အာဏာသိမ်းပြီး သုံးပါတ်အကြာ မြန်မာ့စီးပွားရေး
လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေကို ပြောပြပါဆိုရင် ဇီးရိုးနားကို ရောက်သွားပြီလို့တောင် ဆိုရတော့မယ်။ လူတွေ အများစုသုံးစွဲနေတာဟာ စုဆောင်းငွေတွေ ဖြစ်တယ်။
ဘဏ်တွေမှာ မအပ်တာပဲ ပိုကောင်းလေလား ဆိုရမလိုလိုပါပဲ။
စစ်အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ဖြစ်ခဲ့တယ်။ ကနဦး သုံးရက်ဟာ ဆန်ဆီဆား စုဆောင်းမှုက လွဲပြီး သိပ်မထူးခြားခဲ့ဘူး။ လည်ပတ်နေတဲ့ လုပ်ငန်းတွေလည်း ကောင်းကောင်းလည်ပတ်တုန်းပဲ။
သို့သော် အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်မှု ခပ်စိပ်စိပ်ဖြစ်နေသည့်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေ သိပ်မမှုသေးဘူး။ သို့သော် ဂယက်ရိုက်မှုက အပေါ်ကနေ စထိလာတယ်။
တကယ်တမ်းစီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာတဲ့ နေ့ဟာ ဖေဖော်ဝါရီလ(၈)ရက်နေ့လို့ ဆိုရမယ်။
နိုင်ငံတဝှမ်း စစ်အာဏာရှင်တွေ ကို ဆန့်ကျင် ဆန္ဒပြမှုတွေ တိုးလာတယ်။
ထို့အတူ လမ်းပေါ်သာမက စီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းတွေကိုပါ ဆွဲဆောင်သွားနိုင်ခဲ့တော့ စီးပွားရေးအပေါ် အလှုပ်အခတ် ဖြစ်လာတယ်။
စီးပွားရေးသမားတွေ စီုးရိမ်နေကြတာက နိုင်ငံတကာက ပိက်ဆို့မှုတွေရယ် နဲ့ ပြည်တွင်းက ဆန့်ကျင်မှုတွေ ဆုံမှာကိုရယ်ပါ။
သို့သော် သူတို့ ဆန္ဒမပြည့်ခဲ့ဘူး လို့ ဆိုရမယ်။ နိုင်ငံတကာကလည်း ပိက်ဆို့အရေးယူမှုတွေ တခုချင်းဆီ တိုးလာသလို ပြည်တွင်းကဆန္ဒပြမှုဟာလည်း ဗျူဟာကောင်းကောင်းနဲ့ တခုပြီး တခု တိုးလာနေတယ်။
မြန်မာသဘောအရ ရေရှည်မပါလာနိုင်ဘူး လို့ တွက်ဆခဲ့ကြပုံပါ။ သို့သော် စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ထုတ်ဖို့ လူတွေ ဆန္ဒပြနေကြပြီ။
ဆိုတော့ ကနဦးအနေနဲ့က နိုင်ငံတကာ ငွေကြေး ရောင်းဝယ်မှုတွေ ခေတ္တဆိုင်းလိုက်ကြတယ်။ရေရှည် ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိတော့ ဒေါ်လာကိုင်ထားသူက ဆက်ကိုင်ထားတယ်။ ကျပ်ကိုင်ထားသူက ဆက်ကိုင်ထားတယ်။ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းသွင်းသူတွေ မသွင်းနိုင်ကြတော့ဘူး။
သွင်းကုန်တွေဟာ နဂို Covid-19 အခံကြောင့် လျော့ကျရတဲ့ အထဲ လက်ရှိ အခြေအနေအရ သွင်းတောင် မသွင်းလောက်ကြတော့။ဆိုတော့ နိုင်ငံခြားငွေကြေးရောင်းဝယ်တဲ့ ဈေးကွက် နှစ်ပါတ်နီးပါး ရပ်နားနေရပြီ။ ဒီဈေးကွက်ဟာ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေ ရောင်းဝယ်တဲ့ နေရာဖြစ်ပြီး Earning ခေါ် ပို့ကုန်ရငွေတွေ မရောင်းသလောက် ဖြစ်သွားတယ်။
နောက်ထူးခြားတာက နိုင်ငံတကာက ငွေလွဲရာကနေ ရတဲ့ အဝေးခေါ် ဒေါ်လာဈေးကွက်ပါ ရပ်သွားတယ်။
ဆိုတော့ တစ်ရက် တစ်ရက် အမေရိကန်ဒေါ်လာ သန်းနဲ့ ချီရောင်းဝယ်နေတဲ့ ဈေးကွက် ရပ်နားမှုက စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရပြီ ဆိုတာ ပြသနေဝာာပဲ။
ဘဏ်တွေက ရောင်းဝယ်တာ ရှိပေမယ့် လက်ရှိလို ကာလမှာ သူ့အနေနဲ့ ဒေါ်လာကို ရောင်းချင်သလောက် ထုတ်ရောင်းမှာ မဟုက်ဘူး။ပြီးတော့ ဒီနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာဈေး ပြန်တက်မယ်လို့ ယူဆနေကြပြီမို့ တစ်ဒေါ်လာ ကျပ်(၁၄၀၀)ဝန်းကျင်နားမှာ သူထုတ်ရောင်းမှာ မဟုတ်ဘူး။
ပြီးတော့ အာဏာသိမ်းခေါင်းဆောင်တွေဆီမှာ နိုင်ငံခြားအရံငွေ နည်းမှာကို ကြိုတွက်ထားကြရမှာပါ။ စစ်အာဏာရှင်ဟာ သူကို သူ ကာကွယ်ဖို့ နိုင်ငံတော်ပိုင် ငွေတွေကို သုံးစွဲသွားမှာ သေချာတယ်။
ဆိုတော့ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်လာတယ်။
အတက်မြန်နေတော့ ရောင်းမယ့်သူကတောင် မရောင်းတော့။
ငွေကြေးဆိုတာ လည်ပတ်မှပါ။
မလည်ပတ်နိုင်ရင် စီးပွားရေးကို တုက်နဲ့ ထိုးသလိုပါပဲ။
ဒါဟာ ရှော့ ရှိတယ်။
ဒါအပြင် အာဏာသိမ်ပြီးနောက် ရွှေအရောင်းအဝယ် ကောင်းလာတယ်။ လူတွေက အာဏာရှင်တွေ ခောတ်ကို အကြိမ်ကြိမ်ကြုံဖူးကြတော့ ကျပ်ငွေ ဖောင်းပွမှာရယ်၊သုံးစားမရတဲ့ ငွေကြေး ဖြစ်သွားမှာကို စီုးရိမ်တော့ ရွှေအဝယ် လိုက်တာ နိုင်ငံတကာရွှေဈေးထက်တောင် ပြည်တွင်း ရွှေဈေးက ပိုမြင့်နေတယ်။
နောက်တခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လက်ရှိ သုံးပါတ်အတွင်း လာရောက်မှု မရှိတာ သေချာသလို ခွင့်ပြုမိန့်တွေ တောင်းခံနေတဲ့ လုပ်ငန်းတွေဟာလည်း လုပ်ကိုင်အုန်းမှာ မဟုက်ဘူး။ အာဏာသိမ်းမှုကို ဘယ်သူကမှ အသိအမှတ် မပြုတာမို့ သူတို့ အနေနဲ့ ဆက်စောင့်ကြည့်နေကြမှာပါ။
ဆိုတော့ ဒီ သုံးပါတ်အတွင်း မလာရောက်မှုဟာ ရှေ့လတွေမှာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။
ဒါအပြင် စက်မှုဇုန်တွေကနေ ကုန်စည်ထုတ်လုပ်မှုလည်း လျော့ကျသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ လက ထုတ်ပြန်ချက်တွေ အရ ကုန်ကြမ်းရရှိမှု ခတ်ခဲတယ်ဆိုသလို ထုတ်လုပ်မှုကလည်း လျော့ကျနေတာပါ။ သို့သော် အများပြည်သူ ရွှေးကောက်တင်မြောက်ခဲ့တဲ့ အစီုးရကို ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။
သို့သော် လက်ရှိ စစ်အာဏာသိမ်းမှုကြောင့် အယုံကြည်ပျက်ယွင်းတော့မှာပါ။ ကုန်ထုတ်လုပ်ဖို့တောင် အားလျော့လောက်တယ်။ ဒါအပြင် ဆန္ဒပြမှုတွေမှာ အလုပ်သမားတွေပါ ပါဝင်လာနေဝာာမို့ ကုန်ထုတ်မှုအပေါ် ဖိအားရှိလာနေတယ်။ နောက်တခု မြန်မာကို အရေးယူမှုတွေကြောင့် ကုန်ကြမ်းမှာယူရတဲ့ အခတ်အခဲ ကောင်းကောင်းကြုံနေရပြီ ဖြစ်တယ်။ဒါအပြင် အမေရိကန်ဒေါ်လာ ဝယ်ယူရတဲ့ အခတ်အခဲ၊ အင်တာနတ်ဖြတ်တောက်မှုကြောင့် ပြောဆိုရတဲ့ အခတ်အခဲတွေကြောင့် လုပ်ငန်းတွေ စီုးရိမ်စိတ် တိုးကုန်မှာပါ။
ဆောက်လုပ်ရေးလုပ်ငန်းအများစုကတော့ ရပ်ထားကြရပါတယ်။ပွင့်လင်းကာလမှာ အဆောက်အဦးတွေ တည်ဆောက်မှု ရပ်နားနေရတာ ဆောက်လုပ်ရေးဈေးကွက်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။
ယင်းကတဆင့် အဆင့်ဆင့် မှီခိုနေရတဲ့ လုပ်ငန်းတွေ ရှိတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ ဘဏ်ချေးငွေကို မှီခိုနေရတာ များတယ်။
ရပ်ထားချိန် ကြာသလောက် သူတို့ အပေါ် ဖိအားရှိတယ်။ မရပ်လို့ကလည်း မရ ။ အနာဂါတ်ဈေးကွက်ကလည်း စစ်အာဏာသိမ်းမှုကြောင့် ပျောက်သွားပြီကို။
နိုင်ငံခြားသားကို ရောင်းဖို့ ၊ဌားဖို့၊ဘဏ်အရစ်ကျနဲ့ ရောင်းဝယ်ဖို့တွေ အကုန် ဒုက္ခရောက်မှာကို။
အခုချိန် စစ်အာဏာရှင်ကို ဖျင်ကုန်းဦးချနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးမှ မရှိလောက်ဖူး ထင်တယ်။
နယ်စပ်ကုန်သွယ်ရေးတွေအများစု ရပ်နားနေရတဲ့ အခြေအနေပါ။အထူးသဖြင့် တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် ဖိအားရှိလာနိုင်တယ်။ ကုန်စည်အများစု သယ်ယူပို့ဆောင်ရေးအခတ်အခဲ၊ကုန်တင်ကားတွေ ရပ်နားတဲ့ အတွက် တင်ပို့ရ ခတ်ခဲနေပါတယ်။ အလားတူ မြန်မာပို့ကုန်အတွက်ပါ ဖိအားရှိနေပါတယ်။
တရုတ်အနေနဲ့ ဒီနယ်စပ်ကုန်သွယ်ရေးအခြေအနေတွေကြောင့် လေသံ ပျော့တာ ထင်တယ်။ရေရှည်ဆိုရင် နယ်စပ်က တရုတ်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နိုင်လို့ပဲ။ နောက် တရုတ်ပစ္စည်း ကို အဝယ်လျော့နိုင်တဲ့ သဘောကြောင့် ထင်တယ်။ ဒါကလည်း စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။
တရုတ်ပစ္စည်းအစား အိန္ဒိယပစ္စည်းနဲ့ ထိုင်းကုန်စည်တွေအပေါ် ပိုမှီခိုလာနိုင်တယ်။ ဒါကလည်း အနာဂါတ်လမ်းကြောင်းပေါ့။
ပြောရရင် မူဆယ်ဘက်ကနေ အောက်ပြည်ကို ကုန်စည်အသွားအလာ နည်းနေတယ်။ တရုတ်နှစ်သစ်ကူးကာလကြောင့်လည်း ပါမယ်။ သို့သော် ရေရှည်မှာ နေ့စဉ်အရောင်းအဝယ်ဈေးကွက်မှာပါ ထိခိုက်လာစေမယ်။ လက်ရှိ ရောင်းချနေတဲ့ ကုန်စည်အများစုက လက်ကျန် နဲ့ သိုလှောင်ထားတဲ့ ကုန်စည်တွေပါ။
တခု သတိပြုမိတာက သိုလှောင်ကုန်စည်တွေဟာ အနည်းဆုံး(၂)ပါတ်ကျော် ရနိုင်တယ် ဆိုတာပဲ။
အနောက်က ပိက်ဆို့မှုတွေကြောင့် တချို့လုပ်ငန်းတွေ ရပ်နားထားရတယ်။ မီဒီယာတွေ အဆိုအရ လောင်စာဆီ ပြတ်တောက်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်။
အလားတူ ပြည်တွင်း စားသုံးမှု များတဲ့ စားသုံးဆီအခြေအနေပါ။ မြန်မာဆီစားသုံးမှု ဟာ ပြည်ပစားသုံးဆီ(၆၀)ရာခိုင်နှုန်းကျော် ရှိပါတယ်။
လက်ရှိ လောင်စာဆီကော စားသုံးဆီပါ တဖြေးဖြေး မြင့်လာနေတာ တွေ့ရတယ်။
ဒါအပြင် ကွန်ပြူတာ၊ဖုန်း စသည့်ဖြင့် လျှပ်စစ်ပစ္စည်းတွေလည်း ပစ္စည်းပြတ်နိုင်ပါတယ်။ နဂို Covid-19 အခံကြောင့် တင်သွင်းမှု လျော့နည်းနေတာပါ။အခုဆို ပိုတောင် လျော့ကျနေပြီ ပြတ်သလောက် ဖြစ်နေတာ တွေ့ရမှာပါ။
ကုန်စည်ပို့ဆောင်မှု အခြေအနေကတော့ သိသိသာသာပြောင်းလဲမှု မရှိဘူး။ရပ်နားတာ ပိုများတယ် လို့ ယူဆရမယ်။
ဘဏ်တွေ ပိက်ထားရတာ နှစ်ပါတ်ကျော်လောက်ရှိနေပြီ။ ဘဏ်တွေကို လူတွေ အသုံးပြုမှုဟာ (၂၀)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပေမယ့် ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း လုပ်ငန်းတွေ ဘဏ်နဲ့ ချိက်ဆက်ရမှုက ပိုများလာတယ်။ ဆိုတော့ ဘဏ်တွေ ပိက်နေရတဲ့ အခြေအနေဟာ စီးပွားရေးကွင်းဆက် တခုလုံးအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိနေတာ ဖြစ်တယ်။
အစီုးရပိုင်ဘဏ်တွေ လည်ပတ်နေတယ် ဆိုပေမယ့် တကယ် လုပ်ငန်းကြီးကြီးတွေ ကို ဝန်ဆောင်မှု ပေးရာမှာ အခတ်အခဲရှိပါတယ်။ စီးပွားရေးဘဏ်၊နိုင်ငံခြားငွေကြေးဘဏ်တို့ဟာ လုပ်ငန်းရှင်တွေ မဖြစ်မနေ သုံးနေကြရတာပါ။
စစ်အာဏာသိမ်းမှုကြောင့် ဘဏ်လည်ပတ်မှု ရပ်သလောက် ဖြစ်ပွားခြင်း တိုင်းပြည်စီးပွားရေးပါ အကျိုးသက်ရောက်မှု ရှိစေခဲ့တာပဲ။
ရေရှည်မှာ ပိုပြီး ထိရောက်လာလိမ့်မယ် ယူဆတယ်။ ဒီသုံးပါတ်ရဲ့ အကျိုးဆက်ဟာ ထပ်ကာ ထပ်ကာ ခံစားရဖို့ ရှိပါတယ်။
လက်ရှိကာလမှာ ကုန်စည် စီးဆင်းမှုကလည်း ရပ်သွားတဲ့ သဘောပါ။ မြန်မာပြည်သူတွေအတွက် ခံနိုင်ရည် ရှိသေးတယ်။ သို့သော် စစ်အာဏာသိမ်းသူတွေနဲ့ ထိပ်ပိုင်းစီးပွားရေး ကဏ္ဍာတွေမှာ ဖိအားတိုးစေပါတယ်။
နောက်အရေးကြီးတာက စင်္ကာပူပါ။ သူဟာ တရုတ်နည်းတူ စစ်အစီုးရခောတ်အဆက်ဆက်မှာ မြန်မာဆီကနေ အကျိုးအမြတ်ရနေပါတယ်။
တရားမဝင် ငွေလွဲပြောင်းတာတွေ၊ ငွေကြေး၊ကုန်စည် ပို့ဆောင်ရေးအားလုံးဟာ မြန်မာဟာ စင်္ကာပူကို အခြေပြုရတာပါ။
စစ်အာဏာရှင်တွေ အများစုဟာ ကုန်သွယ်ရေးနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေမှာ စင်္ကာပူကို မှီခိုရပါတယ်။
တရုတ်ကိုကျတော့ လက်နတ် ဝယ်ယူဖို့နဲ့ သံယာဇာတရောင်းချဖို့ အတွက်ပါ။ အခု ရုရှားကိုတော့ ဘယ်လို သွားနေလဲ မသိရပေမယ့် ကမ္ဘာနဲ့ ဆက်သွယ် ငွေကြေးကိစ္စတွေ ပြောဖို့က စင်္ကာပူက အရေးကြီးတယ်။
စစ်အာဏာရှင်တွေရဲ့ အထောက်အပံတွေ ဖြတ်ဖို့က စင်္ကာပူက ပါဝင်ကူညီပေးဖို့က အရေးကြီးတယ်။
သူတို့ အနေနဲ့ ထိထိရောက်ရောက်ဟန့်တားပေးမယ်ဆိုရင် အမြစ်တွေ ဖြတ်တောက်နိုင်သလောက် ဖြစ်နေပြီ။
တရုတ်နဲ့ ရုရှားကတော့ မြန်မာနိုင်ငံမှာ မတည့်အတူနေ တွေပဲ။ သမိုင်းကြောင်းအရလည်း သူတို့ တည့်တယ် မမြင်။ လက်ရှိအခြေအနေအရ စစ်အာဏာသိမ်းသူတွေဟာ နှစ်ဖက်ကို မျကြွေးနေရပြီး တရုတ်ကလည်း မယုံတယုံ၊ရုရှားကလည်း မယုံတယုံ ဖြစ်နေပုံရတယ်။
ဒါက ရေရှည်ဆို ပြည်သူတွေ အောင်မြင်ပါတယ်။
ပြောရရင် အခြေခံစားသောက်ကုန်စည်ကလွဲလို့ တခြား ကုန်စည် ၊စီးပွားရေးကဏ္ဍတွေဟာ အောက်ကို ထိုးကျနေပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ ရေရှည်ခံစားလာရမယ့် အကြောင့်အရာ ဖြစ်တယ်။
ပြည်သူတွေ အနေနဲ့ကတော့ ပိုအထိနာလေ ပိုရုန်းထွက်လေ ဖြစ်လာမှာပါ။
စစ်အာဏာရှင်တွေ ရှိနေသရွှေ့ ပိုပြီး ဆီုးကျိုးများဖို့သာ ရှိပါတယ်။
စီးပွားရေးဆိုတာ တခုတည်းရှိနေတာ မဟုက်ဘူး။အချိက်အဆက်တွေနဲ့ ပတ်မှီထားရတာပါ။တခုပြိုလဲရင် ကျန်တာတွေလည်း ပြိုလဲဖို့ အလွယ်ပါပဲ။ဆိုတော့ လက်ရှိ သုံးပါတ်တာ အခြေအနေဟာ စီးပွားရေးကဏ္ဍာ အားလုံး ထိုးကျသွားတဲ့ အခြေအနေပါ။ ထိုးကျတာ လွယ်ပေမယ့် ပြန်ဆယ်တင်ဖို့က ခတ်ခဲတဲ့ ကိစ္စပါ။
နောက်ထပ် နိုင်ငံတကာ ပိက်ဆို့မှုတွေ အရေးယူမှုတွေ တိုးလာရင် ဒီထက် ပြုက်ကျဖို့သာ ရှိပါတယ်။
မောင်ချင်း
တွေးမိတွေးရာ
၂၀.၂.၂၀၂၁
Comments
Post a Comment