရေစီအသွင်ကို ဖန်တီးချင်ခဲ့တယ်။ သူတို့ အာဏာပြိုင်မှု ရလာဒ်ဟာ ဗီယက်နမ်စစ်ပွဲ ဖြစ်လာတော့တာပဲ။ နှစ်ဖက် အားပြိုင်မှုဟာ သရေ ဆိုတာပဲ တွေ့ရမှာ ဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံတွေကတော့ ပိုပြီး ဖွံဖြိုးတိုးတက်အောင်မြင်တာ ‌တွေ့ရတယ...