စစ်အာဏာသိမ်းမှု တစ်လအပြည့် မြန်မာ့အခြေအနေ
ယနေ့ ၂၀၂၁ ခုနှစ် မတ်လ (၁)ရက်နေ့သည် စစ်အာဏာသိမ်းမှု တစ်လပြည့်သည့် နေ့ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာ့စီးပွားရေးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုပင် ဖြေရခတ်နေသည်။
လုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ ဖေဖော်ဝါရီလ တလအခြေအနေသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် တစ်နှစ်လုံး အခြေအနေထက် ဆီုးသည် ဟုသတည်း။
တိုင်းပြည်စီးပွားရေးကာ အနှိမ့်ဆုံး အဆင့် ရောက်သွားသည် ဟု ဆိုရမှာ ဖြစ်သလို ဆယ်စုနှစ်အတွင်း အကြပ်တည်းဆုံး အခြေအနေကို ရောက်ရှိသွားသည်မှာ ယုံမှားဖွယ် မရှိချေ။
အသိသာအထင်ရှားဆုံး အချက်မှာ ငွေကြေးလည်ပတ်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်ပြီး ကျပ်ငွေ ကြပ်တည်းသလို နိုင်ငံခြားငွေကြေးပါ ရရှိနိုင်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍ ကျဆင်းသွားခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူအများစုမှာလည်း ငွေကြေးသုံးစွဲမှု နည်းပါးသွားခြင်း ဖြစ်သည်။
လူငယ်လုပ်အားဖြင့် တိုင်းပြည်တည်ဆောက်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံအဖို့ လူငယ်အများစုမှာ စစ်အာဏာဖြုတ်ချရေးကို ဦးတည်ဆန္ဒပြနေကြသဖြင့် ပညာတက်အသိုင်းအဝိုင်း၏ စီးပွားရေးအင်ဂျင်မှာ ရပ်ဆိုင်းလုနီးပါးပင်။
တိုင်းပြည်မှာ အခြေခံအဆောက်အဦးတိုးတက်ရေးကို တည်ဆောက်နေချိန်မို့ အင်ဂျင်နီယာ လုပ်အားအများစုမှာ ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
အလားတူ ကျန်းမာရေးကဏ္ဍတွင်လည်း ကျဆင်းသွားသည့် အခြေအနေများအရ ပြန်ရုန်းထရန်ပင် မလွယ်ကူတော့သည့် အခြေအနေ ဖြစ်သည်။
ဤကာလမျိုးတွင် ညဏ်မရှိ လတ်နက်ကိုင်စွဲပြီး ပြည်သူ့ဘဏ္ဍကို စားကာ ပြည်သူကို သတ်ဖြတ်ဖမ်းဆီးနေသည့် အဖွဲ့အစည်းကို ဦးဆောင်ပြီး တိုင်းပြည်ကို ကယ်တင်မည် ဆိုသည်ကာ ရီဖွယ် ပျက်လုံးသာတည်း။
ဆယ်စုနှစ် တစ်ခုအတွင်း ကျယ်ပြန့်လာသော Digital Platform မှာ စစ်အာဏာသိမ်းမှုနှင့် အတူ ကျရှုံးသွားပြီ ဖြစ်သည်။ အထူးသဖြင့် နည်းပညာခောတ်ကာလကြီးတွင် အင်တာနတ်ဖြတ်တောက်မှုဝါဒကာ တိုင်းပြည်၏ စီးပွားရေးအညွန့်များ ဖြစ်လာနေသော အွန်လိုင်းဈေးကွက်ကို ဖျက်ဆီးရုံသာမက ငွေကြေးပလက်ဖောင်းကိုပါ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
မည်မျအထိ ကျဆုံးရသနည်းဆိုသော် ဗဟိုဘဏ်အနေနှင့် လူတစ်ဦးချင်း ငွေထုတ်ယူသုံးစွဲမှုကို ကန့်သတ်လိုက်ရသလို နေ့စဉ် သုံးစွဲမှုကိုပါ ကန့်သတ်ထားရသည့် အမိန့်စာ ထွက်ရှိလာသည်။
တိုင်းပြည်တွင် ဘဏ်နှင့် သက်ဆိုင်သော လုပ်ငန်းများ၊ငွေကြေးဆိုင်ရာ ထားရှိမှုတို့မှာ နိုင်ငံလူဦးရေ၏(၂၀)ရာခိုင်နှုန်းမပြည့်သေးဆိုသော်လည်း ဘဏ်လုပ်ငန်းမှာ ပြီးခဲ့သည့် ငါးနှစ်အတွင်း တဟုန်ထိုး တိုးတက်ခဲ့သလို ယုံကြည်မှု၊အားထားမှု ပိုလာကာ လုပ်ငန်းရှင်အများစုက ယုံကြည်စွာ သုံးစွဲနေကြချိန် ဖြစ်သည်။
ယခုမှုကာ ဖျာအောက် ငွေဝှတ်နေရသည့်အထိ အခြေအနေဖြစ်ကာ ပြည်သူအများစုမှာလည်း ငွေထုတ်ယူမှု မြင့်သဖြင့် ဘဏ်များအနေနှင့် တစ်လတာအတွင်း မပြိုလဲစေရေး သတိကြီးစွာ ဆောင်ရွက်နေကြရသည်။ ဖွင့်လျှင်လည်း စုပြုံထုတ်ကြမည်။ပိက်လျှင်လည်း တိုင်းပြည်စီးပွားရေးလည်ပတ်မှု ပျက်တောက်နိုင်သည်။
သို့သော် လက်ရှိအခြေအနေထိ တင်းခံပေးသည့် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ဂုဏ်ပြုပါသည်။စစ်အာဏာရှင်အတွက် အလုပ်မလုပ်ပေးခြင်းပင်။
ဘဏ်များ ပိက်ထားသည်ကာ အကောင်းဆုံးဟု ဆိုရမလို ဖြစ်သော်လည်း လုပ်ငန်းရှင်များအတွက်ကာ အနာဂါတ်စီးပွားရေးအတွက် ရတက်မအေး ဖြစ်နေရသည်။
တစ်လတာ လုပ်ငန်းလည်ပတ်မှု မရှိလျှင် နောက်ဆက်တွဲ ဖိအားများစွာ ရှိနေသလို ငွေကြေးအရလည်း နစ်နာဆုံးရှုံးမှု များလှပြီ ဖြစ်သည်။
အဓိကအားဖြင့် လည်ပတ်ရန် ဝန်ထမ်းမလုံလောက်မှု၊ဘဏ်များပိက်ထားမှု၊အစီုးရဝန်ထမ်းများ CDM လုပ်ဆောင်မှု အခြေအနေနှင့် ဦးဆောင်သည့် အစီုးရ ဖမ်းဆီးခံရမှု အခြေအနေတို့ကား ဆုံးရှုံးနစ်နာမှု ကြီးထွားစေသည်။
ပို့ကုန်ကဏ္ဍကို တိုးမြင့်ရန် ကြံဆောင်နေချိန် စစ်အာဏာသိမ်းမှုကြောင့် ဂုဏ်သိက္ခာပိုင်းအရ နစ်နာရသလို ဈေးကွက်အရလည်း ဆုံးရှုံးမှု များလာနေပြီ ဖြစ်သည်။
ကမ္ဘာတွင် ဆင်းရဲသည့် နိုင်ငံများမှာ အများစုဖြစ်ရာ မြန်မာဝင်ရောက်ရန် မလွယ်တော့သည့် ဈေးကွက်ကို တခြားနိုင်ငံဈေးကွက်တို့က အပြိုင်ဝင်ကြတော့မည် ဖြစ်သည်။
ယင်းနောက်ဆက်တွဲကား တိုင်းပြည်အပေါ် ရင်းနှီးမြုပ်နှံမှု ကျဆင်းခြင်း၊တိုင်းပြည်မတိုးတက်ခြင်း၊ နိုင်ငံသားများ ဝင်ငွေ ကျဆင်းခြင်းတို့ကို မလွဲမသွေ ကြုံတွေ့ရတော့မည် ဖြစ်သည်။
တလတာအတွင်း အကျိုးသက်ရောက်မှုကာ ကြီးလှသည်။သယ်ယူပို့ဆောင်ရေးအခတ်အခဲနှင့် စစ်အာဏာသိမ်းမှု အရှိန်ကြောင့် ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှု ကြီးခဲ့ပြီ ဖြစ်သည်။
လူလတ်တန်းစား များလာသဖြင့် ဇိမ်ခံပစ္စည်း အဝယ်တိုးလာခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ အဝယ်မရှိသလောက် လျော့ကျရသည့်အထဲတွင် တိုင်းပြည်စီးပွားရေးကဏ္ဍ၏ (၉၀)ရာခိုင်နှုန်း ပါဝင်သော အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများအားလုံး ထိခိုက်ခဲ့ရပြီ ဖြစ်သည်။
တနိုင်တပိုင် လုပ်ငန်းအများစု ရပ်နားထားခဲ့ရပြီ ဖြစ်သလို Made in Myanmar ဆိုသည့် ဂုဏ်ပုဒ်မှာလည်း ရေစုန်မျောခဲ့ရပြီ ဖြစ်သည်။
တလတည်း ဟုသော ကာလအချိန်ဝယ် တိုင်းပြည်စီးပွားရေးကာ Covid ကာလ ကြုံဆုံရသည့် တစ်နှစ်ကျော် ကာလထက် သာ၍ ဆီုးဝါးစွာ တွေ့ခဲ့ရပြီ ဖြစ်သည်။
နောက်ဆက်တွဲ ဂယက်အမြောက်အမြားကိုလည်း တွေ့မြင်ရအုန်းမည် ဖြစ်သည်။
ကျွန်ပ်အဆို မယုံကြည်လျှင် မကြာမှီ တိုင်းပြည်စီးပွားရေးအစီရင်ခံစာ အများအပြားပေါ်ထွက်လာလျှင် တွေ့ရမည် ဖြစ်သည်။
လုပ်ရက်ပါပေ့ ဟုသာ ဆိုညည်းမိတော့သည်။
မောင်ချင်း
တွေးမိတွေးရာ
၁.၃.၂၀၂၁
Comments
Post a Comment