ဈေးကွက် အသစ်ပွင့်လာ နိင်ပေ့မယ် မရေရာမူတွေနဲ ဆန်ဈေးကွက်

 Mr.Chin
Yangon

မြန်မာနိင်ငံဟာ ဆန်တင်ပို့နေရာမှာ အဓီက ကုန်သွယ်ဘက်နိင်ငံ ဖြစ်တဲ့ တရုက်ဈေးကွက်က တောင်းဆိုမူတွေ၊အဖမ်းအဆီးတွေ များနေချိန်မှာ ဈေးကွက် အသစ်တခု အဖြစ် အဖြစ် အိန္ဒိယက ဈေးကွက်အသစ်အဖြစ် ဆန်တန်ချိန်(၅)သိန်းခန့်ကို ၀ယ်ယူဖို့ လေ့လာသုံးသပ်မူတွေ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီဈေးကွက် အသစ်ဟာ ပြိုင်ဆိုင်ရှားဖြစ်နေတဲ့ တရုက် အတွက် စီုးရီမ်စရာ အချက်တခု ဖြစ်တလို မြန်မာနိင်ငံအတွက်လည်း အားတက်စရာ အခြေအနေတခုပါ။အိန္ဒိယ နယ်စပ် တမူး၊ကလေးဘက်နေတဆင့် ၀ယ်ယူမူ ပြုနိင်ရန်အတွက် စီစဉ်နေတာတွေလည်း ရှိနေတယ်လို့ မြန်မာနိင်ငံဆန်စပါးအသင်းချူပ်က တာဝန်ရှိသူ ကိုသူရမျီုးက ဆိုထားပါတယ်။

လောလောဆယ် အခြေအနေအရ အိန္ဒိယကို ဆန်အနည်းငယ်သာ တင်ပို့နိင်သေးတဲ့ အခြေအနေမှာ ရှိနေဆဲ့ ဖြစ်ပြီး အဓီကအားဖြင့် အိန္ဒိယက ပြည်နယ်သုံးခုရဲ့ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိင်ဖို့အတွက်ပါ ဆိုထားတာမို့ ဒုတိယ လူဦးရေးအများဆုံး အိန္ဒိယ ဈေးကွက်အသစ်ကို ကုန်သည်တွေ မျော်လင့်ကြတာလည်း ပါပါတယ်။

ဒါပေမယ့် (၂၅)မှတ်လိုဆန်ကိုတောင် မပြည့်မှိတဲ့ ဆန်ကိုသာ အဓီက တင်ပို့နေရဆဲ့ မြန်မာအတွက် ဒါဟာ အရည်အသွေးပိုင်းဆိုင်ရာတွေမှာ ပြသာနာတွေ လိုအပ်ချက်တွေ ရှိလာအုန်းမှာပါလို့ မန္တလေးအခြေစိုက် ဆန်ကုန်သည်က ဆိုပါတယ်။

တရုက်ကတော့ ဘာလာလာ အကုန်ဝယ်တဲ့ အခြေအနေကနေ အရည်အသွေးဘက် လှည့်စကားပြောလာတဲ့ အခါ မြန်မာ့ကုန်သည်တွေ ညီးတွားနေခဲ့ကြတာပါ။ မည်သို့ဆိုစေ ဈေးကွက်အသစ် ထပ်ပွင့်လာဖွယ်ရှိနေတာမို့ ဈေးကောင်းပေးတဲ့ အနေအထားပေါ် တပါတ်လည် သွားကြမှာပဲ လို့ ကုန်သည်တွေက ဆိုပါတယ်။

အိန္ဒိယဟာ မြန်မာက ပဲကို အဓီက ၀ယ်ယူတဲ့ နိင်ငံဖြစ်တလို အရောင်းအ၀ယ် ပြုလုပ်တဲ့နေရာမှာလည်း တရုက်ထက် ပိုစနစ်ကျတာကို သတိထားရမယ့် အခြေအနေပါ။

သူတို့ဟာ မြန်မာပြည်ဈေးကွက်ကို ကောင်းကောင်းနားလည်တလို မြန်မာပြည်ဖွား အိန္ဒိယလူမျိုးတွေနဲလည်း ဆက်ဆံရေးအထူးကောင်းမွန်ကြတာပဲ ဖြစ်ပါတယ်။ နောက်တချက်က ပြည်တွင်းပဲလိမ်လည်မူတွေ ဖြစ်လာတာ အများစုကလည်း ဈေးကစားမူကြောင့် ဖြစ်ပြီး စကာင်္ပူ တဆင်ကုပ္မဏီ အများစုက တရကြမ်းဆွဲတင် ဆွဲချ လုပ်တက်တာကလည်း လက်ရှိ ဆန်ဈေးကွက်အသစ်ပေါ် ရိုက်ခတ်လာမူ ရှိကောင်း ရှိနိင်ပါတယ်။

တရုက်ကိုတော့ လျော့တွက်လို့ မရတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပြီး ယင်းအချက်တွေကြောင့် ဆန်တရားဝင်တင်ပို့မူ သဘောတူညီမူ အချက်ဟာ ပိုပြီး မြန်ဆန်လာနိင်စရာတော့ ရှိနေပါတယ်။ တရုက်ရဲ့ ဆန်လိုအပ်ချက်က တနှစ်ကို တန်ချိန်(၄)သန်းလောက် ရှိနေတာမို့ အကယ်၍ အိန္ဒိယဈေးကွက်သာ အတည်ဖြစ်လာခဲ့ရင် ပြည်တွင်းကုန်သည်တွေ အကျိုးအမြတ် ရလာနိင်ချေ၇ှိနေပါတယ်။

တရုက်ကို ဆန်တန်ချိန်(၁)သန်းလောက် တင်ပို့ခွင့် ရဖို့ တောင်းဆိုနေတာလည်း ရှိနေပြီး Over sea ဈေးကွက်လည်း ရှိနေတာမို့ ကုန်သည်တွေ ကစားနိင်ရင် ကစားတလို အကျိုးအမြတ်က ကောင်းနေမှာ ဖြစ်ပေမယ် ပြည်တွင်းဆန်ဈေးကတော့ အတော်ကို မြင့်တက်လာနိင်ချေလည်း ရှိနေပါတယ်။ဒါပေမယ့် တောင်သူတွေကတော့ ဒုံးရင်အခြေအနေသာ ရှိနေအုန်းမှာ ဖြစ်ပြီး ဆန်အရည်အသွေးကတော့ ထူးခြားလာနိင်ဖွယ်ရာ မရှိသေးပါဖူး။

အိန္ဒိယ ဆန်ဝယ်ယူရေး အနေအထားဟာလည်း လှည်ကွက်တခုလား ဆိုတာတော့ ပြည်တွင် လုပ်ငန်းရှင်တွေနဲ အိန္ဒိယက တာဝန်ရှိသူတွေသာ အသိဆုံး ဖြစ်မှာပါ။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott