အသားထုက်လုပ်နိင်မူ GDP အမေရီကန်ဒေါ်လာ (၁၁၁.၁)ဘီလီယံ ရှိဟု CIA ဆို


GDP (purchasing power parity) myanmar



အမေရိကန်နိင်ငံရဲ့ CIA က လေ့လာ ဆန်းစစ်ချက်အရ မြန်မာနိင်ငံရဲ့ ၂၀၁၃ခုနှစ် ဂျီဒီပီဟာ ထုက်လုပ်နိင်မူစွမ်းအား ဟာ အမေရိကန်ဒေါ်လာ(၁၁၁.၁)ဘီလီယံရှိနေပြီးတော့ ကမ္ဘာမှာ အဆင့်(၇၂)ရှိနေကာ တရားဝင်ထုက်ပြန်ချက်အရတော့ (၅၉.၄၃)ဘီလီယံသာ ရှိနေတယ်လို့  ဆိုထားပါတယ်။

  လူတစ်ဦးချင်း ၀င်ငွေကတော့ တနှစ်ကို ပျမ်းမျ အမေရီကန်ဒေါ်လာ(၁၇၀၀)အထိ ရှိနေတယ်လို့ ဖော်ပြထားပြီး အခွန်ရရှိမူကလည်း အမေရီကန်ဒေါ်လာ(၂.၄၁၃)ဘီလီယံ ရှိနေပြီး အသုံးစရိက်ကတော့ (၄.၄၄၃)ဘီလီယံ အထိ ရှိနေတယ်လို့ ဆိုထားပါတယ်။

အလုပ်လုပ်နိင်တဲ့ လူဦးရေဟာ (၃၄.၃၁)သန်းခန့် ရှိတာမို့ ကမ္ဘာပေါ် မှာ  လုပ်သားကြွယ်ဝမူ အဆင့်(၁၉)မှာ ရပ်တည်နေပါတယ်။စက်မူလုပ်ငန်း ဖွံးဖြိုးတိုးတက်မူ နူန်းထားကလည်း (၁၁.၄)ရာခိုင်နူန်း အထိ ရှိနေပြီး  ဂျီဒီပီ အချိုးကျ ပါဝင်မူ အရ  လယ်ယာစိုက်ပျီုးရေး က (၃၈)ရာခိုင်နူန်း၊စက်ရုံ အလုပ်ရုံကနေ (၂၀.၃)ရာခိုင်နူန်း နဲ ၀န်ဆောင်မူ လုပ်ငန်းတွေကနေ (၄၁.၇)ရာခိုင်နူန်း အထိ ရရှိနေတယ် လို့ ထုက်ပြန်ထားပါတယ်။

ဂျီဒီပီ တိုးတက်မူနူန်းထားကလည်း မြန်ဆန်နေပြီး ၂၀၁၃ ခုနှစ်မှ (၆.၈) ရာခိုင်နူန်း ရှိနေသော်ငြားလည်း ငွေကြေးဖောင်းပွမူ နူန်းထားက ၂၀၁၃ ခုနှစ်မှာ (၅.၇)ရာခိုင်နူန်း ရှိနေပြီး ၂၀၁၂ ခုနှစ်တုန်းကတောင် (၁.၅)ရာခိုင်နူန်းသာ ရှိခဲ့တာပါ။ တိုင်းပြည်ဖွံးဖြိုးမူ ကောင်းလာပေမယ် ငွေကြေးဖောင်းပွနေမူကိုတော့ မထိန်းသိမ်းနိင်သေးဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် ဒီနှစ်အတွင်းမှာ Mobile Team တွေ ဖမ်းဆီမူတွေ ဆက်နေတာမို့ မြန်မာငွေကြေး ပြန်မာလာတာမျိုးလည်း ရှိနေပါတယ်။ မြန်မာစီးပွားရေးဟာ ကောင်းလွန်းတဲ့ အနေအထားမှာ ရှိနေတာ မဟုက်ပဲ ပြုပြင်ပြောင်းလဲမူ အပေါ် အခြေထားတာမို့ အခြေခံလူတန်းစားတွေတွက်တော့ မထူးခြားနားသေးတဲ့ အခြေအနေပါ။

မြန်မာနိင်ငံရဲ့ ထိပ်တန်း ကုန်သွယ်ဘက် နိင်ငံများ
China 36.9%, Thailand 20.2%, Singapore 8.7%, South Korea 8.7%, Japan 8.2%, Malaysia 4.6%

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး