တရုတ်က ပြောတဲ့ သူ့တို့အကြောင်း
တရုတ် ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်မှာ ရှီကျင့်ဖိန် က ပြောသွားတဲ့ အထဲမှာ တရုတ်ပြည်သူ တစ်ဦးချင်း ပျမ်းမျ ဝင်ငွေဟာ မြန်မာငွေနဲ့ တွက်ရင် ကျပ် သိန်း(၈၀)ကျော်ပါ။
ဒါက တနိုင်ငံလုံး လူဦးရေကို မျခြေတွက်ထားတာ။ တရုတ်နိုင်ငံ လူဦးရေသည် (၁.၄)ဘီလီယံကျော် ရှိပါတယ်။
မြန်မာတနိုင်ငံလုံးရဲ့ ပျမ်းမျ တစ်ဦးချင်း ဝင်ငွေသည် ကျပ် (၁၅)သိန်း ဝန်းကျင် ထင်ပါတယ်။
မြန်မာနိုင်ငံ လူဦးရေသည် (၅၄)သန်းနီးပါးပါ။
တရုတ်ပြည်သူ ဝင်ငွေသည် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကထက် ၂၀၂၀ မှာ ဝင်ငွေ နှစ်ဆ တိုးလာတယ် လို့ ဆိုတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးအလုံးစုံတိုင်းတာမှုမှာ ကျပ် (၂၅၀)ထရီလီယံကျော် ရှိနေတယ် လို့ ဆိုတယ်။
တစ်ထရီလီယံသည် တစ်ထောင်ဘီလီယံနဲ့ ညီမျပါတယ်။
နှစ်ပေါင်း(၄၀)အတွင်း ဆင်းရဲနွမ်းပါးတဲ့ လူပေါင်း သန်း(၇၇၀)ကို လွှက်မြောက်စေနိုင်ခဲ့တယ် လို့ ဆိုပါတယ်။
တရုတ်မှာ လူပေါင်း(၁.၄)ဘီလီယံလောက်ကို ဝင်ငွေအတော်အသင့်ရှိတဲ့ အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့တယ် လို့ ဆိုတယ်။
နှစ်ပေါင်း(၆၀)အတွင်း အာရှဒေသမှာ အတိုးတက်ဆုံးနိုင်ငံတခုကနေ
အဆင်းရဲဆုံး နိုင်ငံအဖြစ် ပြောင်းလဲပေးတဲ့ မြန်မာ စစ်အစိုးရကို လေးစားမိတယ်။
အခုလည်း တစ်နှစ်အတွင်း နိုင်ငံလူဦးရေသန်း(၃၀)လောက်ကို ဆင်းရဲတွင်း ဆွဲချတော့မယ်။ အခုလည်း အလုပ်လက်မဲ့တွေ များလာအောင် ဖန်တီးနေပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ(၁၀)သန်းဝန်းကျင်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေကြတယ် ထင်တယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဆင်းရဲမွဲတေမှုအဆင့်ကနေ ပြည်သူအတော်များများကို ဆွဲထုက်နိုင်ခဲ့တယ်။
အခုတော့ နှစ်ချတဲ့အပြင် နောက်ထပ်ပြည်သူ သန်းပေါင်းများစွာပါ ဆင်းရဲတွင်းထဲ ဆွဲချကြအုန်းမယ်။
ပြီးရင် ဘာသာရေးဘန်းပြပြီး လုပ်စားကြအုန်းမယ် ထင်တယ်။
ဆင်းရဲလေလေ ဘာသာရေးကိုးကွယ်ယုံကြည်မှု များလေလေပါ။
ဆိုတော့ ဘာသာရေးကိုးကွယ်မှု များလေလေ ဆင်းရဲလေလေ လို့ တွက်လို့ ရတယ်။
မြန်မာအခြေအနေကို နှိုင်းဆကြည့်လို့ရနေပြီ။
Comments
Post a Comment