မြန်မာ့ ရာဘာဈေးကွက် အခြေအနေ
ပြီးခဲ့တဲ့ နှစ်က သတင်းတွေ လိုက်ရင်း မြန်မာရာဘာဈေးကွက်အခြေအနေလေးကို တပိုင်းတစ သိလိုက်ရတယ်။ သတင်းရေးပြီးလို့ သိလာရတဲ့ အကြောင်းလေးတွေ မျဝေပါရစေ။
မြန်မာနိုင်ငံ ရာဘာဈေးကွက်ဟာ ခပ်ကျဉ်းကျဉ်း ပါ။ သို့သော် အတော် တိုင်ပတ်တဲ့ ဈေးကွက် တခုပဲ။
ပိုဆီုးတာက ကမ္ဘာမှာ အကောင်းစား ရာဘာထုတ်နေတဲ့ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်တော့ ဈေးကွက် ကမောက်ကမ အဖြစ်ဆုံးပဲ။
မြန်မာနိုင်ငံထွက် ရာဘာအများစုဟာ အရည်အသွေးကောင်းမွန်ခြင်း မရှိပဲ တင်ပို့ရောင်းချရင်လည်း ဈေးကောင်း ရရှိခြင်း မရှိပါဘူး။ အဓိကအချက် တနိုင်တပိုင် ရာဘာထုတ်ကြတာ များပြီး နည်းပညာနဲ့စနစ်တကျ ထုတ်လုပ်တာ နည်းတယ်။
ဆိုတော့ ထုတ်လုပ်မှုအရ အရည်အသွေးမကောင်းတာကြောင့် တင်ပို့နိုင်မှုက တရုတ်ဈေးကွက်ပဲ ရှိတယ်။
ကိုယ့်အရည်အသွေးကို အာမခံနိုင်ခြင်း မရှိတော့ ဈေးနှိမ်ခံရတာပေါ့။
တဖက် ထိုင်းနိုင်ငံကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာဘာအရည်အသွေးကို ထိန်းထားတယ်။ စံနှုန်း တခု သတ်မှတ်ပြီး ရာဘာကို ထုတ်တော့ ဝယ်သူအနေနဲ့ ထိုင်းနိုင်ငံ ဘယ်နေရာကနေ ဝယ်ဝယ် ရာဘာအရည်အသွေး၊ဈေးနှုန်း အတူတူပဲ။
ပစ္စည်းတွက် အာမခံချက်ရှိတယ်။
အစီုးရကလည်း ထောက်ပံထားတော့ ကမ္ဘာမှာ အရည်အသွေးကောင်းတဲ့ ရာဘာထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုလာရတယ်။
ရောင်းဈေးနဲ့ ဝယ်ယူမူကလည်း ကောင်းတာပေါ့လေ။
ဒီလို ဖြစ်ဖို့အတွက်က ထိုင်းနိုင်ငံအနေနဲ့လည်း ဆယ်စုနှစ်တွေ အများကြီး ရင်းခဲ့ရတာ ဖြစ်တယ်။ ရာဘာစိုက်ပျိုးသူတွေကို ချေးငွေ အလုံးအရင်း ချပေးရတယ်။နေရပ်ဒေသအလိုက် ပိုင်ရှင် အစုလေးတွေ သတ်မှတ်ပြီး အရည်အသွေးမှီ ရာဘာထွက်ရှိမယ့် စက်ရုံသေးလေးတွေ တည်ဆောက်တယ်။
စက်ရုံအတွက် ချေးငွေပေးတယ်။တဖက်ကနေ အရည်အသွေး စံနှုန်း တခုကို သတ်မှတ်ပေးတယ်။ တကယ်လို့ ကမ္ဘာ့ဈေးကွက်က မဝယ်ရင် အစီုးရက တာဝန်ခံပေးဖို့အထိပါ လုပ်ပေးရတာ ရှိတယ်။
ဒီတော့ အစီုးရက တာယာထုတ်စက်ရုံတွေ ဖိတ်ခေါ်ပြီး လာလုပ်ကိုင်ဖို့ အဆိုပြုတယ်။အားပေးတယ်။ အခွင့်အရေးတွေလည်း ပေးရတာပေါ့လေ။
ဆိုတော့ ရာဘာစိုက်ပျိုးသူကအစ ရောင်းဝယ်သူ၊ ထုတ်လုပ်သူ၊တန်ဖိုးမြင့် ထုတ်ကုန် ဖန်တီးသူ နဲ့ အစီုးရ အားလုံး ဘက်မျမျ ဝိုင်းတွန်းကြတော့ ယနေ့ခတ်မှာ ထိုင်း တာယာပစ္စည်းတွေက ဈေးကောင်းရ နာမည်ကြီးသလို ရာဘာဈေးကလည်း အမြင့်ဆုံးဈေးရတယ်။
ဒီလို ဖြစ်ဖို့ ထိုင်းအနေနဲ့လည်း နှစ်(၂၀)လောက် ကြိုးစားခဲ့ရတာပါ။
အားလုံး ကျော်ဖြတ်ပြီးမှ အောင်မြင်လာတဲ့ ရလာဒ်ပေါ့။
မြန်မာရာဘာဈေးကွက်က တပိုင်တနိုင်သဘောမျိုးနဲ့ သွားကြတယ်။ စံနှုန်း မရှိ အရည်အသွေးနဲ့ ပါက်သက်ပြီး ထုတ်လုပ်မှု ပုံစံက မကောင်းတော့ အရည်အသွေးမပြည့်မှီတဲ့ ရာဘာပဲ ရကြတယ်။
ဆိုတော့ အိမ်နီးချင်း ထိုင်းနိုင်ငံဈေးကွက်ကို ပို့ချင်ကြတယ်။ခတ်တာက ထိုင်းနိုင်ငံက သူနိုင်ငံ စိုက်ပျိုးသူအကျိုးအတွက် ပြည်ပက ရာဘာကို တင်သွင်းခွင့် ပိက်ထားတယ်။
ပြီးတော့ မြန်မာရာဘာ တွေရဲ့ အရည်အသွေးမကောင်းတာကြောင့်လည်း သူတို့ ဈေးကွက်ကို အဝင်မခံတာပါ။
ဒါပေမယ့် ထိုင်းရာဘာပေါက်ဈေးက မြန်မာရာဘာပေါက်ဈေးထက် နှစ်ဆကျော်မယ် ထင်တယ်။
ဆိုတော့ ထိုင်းမှောင်ခိုသမားတွေက မြန်မာရာဘာကို ခိုးသွင်းတယ်။
သူတို့က တဆနီးပါး မြတ်နေတော့ ခိုးသွင်းပြီး ထိုင်းရာဘာတွေနဲ့ ရောရောင်းတယ်။
ခတ်တာက သူတို့ အဝယ်က မြန်မာတနိုင်ငံလုံး မပြောနဲ့။ကရင်ပြည်နယ်က ထွက်သမျ ရာဘာတွေအကုန် မဝယ်ဘူး။မြန်မာက ထွက်တဲ့ အကောင်းဆုံး ဖြစ်နိုင်တဲ့ ရာဘာတွေကို ရွှေးဝယ်သွားတာ။
ဆိုတော့ ထိုင်းမှောင်ခိုလူတွေ ရာဘာဆင်းဝယ်ပြီးဆို ပြည်တွင်း ရာဘာဈေးက ကမောက်ကမ ဖြစ်လာတယ်။
ဘာကြောင့်ဆို မြန်မာရာဘာဈေးဟာ နည်းတယ်။ အဓိက တရုတ်ဈေးကွက်ရယ် နဲ့ ပြည်တွင်း ရာဘာစက်ရုံတွေကို ပို့ရတာ။
အရည်အသွေးနဲ့ ပါက်သက်ပြီး မြန်မာဟာ ကောင်းမွန်တာ မရှိတော့ ဈေးနှိမ့်ခံရတာ ဈေးနည်းတာ မဆန်းဘူး။
ဒီက ရာဘာစိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ကလည်း ရာဘာအရည်အသွေးကောင်းအောင် မထုတ်ပဲ ဈေးကောင်းတော့ မျော်တယ်။
တဖက်က အစီုးရကလည်း ရာဘာဈေးကွက်နဲ့ ပါက်သက်ပြီး အားပေးကူညီတာ မရှိဘူး။နည်းပညာ ပေး၊အရည်အသွေးကောင်းအောင် ဖန်တီးပေးတာ မရှိဘူး။
အဝယ်ကလည်း အရည်အသွေး စံသတ်မှတ်ချက်နဲ့ မရတော့ ဈေးကွက်မှာ ရောင်းရင် ဈေးကောင်းမရတော့ စိုက်ပျိုးသူတွေဆီမှာ ဈေးနှိမ်ဝယ်တယ်။
ဒီတော့ ဘက်မမျဖြစ်နေချိန်မှာ ထိုင်းက မှောင်ခိုသမားတွေက မြန်မာရာဘာကို အချိန်တခုနဲ့ ဝယ်တယ်။
ဉပမာ ထိုင်းရာဘာဈေး တစ်ပေါင်ဒေါ်လာ(၁၅၀၀) ဆို မြန်မာ ရာဘာဈေးက တစ်ပေါင်ဈေး (၅၀၀)ပဲ ထားပါတော့။
ဒီတော့ ထိုင်းရာဘာမှောင်ခိုဝယ်သူတွေဟာ မြန်မာရာဘာကို ဒေါ်လာ(၇၅၀)လောက်နဲ့ ဝယ်တယ်။
ထိုင်းဖက်မှာ ထိုင်းရာဘာနဲ့ ရောရောင်းရင် ဒေါ်လာ(၇၅၀)လောက် မြတ်ပြီလေ။ဒါက ဉပမာပါ ဈေးတန်ဖိုးအတိအကျ မဟုက်ပါဖူး
ဆိုတော့ မြန်မာရာဘာ စိုက်ပျိုးသူတွေက အဲဈေးလောက်ကို လိုချင်လာတယ်။
ပုံမှန်ဝယ်နေကြ တရုတ်ဈေးကွက်ရယ် နဲဘ ပြည်တွင်း ထုတ်လုပ်သူစက်ရုံတွေကို မရောင်းချင်တော့ဘူး။
ဆိုတော့ ထိုင်းမှောင်ခိုသမားတွေက အများကြီး မဝယ်သွားဘူး။ကောင်းရာနိုးနိုးတွေဘရွေးဝယ်သွားတာ ပေးတာ။
Comments
Post a Comment