ဘိန်း စီးပွားရေး

ဘိန်းစေး ခြစ်နေစဉ်


ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိင်ငံဟာ ဘီန်းစိုက်ဧကပေါင်း (၁၄၃၀၀၀)မှာ စိုက်ပျိုးနေကြပြီး အဓီကအားဖြင့်တော့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးကြတယ်လို့ ကုလသမဂ္ဂက သတင်းထုက်ပြန်ထားခဲ့ပါတယ်။
ဒါဟာ ၂၀၁၂ ခုနှစ်ကထက် (၁၃)ရာခိုင်နူန်း ပိုမိုစိုက်ပျိုးလာကြခြင်း ဖြစ်ပြီး ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယမြောက် အစိုက်ပျိုးဆုံး နိင်ငံ တခုပါ။

စိုက်ပျိုးတလောက်လည်း အထွက်နူန်း တိုးတက်နေပြီး ၂၀၁၂ခုနှစ်တုန်းက ဆိုရင် တန်ချိန်ပေါင်း(၈၁၀)အထိ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အဓီကလမ်းကြောင်းတွေကတော့ တရုက်၊လာအို ၊ထိုင်း နယ်စပ်တို့ ဖြစ်တဲ့ ရွှေတိဂံ နယ်မြေဖြစ်ပြီး မူယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းတွေကတော့ အတော်ကို များပါတယ်။

ရှမ်းပြည်ဘက်မှာ ဆိုရင် မန္တလေး-မူဆယ် လမ်းကြောင်း၊တောင်ကြီး -တာချီလိက် လမ်းကြောင်း၊တောင်ကြီး- လွိင်ကော် လမ်းကြောင်း၊နန်စန်-ကျိုင်းတုံ လမ်းကြောင်း တို့ ဖြစ်ပြီး တမူး-ကလေး လမ်းကြောင်း၊မြစ်ကြီးနား -မန္တလေး လမ်းကြောင်း၊ရန်ကုန်-မန္တလေးလမ်းကြောင်း၊ရန်ကုန်-တောင်ကြီး လမ်းကြောင်းတွေအပါအ၀င်ဖြစ်ပြီး ရန်ကုန်ကနေ တဆင့် မော်လမြိုင်၊မြိက်၊ကော့်သောင်း တို့ အထိလည်း ပေါက်ရောက်နေပါတယ်။ ပြည်တွင်းလမ်းကြောင်း အများစုမှာ အဝေးပြေးလမ်းမကြီးတွေကို အဓီကထား အသုံးပြုနေကြတလို ရထားလမ်း၊တောလမ်းတွေကိုလည်း အသုံးပြု သယ်ယူနေကြပါတယ်။

မြန်မာနိင်ငံကနေ ပြည်ပသို့လည်း အဆင့်ဆင့် သယ်ယူနေမူများ ရှိနေပြီး အဓီက ဂိုဏ်းကြီးတွေလည်း စီးပွားရေး လုပ်ငန်းရှင်တွေအထိပါ ပါဝင် ပါတ်သက်နေတယ်တယ်လို့ ရဲတပ်ဖွဲ့ကတော့ စွပ်ဆွဲထားပါတယ်။

ဘီန်းကနေတဆင့် အခြား အဆင့်မြင့် မူးယစ်ဆေးဝါးတွေကို ထုက်လုပ်လာနိင်တဲ့ အခြေအနေမှာ ရှိတာမို့  ငွေကြေးရရှိမူကလည်း မြင့်လာ၊ထုက်လုပ်တဲ့ ပစ္စည်းအရည်အသွေးကလည်း ကောင်းမွန်လာတာမို့ မြန်မာ့ကျောက်စီမ်းပြီးရင် ဒုတိယ နာမည်အကြီးဆုံး ပို့ကုန် အဖြစ်ပါ လူသိများလာကြပါတယ်။

UNDOC ရဲ့ ထုက်ပြန်ချက် အရ မြန်မာနိင်ငံဟာ ၂၀၁၀ခုနှစ်တုန်းက  မူးယစ်ဆေးဝါး တန်ပေါင်း(၅၀၀)ကျော် ထွက် ရှိနိင်ပြီး တန်ချိန်(၄၅၀)ခန့်ဟာ ပြည်ပကို တင်ပို့ ရောင်းချနေတယ်လို့ ဆိုထားပါတယ်။

ပြည်တွင်းမှာ မူးယစ်ဆေးဝါး ကျယ်ပြန်စွာ ထုက်လုပ်ရောင်းချလာမူဟာ ဒေသခံ အာဏာပိုင်တွေ၊အဖွဲ့အစည်းတွေ၊ သောင်းကျန်းသူတွေများလည်း ပါဝင်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်များပါ ထည်ထည်ဝင်ဝင် ပါဝင် ပါတ်သက်နေကြပါတယ် လို့  အများက ရူမြင်ထားကြပါတယ်။ ယခင်အစိုးရလက်ထက်ကတည်း မူးယစ်းဆေ၀ါးကြောင့် ထောင်ကျ အဖမ်းခံ၇တဲ့ လုပ်ငန်းရှင်တွေ လည်း ရှိတလို အစီုးရကိုယ်တိုင် အကာအကွယ်ပေးခဲ့သူတွေလည်း အများအပြား ရှိနေပါတယ်။

အစီုး၇က မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နှင်းရေုးပ်ငန်းစဉ်တွေ ဆောင်ရွှက်နေပေမယ့် မအောင်သေးတဲ့ အခြေအနေမှာသာ ရှိနေပြီး အဆီုးဆုံး အချက်က ဘိန်းစိုက်တောင်သူတွေသာ အဖမ်းခံ အထိ ၊ဒုက္ခရောက်နေကြပြီး အမှန်တကယ် ထုက်လုပ်ရောင်းချသူ အများအပြားကတော့ လွက်မြောက်နေဆဲပါ။
အဝေခံ အဖြစ် သက်ရောက်နေတဲ့ ဒေသခံ အာဏာပိုင်တွေကိုယ်တိုင်က ရန်ဖန်ရန်ခါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ဆောင်ရွှက်ပေးသူ အဖြစ် ထင်ရှားလာတာကိုလည်း ပြီးခဲ့တဲ့ နှစ်တွေက ဖြစ်ရပ်အချို့မှာ မြင်သာစေခဲ့ပါတယ်။

မူးယစ်ဆေးဝါးတန်ဖိုးမှာ ပြည်တွင်း နယ်ကျော် ဖြတ်ကျော်တိုင်း ဈေး နှစ်ဆနီးပါး မြင့်တက်လေ့ ရှိရာ အလွယ်တကူ ငွေကြေးရယူလိုမူတို့အတွ အကောင်းဆုံး ကုန်စည် ဖြစ်နေလျက် ရှိသည်။
၂၁၀၀ ပြည့်နှစ်က ဈေးနူန်းများအရ ရှမ်းပြည်နယ် ရှိ ကျေးသီး၊နမ်ဆန် ဒေသပေါက်ဈေး ဆေးပြားတပြားလျင် ကျပ်(၁၅၀) ပေါက်လျင် ယင်းဘက်မှ တောင်ကြီးသို့ရောက်ရှိပါက ကျပ်(၅၀၀)နီးပါး၊ယင်းမှတဆင့် မန္တလေး၊ရန်ကုန်သို့ ရောက်ရှိပါက ကျပ်(၂၀၀၀)မှ (၃၀၀၀)ကြား ပေါက်ဈေး ၇ရှိနိင်လေသည်။

ယခုနှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းတခုက ဘီန်းကို တရားဝင်စိုက်ပျိုးခွင့် တောင်းယူရတဲ့ အထိ ဒေသခံတွေနဲ အာဏာပိုင်တွေအကြား ဆက်စပ်မူတို့ကို တွေ့မြင်နေရပါတယ်။သို့သော်လည်း ဘီန်းစိုက်တောင်သူတို့မှာ သာမန်သီးနှံ ဈေးနူန်းလောက်သာ ရရှိနေပြီး ဒေသခံအာဏာပိုင်၊အဖွဲ့အစည်းတို့ကို ဆက်ကြေးပေးနေသည့် ဖြစ်ရပ်မှာလည်း လက်ရှိအချိန်ထိ ပျောက်ကွယ်ခြင်း မရှိသေးချေ။ထိုအပြင် ဘိန်းစိုက်ရန်အတွက် မြို့ပေါ်ရှိ ကြေးရတက်လူများထံ ငွေတိုးနူန်းမြင့်မားစွာဖြင့် ချေးယူကာ စိုက်ပျိုးကြရလေ့ရှိသည်။

မူးယစ်ဆေးဝါး ထုက်ဖြန်ချီသူ များမှာ ပို၍ ချမ်းသာ ကြွယ်ဝလာကြပြီး နယ်မြို့တို့တွင် ကြေး၇တက် အသိုင်းအ၀ိုင်း အဖြစ် ၇ပ်တည်နေကြလျက် ရှိသည်ကိုလည်း တွေ့ရှိရပါတယ်။ထိုအပြင် ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး လုပ်ငန်းတွေမှာလည်း မူးယစ်ဆေးဝါးကနေ ရရှိတဲ့ ငွေကြေး အမြောက်အများ ပါဝင်နေတယ်လို့လည်း ဆိုထားတာတွေ လည်း ရှိနေပါတယ်။ အီမ်ခြံမြေဈေးကွက်ထဲမှာလည်း အကြီးအကျယ် ပါဝင် ပါတ်သက်နေတာပါ။

လက်ရှိ မူးယစ်ထိန်းချူပ်တားဆီးရေး အဖွဲ့များ ထားကာ ဆောင်ရွှက်နေကြပြီ ဖြစ်ပေမယ့် အထင်ကရ ဆက်နွယ်သူတွေကိုတော့ မှီနိင်ခြင်း မရှိသေးပါဘူး။ဘိန်းတားဆီးေ၇း အဖြစ်ဟာ အရင်အခြေအနေတွေထက် စာရင် ပိုမိုတိုးတက်ကောင်းမွန်လာတယ်လို့ ဆိုထားပေမယ့် စိုက်ပျိုးမူ ဧရိယာ၊ထုက်လုပ်မူ ပိုမိုကျယ်ပြန့်လာတာကိုလည်း သတိထားရမှာပါ။

မည်သို့ဆိုစေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူတွေကို အမြန်ဆုံ နှိမ်းနင်းသင့်နေပြီး ပါဝင်ပါတ်သက်သူတွေလည်း ထိရောက်တဲ့ ပြစ်ဒါဏ်တွေ ချမှသာ ပပျောက်နိင်ပြီး လက်သေးလေးတွေ ဖြစ်တဲ့ သယ်ဆောင်ပေးသူတွေ၊သုံးစွဲရောင်းချသူတွေကိုသာ ဖမ်းဆီးနေတမျ ပပျောက်နိင်မည် မဟုက်။
`






Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး