ဗီယက်နမ်စစ်ပွဲအကြောင်း တစေ့တစောင်း


အနောက်နိုင်ငံတွေရဲ့ အားပြိုင်မှု တွေကနေ ဖြစ်ပေါ်လာတဲ့ ဒီ ဗီယက်နမ်စစ်ပွဲဟာ Proxy war လို့ သတ်မှတ်ခဲ့ကြတယ်။ အမေရိကန်နဲ့ ဆီုဗီယက် အားပြိုင်မှုတွေကနေ ပြည်တွင်းစစ်ဖြစ်လာခဲ့ရတဲ့ ဗီယက်နမ် စစ်ပွဲဟာ (၁၉)နှစ် ၊ငါးလ၊လေးပါတ် နဲ့ တစ်ရက် ကြာမြင့်ပါတယ်။
၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ် အထိ ဖြစ်ပွားခဲ့ကာ အနောက်နိုင်ငံရေးဇက်ခုံကိုပါ အပြောင်းအလဲ ဖြစ်စေခဲ့တယ်။

အထူးသဖြင့် အမေရိကန်ပေါ့။ မနိုင်သော စစ်ကို တိုက်နေတယ်။အကျိုးမရှိတဲ့ စစ်ပွဲကို ကူနေတယ်ဆိုတဲ့ သဘောကြောင့် ကန့်ကွက်မှုတွေ ရှိလာတာကြောင့် ‌ဆုတ်ခွာခဲ့ရတဲ့ စစ်ပွဲ တခုပဲ။

ဗီယက်နမ်စစ်ပွဲဟာ ပြင်သစ်တို့က နယ်မြေစွန့်ရာမှာ ဒါဏ်ရာတွေနဲ့ ထားခဲ့‌တာကြောင့် မီးပွားဖြစ်ကာ စစ်ပွဲကြီးအသွင် ပြောင်းခဲ့ရတာပဲ။

တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားလို အသွင်ဆန်လာတဲ့ အနေအထားဖြစ်လာတယ်။ ဆီုဗီယက်ကလည်း သူတို့ရဲ့ ကွန်မြူနစ်ဝါဒကို တွင်ကျန်စေချင်တယ်။
အမေရိကန်က‌လည်း ဒီမီုကရေစီအသွင်ကို ဖန်တီးချင်ခဲ့တယ်။
သူတို့ အာဏာပြိုင်မှု ရလာဒ်ဟာ ဗီယက်နမ်စစ်ပွဲ ဖြစ်လာတော့တာပဲ။

နှစ်ဖက် အားပြိုင်မှုဟာ သရေ ဆိုတာပဲ တွေ့ရမှာ ဖြစ်ပေမယ့် ဒီမိုကရေစီနိုင်ငံတွေကတော့ ပိုပြီး ဖွံဖြိုးတိုးတက်အောင်မြင်တာ ‌တွေ့ရတယ်။

ဉပမာအားဖြင့် အရှေ့ဂျာမဏီ၊အနောက်ဂျာမဏီလို့ ကွဲ‌ရာကနေ ပြန်ပေါင်းစည်းတော့ ဒီမိုကရေစီ ဆန်လာတယ်။ ဂျာမဏီကတော့ ပိုတိုးတက်လာတယ်။

တောင်ကီုးရီးယားနဲ့ မြောက်ကိုးရီးယား အပြိုင်မှုဟာ သရေသာ ဖြစ်ခဲ့ပေမယ့် မြောက်ကိုးရီးယားဟာ ဆင်းရဲသလောက် တောင်ကီုးရီးယားကတော့ အတိုးတက်ဆုံး နိုင်ငံ ဖြစ်သွားတယ်။

တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ်ကိစ္စမှာ ကွန်မြူနစ်က အသာစီးရခဲ့တယ်။
သို့သော် ဟိုချီမင်းလို ခေါင်းဆောင်မျိုးဟာ ပညာတက်သူ မို့ နိုင်ငံရေးအရသာ ကွန်မြူနစ်ဖြစ်ပေမယ့် စီးပွားရေး၊လူမှုရေးအားလုံးဟာ ဒီမိုကရေစီ ဆန်တယ်။လမ်းဖွင့်ခဲ့တယ်။ သူဘက်ကနေ ကူတိုက်ပေးတဲ့ တရုတ်နဲ့ စစ်ဖြစ်ပွားခဲ့ပြီး အနိုင်ယူခဲ့တယ်။
အခုတော့ ဒီမိုကရေစီ ဘိုးအေဖြစ်သူ အမေရိကန်နဲ့ ပိုပူးပေါင်းလာပြီး စီးပွားရေးကော နိုင်ငံရေးမှာပါ တိုးတက်လာတယ်။

အရင်က အာဆီယံမှာ မြန်မာ၊ဗီယက်နမ်၊လာအို၊က‌မ္ဘောဒီးယားတို့ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ အဖြစ် သတ်မှတ်ခံခဲ့ရတယ်။
သို့သော် အခုတော့ ဗီယက်နမ်ဟာ CLMV ဆိုတဲ့ အုပ်စုမှာ မပါတော့ပဲ ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားတို့နဲ့ တသားထဲ ဖြစ်သွားပြီ။

ပြန်စရအောင် ။
ဗီယက်နမ်ပြည်တွင်းစစ်ဟာ (၁၉)နှစ်ကျော် ကြာမြင့်ခဲ့တယ်။ ကွန်မြူနစ်ဘက်ကနေ ဆီုဗီယက်၊တရုတ်၊လာအို၊ကမ္ဘောဒီးယား၊မြောက်ကိုးရီးယား အပါအဝင် နိုင်ငံပေါင်း(၁၃)နိုင်ငံက ပါတယ်။ အိန္ဒိယကတောင် ပံပိုးထားတာ တွေ့ရတယ်။

ဒီမိုကရေစီတိုက်ပွဲဘက်ကနေ အမေရိကန်၊တောင်ကိုးရီးယား၊ဩစတေးလျ၊နယူးဇီလန်၊လာအို၊ထိုင်း၊ဖီလစ်ပိုင်၊ထိုင်ဝမ်၊မလေးရှား၊စင်္ကာပူ စတဲ့ နိုင်ငံတွေ ပါဝင်ခဲ့တယ်။

မြောက်ဗီယက်နမ်ဘက်မှာ စစ်သားပေါင်း(၈.၆)သိန်းကျော် ပါဝင်ခဲ့တယ်။
ကနဦး ဖွဲ့စည်းစဉ်က ပါဝင်သူဦးရေဟာ(၂၃၀၀ဝ)ပဲ ရှိပါ‌တယ်။
စတင်တိုက်ပွဲ ဖြစ်တော့ စစ်သားဦးရေ
လေးသောင်းကျော်ပြီ။

အဲချိန်တုန်းက တောင်ဗီယက်နမ်ဟာ အမေရိကန်ရဲ့ ပံပိုးမှုနဲ့ စစ်သားပေါင်း(၁၈၄၀၀၀)ကျော် ရှိနေပြီးသားပါ။
ပြောရရင် အင်အားချင်းက အဆမတန်ကွာဟပါတယ်။

စစ်ပွဲတလျောက်မှာ မြောက်ဗီယက်နမ်ဟာ စစ်သားအင်အားပေါင်း(၈၆၀၀၀၀)ကျော် ရှိလာခဲ့ပြီး တောင်‌ဗီယက်နမ်ကတော့ စစ်သားအင်အား(၁.၅)သန်းအထိ ရှိလာပါတယ်။
အမေရိကန်စစ်သားပေါင်း(၂.၇)သန်းလောက်ဟာ ဗီယက်နမ်စစ်ပွဲထဲ ဝင်ပါခဲ့တယ်။

နှစ်ဖက်စလုံးမှာ သီးခြားနိုင်ငံ၊အဖွဲ့အစည်းတွေထဲက လူတွေအပါဆိုရင် အတော်ကို စစ်သားဦးရေ များပါတယ်။

မြောက်ဗီယက်နမ်ဘက်မှာ ပြည်သူပေါင်း(၁.၈)သိန်းနီးပါး သေဆုံးခဲ့ရသလို စစ်သားပေါင်း(၉.၅)သိန်းနီးပါး သေဆုံးခဲ့ရတယ် လို့ ဆိုတယ်။

ဒါဏ်ရာရတဲ့ သူပေါင်း(၆)သိန်းကျော် ရှိမယ်လို့လည်း ဆိုကြတယ်။

တောင်ဗီယက်နမ်ဘက်မှာတော့ အရပ်သားပေါင်း(၄.၃)သိန်းလောက် သေဆုံးခဲ့ရတယ်။ စစ်သားပေါင်း(၃.၉)သိန်းနီးပါး သေဆုံးခဲ့ရမယ် လို့ မှန်းဆကြပြီး အမေရိကန်စစ်သားပေါင်း(၅)သောင်းကျော် ပါဝင် ပါတယ်။ဒါဏ်ရာ ရသူဦးရေ(၁.၃၄)သန်းနီးပါး ရှိတယ်လို့ ဆိုတယ်။

စုပေါင်းခန့်မှန်းချက်အရ ဗီယက်နမ် ပြည်သူပေါင်း(၂)သန်းနီးပါး သေဆုံးခဲ့ရသလို တချို့ကလည်း(၃.၈)သန်းအထိ သေဆုံးတယ် လို့ ဆိုကြတယ်။

ပြည်တွင်းစစ်ဆိုပေမယ့် နှစ်ဖက်မှာ နိုင်ငံရေးအယူဝါဒတွေအရ ဆီုဗီယက်နဲ့ အမေရိကန် အားပြိုင်မှုဆို ပိုမှန်မယ် ထင်ပါတယ်။

တကယ်တမ်းပြောရရင် မြောက်ဗီယက်နမ်က  ခေါင်း‌ဆောင် ဟိုချီမင်းဟာ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေကို မကြိုက်တဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ စခဲ့တာပဲ။ သူဟာ အဲချိန်တုန်းက အာရှမှာ လူကြိုက်များတဲ့ ကွန်မြူနစ်အယူဝါဒကို ကြိုက်သူဖြစ်တယ်။
သို့သော် သူအယူအဆကို လက်မခံကြတဲ့အတွက် တိုက်ပွဲဦးတည်လာရခြင်းပဲ။

အဲ‌ချိန်တုန်းက မြန်မာမှာလည်း ကွန်မြူနစ်ဝါဒ ထွန်းကားနေပြီး လူကြိုက်များပါတယ်။ ဗကပ လို အင်အားစုကြီးတောင် ပေါ်ပေါက်ခဲ့သေးတာပဲ။

စစ်ပွဲ ဖြစ်လာတော့ မြောက်ဗီယက်နမ်ဟာ အင်အားအရမ်းနည်းတယ်။လူငယ်အများစုနဲ့သာ ဖွဲ့စည်းထားပြီး စစ်ရေးအတွေ့အကြုံနည်းတယ်။ပညာတက်လူငယ်လေးတွေသာ များတယ်။

သို့သော် တဖက်က တောင်ဗီယက်နမ်ကျတော့ နိုင်ငံကို အုပ်ချုပ်နေသူတွေ ဖြစ်တဲ့အပြင် တိုက်ရေခိုက်ရေ အတွေ့အကြုံရှိတဲ့ သဗာရင့်စစ်သားကြီး‌တွေပါတယ်။
ဒါတင်မကသေး စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ကူ‌ညီပေးနေတဲ့ အပြင် လက်နတ်ပစ္စည်းအထောက်အပံအစုံ ပံပိုးကူညီပေးထားတယ်။
ပြောရရင် လူသူလက်နတ်အလျံအပါယ် ဖြစ်နေတဲ့အပြင် ပေါချင်သောချင်းကို သုံးနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။

သို့သော် ဘာကွာခြားသွားလဲ ဆိုရင် လူထု ပါဝင်အားပေးမှုပါပဲ။ တောင်ဗီယက်နမ်ဟာ လူသူနည်းပေမယ့် ပြည်သူအများစုက ပါဝင်ထောက်ပံပေးတယ်။ကူညီတယ်။
ဆိုဗီယက်ဆီက အကူအညီတောင်းပေမယ့် လိုအပ်လောက်တဲ့ ပုံစံအခြေအနေထိ မရရှိခဲ့ဖူး။ ဒါကြောင့်လည်း ပြောက်ကျားစနစ်ကို အသုံးပြုခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော်သွားပါတယ်။
မြောက်ဗီယက်နမ်ဟာ လူထု ပါဝင်ကူညီမှု မရှိရင် ရေရှည်တိုက်ပွဲမှာ ကျဆုံးမှာပဲ။
ဒါကြောင့် ပြည်သူလူထုက ပါဝင်ထောက်ခံအားပေးတဲ့ ဘယ်အဖွဲ့အစည်းမဆို သေးငယ်လင့်ပင်ကစား နိုင်ပွဲ ရရှိလေ့ ရှိတယ်။

တောင်ဗီယက်နမ်ကိုလည်း အား‌ပေးတဲ့ လူထု ရှိပါတယ်။အများစုဟာ မြို့ပြက လူထုများပြီး စစ်သည်အရာရှိတွေနဲ့ ပါတ်သက်နေသူတွေ၊စစ်သားမိသားစုတွေ၊ သူလျို ဒလန် လောက်ကောင်တွေ၊ အရာရှိ မိသားစုတွေနဲ့ ‌သူဌေးသူကြွယ်တွေရဲ့ မိသားစုတွေပါ။
ကောင်းကောင်းနေ ကောင်းကောင်းစားရပြီး တကယ့် ဗီယက်နမ်ပြည်သူတွေရဲ့ ဒုက္ခကို မစာနာ ပေးနိုင်သူတွေ များပါတယ်။
စစ်ရှုံးတော့ ပြေးကြလိုက်တာ ဆုတ်ခွာသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဆီ တက်ခွင့် ရဖို့ ကြိုးစားခဲ့ရတယ်။

တောင်‌ဗီယက်နမ်စစ်သားတွေဟာ စစ်ရှုံးတော့မှာ သိတော့ စစ်အဝတ်အစားတွေ အကုန်ချွက်ပြီး အရပ်ဝတ်တွေ ပြောင်းဝတ်ကြကာ လူထုကြားထဲ ရောနေရတဲ့ ဘဝတွေ ရောက်ကုန်ပါတယ်။

စစ်တမ်းတွေအရ မြို့တော်ဆိုင်ဂုံကို မြောက်ဗီယက်နမ်တွေ တိုက်တောင် မတိုက်လိုက်ရပဲ သိမ်းပိုက်ရရှိခဲ့တာပါ။ သူတို့ မြို့တော်ကို သိမ်းမယ် ဆိုတော့ တောင်ဗီယက်နမ်စစ်သားတွေ ထွက်ပြကုန်ကြပြီ။
အစီုးရ အရာရှိတွေကလည်း အကုန်ထွက်ပြေးကြသလို အများစုဟာ အမေရိကန်စစ်သင်္ဘောတွေနောက် လိုက်သွားကြတာပါ။

မြောက်ဗီယက်နမ်တွေ လာတော့ ကြိုဆိုကြသူတွေဟာ သူတို့ကို ထောက်ခံအားပေးတဲ့ ဗီယက်နမ်ပြည်သူတွေ ဖြစ်ပါတယ်။
ဘာကြောင့် တောင်ဗီယက်နမ် ကျဆုံးရလဲ ဆိုရင် ပြည်သူ့အပေါ် စေတနာ မမှန်လို့ပါပဲ။

အမေရိကန်ဆီကနေ လေယာဉ်၊ရဟတ်ယာဉ်၊ကျည်ကာယာဉ်၊တင့်၊အမြောက်၊သေနတ်၊ကျည်ဆံ အကုန်ထောက်ပံရရှိခံစားရတာပါ။ဒါအပြင် အမေရိကန်ကလည်း ပါဝင် ကူတိုက်ပေးတာပါ။

သူတို့တွေ ဘယ်လောက်ကြမ်းတမ်းတိုက်ပွဲဆင်ခဲ့လဲ ဆိုရင် မြောက်ဗီယက်နမ်ဘက်က လူတွေ သေဆုံးမှု ပိုများပါတယ်။
စစ်သားဆို‌လည်း မြောက်ဗီယက်နမ်က ပိုပြီး အကျဆုံး များပါတယ်။

သို့သော် စိတ်ဓါတ်ပိုင်းမှာကျတော့ မြောက်ဗီယက်နမ်က သာတယ်။ဆိုတော့ ပြောက်ကျားစနစ်ကို အားကိုးတယ်။
ပြည်သူက ကူညီပေးတယ်။

ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ကော တောင်ဗီယက်နမ်ကော ရှယ်ကြမ်းခဲ့ကြတာပါ။ လက်နတ် ဗုံပလောအော သုံးခဲ့ကြတယ်။
တွေ့ရာ အကုန်သတ်တဲ့ အထိ ရက်စက်ခဲ့ကြတယ်။
တောင်ဗီယက်နမ်ဟာ နိုင်ငံကို အုပ်ချုပ်သူတွေ ဖြစ်ပေမယ့် ဗီယက်နမ်ပြည်သူ‌တွေကို ရက်ရက်စတ်စတ်နှိမ်နင်းတယ်။

တောင်ဗီယက်နမ်စစ်သားတွေဟာ ပြည်သူကို ရန်သူသဖွယ် ဆက်ဆံတဲ့ ရလာဒ်က။ လက်နတ် ဘယ်လောက်ကောင်းကောင်း၊ လူသူအင်အား ဘယ်လောက်သာသာ အရှုံးပေးခဲ့ရတာပဲ။

နောက်ဆုံး တိုင်းပြည်ကနေ  စစ်ခေါင်းဆောင်တွေ ထွက်ပြေးရတာပါပဲ။
ပြည်သူ့ကို သတ်ဖြတ်တဲ့ ရလာဒ်ပေါ့လေ။

နိုင်ငံရေးကလည်း စကားပြောသွားတယ်။
အမေရိကန်ဟာ ဒီစစ်ပွဲကို နိုင်အောင် တိုက်နိုင်ပါတယ်။ ခောတ်မှီလက်နတ် အပြည့်အစုံနဲ့ အကုန်တိုက်လို့ရတယ်။
သို့သော် ပြည်သူတွေက ဒီစစ်ပွဲဟာ အကျိုးမရှိဘူး။ နိုင်ငံက လူငယ်‌‌တွေကို ခေါ်အသုံးချနေတာ ဆိုပြီး ကန့်ကွက်တဲ့ ရလာဒ်ကြောင့်ပဲ။

ပြည်သူက ဆန့်ကျင်ဆန္ဒပြလာတော့ အမေရိကန်သည်လည်း နောက်ဆုတ်ပေးရတာပါပဲ။ ကနဦးမှာ အလျံအပါယ် ထောက်ပံပေမယ့် နောက်တော့ အထောက်အပံတွေ ရပ်နားလိုက်ရတယ်။

ပြောရရင် တောင်ဗီယက်နမ်တွေဟာ  ယာဉ်၊လူအမြောက်အမြားကျန်နေသေးပေမယ့် ပစ်ရမယ့် ကျည်ဆံတွေ မရလာတော့ စစ်ပွဲဟာ ကန့်သတ်လာရတယ်။
တောင်ဗီယက်နမ်ဟာ အမေရိကန်အပေါ် မှီခိုလွန်းတော့  မှီခိုစရာလည်း မရှိကော အထိက်တလန့်ဖြစ်ပြီး ဆုတ်ခွာပြေးရတာပါပဲ။
အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်အများစုဟာ အင်အားကြီးနိုင်ငံ‌တွေကို မှီခိုလေ့ရှိတယ်။
"ငါဆီမှာ ဒီအင်အားကြီးနိုင်ငံတွေ ရှိနေတာပဲ။ကြောက်စရာမလိုဘူး" ဆိုပြီး ရင်ကော့တက်ကြတယ်။

ဒီအင်အားကြီးနိုင်ငံတွေလည်း မရှိ ၊အထောက်အပံတွေလည်း ရပ်ကော ခွေးလုံးလုံးဖြစ်သွားကြတာ များတယ်။

တကယ်တမ်းက ဗီယက်နမ်စစ်ပွဲအဆုံးအဖြတ်သည် ပြည်သူတွေက ဘယ်သူကို ထောက်ခံအားပေးလဲ ဆိုတာ အဖြေပါပဲ။

ဘယ်စနစ်ကို ဖြစ်စေ ကျင့်သုံး ကျင့်သုံး ပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးတဲ့ အဖွဲ့အစည်းဟာ ကနဦး သေးငယ်ပေမယ့် လျှင်မြန်စွာ အောင်ပွဲဆင်တာပါပဲ။

ဗီယက်နမ်တွေရဲ့ ပျောက်ကျားစစ်ဟာနာမည်ကြီးသလောက် ဒီအတွက် ကိုယ်ကျိုးစွန့်ကာကွယ်ပေး၊အသက်ပေးခဲ့ကြတဲ့ ပြည်သူတွေဟာလည်း သူရဲကောင်းတွေပါပဲ။

ပျောက်ကြားစစ်တိုင်းမှာ ဘာတွေ လိုလဲဆိုတာ စစ်ရေးလေ့လာမိသူတိုင်း သဘောပေါက်ကြမှာပါ။

"ပြည်သူကသာ အဓိကပါ" လို့ ဗီယက်နမ်စစ်ပွဲက သက်သေပြုလေရဲ့။

ဗီယက်နမ်စစ်ကား တစ်ကား ကြည့်ရင်း အတွေးတချို့ ချရေးမိတာပါ။
#မောင်ချင်း


Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး