ထူးခြားမှုတွေနဲ့ ၂၀၂၁ခုနှစ်ရဲ့ ဇွန်လ

UNဆုံးဖြတ်ချက်

ဗဟိုဘဏ်က ကျပ်ဘီလီယံ(၅၀၀)ကို ပြီးခဲ့တဲ့ ဇွန်လ(၁၅)ရက်နေ့က လေလံတင်ရောင်းချတယ်။
(၁၇)ရက်နေ့ စာရင်းရှင်ပေးရမယ် ပြောထားတယ်။

အလားတူ NUG အစီုးရကလည်း ဒီလိုကာလမှာ မဝယ်ယူကြဖို့ ထုတ်ပြန်ထားတယ်။

ဆိုတော့ ဘယ်လောက်ရောင်းရတယ် ဆိုတာ ထွက်မလာဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျပ်ဘီလီယံ (၂၀၀)ကျော် ရောင်းတာ  တစ်ဘီလီယံလောက်သာ ရောင်းရတယ်။

အခု ကျပ်(၅၀၀)ဘီလီယံမှာ ဘယ်လောက် ရောင်းရလဲ ဆိုတာ ထွက်မလာပုံအရ မရောင်းရလို့များလား။

အမှန်ရောင်းရတယ် ဆိုရင် ထွက်လာလောက်တယ်။ 
စနေ၊တနင်္ဂနွေ ကြားခံနေလို့များလား။

ငွေမည်တွေတောင် အဖြူဖြစ်ချင်ရင် (၃)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်း ပေး လုပ်ခိုင်းတဲ့ ငွေတွေ မစီးဝင်လာလို့များလား။

ကြည့်ရတာ မှောင်ခိုသမားတွေ မှုးယစ်ရာဇာတွေပါ ဘဏ်မှာ ငွေမအပ်ကြတော့ဖူး ထင်။

ထူးခြားချက်တွေ ပြောရမယ် ဆိုရင် NUG ဘက်‌ကနေ လုပ်ဆောင်နေမှုတွေဟာ သုံးပုံ နှစ်ပုံ အောင်မြင်နေပြီ ပြောတယ်။

UN မှာ မြန်မာ့အရေးနဲ့ ပါက်သတ်ပြီး အဆိုတချို့ အောင်မြင်တယ်။ အရေးသိပ်မပါလှပေမယ့် ထိရောက်တယ်။

မအလ အဖွဲ့က ကန့်ကွက်စာ  ထုတ်ပြန်ရတယ်။
ဒီနေ့တော့ မအလသည် ရုရှားကို သွားတဲ့ သတင်း ထွက်လာတယ်။
ကြည့်ရတာ လက်နတ်အရောင်းအဝယ်ကိစ္စတွက်ပဲ ဖြစ်ရမယ်။
ပြီးခဲ့တဲ့ လအတွင်း မအလ အဖွဲ့အစည်းက အကောင်ကြီး တစ်ကောင် လက်နတ်ဝယ်ယူဖို့ သွားတယ်။

အခုက UN သဘောတူညီချက်ရယ် ရပြီးနောက် မအလ ကိုယ်တိုင် သွားရခြင်းသည် ရုရှားကို ဖားဖို့နဲ့ လက်နတ်ဝယ်ယူရေးကိစ္စအတွက်ပဲ နေမယ်။

သတင်းတွေအရ ရုရှားထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် အချို့နဲ့ ကာကွယ်ရေးပစ္စည်းတွေ လို့ ဆိုတယ်။

ဒီပုံစံ မြင်ရတာ ဆီးရီးယား အာဏာရှင် သမ္မတ အာဆက် ဟာ ရုရှားသွားတဲ့ ကိစ္စလိုမျိုး ပဲ။ ဆီးရီးယားကတော့ ရေနံ မတ်လုံးပေးပြီး ရုရှားကို ခေါ်သွင်းတာပဲ။

မအလကကော ဘာမတ်လုံး ပေးမှာလဲပေါ့။
ကြည့်ရတာ ကိုယ်တိုင်သွားရခြင်း ပုံစံအရ ပြည်တွင်းမှာကော နိုင်ငံတကာမှာပါ အရေးမလှတဲ့ သဘောပဲ။

ကနဦး အာဆီယံနဲ့ တရုတ်ကို  ဆွဲယူမယ့် အသံထွက်သော်ငြားလည်း မျော်လင့်သလောက် အလုပ်မဖြစ်ဟန် တူတယ်။
ဆိုတော့ အာဏာရှင်နိုင်ငံတွေ ဟန်အတိုင်း ရုရှားပြေးကပ်တာပေါ့လေ။

ဒါကြောင့် ကိုယ်တိုင် Marketing ဆင်း ၊ပစ္စည်း ဝယ်ပြရတာပေါ့လေ။ အကူအညီသွားတောင်းတဲ့ သဘောပဲ။

ရုရှားသမ္မတ ပူတင်းနဲ့တောင် တွေ့ကြလေမလား။ ကြည့်ရတာ ရနိုင်တဲ့ အခြေအနေကြောင့် ကိုယ်တိုင်သွားတာပဲ။

ပြီးရင် ဘီလာရုဒ် ကို ဝင်မယ် ထင်တယ်။
သူ့အတွက် လက်နတ်ဝယ်တဲ့ နိုင်ငံဘဲလေ။

မှန်းစရရင် အခတ်အခဲတွေ အတော်ကြုံလာနေပြီ ဆိုတာပဲ။

အရင်က တရုတ်သံအမတ်နဲ့ မအလ တွေ့ကြတယ်။ နောက်တော့ မောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်။
တရုတ်ကတော့ ကူဖို့ အသံပစ်ပြတယ်။

ဆိုတော့ အခုတကြိမ်က ရုရှားဆီ သွားပြီး အကူညီတောင်းပုံပဲ။ ပြေးဖို့အတွက်များ ပြင်ဆင်လေသလားပဲ။

ဒီရက်ပိုင်း Covid-19 ဖြစ်တာ ပိုများလာတယ်။ နောက် ဗုံးတွေ UPGRADE လုပ်တာ ပိုကောင်းလာတယ်။
ခွေးတွေ သံစကာနဲ့အထိ ဖြစ်လာတယ်။

ငွေကြပ်တည်းနေကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တွေ အရ သိလာရတယ်။ ဘဏ်တွေတော့ ဓားစာခံပဲ။
ဆက်ဖြစ်နေရင် ဒီနှစ်အတွင်း အခြေအနေ ဆီုးလိမ့်မယ်။

ပြည်တွင်းမှာ ဆင်းရဲမှု တိုးလာတယ်။အလုပ်လက်မဲ့ များလာတယ်။အာဏာရှင်ကို တိုက်ထုတ်မှ ရမယ် ဆိုတဲ့ အတွေး လူ‌တိုင်း တွေးလာတယ်။
အခွန်ကိစ္စ

ကယား နဲ့ ချင်းမှာ ခွေးတွေ ပိုတိုးထားလာရတယ်။ အရင်ကဆို ဒီနယ်မြေတွေဟာ စစ်ပွဲကင်းပြီး လွှက်လပ်ရေးရတဲ့ နယ်မြေတွေ။

အင်အားတွေ တိုးချဲ့လာရုံနဲ့ မရ မနိုင်တော့ ပြည်သူစစ်တွေ ခေါ်လာတယ်။ ဒလန်တွေ အရှင်းခံရတာ ပိုများလာတယ်။

D-Day အသံ ထွက်လာတယ်။
မီုးရာသီ မကျော်ဖူး ဆိုလို့ ဆိုနေကြတယ်။
တကယ်ဖြစ်ရင် ပြေးသူ ပိုများလာနိုင်တယ်။ အခုတောင် သက်ကြီးတွေ ပိုများတယ်။ကြုံနေရတဲ့ စစ်မျက်နှာပြင်တွေက အရင်တုန်းကလို ရှမ်းတောင်ကုန်းတွေ၊ကရင်တောင်ကြားတွေ မဟုတ်ပဲ အသစ်တွေ။

KIA က အလုပ်အတော်ဖြစ်တာ တွေ့ရတယ်။ အသံမထွက်ပေမယ့် သူနယ်မြေ၊ဩဇာက ကချင်ပြည်နယ်ကို ကျော်ပြီး ပြည်မအထိ ပေါက်ရောက်လာတယ်။ရှမ်းမြောက်မှာလည်း ဩဇာလွမ်းမိုးမှု အားကောင်းလာတယ်။

KNUကတော့ သွားနေတဲ့ လမ်းကြောင်းတွေ မတူသေးပေမယ့် အလုပ်ဖြစ်နေဆဲပဲ။
သတင်းတွေ ဖတ်မိသလောက် ခွေးတွေ မြေဩဇာ ဖြစ်ကုန်တာ မနည်းလှ။
သူတို့လည်း ချိန်ကြည့်နေကြပုံအရ မကြာခင် အသံတွေ ကြားရလာနိုင်တယ်။

တနိုင်ငံလုံး အနှံ PDF တွေ တိုးလာတယ်။အဖွဲ့တွေ အတော်များလာတာ တွေ့ရတယ်။

အဖွဲ့များလာသလို လက်သွတ်တာလည်း တွေ့ရ၊ တချို့ အခြေအနေတွေမှာ ပွက်တိုက်သံလည်း ကြားရတယ်။NUG အနေနဲ့ အချိန်မှီ ထိန်းပြီး စစ်အာဏာရှင်ကို အရင်တော်လှန်ကြဖို့ ကနဦး တိုက်တွန်းသင့်။

88 တွေ ထောင်ထားတဲ့ NDF လို အဖွဲ့အစည်းကနေလည်း သင်တန်းဆင်းတွေ များလာတယ်။NUG အောက်မှာ နေမယ် ပြောထားတယ်။

NUG က တဆင့်ချင်းသွားတာ အလုပ်ဖြစ်လာတယ်။လေထဲက ကောင်က အခုတော့ ပိုမြိုင်လာတာပဲ။

အာဆီယံမှာ မြန်မာ့အရေးနဲ့ ပါက်သတ်ပြီး သဘောထားကွဲလာတယ်။

စားအုန်းဆီမှီခိုနေရတဲ့ မလေးရှားက ကန့်ကွက်လာတယ်။ 
နိုင်ငံတခုကဆို အာဆီယံကနေ ပထုတ်ဖို့အထိ အသံဟစ်လာတယ်။
 
UNမှာ လုပ်နေတဲ့ ကိစ္စ တဆင့်ချင်း နှေးပေမယ့် သွားနေတာ အောင်မြင်လာတာ တွေ့ရတယ်။ကမ္ဘာကြီးက ဘယ်ဘက်နေမှာလည်း ဆိုတာ တွေ့ရလောက်တယ်။

တရုတ်ကတော့ သာသူ ဆက်ယိမ်းကမှာပဲ။
ဆိုတော့ မအလကတော့ ရုရှားကို ပြေးကပ်နေပြီ။ 

ဘာဆက်ဖြစ်မှာလဲ မေးကြရမှာပဲ။
ပြည်သူတွေကတော့ ခွေးတွေကို အတော်မုန်းတီးရွှံရှာနေကြပြီ။ 

ဘောမတွေနဲ့လည်း ယဉ်တွဲနေထိုင်လို့ မရမှန်း တွေးကြပြီမို့ ဒီတိုက်ပွဲဟာ အဆုံးထိ သွားကြမှာပဲ။

မီးကျည် ဖောက်ပြီဟေးဆို ကူကြမယ့်သူတွေ မနည်းလောက်။ 

NUG ကတော့ တဆင့်ပြီး တဆင့်သွားမယ် လို့ ဆိုတယ်။ တိုင်းရင်းသားအဖွဲ့တွေ ညီညွက်ကြရင် သာ၍ ကောင်းပါတယ်လေ။

အမြန်ပြီးဖို့ဆို လူထုတစ်ရပ်လုံး ပါဝင်ရင် အကောင်းပေါ့လေ။ တစ တစ နဲ့ဆိုရင် ရှည်ကြာမှာပဲ။

ဗီယက်နမ်တောင် ပြည်တွင်းစစ်က (၉)နှစ်ကျော် ကြာပြီးမှ အဆုံးသတ်တာပါ။
မြန်မာက ပြည်တွင်းစစ် နှစ်(၆၀)ကြာပြီ။

ဒီတချီက အဆုံးသက်ကောင်း တခု ဖြစ်လာသလို ငြိမ်းချမ်းရေးနမိက်အစလည်း ဖြစ်တယ်။

ဒီပွဲပြီးရင် အဆုံးသတ်လောက်ပါရဲ့။

ခွဲရေး တွဲရေးကတော့ ပြည်သူဆန္ဒအလေးထားကြပေါ့ဗျာ။

တွေးမိတွေးရာ
မောင်ချင်း

၂၀.၆.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး