ရိုက်ချိုးခံလိုက်ရတဲ့ တိုင်းပြည်စီးပွားရေး

တိုင်းပြည်စီးပွားရေးကတော့ အညွန့်တက်ခါစ အရိုက်ချိုးခံရပြီမို့ ကောင်းလာစရာ လမ်းစ မမြင်တော့ပါ။ ပညာရှင်တွေကလည်း အသံတောင် မထွက်တာမို့ ကိုယ်သိသလောက် ချပြပါမယ်။

စီးပွားရေးကဏ္ဍကတော့ အနှိမ့်ဆုံးအဆင့်ရောက်သွားတာအမှန်ပါ။

စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ တိုင်းပြည်တိုးတက်မှုဟာ ချောက်ထဲ ကျစေတဲ့ ဖြစ်ရပ်ပဲ။ သူတို့က စီးပွားရေးပြန်ကောင်းအောင် ဖန်တီးပေးနိုင်မယ်လို့လည်း အယုံအကြည်မရှိပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာတော့ဖူး။ အထူးသဖြင့် အနောက်နိုင်ငံတွေဆီက ။

သူတို့ဟာ စင်္ကာပူကို အခြေတည်ပြီး လာကြတာ။ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က စပြီး စင်္ကာပူဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ခဲ့တယ်။
ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ၃ နှစ်ဆက် ရှိလာနေတာဟာ
အနောက်နိုင်ငံကနေ လာကြတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။

သတိပြုရမှာက မြန်မာနိုင်ငံက ပညာတက်လူငယ်တွေ အတော်များများကို လခကောင်းကောင်း ပေးထားတာဟာ အနောက် အခြေစိုက် ကုမ္ပဏီတွေပါ။

၂၀၁၈ ခုနှစ်ကစပြီး ခြေလှမ်းကောင်းလာတဲ့ အနောက်ဘက် ခြေလှမ်းတွေဟာ စစ်တပ် အာဏာရှင်တွေကြောင့် တခန်းရပ်တော့မှာ ပါ။

ပြီးတော့ အဆင်မပြေရင် ဒီရောက်နေတဲ့ လုပ်ငန်းတွေတောင် ပြန်ဆုတ်ခွာနိုင်ခြေရှိတယ်။ အနောက်နိုင်ငံတွေက လုပ်ငန်းတွေဟာ နည်းပညာ၊ပညာရေး တွေနဲ့ စီမံခန့်ခွဲမှုတွေကို အဓိကထား လာကြတာ ဖြစ်တယ်။

နှစ်စဉ် ဒေါ်လာ(၅)ဘီလီယံကျော် ဝင်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုဟာ အခြေခံအဆောက်အဉီးတိုးတက်ရေးအတွက် လာကြတာ များပါတယ်။
မြန်မာဟာ အခြေခံအဆောက်အဉီး တိုးတက်မှု မရှိတာ နှစ်(၂၅)ကျော်လောက် ရှိနေပြီး အထူးသဖြင့် လျှပ်စစ်မီး၊သယ်ယူပို့ဆောင်ရေး၊ဆက်သွယ်ရေးနဲ့ မြို့ပြဖွံဖြိုးရေးတွေပါ။

တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒေါ်လာ(၅)သန်းအောက် လုပ်ငန်းတွေ ဖြစ်ပြီး အဓိကက ဉရောပ GSP ကြောင့် အလုပ်သမား ဈေးပေါတဲ့ နေရာ အဖြစ်သတ်မှတ်ကာ လာလုပ်ကြတာ ဖြစ်တယ်။

တကယ်လို့ ဉရောပက GSP အခွင့်အရေးကို ဖယ်ရှားလိုက်ရင် တရုတ်တွေတောင် ပြန်ကြမှာပါ။

GSP ဆိုတော့ အနောက်နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို အခွန်ကင်းလွတ်ခွင့် ပေးတဲ့ အခွင့်အရေး ဖြစ်ပြီး မြန်မာဟာ ဒါကြောင့် အထည်ချုပ်ဝင်ငွေ ဟာ အခြေခံလူတန်းစားတွေအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီ ရှာဖွေပေးနိုင်ခဲ့သလို မြန်မာနိုင်ငံ အထည်ချုပ်လုပ်သား (၅)သိန်းကျော် အပါအဝင် ဆက်စပ် လုပ်သား(၁.၅)သန်းလောက် လုပ်ကိုင်နေတဲ့ ကဏ္ဍ ပျက်သုန်းဖို့ပဲ ရှိပါတယ်။

၂၀၀၃ တုန်းက ဒီလို GSP ရုပ်သိမ်းတာကြောင့် အထည်ချုပ်လုပ်သားများစွာ ဘဝပျက်ခဲ့ရပြီးပါပြီ။

နောက်တခုက ပညာတက် အသိုင်းအဝိုင်းတွေ မှီခိုရာ နိုင်ငံတကာ လုပ်ငန်းကြီးတွေပါ။ ပညာရေးအရည်အသွေးကြောင့် တဖြေးဖြေး ဝင်ငွေကောင်းလာကြတာမို့ ဒါနဲ့ ဆက်စပ်ပြီး ဖျော်ဖြေရေးလုပ်ငန်းတွေ ဝင်ငွေကောင်းလာတယ်။
အထူးသဖြင့် ဘားတွေ၊ကလပ်တွေဟာ တဖြေးဖြေး အဆင့်မြင့်လာသလို ရန်ကုန်လို နေရာမျိုးမှာ ဝင်ငွေရလမ်းကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်လာတယ်။

ဒါအပြင် ကွန်ဒို အိမ်ရာ အဌားဈေးကွက်ကောင်းလာပြီး နိုင်ငံခြားသားဈေးကွက် ပါ ရလာတာကြောင့် အိမ်ဌားဝင်ငွေတွေ ကောင်းခဲ့တယ်။ အခုတော့ ပြန်ပြုက်ကျတော့မှာပါ။
မြန်မာနိုင်ငံမှာ Apartment ကောင်းကောင်းဌားတာ အနောက်နိုင်ငံသားတွေပါ။ တရုတ်တွေ နိုင်းဂျီးရီးယားတွေကတော့ တဲဆိုတောင် ဈေးသက်သာတာ နေမှာပါ။

နောက်တခု နိုင်ငံခြားသား အိမ်ပိုင်ဆိုင်ခွင့် တွေ အနာဂါတ်တိုးတက်လာမည့် အခြေအနေတွေကြောင့် အိမ်ယာစီမံကိန်းတွေ အများကြီး ပေါ်ထွက်လာခဲ့တယ်။ အများစုက ဘဏ်စနစ်သုံးပြီး ရေရှည် ရောင်းချနိုင်ဖို့ပါ။ အခုတော့ ဒီဈေးကွက်ကိုပါ အာဏာရှင်တွေ ရိုက်ချလိုက်တာ ဖြစ်တယ်။

ရေရှည်မှာ ဘဏ်ကို အတိုးမပေးနိုင်တာ၊အိမ်ရာတွေ မရောင်းရလို့ အရှုံးပေါ်တာတွေ ဖြစ်လာမှာပါ။ဒါက ဘဏ်တွေအပေါ် ဖိအားရှိပါတယ်။Covid ကာလမှာတောင် သူတို့ ဒုက္ခရောက်နေတာ စစ်အာဏာရှင်စနစ်ဆို သေဖို့သာ ပြင်ပေးတော့ပေါ့။
မကြာမှီ ဒီရလာဒ်တွေ တွေ့ရတော့မှာပါ။

ဆက်သွယ်ရေးနဲ့ အင်တာနတ် ကောင်းတဲ့ အတွက် Digital Platform တွေ ထွန်းကားလာတယ်။အင်တာနတ်ကို အသုံးပြုပြီး လုပ်ငန်း လုပ်တာ ခောတ်ကောင်းလာတယ်။
ဘဏ်လုပ်ငန်းတွေကအစ ချေးငွေ၊ပစ္စည်းရောင်းအထိ ဝန်ဆောင်မှု ကောင်းလာတယ်။
လက်ရှိ အခြေအနေမှာတော့ ဒါဟာ Zero ဖြစ်နေပြီ။
အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေတောင် အလုပ်မဖြစ်တော့တာပါ။

ဘဏ်တွေကို လူတွေ ယုံကြည်လာတာ လက်တွဲလာတာ နှစ်အပိုင်းအစ တချို့သာ ရှိပါသေးတယ်။နိုင်ငံလူဦးရေ(၂၀)ရာခိုင်နှုန်းတောင် မရှိသေးပါ။သို့သော် တိုးတက်ဖို့ ကြံဆောင်နေဆဲမှာ အရိုက်ချိုးခံလိုက်ရတာပဲ။

နောက်တခု ခရီးသွားကဏ္ဍ။
မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်က (၄.၅)သန်းကျော် လာပါတယ်။ ၂၀၂၀ မှာတော့ ကိုဗစ်ကြောင့် တစ်သန်းလောက်ပဲ လာတယ်။
အခု မြန်မာဟာ မသွားသင့်တဲ့ နိုင်ငံအဖြစ် ကြော်ညာလိုက်တယ်။ တကယ်တမ်းကျ အမေရိကန်နိုင်ငံသားတွေ လာလည်တာသိန်းကဏန်းတောင် မရှိပါ။

သို့ပေမယ့် အမေရိကန်က မသွားရဆိုတဲ့ အတွက် တခြားနိုင်ငံတွေပါ လာရောက်မှု ရှိတော့မှာ မဟုက်ဘူး။

မြန်မာကို အများဆုံး လာတာ တရုတ်နဲ့ ထိုင်းပါ။ တရုတ်ဟာ ငွေအသုံး အရမ်းနည်းပါတယ်။ ထိုင်းကျတော့ ဘာသာရေးနဲ့ လာကြတာ များတယ်။

တရုတ်ဆို Zero Budget နဲ့ လာတက်ကြလို့ ပြောခဲ့ရတာတွေတောင် ရှိတယ်။
ပို‌ဆီုးတာက တရုတ်ယွမ်ဟာ တရားဝင် လုပ်ခွင့် မပေးသေးပါ။ မြန်မာ အသုံးများတာ ဒေါ်လာပါ။တရုတ်တွေက ယွမ် သို့ wechat pay တွေ ကိုင်ကြတာပါ။သူတို့ဆီက ငွေရဖို့ကလည်း ခတ်ခဲပါတယ်။

ဆိုတော့ အနောက်နိုင်ငံက ခရီးသွားတွေကသာ တိုင်းပြည်ဝင်ငွေ အများဆုံး ရှာပေးနေတာ ဖြစ်တယ်။သူတို့ မလာရင် ဝင်ငွေ လျော့ကျသွားမှာပါ။

ခရီးသွားကဏ္ဍ ကောင်းလာတာမို့ ဒီကဏ္ဍမှာ လုပ်ကိုင်သူ ၊ဆက်စပ် လုပ်ငန်းတွေ အပါအဝင် အနည်းဆုံး လူတစ်သန်းကျော် ရှိပါတယ်။

မြန်မာဟာ နှစ်စဉ်ရည်မှန်းချက်အရ ခရီးသွားဧည်သည့် (၅)သန်းလောက် ရလာဖို့ မျော်ထားတာပါ။ အခုတော့ ပလုံပါပြီ။

ဂျပန် နဲ့ တောင်ကိုးရီးယားအကူအညီတွေဟာ တိုင်းပြည်ဖွံဖြိုးရေးအတွက် အဓိက ကျပါတယ်။ ဂျပန်ဆို အစီုးရ ဖိတ်ခေါ်ချက်နဲ့ ရောက်လာကြတဲ့ လုပ်ငန်းတွေ များတယ်။ သူတို့ကိုယ်တိုင် Marketing ဆင်းပေးတာပါ။ အအောင်မြင်ဆုံးက သီလဝါပေါ့။ မကြာမှီ မွန် နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်းကို သူတို့ target ထားတယ်။

အခုလို စစ်အာဏာသိမ်းမှုကြောင့် သူတို့အမတ်တွေကိုယ်တိုင် ကန့်ကွက်နေပြီ။ဂျပန်ဟာ စစ်အစီုးရတွေ ချန်ထားတဲ့ အကြွေးတွေကို ဒီမိုကရေစီအသွင်ကူးပြောင်းမူကြောင့် ပြန်မဆပ်ခိုင်းတော့သလို နောက်ထပ် ချေးငွေ တွေ အတိုးနှုန်း သက်သက်သာသာနဲ့ အများကြီး ချပေးခဲ့တယ်။ အခုတော့ စစ်ဗိုလ်ချူပ်တွေဟာ ကိုယ်ကျေးဇူးရှင်ကို ပြန်တံထွေးထွေလိုက်သလိုပါပဲ။

ဂျပန်ဆီက အကူအညီတွေ တချို့ ရပ်သွားနိုင်တယ်။အထူးသဖြင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေပါ။ ပစ္စည်းမှန်ရင် ဂျပန်ကျတောင် ကြိုက်တဲ့ မြန်မာတော့ အနာဂါတ် သွားတာပဲ။
တောင်ကီုးရီးယားဟာလည်း နောက်မှ လာပေမယ့် အကျိုးပြုတာ များတယ်။ စစ်တပ်ကိုတောင် သင်္ဘောတည်ဆောက်ပေးခဲ့တယ်။ ဒလ တံတားစီမံကိန်း လုပ်တယ်။ ရန်ကုန်မှာ ကိုးရီးယားစက်မှုဇုန် လုပ်တယ်။
လက်ရှိ ပုံစံအရ လာကြတော့မည် မထင်ပါ။ ဈေးကွက်မရှိတော့တဲ့ မြန်မာမှာ လာတာ အချည်းနှီး ဖြစ်မှာပါ။
ဆိုတော့ လာမည့် ငါးနှစ်အတွင်း ဂျပန် နဲ့ တောင်ကိုးရီးယား လုပ်ငန်းတွေ လာရင် ရလာမယ့် အလုပ်အကိုင်အခွင့်အလမ်း သန်းချီး ပျောက်ဆုံးသွားတာပဲ။
မြန်မာဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် နှစ်စဉ် အလုပ်အကိုင် သိန်းချီ ရနေတာပါ။
ဒါကြောင့် နယ်က လူတွေ မြို့ပြပေါ် ရောက်လာကြတာ များတယ်။

ပညာရေးအပေါ် စိတ်ဝင်စားမှု အားကောင်းလာတယ်။ကျွမ်းကျင်မှုကို ဦးစားပေးလာတယ်။ဒါဟာ အလုပ်အကိုင်အခွင့်အလမ်းကြောင့်ပါ။အခုတော့ အနာဂတ် လူငယ်တွေရဲ့ အိမ်မတ်တွေကိုပါ စစ်တပ်က ရိုက်ချိုးလိုက်တာပဲ။

မြန်မာနိုင်ငံမှာ နှစ်စဉ် ဘွဲ့ရလူငယ် သိန်းချီ ထွက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အထိ ဘွဲ့ရလူငယ်အများစုဟာ အနာဂါတ် မရှိဘူး။ အာမခံချက် မရှိဘူး။ လခနည်း အလုပ်လေးတွက် အောက်ကျခံနေရတယ်။ လစာမရပဲ သုံးလ လေးလ လုပ်ရတဲ့ အခြေအနေကနေ လက်ရှိ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတွေကနေ အလုပ်ရနိုင်တဲ့ အခြေအနေကို ရိုက်ချိုးလိုက်တာပဲ။

နည်းပညာကဏ္ဍပိုင်းကတော့ သိတဲ့ အတိုင်း စီးပွားရေးလုပ်ငန်းတွေ လူတွေ အသင်းအဖွဲ့အစည်းတွေ ကန့်ကွက်တဲ့ ကြားက Cyber law ကို ပြဠန်းလိုက်တယ်။စစ်အာဏာရှင်ဆိုတာ အဲလိုမျိုးကို ခေါ်တာ။

နှစ်ပါတ်ကျော်ကာလအတွင်းမှာကို လူတွေရဲ့ လွှက်လပ်စွာ ပြောဆိုခွင့်၊ရေးခွင့်၊နေခွင့်တွေ ပျောက်ဆုံးသွားတယ်။
လုပ်ချင်တာကို လုပ်သွားတယ်။

သူတို့ လုပ်တာ အမှန်လို့ နှစ်(၇၀)ကျော် ထင်တိုင်း ရမ်းကြ ပြည်သူကို နှိပ်စတ်တာ အခုထိ အမှန်လို့ ထင်ကြတုန်း။
နောက်စီးပွားရေး တခု အိန္ဒိယပါ။အိန္ဒိယဟာ software ပိုင်းနဲ့ အင်ဂျင်နီယာပိုင်းမှာ ထိပ်တန်းနိုင်ငံပါ။ သူတို့ဆီက အရင်းအမြစ်တွေဟာ မြန်မာနိုင်ငံဖွံဖြိုးမှုအတွက် အရေးပါတယ်။အခုတော့ စစ်အာဏာရှင်တွေကြောင့် မျော်လင့်တာ ပိုဝေးသွားပြီ။ ရေငုပ်သင်္ဘောနဲ့ Covid-19 ကာကွယ်ဆေးတွေ လက်ဆောင်ပေးလိုက်တာကို နောင်တရသွားလောက်တယ် ထင်တယ်။

ပြည်သူတွေ အတွက် ပေးလိုက်တဲ့ ဆေးတွေ စုပြုံထိုးနေကြတဲ့ စစ်တပ်က လူတွေရဲ့ ပုံရိပ်တွေ သမိုင်းဝင် ပါပဲ။

အိန္ဒိယဟာလည်း မြန်မာကို အထောက်အပံပြုနေတဲ့ ကောင်းသော အိမ်နီးချင်း ဖြစ်တယ်။သူအကူအညီနဲ့ မြန်မာအနောက်ဘက်ဒေသတွေ ဆက်သွယ်ရေး သွားလာရေးတိုးတက်လာခဲ့တယ်။ မန္တလေးထိ ရထားလမ်း၊ကားလမ်းဖောက်ပေးမယ့် စီမံကိန်းတွေ ရပ်ဆိုင်းနေပြီ ထင်ပါတယ်။

ပြီးတော့ ဒီနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ(၁.၂)ဘီလီယံလောက်ရှိမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ မထုတ်ပြန်ရသေးဘူး။ 
ဒီလုပ်ငန်းတွေလည်း ရပ်ဆိုင်းတာ 
ရွှေ့ဆိုင်းတာတွေ ဖြစ်လာမယ် ထင်ပါတယ်။ စစ်တပ်နဲ့ အပေါင်းအပါတွေ လက်ချက်နဲ့တော့ ဖိအားကြောင့် အဖက်ဖက်က ပြသာနာချည်းပါပဲ။

နောက်ထပ် အသစ်တွေ မဝင်လာလောက်ပါဖူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ဝင်လာခိုင်းရတာ အတော်ခတ်ပါတယ်။အထူးအခွင့်အရေးတွေ ပေးရတယ်။နိုင်ငံအလိုက် ကာကွယ်ဖို့ စာချုပ်တွေ ချုပ်ရတယ်။ သေနတ်ရှိတိုင်း အာဏာတက်သိမ်းတဲ့ ကောင်တွေဆီ ဘယ်သူ လာချင်တော့မလဲ။ဆိုတော့ လက်ရှိကစ လာမယ့် (၅)နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မလာနိုင်တော့ဖူး။

ပုံမှန် အနေအထားအရဆို လာမည့် နှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ နှစ်စဉ် (၈)ဘီလီယံကျော် ရရှိမယ်လို့ မျော်မှန်းထားကြတာပါ။
ဒါတွေလည်း ပျက်ဆီးသွားပါပြီ။

နောက်တခု စတော့ဈေးကွက်၊ ဖွံဖြိုးစနိုင်ငံတွေမှာ တိုးတက်ဖို့ စတော့ဈေးကွက်ဟာ အရေးပါတယ်။ အခုဆို နိုင်ငံခြားသားကိုပါ ဝယ်ယူခွင့် ပေးလိုက်တယ်။
အလားအလာတွေ ကောင်းနေပေမယ့် စတော့ဈေးကွက်ဟာ အာဏာရှင်တွေကြောင့် လမ်းပျောက်သွားပြီ လို့ ဆိုရမယ်။
လက်ရှိ ကုမ္ပဏီ(၆)ခုနဲ့ အရှိန်နေတုန်း၊ လူတွေကို ဆွဲခေါ်နေတုန်း အချိန်မှာ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် နှောင့်နှေးသွားနိုင်တယ်။
သယ်ယူပို့ဆောင်ရေး ဈေးကွက်
ယခင်တုန်းက တိုင်းပြည်ဟာ အညွန့်တလူခူနဲ့မို့ သယ်ယူပို့‌ဆောင်ရေးကဏ္ဍ ခောတ်ကောင်းခဲ့တယ်။ တည်ဆောက်ရေး၊အခြေခံအဆောက်အဉီး ကဏ္ဍတွက် အထောက်အပံတွေပြုလုပ်နေရတဲ့ ဒီကဏ္ဍဟာလည်း တခြားကဏ္ဍတွေ ကျရှုံးမှုနဲ့အတူ လိုက်ပါသွားမှာပါ။

ဆန်လို စိုက်ပျိုးရေးဈေးကွက်တွေ ပျောက်ဆုံးသွားနိုင်တယ်။ အရင်က စိုက်ပျိုးရေးထွက်ကုန်တွေဟာ တရုတ်ကိုပဲ မှီခိုနေရတာပါ။သူတို့ပေးတဲ့ ဈေးနဲ့ ရောင်းနေရာကနေ ဒီမိုကရေစီ ခောတ်ကာလမှာ လမ်းစသစ်တွေ အများကြီး ရလာတယ်။
တချို့နိုင်ငံတွေက မြန်မာ့စီုက်ပျိုးရေးထွက်ကုန်ကို ဝယ်ယူရာမှာ ဒီမိုကရေစီစနစ်ကို ထောက်ခံလို့ အရည်အသွေးအားနည်းသည့်တ်ုင် ဝယ်ယူနေကြတာပါ။

ဆန် နဲ့ ဆန်ကွဲဆို ဉရောပလို ဈေးကွက်ကို အများကြီး တင်ပို့နေပါတယ်။ ဈေးကောင်းလည်း ရသလို တခြားနိုင်ငံတွေကို ရောင်းရလည်း အဆင်ပြေတယ်။ တကယ်လို့ ဉရောပကသာ လက်မခံတော့ရင် တခြားနိုင်ငံတွေ တင်ပို့ဖို့ပါ ခတ်ခဲသွားမှာပါ။

တရုတ်ကို ဆန်ရောင်းရတာ ဘယ်လောက်ခတ်လဲ စိတ်တိုဖို့ကောင်းလဲ ဆိုတာ သူတို့ အသိဆုံးပါ။

ပြီးတော့ ထိုင်း။စစ်အာဏာသိမ်းမှုဟာ ထိုင်းနိုင်ငံကို ပိုအကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။ အနည်းဆုံး လုပ်သားဦးရေ တစ်သန်းလောက်က ထိုင်းကို ရွေ့ပြောင်းသွားနိုင်လို့ပါ။ လက်ရှိလည်း ထိုင်းမှာ မြန်မာလူဦးရေ(၃)သန်းလောက် ရှိမယ် လို့ ခန့်မှန်းထားကြတယ်။

ပြီးတော့ စစ်အာဏာသိမ်းမှုကြောင့် တခြားနိုင်ငံတွေဆီက အရည်အသွေးပြည့်တဲ့ ပစ္စည်းတွေ ရရှိဖို့ ခတ်သွားမယ်။
တချို့ စစ်တပ်ကို ထောက်ခံနေသူတွေ ခင်များတို့ ကိုင်တဲ့ brandတွေက တရုတ်မဟုတ်ဘူး ဆိုတာပဲ။
ပိက်ဆို့မှုတွေ ရှိလာရင် ပိုဒုက္ခရောက်လာနိုင်တယ်။
အမေရိကန်ကတော့ ဆက်ပြီး ပိက်ဆို့မှုတွေ လုပ်လာနိုင်တယ်။ကုန်သွယ်ရေးအပေါ်ပါ အကျိုးသက်ရောက်မှု ရှိလာမှာပါ။

ဆိုတော့ တိုင်းပြည်စီးပွားရေးအခြေအနေဟာ အောက်ဆုံး ပြန်ရောက်သွားပါပြီ။
တချို့ တပ်လောဘီတွေက ငွေလိုရင် ၀ဇီရ ရှိတယ် ဆိုတာမျိုး အော်နေကြတယ်။ ငွေစက္ကူဆိုတာ ရိုတ်ထုက်ချင်သလို ထုက်လို့ မရပါ။

အဲလိုသာ ရိုက်ထုတ် တိုင်းပြည်ငွေကြေးဖောင်းပွပြီး တနိုင်ငံလုံး ဒုက္ခရောက်သွားမှာပါ။ အခုတောင် ငွေကြေးဖောင်းပွမှုက တဖြေးဖြေး ပြန်တက်လာနေတယ်။

လက်ရှိပုံစံအရ ငွေဈေးဟာ တစ်ဒေါ်လာကို ကျပ်(၁၅၀၀)အထက်ကို မကြာမှီ ပြန်ရောက်နိုင်တယ်။အဲထက်တောင် ပိုနိုင်တယ်။

ဗဟိုဘဏ် ဆိုတာ တိုင်းပြည်ငွေကြေးတည်ငြိမ်အောင် ဖန်တီးပေးရတာပါ။ တချို့က ငွေလိုရင် ငွေရိုတ်ထုက်ရုံပဲ လို့ ပြောကြတာ အံဩဖို့ ကောင်းပါတယ်။

ဒီလောက်ပါပဲ။နောက်ရက် တရုတ်ပစ္စည်း မသုံးဖို့ပါ ရေးရမယ်။တရုတ်ဟာ မြန်မာအတွက် ဘုံရန်သူပါပဲ။ ဒီကာလအတွင်းမှာ တရုတ်က မဖြစ်မနေ အမြတ်ထုတ်အုန်းမှာပါ။ စီးပွားရေးအရကော နိုင်ငံရေးအရပါ။

ပြောတာတွေ ဟုတ်မဟုတ် ‌ဒီရက်တွေက အဖြေပါပဲ။

မောင်ချင်း
တွေးမိတွေးရာ
၁၆.၂.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး