တတိယလှိုင်း ကိုဗစ်

Covid-19 ကူးစတ်ခံရသူများတွင် ကျောင်းဆရာ၊ဆရာမများ ပိုမို ပါဝင်လာနေသည် ကို တွေ့ရသည်။

သေဆုံးသည့် ဖြစ်စဉ်များလည်း တွေ့ရတာမို့ ကျောင်းဖွင့်ချိန်ကတော့ ဘယ်လိုနေကြမယ် မသိ။

အကြမ်းဖက်အဖွဲ့ကတော့ ကျောင်းပိက်မယ့်ပုံ မပေါ်ဖူး။ ခလေးတွေဟာ Covid-19 ကို ကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိပေမယ့် ရောဂါဖြန့်ဖြူးသူ အဖြစ်နေနိုင်တယ်။

ဒေါ်ခင်ခင်ကြီးက ပြောပုံအရ ကျောင်းတွေ မပိက်ပဲ ထားမယ် လို့ ဆိုသလို ကာကွယ်ဆေးထိုးသည့်တိုင် အကျိုးသက်ရောက်မှု ရှိနိင်တယ် လို့ ဆိုတယ်။

ခလေးတွေဟာ ‌Covid ကြောင့် ရောဂါလက္ခဏ ခံစားနိုင်ခြေ နည်းပေမယ့် ကျောင်းက ဆရာ၊ဆရာမတွေကနေ တဆင့် အိမ်ကို ရောဂါသယ်လာပြီး ရောဂါဖြန့်ဖြူးနိုင်ပါတယ်။

Covid-19 ဟာ ပြင်ပမှာ အသက်ရှင်နိုင်ပြီး ခန္ဓာကိုယ် ပြင်ပ၊အဝတ်အစားတွေမှာ ကပ်ပါလာတက်တယ် ထင်ပါတယ်။

အရင်က မြန်မာမှာ Covid-19 ရောဂါပိုးဟာ တမျိုးတည်းပဲ တွေ့ရတယ်။

ဗြိတိန်မှာ အဖြစ်များတဲ့ ပိုးတစ်မျိုး ဖြစ်ပြီး အိန္ဒိယမှာ ကနဦး ဖြစ်ပွားတဲ့ Covid-19 ပိုးပါပဲ။ ကူးစတ်နှုန်းမြန်ပေမယ့် သေဆုံးနိုင်ချေ နည်းတယ်။

အခု တွေ့ရတဲ့ ရောဂါပိုးကတော့ အိန္ဒိယက ပိုးကို အတွေ့များပြီး သေဆုံးနိုင်ခြေ မြင့်တယ် လို့ ဆိုတယ်။

ပြောရရင် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတွေမှာ ဖြစ်ပွားနေတဲ့ Covid-19 သည် အိန္ဒိယက ပိုး ဖြစ်ပြီး နယ်စပ်ကနေ ကူးလာတဲ့ သဘောပဲ။ 

သေဆုံးနှုန်းလည်း မြင့်နေတာ တွေ့ရတယ်။
ဆိုတော့ အဲဘက်ကနေ ရောဂါ မပြန့်ပွားအောင် သတိပြုရမယ့် အခြေအနေပါ။

ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက second wave တုန်းက ရခိုင်ဖြစ်စဉ်ကို သတိထားရမှာပါ။
ရန်ကုန်မှာ တွေ့ရတဲ့ ပိုးကတော့ ဗြိတိန်တို့ အမေရိက‌တို့မှာ တွေ့ရတဲ့ ပိုးမျိုးပဲ ထင်တယ်။

ဆိုတော့ ကျောင်းဖွင့်တာသည် ရောဂါကို ပိုဖြန့်ပေးသလို ဖြစ်နေစေပါတယ်။
ဒီကာလဟာ တုက်ကွေးရောဂါ ကာလမို့ ရောဂါ ပိုအဖြစ်များလာနိုင်တယ်။
ကလေးတွေသည် ရောဂါကြောင့် ဘာမှ မဖြစ်ပေမယ့် တဆင့် ကူးစတ်ခံရသူလူကြီးတွေကတော့ သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်။

အရင်ပုံစံအရ လူသေဆုံးမှုနှုန်းသည် ကိုယ်ဝန်သည် ဆိုပါက အသက်(၂၅)အထက်၊ ရောဂါအခံရှိပါက အသက်(၃၅)နှစ် အထက်၊ အသက်ကြီးပိုင်းဆိုပါက (၅၅)နှစ် အထက်တွေ သေဆုံးနိုင်ခြေ ပိုများတယ်။

Covid-19 သည် ‌သေစေနိုင်တဲ့ ရောဂါတော့ မဟုတ်ပါ။ သို့သော် ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တာ ဖြစ်တဲ့အတွက် တခြားရောဂါအခံတွေ ထပ်တိုးဖြစ်ပြီး သေဆုံးရတာပါ။

ကိုယ်ခံအားနည်းလာရင် အဆုတ်ကို ပိုထိခိုက်စေပါတယ်။အဆုတ်အားကောင်းအောင် လေကျင့်ခန်း လုပ်တာ ပိုကောင်းတယ်။

သိသာတဲ့ တိုက်ခိုက်မှုဟာ အသက်ရှုရ ကြပ်တာနဲ့ အောက်စီဂျင် ကျဆင်းတာ ပါ။
ဒီအတွက် ရေများများ သောက်ပေးဖို့ လိုပါတယ်။

ကိုယ်တွေ Covid-19 ဖြစ်တုန်းကတော့ ‌တနေ့ကို ရေသန့် တစ်လီတာဘူး(၆)ဘူး ပုံမှန်သောက်ပါတယ်။

အသက်ရှုလေကျင့်ခန်း များများ လုပ်ပါ။
လေသန့်တဲ့ အရပ်မှာ ပြေးတာမျိုး၊လမ်းလျောက်တာမျိုး ကောင်းတယ်။

ပြီးတော့ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပါ။

ဆေးရုံမှာလည်း Covid-19 ဖြစ်သူတွေကို စီဗစ်ပဲ တိုက်တာပါ။

အာဟာရ ပြည့်ဝအောင်၊အသားပါတဲ့ ဟင်းတွေ စားပေးပါ။
ဖြစ်နိုင်ရင် နေ့တိုင်း ကြက်ဉပြုတ် စားပေးပါ။

အမြဲ အောက်စီဂျင်တိုင်းပါ။အပူချိန် တိုင်းပါ။ လက် ခဏ ခဏ ဆေးပေးပါ။
နိုင်ငံတော် အတိုင်ပင်ခံကတော့ စက္ကန့်(၂၀)ကြာ လက်ဆေးပေးဖို့ ညွန်းထားပြီးသားပါ။
သွေးပေါင်ချိန်ကြည့်ပါ။
Covid-19 လက္ခဏ စဖြစ်ပြီဆို ရောဂါအခံ တခုမဟုတ် တခု ပေါ်ပါတယ်။ ဖြစ်လေ့မရှိတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာမျိုး ပြပါတယ်။

ဉပမာ သွေးပေါင် အရမ်းတက်တာမျိုး၊နှလုံးခုန် မမှန်တာမျိုး။

ရောဂါလက္ခဏ တွေ့ရရင် ဆေးရုံသွားသင့် သွားပါ။ အိမ်မှာ နေမယ်ဆို သီးသန့်အခန်းထဲ အနည်းဆုံး(၁၁)ရက်နေပေးပါ။
ကျွန်တော်တို့ တုန်းက Covid-19 ပိုးသည် စဖြစ်ချိန်ကနေ နောက်(၇)ကြာအထိပဲ လူခန္ဓာကိုယ်မှာ ရှင်သန်နိုင်ပါတယ်။
ဘာကြောင့်ဆို အဲချိန်ရောက်ရင် ကိုယ်ခံအားက ရောဂါကို သိပြီး စတင်တိုက်ထုတ်လိုက်ပြီးတာမို့ပါ။ 
တခြားသူဆီ ပိုးမကူးအောင်၊ ပိုးသေတာ
သေချာအောင်(၁၁)ရက် နေပေးရပါတယ်။
ဆေးရုံတွေကတော့ ဆင်းပြီး နောက်ထပ်(၇)ရက်နေခိုင်းပါတယ်။

မနှစ်က ပိုးတမျိုးတည်း တွေ့တာတောင် အတော်ဒုက္ခရောက်ရတာ ဒီနှစ် ပိုး(၃)မျိုးတောင် တွေ့တယ်။
တော်တော်လေး ပိုပြင်းထန်တာ တွေ့ရတယ်။

ထူးဆန်းတာ တခုက Second wave တုန်းက ရောဂါဖြစ်များချိန်မှာ မတရား အာဏာသိမ်းမှုကြောင့် လူတွေ အုပ်လိုက် ဆန္ဒပြခဲ့ကြပေမယ့် ‌Covid ဖြစ်ပွားသူ နည်းတာပဲ။ ရောဂါ ဖြစ်ခဲ့ရင် အဲချိန်တုန်းက ပြန့်တာ ပိုများလောက်ပြီ။
သို့သော် Covid-19 ကပဲ ဆန္ဒပြပြည်သူတွေကို ကြောက်လို့ ပြေးလေသလား မသိ။

အခုမှ စပြီး ရောဂါတွေ စဖြစ်နေတော့ 
ထူးတော့ ထူးဆန်းနေတယ်။

ဘာကြောင့်ဆို လက်ရှိအချိန်ဟာ အကြမ်းဖက်အုပ်စုသည် သူတို့ မိသားစု၊စစ်တပ်အုပ်စု၊ သူတို့ကို ထောက်ခံသူအုပ်စုနဲ့ လုပ်ငန်းရှင်အုပ်စု၊ပြည်သူ တစ်ချို့ကို ကာကွယ်ဆေးထိုးပြီးတဲ့ ကာလဖြစ်လို့ပါ။

ပြောရရင် အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံသူအများစု ကာကွယ်ဆေးထိုးပြီးကြပေမယ့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူအများစုဟာ ကာကွယ်ဆေး မထိုးကြလို့ပါပဲ။

ဒီလိုအချိန်ရောက်မှ ရောဂါ တွေ့တယ်။
ဇီဝပြောင်း ပိုးသစ်ပါ ရောက်နေတယ် ဆိုတော့ မအလ အကြမ်းဖက်အဖွဲ့ကိုယ်တိုင်ကများ ရောဂါဖြန့်ပြနေလား တွေးစရာပဲ။

သူတို့ကတော့ ကာကွယ်ဆေး ထိုးပြီးကို။
ပြည်သူကို သတ်ဖြတ်ဖို့၊ မီးရှို့ဖို့၊ခိုးဝှတ်လုယက်ဖို့ အမြဲအားထုတ်နေတဲ့ အဖွဲ့အစည်းနဲ့ သူတို့ လူတွေဟာ ရောဂါနဲ့ ချိန်းခြောက်နေသလို ဖြစ်နေတယ်။

အရင်တုန်းကတော့ Covid-19 ဖြစ်သူတွေဟာ ပရဟိတတွေ‌ ပြည်သူတွေ ကူညီမှုကြောင့် အေးဆး နေရပေမယ့် အခုများတော့ တခါတည်း ဖျာလိပ်ပြီး သေတွင်းပို့မယ့် သဘောပဲ။

ဆိုတော့ တက်နိုင်သမျ အိမ်မှာ နေကြပါ။
လူတွေ ဒုက္ခရောက်နေတာ ကြာပြီမို့ သေမထူး နေမထူး ဘဝတွေလိုပါပဲ။

ကြည့်ရတာ ရောဂါကို ပိုဖြန့်လာမယ့် အကွက်တွေ တွေ့ရတယ်။

မအလ အကြမ်းဖက်အုပ်စု အသေဆီုးနဲ သေကြပါစေ လို့သာ ဆုတောင်းမိတော့တယ်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး