တကယ်လို့များ ကျွန်တော်တို့ မနိုင်ခဲ့ရင်
ဒီစကားလုံး သုံးရတာ စိတ်ဓါက်ကျဖို့ မဟုတ်ပါ။ဖြစ်လာနိုင်စွမ်းကို သိသာစေဖို့ ရေးသားရခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးအရ မတရားအာဏာသိမ်းပြီးတဲ့နောက် လေးလခွဲကျော် အကြာမှာ တိုင်းပြည်အတော် စုက်ပြတ်သွားတာ တွေ့ရတယ်။
အောက်ခြေလူတန်းစားတွေအတွက် မသိသာ မထင်ရှားလှပေမယ့် ရေရှည်ဆို အကျိုးသက်ရောက်မှု ကြီးလာမယ့် သဘောဖြစ်တယ်။
နိုင်ငံတကာ ခန့်မှန်းချက်တွေအရဆို မြန်မာနိုင်ငံ လူဦးရေ(၂၅)သန်းလောက်ဟာ ဆင်းရဲသွားမယ် လို့ ဆိုတယ်။
နောက်ပြီး အစားရေစာရှားပါးတဲ့ ဒါဏ်ကို ခံရမယ်အခြေအနေကြုံရတယ် လို့ဆိုတယ်။
ဘာကြောင့်လဲ မအလ ခွေးအုပ်စုသည် အစားအသောက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်သွားနိုင်ခြေရှိလို့ပဲ ဖြစ်တယ်။
လက်ရှိမှာဆိုလည်း ကယား၊ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသအချို့က နေရာတွေကို စားနပ်ရိက္ခာနဲ့ဆေးဝါး ပို့ဆောင်တာတွေကို ကန့်သတ်နေလို့ပဲ ဖြစ်တယ်။
နောက်ပိုင်းဆို ပြည်နယ်နဲ့ တိုင်းတွေ ကို ဆန်အပါအဝင် စားနပ်ရိက္ခာတင်ပို့မှုတွေအပေါ် ထောက်ခံချက်ရှိမှ တင်ပို့ခွင့် ပြုတာ၊ ခွေးအုပ်စုရဲ့ လက်မှတ်တွေ လိုတာ၊လာဒ်ပေးလာဒ်ယူ ကိစ္စတွေ ဖန်တီးတာ ပြုလုပ်လာနိုင်လို့ပဲ ဖြစ်တယ်။
လက်ရှိ မြင်းခြံမြို့နယ်မှာ ဒီပုံစံ စတင်နေတာ တွေ့ရတယ်။
ဘယ်လောက် ရွံဖို့ ကောင်းလိုက်လဲ။
မြန်မာပြည်မှာ အဆင်းရဲဆုံးနဲ့ နှိမ့်ကျမှု၊ကုန်စည် ထုတ်လုပ်နိုင်မှု အနည်းဆုံးတွေက ကယား၊ချင်း နဲ့ ရခိုင်ဒေသတွေပဲ။
အများစုသည် ပြည်မက ထွက်ကုန်အပေါ် မှီခိုနေရတာ များတယ်။
ဆိုတော့ ရေရှည်ဆိုပါက ဒေသခံ လူတွေအပေါ် ဖိအားတိုးလာစေနိုင်တာပဲ ဖြစ်တယ်။
နောက် ပညာရေး အကောင်းဆုံးသည် ရန်ကုန် နဲ့ မန္တလေး တို့ ဖြစ်ပြီး မြန်မာ့စီးပွားရေးအရွှေ့ကို ဦးဆောင်နေကြသည့် တိုင်းဒေသတွေ ဖြစ်တယ်။
ပညာတက်လူဦးရေ များပြီး အများစုဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သက်ဆိုင်ရာ နယ်ပါယ်မှာ ကျွမ်းကျင်ကြသူတွေ ဖြစ်တယ်။
တကယ်လို့ မအလ ခွေးအုပ်စုသည်သာ ဆက်တည်ရှိနေမယ် ဆိုရင် ပညာတက် လူဦးရေအမျစုသည် ပြည်ပကို အခြေချသွားကြမယ့် သဘော ရှိတယ်။
ပျမ်းမျှ ပညာတက် လူဦးရေတစ်သန်းလောက်သည် ပြည်ပနိုင်ငံတွေကို သွားကြမယ့် ပုံ ရပါတယ်။
အထူးသဖြင့် စင်္ကာပူ၊ဂျပန်၊တောင်ကိုးရီးယယား၊EU နိုင်ငံတွေ ကနေဒါနဲ့ အမေရိကန်တို့ ဖြစ်တယ်။
အများစုသည် ပညာတက် လူငယ်အများစု ပါဝင်ပြီး မဟာဘွဲ့၊ဒေါက်တာဘွဲ့အထိ ရရှိပြီးသူ အများစု ဖြစ်တာမို့ တိုင်းပြည်စီးပွားရေးတိုးတက်မှုအပေါ် အကျိုးသက်ရောက်လိမ့်မယ်။
နိုင်ငံတကာက ပိက်ဆို့မှု များလာတာကြောင့် အသေးစားလုပ်ငန်းတွေ အကုန်ရပ်တန့်သွားမှာ ဖြစ်ပြီး ပြည်ပကုန်စည် တင်သွင်းရောင်းချတာတွေအပေါ် အကျိုးသက်ရောက်လိမ့်မယ်။
အထူးသဖြင့် Online shopping အများစုသည် ငွေကြေးသုံးစွဲမှု အားကောင်းခြင်းကြောင့် တိုးတက်လာတာဖြစ်ပြီး လက်ရှိ အခြေအနေအရ တဖြေးဖြေး လျော့ကျသွားမယ်။
ဘာကြောင့်လဲ လူတွေ ငွေမသုံးကြတော့လို့ ဖြစ်တယ်။
အထည်ချုပ်လို လုပ်ငန်းအများစုသည် EU လို နိုင်ငံက ဝယ်ယူတာကို မှီခိုနေရတာ ဖြစ်ပြီး နောက်ပိုင်း ဖိအားတွေကြောင့် အဝယ်လျော့ကျသွားပါလိမ့်မယ်။
ဒီတော့ ပြည်တွင်းမှာ စက်ရုံ လာတည်တဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု တွေ ထွက်သွားမှာ ဖြစ်ပြီး လူဦးရေ(၁.၅)သန်းအပေါ် အကျိုးပြုနေတဲ့ ဒီစက်ဝန်းသည် ရပ်ဆိုင်းသွားပါလိမ့်မယ်။
အမျိုးသမီးငယ်ပေါင်း (၅)သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ် လို့ ယူဆမိပြီး နာဂစ်အပြီးတုန်းက အခြေအနေမျိုးကို ပြန်သတိရသွားစေတယ်။
ဖာနိုင်ငံ ဖြစ်ဖို့ နီးလာနေပြီ။
လူငယ်အများစုသည် ပြည်ပအလုပ်အကိုင်ကိုသာ ဦးတည်ရှာဖွေကြတော့မှာမို့ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတွေ အလုပ်ဖြစ်နိုင်တယ်။
လိမ်လည်မှု မျိုးစုံကြောင့် ဘဝပျက်သွားကြတဲ့ သူတွေ သိန်းနဲ့ချီ တွေ့ရလိမ့်မယ်။ပြည်ပ အလုပ်သွားလုပ်ရာမှာ အများစုသည် ထိုင်း၊တရုတ်နဲ့ စင်္ကာပူ ကို သွားကြလိမ့်မယ်။
ကချင်၊ရခိုင်၊ရှမ်းမြောက်၊မန္တလေး၊စစ်ကိုင်း တို့က လူငယ်အများစုသည် တရုတ်ကို သွားကြမှာ ဖြစ်ပြီး ဧရာဝတီ၊ပဲခူး၊ကရင်၊မွန်နဲ့ဘတနင်္သာရီက အများစုသည် ထိုင်းကို သွားကြလိမ့်မယ်။
ရန်ကုန်ကနေ စင်္ကာပူကို အများဆုံးသွားကြမှာ ဖြစ်ပြီး အဓိက အလုပ်အကိုင်က အိမ်ဖော် ဖြစ်လိမ့်မယ်။
ပြည်တွင်းမှာတော့ ပြည်တန်ဆာလုပ်ငန်း နဲ့ ကလပ်လို့ လုပ်ငန်းတွေ ပိုထွန်းကားလာဖွယ်ရှိပြီး အလုပ်လက်မဲ့ အမျိုးသမီးအများစု ဒီလမ်း ရွှေးကြလိမ့်မယ်။
ပျမ်းမျ နိုင်ငံသား လူငယ် (၅)သန်းလောက်ဟာ အဲနိုင်ငံတွေကို သွားကြမှာ ဖြစ်ပြီး ထိုင်းနဲ့ တရုတ်ကတော့ အကျိုးကျေးဇူးရှိလိမ့်မယ်။
ထိုင်းတွေတော့ စက်ရုံတွေ ဆောက်နေကြပြီ ထင်တယ်။ ဈေးပေါတဲ့ မြန်မာလုပ်သားအင်အားကို အလျံအပါယ်ရလိုက်လို့ ဖြစ်တယ်။
မှောင်ခိုစနစ် ပြန်ထွန်းကားလာဖို့ ရှိနေပြီး နိုင်ငံခြားပစ္စည်းမျိုးစုံကို ခွေးအုပ်စုက မှောင်ခိုတင်သွင်းကြလိမ့်မယ်။ တီဗီမှာတော့ ပြည်တွင်းဖြစ်ကို အားပေးပါ လို့ ဆိုလိမ့်မယ်။
တနယ်နဲ့ တနယ် သွားလာဖို့ ထောက်ခံချက်တွေ လိုလာပြီး ငွေပေးရင် ဘာမဆိုရတဲ့ စနစ်ကို ဖန်တီးလိမ့်မယ်။
ရှမ်း၊ကချင်၊ကယားနဲ့ ချင်းပြည်နယ်တို့လို နေရာမျိုးတွေမှာ ဘိန်းစိုက်ခင်းတွေ ပိုတိုးလာဖို့ ရှိပြီး စိက်ကြွဆေးပြားထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံ ဖြစ်လိမ့်မယ်။
ကမ္ဘာမှာ လက်ရှိ ဒုတိယဘိန်းအထုတ်များဆုံး နိုင်ငံအဆင့်ကနေ အာဖဂန်ကို ကျော်ပြီး ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လိမ့်မယ်။
မအလ ခွေးအုပ်စုသည် ဘိန်းစိုက်ပျိုးရေးနဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု တွေ လုပ်ပြီး သယ်ယူပို့ဆောင်ရေးအတွက်ပါ အခွန်ကောက်ပြီး တာဝန်ယူပေးလိမ့်မယ်။
ပြည်တွင်းမှာ ဘိန်းစားနဲ့ ဆေးသမားအများဆုံး ဖြစ်လာပြီး အမျိုးသမီးငယ်တွေ ပြည်ါတန်ဆာဘဝ ရောက်သူ များလာလိမ့်မယ်။
ကျွန်တော်အထင်ပြောရရင် မအလ ခွေးအုပ်စုသည် ကာစီနိုနဲ့ တွဲလျှက် ဖာခန်းလုပ်ငန်းတွေကို အခကြေးငွေယူပြီး ဖန်တီးပေးမယ် ထင်တယ်။
နောက်သုံးနှစ်အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး၊ အလုပ်လက်မဲ့ အများဆုံး နိုင်ငံအဖြစ် ဂုဏ်ယူဝံကြွားလိမ့်မယ်။
မအလ အုပ်စုကတော့ ရသမျ ငွေနဲ့ လက်နတ်မျိုးစုံ ဝယ်ယူပြီး ငါတို့သာ တိုင်းပြည်ကယ်တင်ရှင် လို့ အမည်တပ်လိမ့်မယ်။
မြန်မာမှာ အတိုးတက်ဆုံး ဒေသများသည် မိုင်းလား၊လောက်ကိုင်၊ပန်ဆမ်းတို့လို့ မြို့တွေ ဖြစ်ပြီး လောင်းကစားလုပ်ငန်းတွေ ပြည်တွင်းမှာပါ မှိုလိုပေါလာလိမ့်မယ်။
အခုတောင် လေးကောင်ဂျင် တွေ ပုံစံမျိုးစုံနဲ့ ကျေးရွှာတွေမှာ တွေ့နေရပြီ။
ကျောက်စိမ်းထုတ်လုပ်မှုနဲ့ သစ်ထုတ်မှုသည် အဆမတန် မြင့်တက်သွားပြီး အမြင်အရ ဆို ဆယ်နှစ်အတွင်း မြန်မာနိုင်ငံ ကျောက်စိမ်းနဲ့ သစ် ကုန်သွားနိုင်တယ်။
အခုတောင် သစ်ခိုးခုတ်ခွင့်ပြုဖို တစ်ရူးဌက်ပျော စိုက်မယ် လို့ အသံထွက်ပြနေတယ်။
အမှန်တော့ ဌက်ပျောစိုက်တာ အကြောင်းပြပြီး သစ်ခိုးခုတ်ကြမယ် ထင်ပါတယ်။
အချို့ ဘောမတွေတွေတော့ သစ်အကွက်တွေ လေလံဆွဲပြီးလောက်ပြီ ထင်တယ်။
ငါးဖမ်းဈေးကွက်ကို ဖိတိုးပြီး ထုတ်ဖွယ် ရှိပြီး ပင်လယ်ငါးရှာဖွေရေးလုပ်ငန်းတွေကို အားပေးလိမ့်မယ်။
ပညာရေးစနစ် အောက်ဆုံးအဆင့် ရောက်သွားမှာ ဖြစ်ပြီး ခွေးအုပ်စုထဲ ဝင်ခြင်းကသာ အကောင်းဆုံး သက်မွေးကြောင်းစနစ်ကို ရသလို ဖြစ်သွားလိမ့်မယ်။
ဉပမာ ပြင်ပဆေးတက္ကသိုလ်ထက် စစ်ဆေး တက်တာက ပိုဝင်ငွေကောင်းတာမျိုး၊ စစ်တပ်ထဲ ဝင်မှ အခွင့်အရေးရတာမျိုးနဲ့ မြူဆွယ်လိမ့်မယ်။
ဘာသာရေးဖိနှိမ့်မှု များပြီး ခရစ်ယာန်၊မွက်စလင်၊ဟိန္ဒူ ဘာသာရေးအများစု ဘာလုပ်လုပ် ကန့်သတ်ခံရလိမ့်မယ်။
နောက်ထပ် တကြိမ် နိုင်ငံတော်ဘာသာအဖြစ် ဗုဒ္ဓဘာသာ ဖြစ်ကြောင်း ထုတ်ပြန်လိမ့်အုန်းမယ်။
ဦးနှောက်မရှိတဲ့ အမျိုးသားရေးသမားတွေ ကြွေးကြော်ကြလိမ့်မယ်။ တိုင်းပြည်ကတော့ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံး အဖြစ် ရင်ဆိုင်ရဖို့ ရှိတယ်။
ပြောရရင် အာရှမှာ တဦးတည်းသော လူဆင်းရဲ၊ပညာမတက်တဲ့ တိုင်းပြည်အဖြစ် ကမ္ဘာက လာလေ့လာရလိမ့်မယ်။
လူဦးရေးတစ်သန်းလောက်သည် ဆင်းရဲနွမ်းပါးမှုကြောင့် မသေသင့်ပဲ သေရလိမ့်မယ်။ အခုတောင် မသေသင့်ပဲ သေသူတွေ များနေပြီ။
လူဦးရေ(၁၀)သန်းဝန်းကျင်သည် ကျန်းမာရေးစနစ်ကို မထိတွေ့ရပဲ နေလိမ့်မယ်။
လူဦးရေသန်း(၂၀)ခန့်သည် ကမ္ဘာမှာ အဆီုးရွှားဆုံး ကျန်းမာရေးစနစ်ကို ရလိမ့်မယ်။
ကျေးလတ်ဒေသအများစု အဆင်းရဲဆုံးဘဝ ကို ပြန်ရောက်သွားလိမ့်မယ်။
လက်ရှိတည်ဆောက်ထားတဲ့ စက်ရုံ၊လျပ်စစ်၊လမ်း၊ပို့ဆောင်ရေး၊ဆက်သွယ်ရေးစနစ်တွေ အကုန် ပြန်မတည်ဆောက်နိုင်တဲ့ အတွက် အကုန်ပျက်ဆီးသွားလိမ့်မယ်။
ကောင်းမွန်ခဲ့တဲ့ စနစ်ကောင်းတွေ အကုန်ပျက်ဆီးသွားလိမ့်မယ်။
လူတွေ ဘာသာရေးကို ပိုအားကိုးကြမှာ ဖြစ်ပြီး မကောင်းတာမှန်သမျ တည်ရှိတဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်လိမ့်မယ်။
နောက်ဆုံး မအလ ခွေးအုပ်စုသည်
သေဆုံးရလိမ့်မယ်။
သူသည်သာ အကြီးမြတ်ဆုံး ဆိုကာ ကမ္ဘာမှာ အကြီးဆုံး အုက်ဂူသွင်း သဂြိုလ်ကြလိမ့်မယ်။
ဒီလို ယုက်ညံပြီး ဒုက္ခများတဲ့ ဖာနိုင်ငံ မဖြစ်သွားဖို့ ကျွန်တော်တို့ တွန်းလှန်မှ ရမယ်။
အရေးတော်ပုံ အောင်ရမည်။
မောင်ချင်း
တွေးမိတွးရာ
၂၂.၆.၂၀၂၁
Comments
Post a Comment