ပိုတိုးလာဖွယ် ရှိတဲ့ မူးယစ်လမ်းကြောင်းများ
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်ကြောင့် ဘိန်းဖြူ ပင်မဈေးကွက်တွေ ဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တင်ပို့ရ ခတ်ခဲသွားတာမို့ မြန်မာက ဘိန်းစိုက်တောင်သူတွေ ဈေးကောင်းမရတော့ စိုက်ပျိုးမှု လျော့မယ် လို့ တွက်ဆခဲ့ကြတယ်။
သို့သော် ၂၀၂၀ ခုနှစ်အတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ ရလာဒ်တွေအရ ဘိန်းဖြူထက် WY လို စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမှု ပိုလာတယ်။
ထင်ရှားတဲ့ အချက်က ထုတ်လုပ်တဲ့ စက်တွေ၊နေရာတွေဟာ အထင်ကရ ဖြစ်လာနေပြီး ပမာဏာ စံချိန်တင်မှုတွေနဲ့ ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်။
ဆိုတော့ ရလာဒ်အရ ဘိန်းရာဇာတွေဟာ လုပ်ကိုင်ရ ကြာတဲ့ တဆင့်ချင်း သွားရတဲ့ ဘိန်းဖြူအစား ပေါပေါနဲ့ လွယ်လွယ်ရတဲ့ WY ဈေးကွက်ကို ပိုထုတ်လုပ်လာကြတယ်။ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ မြန်မာပြည်တွင်း သုံးစွဲနေမှု တိုးတက်လာနေရုံမက ပြည်ပဝယ်လိုအားလည်း သိသိသာသာ ကောင်းလာတဲ့ အတွက် ဈေးကွက် ပိုကြီးလာတယ် လို့ ယူဆရမယ်။
ဘာကြောင့်ဆို ၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ လမ်းကြောင်းတွေဟာ ခိုးကြောင်ခိုးဝှတ်သယ်ရုံတင်မက ပေါ်ပေါ်ထင်ထင်ပါ သယ်နေတာတွေ ရှိလာတာ တွေ့ရတာမို့ ခန့်မှန်းပြောရရင် Drug traffic ဟာ အရမ်းကို များနေတယ်လို့ ယူဆရမှာပဲ။
လက်ရှိ အကြမ်းဖက်အဖွဲ့အစည်းက နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာလည်း မူးယစ်ဆေးဝါးဖြန့်ချီတဲ့ ကွန်ယက် ပိုအားကောင်းနေတယ် လို့ ယူဆရတယ်။
ဘာကြောင့်ဆို လူတွေ အပြင်သိပ်မထွက်တာရယ်၊ခရီးသွားလာမှု နည်းပေမယ့် ကုန်တင်ယာဉ်အများစုကတော့ လွက်လပ်စွာ သွားနေကြတာတွေ့ရလို့ပါ။
အချို့နေရာတွေမှာ ငွေပေးရင် အဆင်ပြေတဲ့ အနေအထားဖြစ်သလို တရားဉပဒေစီုးမီုးမှု မရှိတော့တဲ့အတွက် အလွယ်တကူ ဝင်ထွက်ဖို့က လွယ်နေတယ်။
မြန်မာက ထုတ်တဲ့ စိတ်ကြွရူးသွပ်ဆေးဝါး အဓိကဝယ်တဲ့ နိုင်ငံတွေက ထိုင်း၊တရုတ်၊မလေးရှားနဲ့ ဘင်္ဂလားဒခ်ျ တို့ ပါဝင်နေတာ စစ်တမ်းတွေမှာ တွေ့ရတယ်။
၂၀၁၀ တုန်းကတောင် မြန်မာဟာ ထိုင်းကို WY ဆေးပြား တစ်ဘီလီယံကျော် တင်ပို့ခဲ့တယ် လို့ ဖော်ပြထားကြတာမို့ လက်ရှိကာလတွေမှာ မလျော့သောနှုန်းထားနဲ့ သွားနေတယ် လို့ ဆိုရမယ်။
သတင်းတွေအရ အရှေ့တောင်အာရှနိုင်ငံတွေဟာ WY တင်ပို့မှုကနေ တစ်နှစ်ကို အမေရိကန်ဘီလီယံ(၆၀)ကျော် ရရှိနေတယ် လို့ ခန့်မှန်းထားတယ်။
အဲထဲက သုံးပုံ တစ်ပုံ ဖြစ်တဲ့ ဘီလီယံ(၂၀)လောက်ဟာ မြန်မာက ရရှိနေတယ် လို့ ယူဆမိတာပဲ။
ဆိုတော့ မြန်မာဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ(၂၀)လောက် ငွေမည်း ရနေတဲ့ သဘောပဲ။
မြန်ာနိုင်ငံရဲ့ပျမ်းမျ ဘိန်းထွက်ရှိမှုမှာ ၂၀၁၉ ခုနှစ်က (၁၆၅) တန် ထွက်ရှိမည် လို့ ခန့်မှန်းထားကြပြီး ဘိန်းဖြူအဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် ပြည်တွင်းသုံးစွဲမှုအတွက် (၇.၆)တန် ခန့် ဖြစ်ပြီး ပြည်ပကို တင်ပို့မှုမှာ တန်(၂၀)မှ (၄၅)တန် အထိ ရှိဖွယ် ရှိတယ်လို့ UNODC က ခန့်မှန်းထားပါတယ်။
ရွှေတိဂံဒေသကနေ တစ်နှစ်ကို ဘိန်းဖြူကနေ ရရှိငွေဟာ အမေရိကန်ဒေါ်လာ(၁၀)ဘီလီယံ ခန့် ရရှိတယ် လို့ မှန်းထားကြတယ်။
ဒါဟာ ဘိန်းဖြူ ထွက်ရှိမှု ပမဏာဖြစ်ပြီး WY လို ဆေးပြားတွေက ယင်းထက် (၁၀)ဆ မက များပြားလောက်တယ်။
ထုတ်တဲ့ စက်တွေရှိရင် ဘယ်နေရာမဆို ထုတ်လုပ်နိုင်တဲ့ ဒီဆေးပြားတွေဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင် ဒေသတချို့မှာ အကြီးအကျယ် ထုတ်နေကြတာ ဖြစ်ပါတယ်။
ယခင်က သွားလာရေးအကန့်အသတ်ကြောင့် ဖမ်းဆီးမှုတွေ ရှိနေပေမယ့် လက်ရှိ စစ်အကြမ်းဖက်အဖွဲ့လက်ချက်ကြောင့် သေလျှင် မြေကြီး ရှင်ရင် ရွှေထီး ဆိုကာ အချီကြီးတွေ ကြံနေကြဟန်တူတယ်။
ဘာကြောင့်ဆို သွားလာတက်တဲ့ လမ်းကြောင်း တစ်လျှောက်မှာ တပ်ဆင်ထားတဲ့ စက်တွေ အလုပ်မလုပ်တာ တွေ့ရသလို မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ သတင်းတွေလည်း မတွေ့ရတော့လို့ပါ။
ဆိုတော့ ရှမ်းပြည်နယ်ကနေ ထွက်ရှိနေတဲ့ ဘိန်းဖြူအပါအဝင် WY ဆေးပြားတွေဟာ လက်ရှိကာလမှာ အေးအေးဆေးဆေး အပြင်ကို ထွက်နေတယ် လို့ ယူဆမိတယ်။
တစ်နှစ်ကို ပျှမ်းမျ အမေရိကန်ဒေါ်လာဘီလီယံ(၃၀)လောက် ငွေမည်း ထွက်နိုင်တဲ့ မူးယစ်ဆေးဝါး ဈေးကွက် ၂၀၂၁ မှာ စံချိန်တင် ထွက်ရှိမှုတွေ ဖြစ်လာနိုင်ကြောင်း သုံးသပ်မိတယ်။
ICE ဈေးကွက်ကတော့ လက်တလော အားနည်းသွားတယ် လို့ ယူဆမိတယ်။ ထွက်တော့ ထွက်နေပေမယ့် အဲထက် WY က ပိုအလုပ်ဖြစ်နေတဲ့ သဘောပဲ။
မူးယစ်ဆေးဝါးလမ်းကြောင်းတွေ ပုံမှန်လမ်းကြောင်းတွေကနေ သွားလာနေဖွယ် ရှိပြီး အနည်းငယ် သွားလာနေတာထက် ဘိန်းရာဇာတွေ စုပေါင်းကာ ကုန်တင်ယာဉ်တွေနဲ့ သွားလာနေတယ် လို့ ခန့်မှန်းရတယ်။
အဓိက ဘင်္ဂလားဈေးကွက်၊မလေးရှားဈေးကွက်တွေ အပြင် ထိုင်းနဲ့ လာအိုဘက်တွေကနေ အသွားအလာ ရှိမယ် သဘောပဲ။
ပြောရရင် နယ်စပ်က အကြမ်းဖက်ဩဇာခံအချို့ ငွေကြေးချမ်းသာမှု ကြွယ်ဝမှု တိုးတက်လာမယ် လို့ ခန့်မှန်းရတယ်။
ဒီကာလမှာ အကျိုးတူတောင် ဖြစ်နေကြမလား မပြောတက်ပါ။
နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတောင် ဒေါ်လာ(၆)ဘီလီယံဝန်းကျင်ပဲ ရှိတာပါ။
ကုန်သွယ်မှုကတောင် (၁၁)ဘီလီယံလောက်ပဲ ရှိတာပါ။
ဆိုတော့ ဒါတွေထက်တောင် ပိုများနေတဲ့ သဘောပဲ။
လက်ရှိကာလမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု Traffic ပိုများမယ်ဆိုတာ သေချာတယ်။
နယ်စပ်ကနေအပြင် ရန်ကုန်နဲ့ ရခိုင်ကို တင်ပို့မှုလည်း ပိုများမယ့် သဘောပဲ။
မူးယစ်ကနေရတဲ့ ငွေတွေကများ တိုင်းပြည်လည်ပတ်နေတော့မလား မသိရ။
စိတ်ပျက်စရာပါ။
တွေးမိတွေးရာ
မောင်ချင်း
၂၈.၃.၂၀၂၁
Comments
Post a Comment