အာဏာသိမ်းပြီး တနင်္ဂနွေနေ့ (၇.၂.၂၀၂၁)

လူငယ်များ ဟိုတစ်စု ဒီတစ်စု ‌တွေ့ရသည်။

 သတင်းအတွက် ရုံးက ခေါ်သည်မို့ (၉)နာရီဝန်းကျင် ဘက်စ်ကား နှင့် ထွက်ခဲ့သည်။

ကားပေါ်ရှိ လူအများစုမှာလည်း လှုပ်စိ လှုပ်စိနှင့် ဂဏာမငြိမ် ဖြစ်နေကြသည်ကို တွေ့ရသည်။

လူငယ်များကား အစုအဖွဲ့ကိုယ်စီဖြင့် ရှေ့တက်နေကြချေပြီ။
သိပ်မကြာ ပုံမှန် အနေအထားတိုင်း လှ ည်းတန်းတဝိုက်တွင် လူငယ်များ အစုအစည်း ဆန္ဒပြနေကြပြီ ဖြစ်သည်။

အချို့ကာ ထိုင်သပိက် ဆင်နွဲနေကြသလို အချို့ကာ လက်သုံးချောင်းထောင်လျှက် လျှောက်နေကြသည်။
အားလုံးကာ ယုံကြည်မှု အပြည့်။

Covid ကာလ ယဉ်တွဲနေထိုင်ရမည့် ပုံစံနှင့် အညီ လူတိုင်း Mask တပ်ဆင်လျှက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြချေပြီ။

ပါဝင်သူများကာ အရောင်အသွေး၊လူတန်းစား၊အလုပ်အကိုင်ပေါင်းစုံမှ လူငယ်များ ပါဝင်သည်။

အားလုံးကာ အေးဆေးလျှက်။
ထူးခြားသည်ကာ ယနေ့ကာ ရဲတပ်ဖွဲ့များကို မတွေ့ရချေ။
မော်တော်ပီကေများသာ တွေ့ရပြီး လမ်းရှင်းပေးလျှက်ရှိနေသည်။
သို့တိုင် အင်းစိန်လမ်းမနှင့် ပြည်လမ်းဆုံရာကာ မီးပွိင့် နီလျက်သာ ရှိချေပြီ။

ကားတွေကာ ဟွန်းသံ တညံညံ၊ လက်သုံးချောင်းထောင်လျှက် အချို့ကာ ဒေါင်းအလံပါ ကိုင်ဆွဲလျှက်။

ယနေ့ လှည်းတန်းတွင် ဆန္ဒပြကြသည့် အဖွဲ့ သုံးဆိုင်း ကွဲလျှက် တွေ့ရသည်။

အင်းစိန်လမ်းမဘေးတွင် တဖွဲ့၊လှည်းတန်းဂုံးကျော်တံတားရှေ့တွင် တဖွဲ့၊လှည်းတန်းစင်တာ‌တွင် တဖွဲ့ဖြစ်သည်။
များမကြာမှီ လှည်းတန်းစင်တာကာ လူထုပုံရိပ်တခုအသွင် ဖြစ်လာချေတော့မည် ။

ကျွန်ပ်မှာလည်း ကားရပ်နေသဖြင့် ခြေကျင်သာ သွားရတော့ချေသည်။
ဂုံးကျော်တံတားအရှေ့တွင် အဌားယာဉ် တစ်စီးကို ဌားစီးလိုက်သည်။
Junction square ရှေ့မှတ်တိုင်တွင် ရဲကားလေးစီးခန့် မြင်ရသည်။

လှည်းတန်းဆန္ဒပြသူများကာ ဆူးလေကို ချီတက်ကြမည် ဟု သတင်းထွက်ပေါ်နေသည်။

ပြည်လမ်းဘေးတွင် မွက်စလင်လူငယ်အများအပြားကိုလည်း တွေ့ရသည်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရန် ချီတက်နေကြသည်မှာ ကျေနပ်ဖွယ် ကောင်းပါဘိ။
ယနေ့ ဆန္ဒပြကြသည့် လူအများစုမှာ လူငယ်အများဆုံး ပါဝင်ပြီး အမျိုးသမီးငယ်များစွာကိုလည်း တွေ့ရသည်။

စိတ်အားထက်သန်စွာ စစ်အာဏာရှင်စနစ်ကျဆုံးစေရန်အတွက် လမ်းပေါ် ထွက်လာကြသည်မှာ ကျေနပ်ဖွယ်ပင်။

ထူးခြားသည်ကာ တညလုံး အင်တာနတ် ပိက်ထားသည့်တိုင် လူငယ်အများစုမှာ ကိုယ်စီစုရုံးလျှက် လမ်းပေါ်ထွက်လာကြသည်။
ဦးဆောင်သူပင် မပါ ကိုယ်စီရပ်တည်ချက်နှင့် ရှေ့တက်လာကြသည်။အနာဂါက်တွက် ကျေနပ်စရာပါပေ။အထူးသဖြင့် အမျိုးသမီးငယ်များကို ကျေနပ်မိသည်။
နိုင်ငံရေးနှင့် ပါက်သက်လျှင် အမျိုးသမီးများက အတက်ကြွဆုံး ဆိုသည်ကိုကား ယုံမှားစရာ မရှိချေ။

သည့်အပြင် လူတန်းစားပေါင်းစုံ၊သူဌေးသူကြွယ် သားသမီးမှတည် သာမန်အောက်ခြေမိသားစု သားသမီးတွေ အထိ ပါဝင်နေသည်။

ဆူးလေကို ရုံးအဖွဲ့နှင့် ရောက်ခဲ့သည်။လမ်းတစ်လျှောက် ဟွန်းသံ တညံညံဖြင့် ကားများ ဖြတ်သန်းလျှက် ရှိနေကြသည်။
ကျေနပ်မိပါသည်။
ဆူးလေရှေ့ကာ လူပေါင်းစုံ မြင်ရချေပြီ။ အနီ အပြာအလံများ ဝေ့ရမ်းလျှက် တိုင်းပြည်လူငယ် အများအပြား အနာဂါတ်တွက် လမ်းပေါ်ရောက်နေကြခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ကာ ဆူးလေပန်းခြံရှေ့ လမ်းမကြီးကို ပိက်လျှက်။
လူအများစုကာ သံပြိုင်ဟစ်ကြွေးသံများဖြင့်
အရေးတော်ပုံ အောင်ရမည်
သပိက် သပိက် မှောက် မှောက်
စစ်အာဏာရှင် စနစ်အလိုမရှိ
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုက်ဖူး
အမေစုကို လွက်ပေး စသည့် အသံများ ရှေ့ရောက်လာသည်။

မြို့တော်ခန်းမပေါ်ဝယ် သေနတ်ကိုယ်စီဖြင့် စစ်သားများကို တွေ့ရသည်။ တချက်တချက် ဖုန်းကင်မရာဖြင့် ထုတ်ရိုက်နေသူများကိုလည်း တွေ့ရသည်။
စစ်သားများကာ သေနတ် တပြပြနှင့် အချိန်မရွှေး ပစ်ခတ်ရန် ဝံမလေးသူများဟု မြင်ရုံနှင့် ခံစားမိသည်။
သူတို့မှာ ပြည်သူဆိုတာ မရှိ အမိန့်ဆိုသည်သာ ရှိမည့် လူတန်းစားမျိုးပင်။ ရွံရှာဖွယ် ကောင်းပေစွ။

သိပ်မကြာ လူငယ်များ လမ်းကြောင်းအသွယ်သွယ်ဖြင့် ချီတက်ကြပြန်သည်။အချို့ကာ ဆန္ဒပြလျှက် ကျန်ခဲ့သည်။
အားလုံးကာ ခေါင်းဆောင်ပင် မရှိ ကိုယ့်အသိစိက်နှင့် လာကြသည်။ကို
ယ့်အသိစိတ်နှင့် ဆန္ဒထုတ်ဖော်ကြသည်။အချို့ကာ ကားနှင့်မို့ မော်တော်ပီကေများ အလုပ်များနေသည်။
ကြားဝယ် အမှိုက်ကောက်သူ၊ ရေသန့်ပေးသူနှင့် မြိုင်ဆိုင်လျှက် ရှိနေသည်။

သည်လို့နှင့် လမ်းကြောင်းကာ အရှေ့ ဆူးလေရှန်ဂရီလာရှေ့ဝယ် အဖွဲ့လမ်းကြောင်း နှစ်ခု တိုက်ဆိုင်နေသည်။ကားများ အဝင်အထွက် မရှိသော်လည်း ဟွန်းသံများနှင့် အားပေးနေကြသည်။မိမိတို့မှာလည်း ၎င်းတို့နောက် လိုက်ပါသွားရသည်။
အားလုံးကာ ကိုယ်စီ တက်ကြွလျှက် လူငယ်အများစု ဖြစ်သည်။
အရောင်အသွေးပေါင်းစုံ၊လူမျိုးပေါင်းစုံ၊မတူကွဲပြားသည် လူအများအပြား စုစည်းမိပြီး ဒီမိုကရေစီစနစ်အတွက် ဆန္ဒပြနေကြသည်။
အားလုံး ငြိမ်းချမ်းစွာပင်။
လမ်းဘေးတစ်လျောက် အိမ်နေများမှလည်း အလံတရမ်းရမ်း၊လက်သုံးချောင်းထောင်လျှက် အများနှင့် ရပ်တ ည်ကြောင်း ထောက်ခံနေကြသည်။
မိမိအနေနှင့် စဉ်းစားမိသည်။

အဘယ်သို့ စိတ်ကူးနှင့် မဲစာရင်းလွဲမှားသည်ဆိုကာ အာဏာသိမ်းရလေသနည်း။

ရှက်ဖွယ်ကောင်းပေစွ။

ထိုနောက် မိမိတို့ အဖွဲ့ လှည်းတန်းကို ကူးလာသည်။လမ်းတစ်လျောက် အဖွဲ့များစွာ တွေ့ရသည်။ တချို့ကာ ဆူးလေကို ‌ချီတက်လျှက် တချို့ကာ လှည်းတန်းဆီသို့။

အများစုကာ လူငယ်မောင်မယ်များပင်။အနာဂါတ်တွက် စိန်ခေါ်ရချေပြီ။
ပျောက်ဆုံးသွားတော့မည့် အနာဂါတ်တွက် လမ်းပေါ်ရောက်ကြရချေပြီ။
လှည်းတန်းကာ စည်းကားနေပေပြီ။သံပြိုင်ဟစ်တိုင် တကြော်ကြော်နှင့် ကျေနပ်ဖွယ် ကောင်းသည်။

လူအုပ်ကြီးကာ အားရစရာပင်။
လှည်းတန်းရှိ လူအုပ်ကြီးကာ အနည်းဆုံး သိန်းကဏန်းရှိမည် ဟု ခန့်မှန်းရသည်။
အလားတူ ဆူးလေးကာ ယင်းထက်ပင် များအုန်းမည် ။

အားရဖွယ် တက်ကြွဖွယ် ကောင်းလှသည်။ အမှိုက်ကောက်သူ ကောက်၊ရေသန့်ဝေသူ ဝေ နှင့် တက်ညီ လက်ညီ ဆန္ဒပြနေကြသည်။
လူငယ်များ၏ နိုင်ငံရေးရေချိန်ကာ မနည်းလှ။
မိမိမှာ သတင်းသမားများနှင့် လမ်းခွဲကာ မိမိအပေါင်းအသင်းများဆီ ချီတက်ရချေပြီ။
၎င်းတို့ကာ ကားဖြင့် လှည့်ပတ်ဆန္ဒပြနေကြသည်။အားရဖွယ်ပင်။
သိပ်မကြာမှီ ပိက်ထားသည့် အင်တာနတ် ပြန်ဖွင့်လာပြီ ဟု သိရသည်။
ကနဦး တယ်လီနော ဖြစ်သည်။သိပ်မကြာမှီ အကုန်ရကြပြီ ဟုဆိုသည်။

သို့သော်လိုင်းကာ မကောင်းလှ။သို့နှင့်တိုင် ပုံများ တင်နေကြချေပြီ။
ဤကာ အနိုင်ရရှိမှု၏ ကနဦး လမ်းစလော။ ချွေးသိပ်လေသည့် အချက်လော။
ရွှာမည့်မီုး မပြိုခင် လေပြေ တိုက်လေသလော။

လူငယ်များ အောင်မြင်စွာ တွန်းလှန်နိုင်ကြပါစေ။




Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး