နိုင်ငံရေးအကျိုးအမြတ်ရှိသူများ နဲ့ ကျဆုံးရသူများ
မအလ ခွေးအုပ်စု အာဏာသိမ်းပြီးနောက်မှာ အကျိုးရှိတဲ့ အုပ်စုတွေကို သတိပြုမိတယ်။ နိုင်ငံရေးအကျိုးအမြတ်ဆိုရာဝယ် တန်ဖိုးမြင့်တက်လာမှုကလည်း အပါအဝင် ဖြစ်ပါတယ်။
ဆိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိအချိန်ထိ အကျိုးအမြတ်ရှိတဲ့သူအုပ်စုတွေကို ကြည့်ရင် ဩဇာအာဏာမြင့်တက်လာခြင်း နဲ့ ဂုဏ်သိက္ခာအရ မြင့်တက်လာခြင်းတို့ပဲ ဖြစ်တယ်။
မြန်မာနိုင်ငံအရေးမှာ အရေးပါ အရာရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ KIA နဲ့ KNU တို့ပဲ ဖြစ်တယ်။
အရင်အခြေအနေအရ သူတို့ဟာ တိုင်းရင်းသားလက်နတ်ကိုင်အင်အားစု အနေနှင့်သာ လူသိများပြီး ဩဇာအရှိန်အဝါလည်း အများမဖြစ်ထွန်းခဲ့ဘူး။
ပြောရရင် ပြည်မဘက်က ပြည်သူတွေ ယုံကြည်လေးစားတာ နည်းခဲ့တယ်။
တော်လှန်ရေးကာလပြီးနောက် ပြည်သူဘက်က ရပ်တည်သလို တော်လှန်ရေးလူငယ်တွေကိုပါ လက်ခံခဲ့တာကြောင့် နိုင်ငံရေးဩဇာ အထွက်အထိပ် ရောက်လာခဲ့တယ်။
တိုင်းရင်းသားလက်နတ်ကိုင် အဖွဲ့ပေါင်းစုံ ရှိတဲ့ ဒီနိုင်ငံမှာ အခုချိန်မှာ နိုင်ငံရေး ရေချိန်အရ လူထုအားအကိုးဆုံးနဲ့ ဩဇာအတက်ဆုံး အဖွဲ့ နှစ်ခုပဲ။ ဘယ်လောက်ထိလဲဆိုရင် တခြားတိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့အစည်းတွေပါ ပျောက်သွားတဲ့ သဘောအထိ ရှိနေတာ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဩဇာအကြီးမားဆုံးက ဝ အဖွဲ့ပါပဲ။နိုင်ငံရေးစင်မြင့်ထက်မှာ စကားပြောရင် အပေါ်စီးက ပြောနိုင်တဲ့ အနေအထားပေါ့။အခုတော့ ပြည်သူနဲ့ မပါဝင်မှု၊ ကိုယ်ကိုသာ ကြည့်တဲ့ သဘောအရ အရှိန်ကျသွားပြီ။
အခုအခြေအနေအရ NUG က အစီုးရဆိုရင် KIA နဲ့ KNU က ပြည်သူ့တပ်မတော်အသွင် ရှိနေတာပဲ။ ဒီအကျိုးအမြတ်က တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေဆီပေါ်မှာ ဩဇာလွမ်းမိုးလာနိုင်တဲ့ သဘောပဲ။
PDF တွေအတွက် ခေါင်းကိုင်ဖခင်တွေ အဖြစ် ဂုဏ်သိက္ခာအရ အကျိုးရှိတာပဲ ဖြစ်တယ်။
နောက်တခု သတိပြုမိတာက KIA သည် သမိုင်းကြောင်းတွေအရ တပည့်ကောင်း အဖွဲ့အစည်းအမြောက်အမြား မွေးထုတ်ပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ် သတ်မှတ်ရမှာပဲ။
CNF TNLA AA ABSDF စတဲ့ အဖွဲ့တွေဟာ KIA ဆီမှာ စစ်ပညာသင်ကြားရလို့ပဲဖြစ်တယ်။အခုတော့ ပြည်သူအားကိုးတဲ့ PDF တွေကိုပါ သင်ပေးနေတာ။
KNUကတော့ သမိုင်းကြောင်းတလျောက် သတ္တိအပြောင်မြောက်ဆုံး နဲ့ တိုက်ရေခိုက်ရေအကောင်းဆုံးအဖြစ် အသိအမှတ်ပြုထားကြတယ်။လက်သံပြောင်လွန်းတာမို့ မအလ တပ်တွေ ကြောက်တဲ့ အဖွဲ့ပါပဲ။
အခုလည်း သူတို့က သတ္တိဆိုတဲ့ အရာကို PDF တွေကို ပို့ချပေးနေပြီ။
KIAသည် စီမံခန့်ခွဲရေးပပိုင်းမှာ သာလွန်ကောင်းမွန်ပြီး KNUသည် စစ်ရေးဗျူဟာပိုင်းနဲ့ ထောက်ပို့ပိုင်းတွေမှာ အားကောင်းတယ်။
နောက်နိုင်ငံရေးအရ အကျိုးအမြတ်ရှိတဲ့ အဖွဲ့က AAပါပဲ။ပြီးခဲ့တဲ့ ငါးနှစ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ AAဟာ နိုင်ငံရေးအရလည်း အဆင့်နှိမ့်နေဆဲပါ။
သို့သော်လည်း အာဏာသိမ်းပြီးနောက် မိသားစုဝင်တွေ လွှက်ပေးသလို အကြမ်းဖက်အဖွဲ့အစားည်းကနေတောင် ပါယ်ဖျက်ပေးခဲ့တယ်။
နောက် ပိုကောင်းလာတာက အရပ်ဘက်အုပ်ချုပ်ရေးကိုပါ ကိုင်တွယ်လာနိုင်တာပဲ။
ရခိုင်လူထု ယုံကြည်မှု အားကောင်းလာတာနဲ့အတူ မြို့ပြအုပ်ချုပ်ရေးကိုပါ ရယူထားနိုင်တယ်။
AAစစ်ဦးစီးချုပ်ကတော့ မိုင်းလားဒေသလိုမျိုးကို သဘောကျတယ် ဆိုဖူးတာမို့ ဒီအတိုင်းအကောင်အထည်ဖော်လာတာ တွေ့ရတယ်။ မအလ ခွေးတွေကလည်း ပြည်မကော ကချင်၊ကရင်၊ကယား၊ရှမ်းမှာပါ စစ်ပွဲပြင်နေရတာမို့ AAကို ချော့သိပ်ဟန်တူပေမယ့် ရခိုင်မှာ AAအုပ်ချုပ်မှုနဲ့ ဩဇာလွမ်းမိုးမှု မြင့်တက်လာတယ်။
လက်ရှိအချိန်ထိ ဖတ်မိတဲ့ သတင်းပုံစံအရ မအလ ခွေးအုပ်စုနဲ့ ရဲတွေဟာ လက်နတ်ကိုင်အဖွဲ့အစည်းအသွင် ဖြစ်နေပြီး အုပ်ချုပ်ရေးနဲ့ နယ်မြေစီုးမီုးမှုကို AAက ရယူထားတာ တွေ့ရတယ်။
နောက် အကျိုးအမြတ်ရှိသွားတာက လောက်ကိုင်က ပြည်သူစစ်တွေနဲ့ မိုင်းလားဒေသတို့ပဲ။ တဖက်ဆီ ယိမ်းသွားမှာ ကြောက်တဲ့အတွက် မအလ ခွေးအုပ်စုက ဖားနေရပြီး လွှက်လပ်ခွင့်ပေးထားတာမျိုးလည်း တွေ့ရတယ်။ သို့သော် လောက်ကိုင်နဲ့ မိုင်းလားတို့သည် စစ်ရေးအတွက် ပြင်ဆင်နေတာမျိုး မတွေ့ရပေမယ့် စီးပွားရေးအရ အကျိုးအမြတ်အားကောင်းလာတယ်။
နောက်ကွယ်မှာ စစ်ရေးပြင်နိုင်တယ် ထင်တယ်။ သူတို့အမြင်က ဘယ်သူ တက်အုပ်ချုပ် အုပ်ချုပ် မဟာမိက်အဖြစ် ရပ်တည်မယ် ဆိုတဲ့ ပုံပဲ။
စီးပွားရေးကို ပိုအားကောင်းအောင် ဖန်တီးလာနိုင်တယ် လို့ ဆိုရမှာပဲ။
နောက်အုပ်စုအရ အကျိုးအမြတ်ရှိသည်မှာ ချင်းလူမျိုးတွေပဲ။အရင်က နိုင်ငံရေးအရကော တိုင်းရင်းသားလက်နက်ကိုင်ဩဇာရေချိန်မှာပါ နေရာရလေ့မရှိတဲ့ ချင်းလူမျိုးသည် တော်လှန်ရေးကာလအတွင်း လူမျိုးစုရေချိန် နဲ့ ဂုဏ်သိက္ခာ တိုးတက်လာတာပဲ။
နေရာပေးခံရလေ့မရှိတဲ့ ချင်းသည် နောက်ခံအင်အား မတောင့်တင်းပေမယ့် ပညာရေးအခံနဲ့ ရှေ့တန်းရောက်လာတယ် ယူဆမိတယ်။
မင်းတပ်CDF ကြောင့် ချင်းလူမျိုးတွေရဲ့ ဩဇာရေချိန် အမြင့်ရောက်လာတာပဲ။
ဟားခါး၊ကန်ပတ်လတ်နဲ့ ကလေးဖြစ်စဉ်တွေကြောင့်သာမက ဒေါက်တာဆာဆာ၊ဦးလျန်ဇာမှုန်းခေါင် တို့လို ခေါင်းဆောင်တွေကြောင့် နိုင်ငံရေးဩဇာအရှိန် ရလာတယ်။
ပြည်နယ်မှာတော့ မအလ အုပ်ချုပ်မှုနဲ့ ဖိနှိပ်မှု ကြုံရသော်လည်း ခေသူမဟုတ် ဆိုတဲ့ ပုံရိပ်ရလာတာပဲ။
CNF လို အဖွဲ့ဆီက အသံထွက်တာ နည်းပေမယ့် မြေပြင်ပေါ်က PDF ,CDF လှုပ်ရှားမှုတွေက ပိုဩဇာတက်လာစေတယ်။
နောက် ကယားPDFတွေပါ။ တော်လှန်ရေးဖြစ်စဉ်တွေအတွင်း တိုက်ရေခိုက်ရေအကောင်းဆုံး လူမျိုးစု PDF လို့ ယူဆရမယ်။ ကယားရေမြေတောတောင်သဘာဝအရ မြို့ပြတိုက်ပွဲတွေ ဖန်တီးနိုင်သလို မအလ ခွေးအုပ်စုအရေးနှိမ့်မှုကလည်း သိသာထင်ရှားတဲ့ ဖြစ်ရပ်ပဲ။
သီးသန့်ရပ်တည်နေတယ် လို့ ယူဆရတဲ့ ကယားPDFတွေအတွက် တိုက်ရေခိုက်ရေကောင်းပြီ။ နောက်လိုအပ်တာက ပြောရေးဆိုရေးအတွက် အရေးပါတဲ့ ခေါင်းဆောင်ကောင်းတွေ ရလာရင် အတိုင်းထက်အလွန် ဖြစ်သွားပြီ။ ပထမဆုံး လွှက်မြောက်နယ်မြေအဖြစ်ပါ ပြောင်းလဲနိုင်တယ်။
ဒါကို စစ်ခွေးတွေ ကြိုသိတာမို့ အပစ်အခတ်ရပ်ဆဲရေးကာလအတွင်း လူသူ လက်နက်အင်အားအလွန်အကြွံ ဖြည့်တင်းလာနေတာ တွေ့ရတယ်။ ရေရှည်တွက်ပါ ပြင်လာတာမို့ သီးသန့်ဖြစ်တည်နေတာထက် စုပေါင်းဖို့ လိုအပ်တယ် ယူဆမိတယ်။
မုံရွာဒေသတလျောက်က ပြည်သူတွေဟာလည်း နိုင်ငံရေးဩဇာရေချိန်အရ အပေါ်ကို ရောက်လာကြတယ်။ မြေပြန့်တိုက်ပွဲတွေကို တူးမီးလို လက်လုက်သေနတ်တွေနဲ့ ဆင်နွဲကြတဲ့ သတ္တိကတော့ ဩချစရာပါ။ ဆန္ဒပြတုန်းကလည်း ဆန္ဒပြ၊တိုက်မယ်ဟေး ဆိုရင်လည်း တိုက်ကြရဲတဲ့ ပြည်သူတွေဟာ လက်နတ်အစစ်တွေသာ ကိုင်မယ်ဆို ခွေးတွေ ဒီထက် ပိုသေဆုံးနိုင်တယ်။
နိုင်ငံရေးအရကော လေးစားမှုအပိုင်းမှာ ဩဇာတက်လာတာက လူငယ်တွေပါ။အရင်က အစီုးရကကော တခြားနေရာနယ်ပါယ်တွေမှာ နေရာပေးခံရနည်းတဲ့ လူငယ်တွေဟာ အခု နွေဦးတော်လှန်ရေးကာလမှာ အရေးပါဆုံး၊အလေးပေးခံရဆုံး အုပ်စုဖြစ်လာသလို သွေးချွးပေးဆပ်မှု အများဆုံး အုပ်စု ဖြစ်လာတယ်။
မအလ ခွေးကြောင့် သေဆုံးရတဲ့ လူ(၉၀၀)နီးပါးမှာ အများစုဟာ လူငယ်တွေ ဖြစ်ပြီး အဖမ်းခံရသူအများစုဟာလည်း လူငယ်တွေပါပဲ။
လက်နတ်မရှိသော်လည်း သတ္တိမကြောင်ပဲ ရန်ကုန်၊မန္တလေးလမ်းတွေပေါ်မှာ ထွက်လာရဲတဲ့ သတ္တိကလည်း မလေးစားပဲ မနေနိုင်အောင်ပါ။
နိုင်ငံရေးအရ ကျဆုံးသွားသူတွေက ခွေးအုပ်စုတွေပါပဲ။ ပြည်သူကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ တပ်နဲ့ ရဲတွေဟာ ပြည်သူ့တပ်မတော်၊ပြည်သူရဲအဆင့်ကနေ လျောကျသွားပြီး အကြမ်းဖက်အဖွဲ့အစည်း၊ဓါးပြအုပ်အဆင့်ရောက်သွားတာပဲ။
နိုင်ငံရေးဂုဏ်သိက္ခာပါ ကျဆင်းသွားပြီး နိုင်ငံတကာမှာပါ လူထင်သေးစရာ ဖြစ်လာတယ်။
အဆီုးဆုံးက ၎င်းတို့ကိုယ်တိုင် ၎င်းတို့ စစ်ဝတ်စုံ၊ရဲဝတ်စုံတို့ကို ဝတ်ရမှာ ရှက်လာတဲ့ အနေအထား၊ငါတို့က စစ်သားတွေ ရဲတွေ မပြောဝံတော့တဲ့ အနေအထား ဖြစ်နေတာပါ။
ပြည်သူမုန်းတီးမှုကလည်း များပြားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်သူတွေက အားကိုးလာတာပဲ ကြည့်ရင် သိသားပါတယ်။
နောက်တအုပ်စုက ကြံခိုင်ရေးပါတီလို နိုင်ငံရေးပါတီအုပ်စုတွေပဲ။ ကြံခိုင်ရေးပါတီကတော့ အောက်ဆုံးအဆင့်ထိ ရောက်သွားသလို အစက လူတွေ သဘောကျတဲ့ PPP ပါတီလိုဟာလည်း မြောင်းထဲ ရောက်သွားတာပဲ။
ဒီသဘောအရ ပါတီအင်အားစုတွေအထဲ မအလနဲ့ သွားတွေ့ ၊အာဏာသိမ်းဖို့ လှုံဆော်ခဲ့တဲ့ ပါတီ(၅၃)ခုဟာလည်း မြောင်းထဲရောက်သွားတာပဲ။ တော်လှန်ရေးပြီးရင်တော့ ဒီပါတီအားလုံးကို ပြည်သူ့အပေါ် သစ္စာဖောက်မှု၊ နိုင်ငံကို ချောက်ထဲ တွန်းချမှုတွေ နဲ့ အရေးယူသင့် ယူဆမိတယ်။
နောက်တအုပ်စု က ဝ ပါပဲ။ ဝ အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးပါ။ဒါကြောင့် လူသူအင်အားအနေအထားအရ တိုင်းရင်းသားလက်နတ်ကိုင်တွေကြား ဩဇာရှိခဲ့ပေမယ့် အခုတော့ အဆင့်လျောကျသွားပြီ။ ပြည်သူတွေက မျော်လင့်ခဲ့ပေမယ့် ဝ အဖွဲ့အစည်းသည် ၎င်း ဒေသ ကာကွယ်ထိန်းချုပ်ဖို့အတွက်သာ ဆောင်ရွှက်နေပြီး ဘယ်သူလာလာ သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ် ရရှိရေးကိုသာ မှုလက်ကိုင်ထားတာ တွေ့ရတယ်။
နောင်တချိန် တောင်းဆိုရင်တောင် အခုလို မဆိုင်သလို နေတဲ့ ကိစ္စကြောင့် လွယ်ကူမယ် မထင်ဘူး ယူဆရတယ်။ နိုင်ငံရေးဩဇာအရှိန်ကျဆင်းသွားပေမယ့် လူသူ လက်နက်အင်အားကတော့ ဖြည့်တင်းနေတာ တွေ့ရတယ်။
မြန်မာပြည်မက လူတွေ ဝ ဒေသအပေါ် ယခင်က ရှုမြင်တဲ့ အမြင်ကိုလည်း သတိပြုမိသင့်တယ်။ ဘယ်သူမဆို လက်နက်ကိုင်မှ ရမယ် ဆိုတဲ့ အသိရှိလာချိန်မှာ လူသူလက်နက်အင်အားများပြားခြင်းသည် အရေးမပါတော့တာ တွေ့ရမယ်။
သို့သော် ဝကတော့ တရုတ်ရှိနေတရွှေ့ ဆက်ဆံရေးအပြောင်းအလဲရှိမယ့် ပုံ မရ။
အရင်က လက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်မှာ ဩဇာရှိခဲ့ပေမယ့် အခုတော့ နောက်ကျကျန်ပြီ ဆိုရမယ်။
နောက်အုပ်စုကတော့ ရှမ်းလက်နက်ကိုင်အုပ်စုတွေပါပဲ။မအလ ခွေးအုပ်စုကို တိုက်ခိုက်ရမယ့်အစား အချင်းချင်းတိုက်ခိုက်နေတာကြောင့် တခြားအုပ်စုတွေကြားမှာ ရှက်စရာကိစ္စရပ် ဖြစ်နေတာပဲ။
အမှန်ဆို သူတို့ အုပ်စု နှစ်ခု ပိုင်ထားတဲ့ဘမြေတွေဟာ တခြားလက်နက်ကိုင်အုပ်စု တချို့ ပိုင်တဲ့ နယ်မြေထက် ကျယ်ပါတယ်။
သူတို့သာ စည်းလုံးမယ်ဆိုရင် ရှမ်းပြည်နယ်ရဲ့ နယ်မြေ(၅)ပုံ နှစ်ပုံလောက်အထိ ပိုင်နိုင်တဲ့ သဘောဖြစ်သလို တချို့လက်နက်ကိုင်အုပ်စုရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကိုပါ အုပ်စီးခွင့် ရမယ့် အခြေအနေပါ။
သို့သော် သမိုင်းတွေကလည်း ရှိတာကို။
အခုလို ကာလမှာ နှစ်ဖက် တိုက်နေတာကြောင့် မအလ အသက်ရှုချောင်နေသလို နယ်မြေလည်းကျဉ်းမြောင်း၊တခြားအုပ်စုတွေလည်း ခေါင်းထလာတာတွေ့ရတယ်။
နောက်အုပ်စုကတော့ PNOပါပဲ။ ရှမ်းပြည်တောင်ပိုင်း စီးပွားရေးအထွန်းကားဆုံးနယ်မြေမှာ ခြေချခွင့် ရနေတဲ့ ဒီအဖွဲ့အစည်းသည် မအလ နောက်လိုက်နေခြင်းသည် ရှက်စရာကိစ္စရေးဖြစ်လာတယ်။အဖွဲ့အစည်းနဲ့အတူ လူမျိုးအပေါ်မှာပါ အကျိုးသက်ရောက်လာတဲ့ အခြေအနေမှာ နောက်ပိုင်း တောတွင်းလက်နက်ကိုင်ဘဝ ရောက်သွားမယ် ထင်တာပဲ။
ရန်သူများလာခြင်းဟာ ၎င်းတို့ အဖွဲ့အစည်းအတွက် ကောင်းတဲ့ လက္ခဏ မဟုတ်တာ သတိပြုရမယ်။ မအလ အုပ်စုမှာ ဆက်ရှိနေရင်တော့ နောက်ပိုင်းရလာဒ်တို့သည် မကောင်းနိုင်ပါ။
တွေးမိ တွေးရာ
မောင်ချင်း
၂၇.၆.၂၀၂၁
Comments
Post a Comment