အာဏာသိမ်းပြီး (၆)ရက်မြောက်နေ့(၆.၂.၂၀၂၁)
အင်တာနတ်ပါ မနတ်(၁၀)နာရီခန့်မှ စ၍ ပိက်ချလိုက်သည်။မြန်မာနိုင်ငံအတွက် (၁၃)နှစ်အတွင်း ပထမဆုံးအကြိမ် အင်တာနတ်ပိက်ချခံရခြင်း (သို့) Freedom ကို ပိက်ဆို့ခံရခြင်း ဟု ဆိုရပေမည်။
နိုင်ငံသားအခွင့်အရေး နှင့် လူတစ်ဦးချင်း လွက်လပ်ခွင့်ကို ရပ်ဆိုင်း ခံလိုက်ရခြင်း ဖြစ်သည်။
အင်တာနတ် မပိက်မှီ ရန်ကုန်မြို့ လှည်းတန်းတဝိုက်တွင် လူငယ်များ စုရုံးကြမည် ပုံရိပ်တွေ ထွက်လာသည်။
အမှီအခိုကင်းသည့် သတင်းသမားတို့ စုစည်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်းပိန်း လုပ်ရန် ပြင်ဆင်ခဲ့ကြသော်လည်း မမျော်လင့်ပဲ Social Network group တွင် သတင်းသမား(၅၀၀)ကျော် ပြည့်သွားခဲ့သည်။
အချို့သူများမှာ သတင်းသမားအစစ်အမှန် မဟုတ်နိုင်သဖြင့် အဆိုပါ ကမ်းပိန်းကို ဖျက်သိမ်းလိုက်ရသည်။
သို့မဟုက်ပါက မြန်မာနိုင်ငံတွင် ကနဦးအစ ဖြစ်သွားနိုင်သည်။
သို့သော်လည်း လူငယ်အများစု ဦးဆောင်လျှက် စစ်အာဏာရှင် ဆန့်ကျင့်ရေးကား ရပ်မသွားချေ။
ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ပထမဆုံးအကြိမ် လူငယ်အများအပြားစုစည်းကြချေပြီ။
အတိက်က နိုင်ငံရေးသမိုင်းများတွင် မှတ်ကျောက် မတင်ခံရသည့်တိုင် လူငယ်အင်အားအများအပြားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ရှေ့တန်းကို ချီတက်လာကြချေပြီ။
ကျွန်ပ်မှာလည်း အင်တာနတ်ပြတ်တောက်မှုကြောင့် ရုံးကို သတင်းရေးသားရန် YBS(၂၁)ကားစီးကာ လာခဲ့သည်။
လမ်းတစ်လျှာက် ထူးထူးခြားခြားငြိမ်သက်ကာ လူတစ်စု ကိုယ်စီ ကိုယ်စီနဲ့ ဝန်းကျင်တခုကို ငေးကြည့်နေကြသည်။
ကားမှာလည်း သိပ်မရွှေ့လှ။ သို့သော် ကားဟွန်းသံများကို ကြားရချေပြီ။
တချို့ကာ လက်သုံးချောင် ထောင်ကာ လမ်းလျှောက်သူ ရှိနေကြသလို ကားပေါ်မှလည်း အပြိုင်လက်ထောင်နေကြသည်။
အားလုံးကာ တူညီစွာ အရှေ့ကို ငေးမျော်လျှက်ပင်။ ကုန်တိုက်တခုကာ ပိက်ချေပြီ။
လူငယ်မပြတ် စည်ကားရာ လှည်းတန်းတဝိုက် ဆိုင်များကာ ပိက်ထားချေပြီ။
သို့တိုင် လူငယ်များက ချီတက်လျှက်။
မျက်နှာမူရာ တဖက်ခြမ်းမှ ကားကြီး ကားငယ် အသွယ်သွယ် ဟွန်းသံ မြိုင်မြိုင်ဆိုင်ဆိုင်တီးလျှက် လက်သုံးချောင်း ထောင်နေကြပြီ။
အော်သံ ဆူပူသံ မရှိ ဆိုင်းဘုက်မရှိ။
လက်သုံးချောင်း ထောင်ထကြရုံသာ။
ဤကာ လက်နတ်မဲ့သည့် လူငယ် လူကြီး များအတွက် တွန်းအားစုပင်။
ထူးထူးခြားခြား Foodpanda ပို့သည့် စက်ဘီးနင်းလူငယ်များ လက်သုံးချောင်းထောင်လျှက် လာကြသည်။
မိမိမှာလည်း မရည်ရွယ်ပဲ ကားပြတင်းပေါက်မှ တဆင့် လက်သုံးချောင်း ဆန့်ထားမိသည်။
ဒါ သမိုင်း ထင်မိပေရဲ့။
ကြောက်ရွံခြင်းမှ လွှတ်မြောက်ခြင်း၊
လွှက်မြောက်ခြင်းမှ လွှက်လပ်ခြင်း၊ရဲရင့်ခြင်း တို့ကို တဆင့်ချင်း သိလိုက်ရသည် ဟု ဆိုရမည်။
လွှက်လပ်မှုဆိုသည်မှာ ရရှိစဉ်က တန်ဖိုးထားရမှန်း မသိသော်လည်း ထိုနေ့ကာ တန်ဖိုးအရှိဆုံးပေတည်း။
ထိုနောက် ကားတရွှေ့ဆက်ထွက်လာသည်။ပုံမှန် အနေအထားဆိုပါက ဆဲဆိုနေကြမည့် ဘက်စ်ကားခရီးသည်များကာ အရှေ့ကိုသာ မျော်ငေးနေကြသည်။
အချို့ကာ ပြတင်းပေါက်မှ နေ၍ လူအများကို လက်သုံးချောင်း ဆန့်လျှက် ကြည့်နေကြသည်။
မိမိမှာလည်း မနေနိုင်တော့ လက်ကို မတ်မတ်ထောင်လျှက် လက်သုံးချောင်း ထောင်ပြီ။
အဓိပ္ပါယ်ကာ လွှက်လပ်ခြင်း၊လွှက်မြောက်ခြင်း နှင့် စည်းလုံးခြင်း အဓိပ္ပါယ် ကို ဆောင်သည် ဟု ယူဆမိသည်။
သိပ်မကြာချေ ကြွေးကြော်သံများ ကြားရချေပြီ။
လူငယ်အများအပြား လမ်းမပေါ် ထိုင်လျှက် ကားကြီးကားငယ်အသွယ်သွယ်ကာ ယင်းတို့ ဘေးမှ ဖြတ်လျှက် နေကြသည်။
ကားဟွန်းသံ ကျယ်လောင်စွာ ပေါ်ထွက်နေသလို ကားတွင်းမှ ဖြစ်စေ ပြင်ပမှ ဖြစ်စေ လူအများစုမှာ လက်သုံးချောင်း ထောင်လျှက် ။
အားရမိပါဘိ။
လူငယ်များ၏ ရှေ့ဆောင်မှုကား မျက်ရည်ပင် ဝဲမိသည်။မိမိတို့လို လူအများစုမှာ အားနည်းနေချိန် ထိပ်ဆုံးတွင် လူပါတ်ဝန်းကျင် ပေါင်းစုံမှ လူငယ်များကာ အားကျိုးမာန်တက် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြချေပြီ။
လူတန်းစား လူမျိုးမရွေး တန်းစီကာ ပေါင်းစုံ သံပြိုင်အော်ဟစ်သံ ကြားရချေပြီ။အားရှိလိုက်ပါဘိ။
ကားပေါ်က ဆင်းကာ ယင်းတို့နဲ့ အတူ မာန်ချီ ဟစ်ကြွေးချင်မိသည့် အထိ လူငယ်များ၏ ဒီမိုကရေစီအနှစ်သာရအပေါ် ထောက်ခံမူကား ကောင်းလှချေသည်။
"စစ်အာဏာရှင် စနစ် ကျဆုံးပါစေ"
ရဲများကိုလည်း မီးသတ်၊ကားတန်းများနှင့် အပြည့် တွေ့ရချေသည်။
အများစုမှာ ဝတ်စုံအပြည့်နှင့်။
သိပ်မကြာမှီက ဉရောပအကူအညီဖြင့် လေ့ကျင့်ပြီးမြောက်ခဲ့ကြသည့် ရဲအများစုမှာ လူငယ်များကို ထိန်းချုပ်ရန် ပြင်ဆင်နေသည်။
ဒီမိုကရေစီရလာဒ် အမြတ်ရရှိမှု မှာ ပြည်သူကို တန်ပြန်ဖမ်းဆီးရန် ဖြစ်နေလေပြီ။
သို့နှင့်တိုင် လူငယ်များကာ အားမလျော့သွားချေ။မနတ်ကတည်းက ဆန္ဒပြကြသည့် လူငယ်များကာ ဆက်ဆန္ဒပြနေကြသလို ထပ်မံ၍လည်း လူငယ်အများအပြားရောက်ရှိနေကြသည်။
သပိက်ဆင်နွဲနေသည့် လူငယ်များ၏ ပုံရိပ်ကာ အားရမိသည်။ ပါတ်ဝန်းကျင် လူအများစုကလည်း အကူအညီ ပေးရန် အသင့်ရှိနေကြသည့် သဘော။
Covid-19 ကဲ့သို့ ကူးစတ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လူငယ်များ၏ ဆန့်ကျင့်မှုကား ကျေနပ်ဖွယ်။သို့သော်လည်း ကူးစတ်မှု ပြန့်ပွားလာမည်ကို စိုးရိမ်မိသေးသည်။
သူတို့ကာ သေလောက်သည့် ရောဂါထက် သေသည့်အထိ သားစဉ်မြေးဆက် ဆုံးရှုံးရမည့် အခွင့်အရေးကို တားဆီးရန် ပိုကြိုးပမ်းနေကြသည်။
တစိမ့်စိမ့် လူများ တိုးလာနေသလို ကားဟွန်းသံကာ ကျယ်လောင်နေသည်။
အားလုံးကာ ကျေနပ်သည့် အသွင့်၊ရဲရင့်သည့် အသွင် ဖြင့် စစ်အာဏာရှင်ကို စိန်ခေါ်နေချေပြီ။
သမိုင်းတွင်လောက်သည့် နေရာတခု၊လူငယ်သမိုင်း မရိုင်းတော့သလို သမိုင်းခြေရာ ဖြစ်သည့် လှည်းတန်းကာ ရာစုသစ် သမိုင်းကို ဆက်ယူဆောင်နေဆဲ ဖြစ်သည်။
ကျွန်ပ်မှာလည်း သည်တိုင်းနေသည်ကို မနှစ်မြိုတော့သဖြင့် ပါးစပ်မှ အောင်မြင်ပါစေ အောင်မြင်ပါစေ ဟု ဟစ်အော် အားပေးမိသည်။
ရင်ထဲက အသံမို့လား မသိ။
ကျေနပ်ဖွယ် ကောင်းပေစွ။
လက်ဆန့်ရသဖြင့် တုန်လာသည့်အထိ အားပေးမိသည်။
လက်ခုတ်သံ တညံညံ ထွက်ထွက်လာသည့်တိုင် လူငယ်အားမာန်ကာ အပြည့်အဝ နေရာယူထားသည်။ဒေါင်းအလံ တစ်ချို့ ဝေ့ရမ်းနေကြသည်။
သမိုင်းသစ်ကို လူငယ်တို့ အစပျိုးနေကြပြီလော။
လှည်းတန်း အင်းစိန်လမ်းမပေါ် တစ်လျှောက် လူအုပ်ကြီးကာ အနည်းဆုံး ထောင်ကဏန်းပြည့်လာမည် ထင်သည်။ မြင်ရသည့်အရေအတွက်အရ ဂမုန်းပွင့် ကုန်တိုက်မှ လှည်းတန်းမီးပွိုင့်၊လှည်းတန်းစင်တာ အထိ လူအုပ်ကြီးကာ နေရာ ယူထားသည်။
အလားတူ ရဲအင်အားအပြည့်နှင့် ရဲကားများမှာလည်း အနည်းဆုံး အစီး(၂၀)ခန့် ရှိမည် ယူဆရသည်။
ရဲတပ်ရင်း နှစ်ခုစာ ဝင်ထားသည် ဟု ယူဆမိသည်။
သို့သော် အပြန်အလှန် ဦးချိုးနေမှု မရှိကြသေး။ ဆွေးနွေးမှု ရလာဒ်မျကြောင့်လား မသိ မော်တော်ပီကေများက ယာဉ်လမ်းကြောင်း ရှင်းပေးနေသလို ကားများကလည်း ဟွန်းသံ တညံညံပင်။
လူငယ်ဆိုရဝယ် အစုံပင်
ဘဏ်ဝန်ထမ်း၊ဆေးရုံဝန်ထမ်း၊ကုမ္ပဏီ ဝန်ထမ်း၊အရောင်းဝန်ထမ်းမှ အစ အောက်ခြေအထိ အမျိုးသမီး အမျိုးသား ပေါင်းစုံ ပါဝင်နေကြသည်။ ထူးထူးခြားခြား အမျိုးသမီးအင်အားက မသေးလှ။
တိုင်းပြည်အရေး အမျိုးသမီးလူငယ်များ၏ အားအင်ကာ နှစ်သက်စရာပါပေ့။ အလားတူ မနတ်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်မှုကို အမျိုးသမီး နှစ်ဦးက ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။အာဂပါပေ။
ရာဇာဝင်သမိုင်း မရိုင်းရလေအောင် လူပေါင်းစုံ ချီတက်နေကြချေပြီ။
"အရေးတော်ပုံ အောင်ပါစေ"
နိုင်ငံတဝှမ်း အင်တာနတ် ပျောက်ဆုံးမှု ၏ ပထမဆုံး ဆိုးကျိုးကာ သတင်းရရှိမှု ပျောက်ဆုံးသွားခြင်းပင်။
သို့တိုင် ပုံမှန်ပြုနေကြ ည (၈)နာရီတိုင်း သံပုံးခေါက်ခြင်းအမှုကား အေးစိမ့်မသွားသေး။
ယခုည ပိုစောသလို ပိုကျယ်လောင်လာသည်။ ယခုလို တီးရုံနဲ့ နောက်ပိုင်း အေးသွားမှာကို တွေးပူမိသေးသည်။
သို့သော် အာဏာရှင်စနစ်ကို ဆန့်ကျင့်ရန်အတွက် သံပုံးခေါက်သံ ပိုကျယ်လောင်လာသည်။
ကျွန်ပ်ရပ်ကွက်ကာ စောပါပေ။
ည(၇း၄၀)ကျော်ကတည်း စတင် တီးခေါက်ကြတော့သည်။
ကျွန်ပ်မှာလည်း အားကုန်သွန်စိုက် ခေါက်လေရာ ချွေးပင် တဖြိုင်ဖြိုင် ကျဆင်းလေသမုံ။
ကျယ်လောင်ပေးစွ အားရပေစွ။
နိုင်ငံရေးနှင့် ပါက်သက်လျှင် အာဏာရှင် ဆန့်ကျင့်ရေးတွက်ဆိုလျှင် ကျွန်ပ်ရပ်ကွက် လမ်းလေးကာ အားရပါပေ။
လူစုကာ မြိုင်မြိုင်ဆိုင်ဆိုင် တီးနေကြသည်မှာ အာဏာရှင်တို့ ရင်ပူ ဖင်ပူလေမလား တွေးမိသည်။
ည(၈:၃၀)ဝန်းကျင်အထိ တီးဆဲ။
ခလေးများကလည်း တီးကြသည်။
လူငယ်များကလည်း တီးကြသည်။
လူကြီးများကလည်း တီးကြသည်။
ယမန့်နေ့ကဆိုလျှင် သက်ကြီးရွှယ်အို အဘိုးကြီး တစ်ဦးပါ အားရပါးရ လင်ပန်းကို တီးနေသည် ကို တွေ့ရသေးသည်။
ယနေ့ညတော့ ပိုအမြိုင်ဆုံး အသံ ထွက်လာသည်။
ကျယ်လောင်သလို ရှည်လျှားလှသည်။သမိုင်းတွင်ပါစေ။
ညတိက်ဆိက်ချိန် အင်တာနတ်ပြတ်တောက်မှုကာ သတင်းအမှား၊ကောလဟာလများကို ပိုပြန့်ပွားလာစေပြီ ဖြစ်သည်။
ဖုန်းသံများနှင့် စာပို့မှုများကို မြင်လာရသည်။
ကျွန်ပ်လည်း ဆာလှသဖြင့် ပေါင်မုန့်ကြက်ဉကြော်ရန် ပြင်နေစဉ် ညီမတော် တစ်ဦးထံမှ ဖုန်းဝင်လာသည်။
ဒေါ်အောင်ဆန်းစုကြည် လွှက်ပြီ ဟု ဆိုလေသည်။သူမ ရပ်ကွက်ကာ လက်ခုတ်သံ တညံညံဖြင့် ဝမ်းသာနေကြသည် ဟုဆိုသည်။
မိမိ အနေနှင့် သူမပေးရသည့် အင်တာနတ်ကိုပင် မသာထားသည့် စစ်အာဏာရှင်ကာ လွယ်လွယ်လွှက်ပေးရိုး ရှိမည် မထင်။
ရနိုင်သမျ ဆွဲကိုင်ထားမည်သာ။
သို့သော်လည်း ထိုသတင်းကောလဟာလကား ပြန့်ချေပြီ။
ကျွန်ပ်ရပ်ကွက်မှာလည်း လူတွေ လမ်းပေါ် ထွက် အမေစု ကျန်းမာပါစေ ဟု အော်ဟစ်နေကြချေပြီ။
ကျွန်ပ် စဉ်းစားမိသည်။
အသက်(၇၅)နှစ်အရွယ် အမျိုးသမီးအိုကြီး တဦး။ သူ့ဘဝ နှစ်(၂၀)ခန့်ကာ အကျယ်ချုပ်ဘဝ နှင့် နေရသည်။
နိုင်ငံအပေါ် သစ္စာရှိသူ ဟု ဂုဏ်ပြုထားသည့် သူမကို ချစ်ကြသည်ကာ တတိုင်းပြည်လုံး ဆိုရချေမည်။
နေရာတိုင်း ရပ်ကွက်တိုင်း၊လူကြီးလူငယ် ခလေးမရွှေး သူမကို ချစ်မြတ်နိုးကြသည်။ တန်ဖိုးထားကြသည်။
ပြည်သူ ချစ်မြတ်နိုးသည့် ခေါင်ဆောင်ကို ကြက်ဌက်ဖမ်းသည့်အလား လွယ်လင့်တကူ ဖမ်းရဲသည့် စစ်အာဏာသိမ်းခေါင်းဆောင်များ ကို ပြည်သူများ မည်မျ မုန်းတီးနေကြမည်နည်း။
အများပြည်သူ ချစ်မြတ်နိုး တန်ဖိုးထားသည့် အရာကို ဖမ်းဆီးရဲ့သည့် စစ်အာဏာရှင်များ တသက်လုံး လူလုံးလှမည်လော။
မိသားစုဘဝများ၊သားစဉ် မြေးဆက် မျက်နှာငယ်ရမည့် ဂုဏ်ငယ်ရမည့် အလုပ်ကို လုပ်ရဲသည့် အရာကို သတ္တိပေလော။ထိုလုပ်ရပ်ကြောင့် တပ်မတော်ကား မျက်နှာ ပျက်ရုံမက အများပြည်သူက ရွံစရာအဖြစ် သမုတ်ပြုကြလေပြီ။
စစ်မိသားစုဝင်များပင် မချန် အများရှေ့ ဂုဏ်ငယ်ပေရတော့မည်။
ဤသည်ကာ သမိုင်းပေတည်း။
ထိုသမိုင်းကို လျှောက်ရဲသည့် လူမျိုးကို အများပြည်သူ မုန်းတီးရွံရှာကြမည်သာ။ အသက်အရွယ်လည်း ရချေပြီ။
ဘဝနေဝင်ချိန် ကောင်းမည် မဟုတ်ဟု ယူဆမိသည်။
မြန်မာသမိုင်းတွင် စစ်ခေါင်းဆောင်များ ကွယ်လွန်ချိန် မည်သည့် ပြည်သူကမျ ဝမ်းနည်းမျက်ရည် မကျကြချေ။
အတိက်ကလည်း အလားတူ
နောင်တွင်လည်း အလားတူပင် ဖြစ်ချေမည်။
ပိုဆီုးသည်ကာ တပ်မတော် ရှိ လက်အောက်ငယ်သားများပင်သာမက ၎င်းတို့ မိသားစုများပါ ထိလာချေပြီ။ သို့တစေ လုပ်ရဲကြအုန်းမည် သတ်ရဲကြအုန်းမည်ချေသာ။
ဤအခန်းကဏ္ဍကို တိုက်ထုတ်ဖို့ ယနေ့ လူငယ်များ ဆန္ဒပြနေချေပြီ။လက်သုံးချောင်းထောင် ဆန္ဒပြမှု အောင်မြင်ရန် လိုသည်။
ဤပွဲကာ သရေ မရှိချေ။
သူရှုံးလျှင် သေဒါဏ်
ပြည်သူရှုံးလျှင် ကျွန်ခံ ဟုပင် အဆိုပြုနေကြပြီ ဖြစ်သည်။
သမိုင်းအဆုံးကာ မည်သို့ ပုံဖော်လာမည် ကို စောင့်ကြည့်ရန်သာ လိုသည်။
Comments
Post a Comment