မြန်မာ့စီးပွားရေးအချက်အလတ်

အထည်ချုပ်ကဏ္ဍမှာ အဝယ်အများဆုံးက ဂျပန်ပါ။ နိုင်ငံတွေအရဆို ဉရောပ(EU)က အများဆုံးပေါ့။

ဆန်မှာဆို ဝယ်ယူမှု အများဆုံးက တရုတ်။
ဆန်ကွဲမှာဆို အများဆုံး ဝယ်တာ ဉရောပက ဘယ်လဂျီယံ။
မတ်ပဲ အဝယ်ဆုံးက အိန္ဒိယ
ပဲဇင်းငုံကလည်း အိန္ဒိယက များပါတယ်။
ပဲတီစိမ်းကတော့ တရုတ်။

ကျောက်စိမ်း ဝယ်ယူမှု အများဆုံး တရုတ်။
ရင်းနှီးမြှုပ်နှံမှု အများဆုံးက စင်္ကာပူ။
တကယ်တမ်းက ဉရောပနဲ့ အမေရိကန်က ကုမ္ပဏီတွေ။

လျှပ်စစ်ကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံတာ တရုတ်နိုင်ငံ။
ကမ်းလွန်ရေနံတူးဖော်မှု အများဆုံးက ဉရောပနိုင်ငံတွေ။

အထည်ချုပ်လို့ နေရာမှာ ရင်းနှီးမြှုပ်နှံအလာများဆုံးက တရုတ်နိုင်ငံပဲ။
မြန်မာတွေ ကားဝယ်ယူမှု အများဆုံးက ဂျပန်နိုင်ငံ။

သကြားဝယ်ယူမူ အများဆုံး တရုတ်
သကြား တင်သွင်းမှု အများဆုံး ထိုင်း
ဘိလပ်မြေ တင်သွင်းမှု အများဆုံး ထိုင်း
စားအုန်းဆီ တင်သွင်းမှု အများဆုံး မလေးရှား။

စက်သုံးဆီ အများဆုံး တင်သွင်းတာ စင်္ကာပူ။ အခုတော့ တရုတ် အများဆုံးထင်တယ်။
မြန်မာနဲ့ ငွေကြေးလွဲပြောင်းမှု အများဆုံးနိုင်ငံက စင်္ကာပူ။

အရက်တင်သွင်းတာ အများဆုံးပြုလုပ်တာ ထိုင်းနိုင်ငံ။ ဆေးဝါး တင်သွင်းမှု အများဆုံး ပြုလုပ်တာ အိန္ဒိယနိုင်ငံ။
စက်ပစ္စည်းတင်သွင်းမှု အများဆုံးက တရုတ်နိုင်ငံ။
သံနဲ့ သံထည်ပစ္စည်းအသွင်းဆုံးနိုင်ငံက တရုတ်နိုင်ငံ။

ဖုန်းလို့ ဆက်သွယ်ရေးပစ္စည်းအများဆုံးသွင်းတာ တရုတ်နိုင်ငံ။ IPhone လို ပစ္စည်းတောင် တရုတ်က သွင်းတာ။
‌မြန်မာ့ရေထွက်ပစ္စည်း အဝယ်ဆုံး နိုင်ငံ ထိုင်းနိုင်ငံ။

ရာဘာအဝယ်ဆုံးနိုင်ငံ တရုတ်နိုင်ငံ။
ဖရဲ၊သခွားမွှေး အဝယ်ဆုံးနိုင်ငံ တရုတ်နိုင်ငံ
အလှကုန်ပစ္စည်းအသွင်းဆုံးနိုင်ငံ ထိုင်း
အထည်လိပ်အသွင်းဆုံး နိုင်ငံ တရုတ်

ရေနံနဲ့ သဘာဝဓါတ်ငွေ့ အများဆုံး ဝယ်တာ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး အများဆုံး ဝယ်တဲ့ နိုင်ငံ ထိုင်းနိုင်ငံ။
ဘိန်းဆို ထိုင်း
စိတ်ကြွရူးသွပ်ဆေးဝါး ဆို မလေးရှားနဲ့ ဘင်္ဂလား
ICE ဆိုရင် ထိုင်း
လက်နတ်တင်သွင်းမှု အများဆုံးနိုင်ငံ ထိုင်း။without ကားအများဆုံး တင်သွင်းသည့် နိုင်ငံ ထိုင်းနိုင်ငံ။

ရွှေအသွင်းဆုံး နိုင်ငံ အိန္ဒိယနှင့် ထိုင်းနိုင်ငံ 
မြန်မာမှာ နိုင်ငံခြားငွေကြေးအများဆုံး အသုံးပြုတာ အမေရိကန် ဒေါ်လာ။
နယ်စပ်မှာဆို ထိုင်းဘက်ငွေ။
မြန်မာကို ခရီးသွားအလာများဆုံး နိုင်ငံ တရုတ်နိုင်ငံ။သူပြီးရင် ထိုင်း။

နောက်မှ စဉ်းစားမိတာ ဆက်ရေးမည်။
#မြန်မာနဲ့အများဆုံးဆက်စပ်သည့်နိုင်ငံများစာရင်း

#မောင်ချင်း

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး