ဆန်ကုန်သည်တွေ ရူံးလေတလား ပြည်ပတင်ပို့မူ အခြေအနေ

Mg.chin
Yangon

မြန်မာနိင်ငံရဲ့ ဆန်လောကဟာ ခတ်ခဲတဲ့ အခြေအနေမှာမို့  ပြည်တွင်းလုပ်ငန်းရှင် အများအပြားဟာလည်း ရုန်းကန်နေရတဲ့ အခြေအနေပါ။ကုန်သည်အများစုဟာ ပြည်ပတင်းပို့ရောင်းချခွင့် ရတဲ့ အခြေအနေပေါ်မှာသာလိုက်ပါပြီး ဆန်းဈေးအတက်အကျကို လိုက်ပါနေရတဲ့သူတွေပါ လို့ ဆန်ကုန်သည်တွေကတော့ ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာဘဏ် ကတော့ ဒီရက်ပိုင်းထဲမှာ မြန်မာဆန်ဈေးဟာ အတက်အကျ ကြမ်ပြီး (၅)နှစ်အတွင်းမှာ (၄၀)ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဆန်ကြမ်း အခေါ်(၂၅)မှတ်တန်သာ ပြည်ပကို အဓီကထား တင်ပို့နေရတဲ့ လုပ်ငန်းတွေဟာ ဒီနှစ်ပိုင်းထဲမှာ အရူံးကြီးခဲ့တယ်လို့ ဆိုကြပြီး အထူးသဖြင့် သဘောင်္နဲ တင်ပို့သူတွေ ပိုအထိနာခဲ့တယ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

ပြည်တွင်းဆန်ဈေးဟာ စားသုံးမူ တိုးလာတလို ဈေးနူန်းအရလည်း မြင့်တက်လာခဲ့တာကတော့ သိသာထင်ရှားလှပါတယ်။အစီုးရ ၀န်ထမ်း လခတွေ မြင့်တက်လာပြီးနောက်ပိုင်း သိသာစွာ မြင့်တက်ခဲ့တာဟာ ကုန်သည်တွေ ကြောင့်မဟုက်ပဲ တောင်သူတွေ၊သိုလှောင်သူတွေ နဲ ပြည်ပ ၀ယ်လိုအားကြောင့် ဖြစ်ပြီး ကုန်သည်တွေကတော့ အမြတ်အစွန်း အနည်းငယ်ပေါ်မှာသာ မှီခိုနေရတယ် လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

သို့ပေမယ့် မူဆယ်ကို ကို ဆန်တက်ပို့တဲ့ အခါမှာ ကားခ အပါအ၀င် အမြတ်ငွေဟာ တအိက် ကျပ်(၁၀၀၀)ကနေ (၅၀၀)ကြား ရှိတယ်လို့ ဆိုပြီး ကားခကတော့ အချိန်အခါ လိုက်ပြီး တအိက်ကို (၇၅)ကျပ်ကနေ (၈၀)ကျပ် ပတ်ဝန်ကျင် ရှိတယ်လို့ မန်လေးအခြေစိုက် ဆန်ကုန်သည်တွေကတော့ ဆိုပါတယ်။

ဒီအချက်ကလည်း ပြည်တွင်းဆန်ဈေး အတက်အကျ အပြောင်းအလဲပေါ်မှာ မှိတည်နေပြီး ရန်ဖန်ရန်ခါ အရူံး ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။တရုက်ဆန်ကုန်သည်တွေဟာ ပြည်တွင်းဆန်တွေ အတက်အကျကို နားလည်ပြီး ယွမ်လေးငါးယွမ် အတက်အတကျ ကစားတက်တဲ့ ပုံစံမို့ ဆန်ကုန်သည်တွေ ထင်တလောက် မမြတ်ဘူလို့လို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် ပြီခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကတော့ ဆန်တန်ချိန် (၁.၂)သန်းကျော် တင်ပို့ခဲ့ပြီး တန်ချိန်(၇)သိန်းကျော်က တရုက်ကို စီးဆင်းခဲ့တာပါ။ဒီနှစ်ထဲမှာလည်း တရုက်ကို ဆန်အပို့ ကြမ်းခဲ့လို့ ပြည်တွင်ဆန်ဈေးတောင် မြင့်တက်လာခဲ့တဲ့ အခြေအနေမှာ တရုက်က အဖမ်းအဆီးများခဲ့တာကြောင့်သာ ခံသာခဲ့ရတာပါ။

လက်ရှိ (၂၅)မှတ်ဆန်တွေဟာ တအိက်ကို ကျပ်(၁၅၀၀၀)ကျော် ဈေးပေါက်နေတာမို့ တရုက်မ၀ယ်ရင်တောင် သဘောင်္နဲ တင်ပို့သူတွေ ၀ယ်ယူနေကြတယ်လို့ ဆိုပါတယ်။ဒီပုံစံတွေ အရ ပြည်ပတင်ပို့နိင်မူ အနေအထား အရ ဆန်ကုန်သည်တွေ ရူံးတယ်ဆိုတာ အတော်ကို နည်းပါးတဲ့ အနေအထားပါ။

ဒီနှစ်ပိုင်းမှာ ဆန်နဲပါတ်သက်ပြီး ထူးထူးခြားခြား ခံစားနေရတာကတော့ ဆန်စိုက်တောင်သူတွေ ဖြစ်လာပြီး နှစ်ပေါင်းများစွားအတွင်း အမြတ်ငွေ သိသာ ထင်ရှားစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။ပြည်ပ ၀ယ်လိုအားကြောင့် စုပေင်း တင်ပို့မူတွေ ရှိနေတာမို့ ဆန်ကုန်သည်အချို့ ထိခိုက်နေတဲ့ အခြေအနေဖြစ်ပေမယ့် ဆန်ဒိုင်တွေဆီကိုတော့ ဆန်အ၀င် မလျော့နည်းခဲ့ပါဘူး။

နောက်တဆင့် တရုက်ဝယ်လိုအား ပြန်ကောင်းလာနိင်တာမို့ ၂၀၁၄ခုနှစ် ဆန်တင်ပို့မူဟာလည်း တန်ချိန်(၁.၃)သန်းအထက်မှာ ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်.။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး