ရုရှား၊တရုတ် တို့ရဲ့ လားရာ
ရုရှားနဲ့ တရုတ်ဆိုတာကလည်း သိပ်တည့်လှသည်တော့ မဟုက်။ စစ်အေးခောတ် လက်ကျန် မကျေနပ်မှုတွေ ရှိထားသည်။
သို့သော် ဘုံရန်သူ အမေရိကန်အပေါ်မှာတော့ တူညီစွာ ကန့်ကွက်ကြသည်သာ။
မြန်မာနိုင်ငံအရေးနှင့် ပါက်သက်၍လည်း ဆိုဗီယက်ခောတ်ကတည်းက တိုက်ပွဲပြင်းထန်ခဲ့ကြဖူးသည်။
နောက်တော့ တရုတ်က အသာစီးရသွားလေသဖြင့် ဆက်ဆံရေးအထိုက်အလျှောက် ကြဲသွားသည်။
ရုရှားဆိုသည်ကာ လက်နတ်ရောင်းပြီး ဝင်ငွေရှာဖွေသည်သာ။ သူ့ အဝယ်များကာ အရှေ့အလယ်ပိုင်း ဆင်းရဲသည့် နိုင်ငံများ၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အာဖရိက နိုင်ငံများကို ဖြစ်သည်။
အထူးသဖြင့် အာဖရိက ဈေးကွက်က လက်ဝါးကြီး အုပ်ထားနိုင်ခဲ့သည်။
ရုရှားလက်နတ်အများစုမှာ အကြမ်းခံမှု၊ကိုင်တွယ်ရ လွယ်ကူမှု နှင့် ပစ်ခတ်ရ အဆင်ပြေမှုတို့နှင့် ဈေးသက်သာမှုတို့ကြောင့် လူကြိုက်များသည်။
အာဖဂန်နေစ္စတန် စစ်ပွဲမှသည် ဆီးရီးယားခောတ်ဦးအထိ ရုရှားလက်နတ်ငယ်များသည် ကမ္ဘာ့ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသည်။
သို့သော် ထူးခြားမှု တခုကား ဆီးရီးယားစစ်ပွဲအတွင်း ရုရှားလက်နတ်များ အားကောင်းသော်လည်း ထောက်ပံရေး ပစ္စည်းရရှိရန် ခတ်ခဲသည်။
အထူးသဖြင့် တင့်ဖျက်ဒုံးများမှာ တင့်၊ကား များသာမက လူအုပ်စု၊စစ်စခန်းများကိုပါ ပစ်ခတ်နိုင်သဖြင့် အလုပ်ဖြစ်သော်လည်း ဒုံးအလွယ်တကူ ရရှိနိုင်မှု နည်းသည်။
ထိရောက်မှု ရှိသော်လည်း ကနဦး ပစ်ခတ်မှုများကြောင့် ပိုကုန်ကျနေသဖြင့် ကျည်ဆံ နှင့် ဒုံးလိုအပ်ချက် မြင့်လာခဲ့သည်။
ထိုဈေးကွက်က တရုတ်ဈေးကွက်က ဝင်နေရာယူသဖြင့် ရုရှားရောင်းအားပေါ် ထိခိုက်မှု ရှိခဲ့သည်။
တရုတ် လက်နတ်များကား ထိရောက်မှု လျော့နည်းသော်လည်း လိုသလောက် ရနိုင်ခြင်း၊ဈေးသက်သာခြင်း၊ ရန်သူကို အဟန့် လုပ်နိုင်ခြင်းတို့ကြောင့် အရှေ့အလယ်ပိုင်းဈေးကွက်တွင် နေရာယူလာသည်။
၂၀၁၃ ခုနှစ် နောက်ပိုင်း တရုတ်မှောင်ခိုလက်နတ်တင်ပို့သည့် ဈေးကွက် အားကောင်းလာခဲ့သည်။
ဥပမာ တင့်ဖျက်ဒုံးဆိုလျှင် ပစ်ခတ်သည့် စင် နှင့် လက်နတ်ကို ရုရှားထုတ်ဖြစ်သော်လည်း ဒုံးဆံမှာ တရုတ် ထုတ် ဖြစ်သည်။
ဈေးပေါပြီး ပေါပေါသောသော ပစ်ခတ်နိုင်သဖြင့် လူကြိုက်များခဲ့သည်။
နဂိုက တင့်ဖျက်ဒုံး ဖြစ်သော်လည်း နောက်ပိုင်းတွင် စစ်စခန်းများကို ပစ်ခတ်ခြင်း၊ထောက်ပို့ကားများ၊သံချပ်ကာ ယာဉ်များ၊ရဟတ်ယာဉ်များကို ပစ်ခတ်နိုင်ခြင်းတို့ကြောင့် ရုရှားမှောင်ခိုဈေးကွက်ကို ပစ်ချနိုင်ခဲ့သည်။
ဆီးရီးယားစစ်ပွဲတွင် တရုတ်လက်နက်၊ကျည်ဆံများ၊ဒုံးများ အောင်ပွဲခံခဲ့သလို တရုတ်ထုတ် ဒရုန်းများ၊ရီမုတ်ဒရုန်းဈေးကွက်များ အလုပ်ဖြစ်ခဲ့လေသည်။
ဤသည်ကို ရုရှားက ကျေနပ်ပုံတော့မရ။
နဂိုကတည်းက နှစ်နိုင်ငံအချင်းချင်း ကြည်လင်မှု၊ဆက်ဆံရေးကောင်းရှိလာသည်တော့မဟုတ်။
အထူးသဖြင့် ရုရှားထုတ်လက်နတ်အများစု၊ယာဉ်များ၊လေယာဉ်၊ရဟတ်ယာဉ်၊စစ်သင်္ဘောအဆုံး ကော်ပီထုတ်လုပ်သည့်အတွက် မှုပိုင်ခွင့်အတွက် အငြင်းပွားနေရဆဲ ဖြစ်သည်။
တရုတ်ကတော့ ကော်ပီထုတ် ကျွမ်းသလို လက်နတ်များကိုလည်း ကမ္ဘာ့ဈေးကွက်ကို ဖြန့်ကျက်လိုသည်။
ထိုကြောင့် ၎င်း လက်နတ်အများစုကို ဆီးရီးယားစစ်ပွဲတွင် အခမဲ့ နီးပါး ပေးသည်ဟု ပင် အသံထွက်ခဲ့ဖူးသည်။
မြန်မာမှာလည်း နဂိုက တရုတ်လက်နတ်များကိုသာ အားကိုးခဲ့ရသည်။နောက်ပိုင်း ရုရှားထံမှ မှာယူမှု၊လိုင်စင်ဖြင့် ပြည်တွင်းတွင် ထုတ်နေမှုတို့ ရှိလာသည်။
ရုရှားမှာလည်း မြန်မာဈေးကွက်ကို တရုတ်ထံမှရရှိလာသဖြင့် ဆက်ဆံရေးပြန်တိုးတက်ရန် လုပ်လာလေသည်။တရုတ်မှာလည်း ဤအချက်ကို သိပ်ကြည်လင်မည် မဟုတ် ဟု ဆိုရမည်။
ငွေသီးနေသည့် ဈေးကွက် ပြုက်ကျသွားသည်ကို ကြိုက်မည့်ပုံတော့ မရချေ။
သို့သော် တရုတ်ကြီးကာ အမေရိကန်နှင့် ရာစုနှစ်အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်နေရသည်။
ကမ္ဘာ့လက်နတ်အင်အားအကြီးဆုံး၊စီးပွားရေးအင်အားအတောင့်တင်းဆုံး နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆီုးဆုံးထိ ရောက်လာနေသည်။
တရုတ်က စီးပွားရေးတိုးတက်လာမှုနှင့်အတူ အမေရိကန်ကို ထိမထိ ဟန်ပြင်လာသည်။
နည်းပညာနိုင်ငံရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်နေသည်အတွက် စစ်အေးတိုက်ပွဲဟုပင် ခေါ်ဆိုရမည်လား မသိ။
နိုင်ငံတကာက အမေရိကန်နှင့် တရုတ် လက်ရှိအခြေအနေကို မည်သို့ ခေါ်ဆိုကြမည်နည်း။
လက်ရှိ ထိုသို့ ဖြစ်ပွားနေချိန်တွင် မြန်မာအရေး ထပေါ်ပေါက်လာချေပြီ။ ကျွဲနှစ်ကောင် ခတ်သည့်အတွက် မြေဇာပင်သဖွယ်လည်း ဖြစ်သွားနိုင်သည်။
သို့သော် ဦးနှောက်မရှိသည့် အကြမ်းဖက်အဖွဲ့အစည်းကြောင့် လုပ်ရ ကိုင်ရ ခတ်ဟန်တူသည်။ ယုံလည်း မယုံရဲသည့် အခြေအနေတွင် ရှိနေပြီး လက်ရှိအခြေအနေအရ စောင့်ကြည့်ဟန်တူသည်။
ရုရှားနှင့် တရုတ် တွေ့ဆုံပွဲအရ မြန်မာအရေးပေါ် ထုတ်ပြန်ချက် ထုက်သော်လည်း လူမှုရေးအရသာ ထုတ်ကြဟန် တူသည်။
ထိုကြောင့် လက်ရှိ အခြေအနေကာ တရုတ်တွက် ရန်သူပိုများလာနေသည်။
ထိုကြောင့် မြန်မာ့အရေးတွင် ပေါ်ပေါ်ထင်ထင် ကူညီကောင်း ကူညီနိုင်သည်။
သို့သော် မအလ အကြမ်းဖက်အဖွဲ့အစည်းထက် စည်းလုံးပြီး တိုက်ရည်ခိုက်ရေကောင်းသည့် ကမ္ဘာစတုတ္ထအကြီးဆုံး အင်အားရှိခဲ့သည့် အီရတ်စစ်တပ်ပင် ရက်(၂၀)နှင့် ဇက်သိမ်းသွားခဲ့သည်။
တိုင်းရင်းသားလက်နတ်ကိုင်များနှင့် တိုက်ခိုက်နေသည့် အခြေအနေမျအရ စစ်ရေးအတွေ့အကြုံ၊လက်နတ်၊အင်အားသာလွန်ကောင်းမွန်သည့် တပ်နှင့် ရင်ဆိုင်လျှင် (၁၀)ရက် တောင့်ခံရန်ပင် မလွယ်လှ။
နောက်ဆုက်လျှင်လည်း တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ရမည့် ဤအကြမ်းဖက်အဖွဲ့မှာ လက်နတ်ချမှုက ပိုများနိုင်သည်။
အမေရိက စီုးရိမ်သည်ကာ တိုက်ခိုက်ရေးတွက် မဟုတ်လောက်။ ပြန်လည်ထူထောင်ရေးကာလတွင် နိုင်ငံရေးဗျူရိုအရ အချင်းချင်း သွေးကွဲမည်ကိုသာ ဟု ယူဆရသည်။
အဘယ်ကြောင့်ဆိုသော် အိရတ်၊အာဖဂန်နေစ္စတန်တို့လို ဖြစ်သွားနိုင်သည့်အတွက် ထင်သည်။သို့သော် အာရှကား ဤသို့ မဟုတ်မှန်းလည်း သိပုံရသည်။
ပြည်တွင်းက အာမခံပေးနိုင်မည့်၊ဦးဆောင်နိုင်မည့် ခေါင်းဆောင်များ ညီညွက်လျှင် မြန်မြန် ရောက်စရာရှိသည်။
သို့သော် အခြားအကြံအစည်းးများလည်း ရှိနိုင်သည်။ သေချာသည်ကာ မြန်မာကို ရုရှားကော တရုတ် နှစ်နိုင်ငံလုံး ပါဝင်ကူညီမည်ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုရမည်သာ။
အဘယ်ကြောင့်ဆိုသော် ဂူတစ်ဂူထဲကို ခြင်္သေ့နှစ်ကောင် မအောင်းဟု၍သာ။
အနီးစပ်ဆုံး ဖြစ်နိုင်ခြေမှာ တရုတ်ကသာ ကူညီပေးမည့် သဘောဖြစ်သည်။
သို့သော် တရုတ်ကာ မြောက်ကိုရီးယားကဲ့သို့ လူလှိုင်းစစ်ဆင်ရေးများဖြင့် ကူညီမည့်ပုံတော့ မရချေ။
သူတို့ ကူညီနိုင်သည်ကာ လက်နတ်ထောက်ပံရေး၊လေကြောင်း ကာကွယ်ရေး၊ထောက်ပံရေး နှင့် နည်းပညာသာ ဖြစ်မည်။
သို့သော် စီးပွားရေးသာ အလေးထားသည့် တရုတ်ကာ အခြေအနေကို စောင့်ကြည့်ပြီး သာသည့် နေရာ ယိမ်းမည်မှာလည်း သေချာသလောက်ပင် ဖြစ်သည်။
တွေးမိတွေးရာ
မောင်ချင်း
၂၄.၃.၂၀၂၁
Comments
Post a Comment