ဘဏ်များအကြောင်း တွေးစရာ အပိုင်း(၁)
ဘဏ် ငွေကြပ်နေပြီ လို့ ပြောတဲ့ အခါ မယုံသူတွေ များတယ်။အများစု က ပညာတက် အသိုင်းအဝိုင်းတွေပဲ။ မဖြစ်နိုင်ပါဖူး ဆိုတဲ့ စကားလုံး သုံးကြတာလည်း ရှိတယ်။ သို့သော် ပြည်သူအများစုက အရှေ့မှာ ကြုံခဲ့ရပြီးပြီ။ ပထမ အချက်က လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတာ။ မအလကတော့ လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီး မသိမ်းပါဖူး လို့ အာမခံပေးတယ်။ ဒုတိယအချက်က ငွေစက္ကူဖျက်သိမ်းတာ။ ဒီအချက်ဟာ အတော်ကို ဒုက္ခပေးခဲ့သလို တိုင်းပြည်စီးပွားရေး၊လူမှုဘဝပေါင်းများစွာကို ဖျက်ဆီးခဲ့တာပဲ။ ဒါကြောင့် သိမှီးသူတွေ၊ တချို့ ပြည်သူက ဒေါ်လာ ခေါ် နိုင်ငံခြားငွေ ပြေးစုကြတယ်။ တခုခုဆို နိုင်ငံခြားငွေက အာမခံချက် ရှိသလို ပြည်တွင်းကျပ်ငွေသာ ကမောက်ကမ ဖြစ်ချင် ဖြစ်နေမယ်။ ဒေါ်လာကတော့ အာမခံချက်ရှိတာကိုး။ ဒီလိုနဲ့ လူတွေ ဒေါ်လာ ပြေးဝယ်သလို တချို့ကြတော့ ရွှေပြေးစုကြတယ်။ ဒါကို မှီပြီး ပွဲစားကုန်သည်တချို့ အလုပ်ဖြစ်သွားသလို ရွှေဈေးဆို စံချိန်တင်(၁၇)သိန်းထိရောက်ခဲ့တယ်။ ဒေါ်လာဈေးဟာလည်း အတက်ဘက်ကို ဦးတည်နေတာမို့ ကျပ်ငွေအပေါ် ဖိအားများစေတယ်။ ဒီအချိန်မှာ ဆယ်စုနှစ် တခုစာ ယုံကြည်မူ တည်ဆောက်နေရတဲ့ ဘဏ်တွေ လေးလအတွင်း ပြိုပျက်သွားတာပဲ။ ဘဏ်ကို လူတွေ စိုးရိမ်တဝတ်နဲ့ ငွေထုတ်ကြလဲဆို...