အရှေ့တောင်အာရှရဲ့ အကြီးဆုံးလောင်းကစားမြို့တော်

ပြီးခဲ့တဲ့ နှစ်တွေတုန်းက လောင်းကစား၊
ကာစီနိုတွေ ကိစ္စကြောင့် ဟော့ထွက်နေတဲ့ ရွှေကုက္ကူစီမံကိန်းဟာ တကြော့ပြန်ခေတ်စားလာနေတယ်။

လက်ရှိမှာလည်း ဈေးအကြီးဆုံး ကလပ်တွေ ကာစီနိုတွေ အွန်လိုင်းဂိမ်းတွေနဲ့ ပြန်နိုးထနေပြီ။
တည်ထောင်ဖို့ လုပ်နေသူတွေ လူသတ်မှု၊မှောင်ခို၊ငွေမည်းခဝါချမှုတွေနဲ့ နာမည်ကြီးတယ်။

လောလောဆယ် အမေရိကန်ဒေါ်လာ(၅၀၀)နီးပါး ရင်းနှီးမယ်။စီမံကိန်း ပြီးဖို့က ဒေါ်လာ(၁၅)ဘီလီယံလောက် ရင်းနှီးရမယ်။

MIC မှာ တင်ထားတာက အမေရိကန်ဒေါ်လာ(၁၈)သန်းကျော်နဲ့ အိမ်ခြံမြေဈေးကွက်ဖော်ဆောင်မယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီး အလုပ်ဖြစ်လာတဲ့ သဘော။

Yati city လို့ နာမည်ပေးထားတဲ့ ရွှေကုက္ကူ လောင်းကစားစီမံကိန်းကို မြန်မာနိုင်ငံရဲ့ Silicon valley လို့ ‌သမုက်ထားကြတယ်။

နည်းပညာပိုင်းဆိုင်ရာတွေ ပါမယ်။ 
စက်မှုမြို့တော်ပါ ဖြစ်သေး။

လောလောဆယ်တော့ ကာစီနိုလုပ်ငန်း၊အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ကလပ်တွေ လုပ်နေတယ်။

သူတို့က တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာပြည်ကို ဖြတ်ပြီး လာနိုင်သလို လာအို၊ထိုင်းကို ဖြတ်ပြီးလာရောက်နိုင်တယ် လို့ဆိုတယ်။

နိုင်ငံတကာက လူတွေ လာဖို့အတွက်လည်း ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကို အသုံးပြုမယ် လို့ဆိုတယ်။

ဒီအတွက် ထိုင်းလေကြောင်းလိုင်းတခုနဲ့ပါ သဘောတူညီပြီးသွားပြီ။ မယ်ဆောက်ကနေ ရွေကုက္ကူထိ သယ်ယူပို့ဆောင်ရေး ဘာညာနဲ့ အလုဖြစ်ကြမယ်။

သူတို့ မျော်မှန်းတာက တစ်နှစ်ကို ခရီးသွားဧည့်သည်(၈)သိန်းကနေ တစ်သန်းကြား လာရောက်ကြမယ်တဲ့။


Silicon valley လို့ ဆိုပြီး Bitcoin လို ‌အင်တာနတ်ငွေကြေးဖန်တီးထားတယ်။
သူတို့အစီအမံက‌ လောင်းကစားလုပ်ဖို့ ငွေကြေးအမြောက်အမြားကို သယ်ဆောင်ရာမှာ မလွယ်ကူဘူး။ ငွေကြေးခဝါချမှု ဉပဒေတွေနဲ့ ဘယ်နိုင်ငံမှာ မဆို အဖမ်းခံရနိုင်တယ်။
ဒီတေ့ာ  လိုသမျ ငွေကြေးတွေ အလွယ်သယ်ယူနိုင်အောင် အင်တာနတ်ငွေကြေးဖန်တီးထားတာ။
ပြောရရင် လောင်းကစားလုပ်မယ့်သူ‌သည်  ဒေါ်လာတစ်သန်းကို သယ်လာစရာမလိုပဲ သူတို့ ဖန်တီးထားတဲ့ အင်တာနတ်ငွေကြေးကို ဝယ်ယူလိုက်ရုံပဲ။

ပြီးရင် ရွှေကုက္ကူကို လာ၊အဲမှာ နှစ်သက်ရာ ငွေကြေးနဲ့ ပြန်ချိန်းပြီး လောင်းကစားလုပ်နိုင်တဲ့ သဘောပဲ။

ဒီအတွက် အင်တာနတ်ငွေကြေးကို ဖန်တီးထားတာ။ နောက် ဒါကို အာမခံပေးဖို့ ငွေရင်း ရှိဖို့ လိုတယ်။ဒါကို ပြင်ပနိုင်ငံရောက် တရုတ်လုပ်ငန်းရှင်များ အသင်းတွေက ထောက်ပံထားတယ် ယူဆရတယ်။

ဘာလို့ဆို ရွှေကုက္ကူစီမံကိန်း လာဖော်တဲ့ သူက ဒီအသင်းကို ဂုဏ်ယူစွာဖော်ပြနေလို့ပဲ။
မြန်မာနိုင်ငံမှာလည်း တရုတ်ကုန်သည်များအသင်းတွေ ပါမယ် ထင်တယ်။ သိရသလောက် မြန်မာမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ အသင်းက (၃)ခုနီးပါး ရှိတယ် လို့ ဆိုတယ်။

အဲဒီကနေတဆင့် ငွေကြေးကို တောင့်တင်းခိုင်မာအောင် လုပ်မယ့် သဘောပဲ။ ဘဏ်အပ်ကြမလား၊အဆောက်အဦးတွေ တည်ဆောက်ကြမလား ဆိုတာ စဉ်းစားစရာပေါ့လေ။
ဆိုတော့ ဒီလူသည် လာအို၊ထိုင်း၊မြန်မာ၊ဟောင်ကောင်နဲ့ တရုတ်တို့မှာ အဖွဲ့အစည်းရှိပြီးသား။ သူကိုယ်တိုင်က ဂိုဏ်းခေါင်းဆောင်ပဲလေ။

စီးပွားရေးတွေ လုပ်ထားပြီးသားမို့ နောက်ခံက အင်အားတောင့်တဲ့ သဘောပဲ။ သတင်းတွေအရဆို တရုတ်အစိုးရဘက်က လူတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို ဆုတွေ ဘာတွေတောင် ပေးထားတာ။
အမေရိကန်ကတော့ ငွေကြေးခဝါချသူအဖြစ် သတ်မှတ်ထားတယ်။
ပြည်တွင်းက တရုတ်လုပ်ငန်းရှင်ကြီးတွေလည်း ပါဝင်ပါတ်သက်နေပုံရတဲ့ ဒီလောင်းကစားစီမံကိန်းကြီးဟာ အတော်ရုပ်လုံးထွက်လာနေပြီ။

BGF ကလည်း လက်လွှက်မခံပဲ အာဏာသိမ်းကာလအတွင်း အကောင်အထည် ဖော်နေတာ တွေ့ရတယ်။
မအလ ခွေးအုပ်စုကလည်း လွှက်ထားမယ့် သဘောပဲ။

ကြည့်ရတာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး လောင်းကစားမြို့တော် ဖြစ်လာမယ် ထင်တယ်။ ယင်းနောက် လိုက်လာမှာက မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလောကပေါ့လေ။

လက်ရှိ တိုင်းပြည်စီးပွားရေးကျဆုံးမှုက မြန်မာအမျိုးသမီးပြည်တန်ဆာ အမြောက်အမြားမွေးထုတ်ပေးလာမယ် ယူဆရတယ်။
သူတို့တွေဟာလည်း ရွှေကုက္ကူမှာ အခြေချကြမယ် ထင်။

ဖော်ဆောင်နေတဲ့ တရုတ်ဟာ ကိုးကန့်၊ဝ တို့နဲ့လည်း ရင်းနှီးသော ဆက်ဆံရေးရှိပြီး လောက်ကိုင်နဲ့ ဝ ဒေသရှိ လောင်းကစားရုံတွေ အများပြား ပိုင်ဆိုင်ထားတယ် လို့ ဆိုတယ်။
မိုင်းလားမှာလည်း ပါလိမ့်အုန်းမယ်။

လက်ရှိ မူဆယ်မှာ တည်ဆောက်နေတဲ့ လောင်းကစားရုံကြီးတခုဟာလည်း သူတို့ပိုင်ဆိုင်တာပဲ လို့ ယူဆရတယ်။

ဒီကောင်က လာအိုမှာ လူသတ်မှု၊ငွေကြေးလိမ်လည်မှု၊ခဝါချမှုတွေကြောင့် နှင်ထုတ်ခံရတဲ့ သူ၊အခုတော့ မြန်မာနယ်စပ်တလျှောက်မှာ လောင်းကစားလုပ်ငန်းတွေနဲ့ အင်ပါယာကြီးတခုကို တည်ဆောက်နေတယ်။ 
မအလ ခွေးအာဏာသိမ်းမှုဟာ သူ့အတွက် အခွင့်အရေးကောင်းဖြစ်လာနေစေတယ်။
တချို့ကိစ္စတွေ၊သတင်းတွေအရ မအလ အာဏာသိမ်းသည့် ကိစ္စကို တရုတ်က သဘောတူပြီးမှ လုပ်ဖွယ် ရှိတဲ့ သဘောပဲ။

အကျိုးမပေးတဲ့ တရုတ်ပါလား။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး