မြန်မာ့စတော့အိက်ချိန်းဈေးကွက် အခြေအနေ
အခတ်အခဲတွေကြားက မြန်မာ့ စတော့အိက်ချိန်းဈေးကွက်
မောင်ချင်း
ရန်ကုန်၊သြဂုက်လ(၂၅)ရက်
မြန်မာ့စီးပွားရေးစနစ်ကို ပြောင်းလဲပေးနိင်ဖွယ် ရှိနေသော စတော့ အိက်ချိန်း ဈေးကွက်ကို ပြင်ဆင်ဆောင်ရွှက်နေမူ၊လူစိက်ဝင်စားမူ အများအပြားရရှိနေသော်လည်း လိုအပ်ချက် ၊အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်ကာ အများပိုင်ကုပ္မဏီများ၏ သက်တမ်းနုနယ်ခါစအခြေအနေမို့ အများပြည်သူတို့အနေနှင့် အစုရှယ်ယာ ၀ယ်ယူပါက ဘက်ပေါင်းစုံမှ စဉ်းစားကြရန် လိုအပ်လျက် ရှိနေသည်။
စတော့ အိက်ချိန်း ဆိုတာ
လက်ရှိမြန်မာ့စတော့ အိက်ချိန်းဈေးကွက် ပေါ်ပေါက်လာရန်အတွက် (၁၆)နှစ်ကျော် လာရောက်ပူးပေါင်း ပါဝင်ထားသည့် ဂျပန်နိင်ငံမှ ဒိုင်ဝါကုပ္မဏီ နှင့် အစီုးရဘက်မှ MSEC(မြန်မာစတော့အိက်ချိန်းစင်တာ)တို့ မှ ပူးပေါင်းကာ ၂၀၁၅ခုနှစ်ကုန် ပိုင်းခန့်တွင် ဆောင်ရွှက်ရန် ပြင်ဆင်လျက် ရှိသည်ဟုလည်း MSEC မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အစီုးရ၏ အားပေးမူကြောင့် အများပိုင်ကုပ္မဏီ အများအပြားပေါ်ပေါက်လာခဲ့ပြီး ယခင်အစီုးရလက်ထက်က (၂၃)ခု၊လက်ရှိအစီုးရလက်ထက်တွင် (၁၃၂)ခု အသီးသီး ပေါ်ပေါက်လာခဲ့သည်။
ထိုသို့ ပေါ်ပေါက်လာလျက်ရှိနေသော်လည်း အများပိုင်ကုပ္မဏီအများစုမှာ လက်ရှိ ဘဏ္ဍာရေးဝန်ကြီးငှနမှ ဆောင်ရွှက်လျက်ရှိနေသော ရန်ကုန်စတော့အိက်ချိန်းဈေးကွက်တွင်ပင် စာရင်းသွင်းရန် ၀န်လေးလျက် ရှိနေကြသည်ကို့ တွေ့ရှိရလေသည်။
လူအများအပြားစိက်ဝင်စားလျက် ရှိသည့် စတော့ အိက်ချိန်းဈေးကွက်နှင့် အများပိုင်ကုပ္မဏီ ဆိုသည်မှာ အဘယ်သို့နည်း။
စတော့အိက်ချိန်းဆိုသည်မှာ အများပိုင်ကုပ္မဏီများစုစည်းကာ တနေရာတည်းတွင် ၎င်းတို့ ပိုင်ဆိုင်သော လုပ်ငန်းများကို ခွဲ၍ အစုတစုစီ ခွဲဝေရောင်းချသည်ကို ဈေးအတက်အကျဖြင့် အရောင်းအ၀ယ် ပြုလုပ်နိင်သော ဈေးကွက်တခု ဖြစ်လေသည်။စတော့ဈေးကွက်ကို စတော့အိက်ချိန်းစင်တာ၊security company ခေါ် စတော့အရောင်းအ၀ယ်ပြုလုပ်ပေးသည့် ကုပ္မဏီ နှင့် ဘဏ်များ အသီးသီး ချိက်ဆက် ပါဝင်လျက် ရှိသည်။
အများပိုင်ကုပ္မဏီ ဆိုသည်မှာ ၎င်းတို့၏အစုရှယ်ယာများကို အများပြည်သူထံ ရောင်းချပေးကာ ရရှိလာသော အကျိုးအမြတ်ကို ပြန်လည်ခွဲဝေပေးသော လုပ်ငန်းစုကို ဆိုလိုခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်းအများပိုင်ကုပ္မဏီ အများစုမှာ အစုရှယ်ယာ တစ်ခုလျင် ကျပ်တစ်သောင်းနှင့်ေ၇ာင်းချပေးနေခြင်း ဖြစ်ကာ အများပြည်သူများမှလည်း ကြိက်ကြိက်တိုး အားပေးဝယ်ယူလျက် ရှိနေသည်ကို တွေ့ရှိနေရသည်။
စတော့ အိက်ချိန်းဈေးကွက်တွင် အများပိုင်ကုပ္မဏီတို့ဝင်ရောက်ရာတွင် IPO ခေါ် Initial Public Offering ဖြစ်တည်ရန်လိုအပ်ပြီး အများပြည်သူတို့ ထည့်ဝင်ငွေဖြင့် ဆောင်ရွှက်သည့် ကုပ္မဏီဖြစ်ရမည် ဟု လက်ရှိ မြန်မာစတော့အိက်ချိန်း ဈေးကွက်ကို ဖော်ဆောင်နေသည့် MSEC မှ တာဝန်ရှိသူ ဦးသက်ထွန်းဦးက ဆိုသည်။
မြန်မာ့စတော့ အိက်ချိန်း
၂၀၁၅ခုနှစ်တွင် စတင်နိင်ရန် အကောင်အထည်ဖော်နေသည့် မြန်မာ့စတော့ အိက်ချိန်းဈေးကွက်ကို စတော့အိက်ချိန်းဆိုင်ရာ ကော်မတီ(SEC) ၊ရန်ကုန်စတော့ အိက်ချိန်း(YSE)၊ဘဏ္ဍာရေးဝန်ကြီးငှန ၊ကုပ္မဏီများညွန်ကြားရေးမူး ဦးစီငှန(DICA) ၊Securities Dealers Association ခေါ် ရှယ်ယာရောင်းချပေးသည့် လုပ်ငန်း နှင့် ရင်းနှိးမြုပ်နှံသူ ကာကွယ်ပေးရေး အဖွဲ့(Investor Protection Fund) တို့ဖြင့် ဆောင်ရွှက်နိင်ရန်အတွက် ပြင်ဆင်လျက် ရှိနေသည်။
စတော့အိက်ချိန်းဖြစ်ပေါ်ရေးတွက် ဆောင်ရွှက်နေသည့် ဒိုင်ဝါ ကုပ္မဏီမှ မြန်မာ့စတော့ အိက်ချိန်းကို ခတ်မှိနည်းစနစ်များ၊ကက်ဖြင့် ငွေပေးချေ ရောင်းဝယ်နည်း နှင့် အင်တာနတ်ကို အခြေခံကာ စတော့ဈေးကွက် ရောင်းဝယ်မူ ပုံစံကို ဆောင်ရွှက်သွားမည် ဟု ဆိုသည်။
စတော့နှင့် ပါတ်သက်သည့် ဥပဒေများထုက်ပြန်ပြီး ဖြစ်သော်လည်း မြန်မာအများပိုင်ကုပ္မဏီ အများစုမှာ စတော့ဈေးကွက်တွင် စာရင်းသွင်းရန် ကြိုးစားနေဆဲ့ အဆင့်သာ ရှိနေသေးကာ လုပ်ငန်းများအောင်မြင်မှသာ ၀င်ရောက်နိင်သည့် ပုံစံကြောင့် စတင်နေဆဲ့ ကုပ္မဏီအများစုမှာ ရန်ကုန်စတော့အိက်ချိန်းကို မ၀င်ကြသေးခြင်း ဖြစ်သည်။
လိမ်လည်မူများစွာ ဖြစ်လာနိင်သည့် Public ကုပ္မဏီထူထောင်ခြင်း
အစုရှယ်ယာရောင်းချသည့် ပုံစံမှာ မြန်မာနိင်ငံတွင် ရှိနေပြီး ဖြစ်သော်လည်း အဆီုးဘက် ဦးတည်ခဲ့ ဖြစ်ရပ်များစွာ ရှိခဲ့ဖူးသော်လည်း စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းနည်းပါးသော နိင်ငံတခုတွင် ရှယ်ယာရောင်းဝယ်မူမှာ လူစိက်ဝင်စားသည့် အခြေအနေဖြစ်သည်။
လက်ရှိတွင် အစုရှယ် ယာရောင်းချမူကြောင့် အောင်မြင်နေသော ကုပ္မဏီများတွင် FMI၊ MICT park နှင့် မြန်မာသစ်လုပ်ငန်းအများပိုင် ကုပ္မဏီ စသည့် ယခင်အစီုးရလက်ထက်ကတည်းက ရှိနေပြီးသော လုပ်ငန်းများ ရှိနေပြီး လက်ရှိစတင်ဆောင်ရွှက်နေသော အများပိုင်ကုပ္မဏီအချို့မှာလည်း လူကြိုက်များ ကာ အောင်မြင်မူရာခိုင်နူန်းအလားအလာရှိနေသည်။
သို့သော် အများပိုင်ကုပ္မဏီများ၏ရှယ်ယာဝယ်ယူသူ အများစုမှာ လုပ်ငန်းအောင်မြင်မူ အခြေအနေထက် ကုပ္မဏီကို CEO အဖြစ်တာဝန်ယူ ဦးဆောင်နေသည့် လုပ်ငန်းရှင်များကို ကြည့်ကာ ၀ယ်ယူနေသည့်က ပို၍ များလေသည်။ယင်းအချက်ကြောင့်လည်း အတိက်က အများပိုင်ကုပ္မဏီဆန်သည့် လုပ်ငန်းအများအပြားတွင် ငွေကြေးထည့်ဝင်သော်လည်း လိမ်လည်မူများ၊ငွေကြေးရယူပြီး ထွက်ပြေးတိမ်းရှောင်မူတို့ကို တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။
ယခင်အစီုးရလက်ထက်တွင် အများပိုင်ကုပ္မဏီအဖြစ်မှတ်ပုံတင်ခြင်း မရှိသော်လည်း အများပြည်သူထံ အစုရှယ်ယာရောင်းချကာ အရူံးပေါ်က ငွေကြေးဆုံးရူံးသည့် သာဓကများစွာ ရှိပြီး ကျုံယွမ်ကုပ္မဏီ ကိစ္စရပ်မှာ နာမည်ကျော်ခဲ့သည်။ငွေစုငွေချေးသမ၀ါယအသင်းအဖြစ် တခတ်ထ ခဲ့ဖူးသည် ၂၀၀၀ ပြည့်နှစ် ကလည်း ဧရာမြေ၊ မဟာဓနံ၊ ဓနသီရိ၊ လင်းသစ္စာ စသည့် ကုမ္ပဏီများမှာ နာမည်ကြီးခဲ့ကာ ငွေကြေးထည့်ဝင်သူတို့အများစုမှာ ငွေကြေးဆုံးရူံးခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ဖူးသည်။ အဓီကအချက်အားဖြင့် အစီုးရဘက်မှ တာဝန်ယူမူ၊အများပိုင်ကုပ္မဏီများနှင့် သက်ဆိုင်သည့် ဥပဒေ အားနည်းမူ၊ပြည်သူတို့၏ အလွယ်တကူယုံကြည်မူတို့ကြောင့် ဖြစ်ကာ လက်ရှိ စတော့ အိက်ချိန်းဈေးကွက် စတင်ချိန်တွင်လည်း ယင်းကဲ့သို့ ပြသာနာများ ဖြစ်လာနိင်ချေ ရှိနေပြန်သည်။
လက်ရှိတွင် အများပိုင်ကုပ္မဏီနှင့် သက်ဆိုင်သည့် ဥပဒေ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း နည်းဥပဒေ(role and regulation law) ရေးဆွဲနေဆဲ့ အခြေအနေကြောင့် အစုရှယ်ယာဝယ်ယူသည့်ကိစ္စရပ်များတွင် ဥပဒေအရ အကာအကွယ်ပေးနိင်မူ နည်းပါးနေသေးကြောင်း နိင်ငံတော်ဗဟိုဘဏ် ဒုဥက္ကငှ ဖြစ်သူ ဦးဆက်အောင်က အများပိုင်ကုပ္မဏီတခု၏ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
အများပိုင်ကုပ္မဏီတွေ အနေနဲ အစုရှယ်ယာရောင်းချမယ် ဆိုရင် စတော့ အိက်ချိန်းမှ စာရင်းသွင်းရပါမယ်။list လုပ်ရင်တောင် ကုပ္မဏီသက်တမ်း အနေနဲ သုံးနှစ်ကျော်မှ လက်ခံတာပါ ။ဒီလိုဖြစ်ဖို့က အချိန်အနည်းငယ် စောင့်ရအုန်းမှာပါ ဟု ဆိုခဲ့သည်။
ထိုအတူဘဏ္ဍာရေးဝန်ကြီးငှနမှ ဒုဝန်ကြီး ဦးမောင်မောင်သီမ်းကလည်း အများပိုင်ကုပ္မဏီများတွင် ရင်းနှီးမြုပ်နှံမူ ပြုလုပ်ရာတွင် စဉ်းစားဆင်ခြင်ကာ သတိအနေအထားနှင့် လုပ်ကိုင်ကြရန် သတိပေးခဲ့ဖူးလေသည်။
လက်ရှိအများပိုင်ကုပ္မဏီတို့၏ အခြေအနေ
လက်ရှိအချိန်ထိ အများပိုင်ကုပ္မဏီ(၁၅၀)ကျော် ရှိနေသော်လည်း အများစုမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွှက်နေမူ နည်းပါးနေသေးပြီး တိကျသည့် ပုံစံဖြင့် အများပြည်သူကို ချပြသည့် ကုပ္မဏီများမှာ လက်တဖက်ပင် မပြည့်သေးချေ။အများပိုင်ကုပ္မဏီများမှာပွင့်လင်းမြင်သာမူ ရှိရန်မှာ အရေးပါပြီး လုပ်ငန်းစဉ်အတိအကျကို အများပြည်သူထံ ချပြန်ရန် လိုအပ်သည်။
ကုပ္မဏီများမှ ရောင်းချသော ရှယ်ယာ အများစုမှာ Command Share ဖြစ်ပြီး တစုလျင် ကျပ်တစ်သောင်းဖြင့် ရောင်းချပြီး လုပ်ငန်းစတင်ချိန်တွင်ပင် အနှိမ့်ဆုံး အစုရှယ်ယာ တစ်သိန်းခန့် ရောင်းချကြသည်ဖြစ်ရာ ကျန်ဘီလီယံနှင့်ချီ အများပြည်သူထံ ရယူသွားခဲ့ခြင်း ဖြစ်သည့်အပြင် အမြတ်ရှယ်ယာခွဲဝေပေးနိင်မည့် ပကတိအခြေအနေမှာ တိတိကျကျ ဖော်ပြနိင်ကြခြင်း မရှိသေးချေ။ တိကျစွာ ဖော်ပြရလျင် အရူံးတွက် ပြန်ဆည်ပေးမူ မရှိတလို ရရှိသည့် အမြတ်ကိုလည်း အားလုံးစုံ ပေးအပ်နိင်မည် မဟုက်ပဲ ကုပ္မဏီများ၏ အောင်မြင်ရရှိရန်ကာလမှာလည်း စောင့်ကြည့်နေရမည့် အနေအထားတွင် ဖြစ်လေသည်။
အဆီုးဆုံးအချက်အနေနှင့် ရန်ကုန်မြို့တွင် ကနဦးအနေဖြင့် ရန်ကုန်စတော့အိက်ချိန်းတွင် List လုပ်သည့် ကုပ္မဏီနည်းပါးခြင်းဖြစ်ကာ ရှယ်ယာရှင်တို့၏အကျိုးကို ကာကွယ်ပေးနိင်မည့် နည်းဥပဒေမထွက်ရှိသေးရာ နိင်ငံတော် အစီုးရအနေနှင့် မည့်သို့ ကာကွယ်ပေးမည်နည်းဆိုသည့်  အချက်ဖြစ်သည်။
ယခင်အများပိုင်ကုပ္မဏီများတွင် ငွေကြေးထည့်ဝင်သော်လည်း ဆုံးရူးံမူ ကိစ္စများမှာ အဓီကအားဖြင့်အစီုးရဘက်မှ အကာအကွယ် မပေးနိင်မူကြောင့် ဖြစ်ရာ ရှယ်ယာရှင် ပြည်သူများနှင့် လုပ်ကိုင်ကြမည့်အများပိုင်ကုပ္မဏီများ၏ CEO တို့အကြား ထိန်းညိပေးနိင်မည့် အချက် မပြည့်စုံသေးပါက ရှယ်ယာထည့်ဝင်သူတို့အတွက် အာမခံချက် မရှိနိင်သေးချေ။
ဈေးကွက်စီးပွားရေးစနစ်တွက် လိုအပ်ချက်တခု
အစီုးရဖော်ဆောင်နေတဲ့ ဈေးကွက်စီးပွားရေးစနစ် ဖွံးဖြိုးတိုးတက်လာဖို့တွက် အများပိုင် ကုပ္မဏီတွေ အများအပြားပေါ်လာဖို့ လိုတလို ငွေကြေးအင်းအား နည်းတဲ့ လူအများစုတွက်လည်း အခွင့်အလမ်းတခု ဖြစ်လာစေရန်အတွက်ပါ အရေးပါလေသည်။
အများပိုင်ကုပ္မဏီအများစုကို လက်ရှိ မြန်မာ့စီးပွားရေးကို ဦးဆောင်နေကျသည့် ထိပ်သီးလုပ်ငန်းရှင်အများအပြားက တာဝန်ယူထားကြရာ အများပြည်သူတို့၏ ယုံကြည်မူမှာ ယခင်အခြေအနေများထက် သာလွန်လျက်ရှိနေပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် အများပိုင်ကုပ္မဏီတို့မှာ သီးခြားစီ တာဝန်ယူဆောင်ရွှက်နေမူကလည်း အောင်မြင်မူတွက် ကောင်းမွန်နိင်စေသည့် အချက်ဖြစ်လေသည်။
မောင်ချင်း
ရန်ကုန်၊သြဂုက်လ(၂၅)ရက်
ရန်ကုန်မြို့ရှိ စတော့ရောင်းဝယ်ရေးစင်တာ (MSEC) |

Comments
Post a Comment