ရန်ကုန်မြို့တွင် BRT စနစ် လုပ်ကိုင်ရန် MIC ခွင့်ပြုပေးထား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြထားသော BRT(BusRapidTransit)စနစ် လုပ်ကိုင်ခွင့်ကို MIC ကလည်း Omni Focus ကုပ္မဏီ က လုပ်ကိုင်ခွင့် ရရှိပြီ ဖြစ်တာမို့ လုပ်ငန်းဆောင်ရွှက်မူတွေကို မကြာမီ အသေးစိက်ထုက်ပြန်မယ်လို့ သိရပါတယ်။
”ခရီးသည်တွေကို တစ်နေရာနဲ့တစ်နေရာကိုအချိန်အနည်းငယ်အတွင်း အမြန်ဆုံးနဲ့အများဆုံး သယ်ယူပို့ဆောင် ပေးနိုင်ရန်အတွက် ဒီစီမံကိန်းကို မိမိတို့ကုမ္ပဏီက အမေရိကန်ဒေါ်လာ ခုနစ်သန်း ခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်လုပ်ဆောင်ခွင့်ရရှိလို့ လုပ်ငန်း စတင်ချိန်မှာ ဘတ်စ်ကားစီးရေ ၉၄ စီးနဲ့ စတင်ပြေးဆွဲ လုပ်ကိုင်မှာဖြစ်ပါတယ်”ဟု ဘက်စုံမြင်ကွင်း ကုမ္ပဏီ (Omni Focus Co..Ltd)က မန်နေးဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောကြားထားပါတယ်။
MICက ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့ BRTစနစ်မှာ ယာဉ်များအတွက် ယာဉ်မောင်း ၁၂၄ ဦး ပါဝင်တဲ့ ပြေးဆွဲမည့် လမ်းကြောင်းပေါ်မှာလည်း ယာဉ်မှတ်တိုင် ၃၉ ခုအတွက် လက်မှတ် ရောင်းချသူ ၁၁၇ ဦးနှင့် အခြားဝန်ထမ်းများ အပါအဝင် ဝန်ထမ်းပေါင်း ၃၆၀ နှင့် စတင်လုပ်ကိုင်မှာပါ။
ကားတွေကိုတော့ ထိုင်ခုံ ၄၅ ခုံ ပါဝင်သည့် ကားသစ်များနှင့် ပြေးဆွဲမှာဖြစ်ပြီး ယာဉ်ပေါ်တွင် မလိုလားအပ်သည့်ကိစ္စရပ်များမဖြစ်ပေါ်ရေးအတွက် လုံခြုံရေး ကင်မရာများ တတ်ဆင်ထားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာBRTစနစ်အကောင်းအထည်ဖော်ရန်ခရီးစဉ်လမ်းပိုင်း(၄)ခုသတ်မှတ်လျာထားပြီးမေတ္တာလှိုင်းယာဉ်အသင်းမှတင်ပြထားသော ခရီးစဉ်လမ်းကြောင်းမှာ အောင်မင်္ဂလာအဝေးပြေးမှ ကန်သာယာအဝေးပြေး အမှတ်(၃)လမ်းမကြီးအထိဖြစ်ပြီးယာဉ်အစီးရေ(၈၀)ဖြင့် ပြေးဆွဲသွားမယ်လိုလည်း ဆိုထားပါတယ်။
”BRTပြေးဆွဲရာလမ်းကြောင်းမှာရှိတဲ့ မှတ်တိုင်တွေမှာ လက်မှတ်အရောင်းကောင်တာများ ထားရှိ ပေးမှာဖြစ်တဲ့အတွက် လက်မှတ်ဝယ်ပြီးမှ ယာဉ်ပေါ်သို့ လိုက်ပါစီးနင်းကြရမှာဖြစ်တယ်၊ ခရီးသည် ပို့ဆောင်ခအဖြစ် မည်သည့်နေရာကို ဆင်းဆင်းတက်တက် ခရီးစဉ်စဆုံး စီးနင်းပါက လူတစ်ဦးကို ငွေကျပ်(၄၀၀)ကျပ် သတ်မှတ် ထားပါတယ်။ ပြေးဆွဲမယ့်ကားသစ်တွေက အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းကနေ စတင်ထွက်ခွာမှာ ဖြစ်ပြီး ခရေပင်လမ်းခွဲ၊ ရှစ်မိုင်လမ်းဆုံတို့ကို ဖြတ်ကာ ဗိုလ်တထောင်ဘုရားအထိ ဖြစ်ပါတယ်။ အဲဒီကမှ ကုန်သည်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ သုမင်္ဂလာလမ်းတို့မှ တဆင့် အောင်မင်္ဂလာဝင်းကို ပြန်လည် ဂိတ်ထိုးမှာ ဖြစ်တယ်။ ပြေးဆွဲမယ့်ခရီး အကွာအဝေးဟာ ၂၃ ဒသမ ၄၅ မိုင် ရှိတယ်”ဟု Omni Focus မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟဆိုထားပါတယ်။
BRT စနစ်ဟာ ကားလမ်းကြော ကျပ်နေတဲ့ နေရာတွေကို လျော့ချပေးနိင်ဖို့ နိင်ငံတကာမှာ ဆောင်ရွှက်နေကြတာ ဖြစ်ပြီး မြန်မာမှာလည်း ဆောင်ရွှက်နိင်ဖို့ JICA က စီစဉ်ထားရှိပါတယ်။ လက်ရှိ အခြေအနေအရ MIC က ခွင့်ပြုပေးခဲ့ပြီင်္မို့ လုပ်ငန်းဆောင်ရွှက်ဖို့ ပြင်ဆင်နေပါတယ်လို့ လည်း ဆိုထားပါတယ်။
Omni Focus ကုပ္မဏီဟာ အများပိုင် အဖြစ်လည်း ပြောင်းလဲဖို့ ရှိတယ် ဆိုထားပြီး အကောင်အထည်ဖော်မယ့် အချိန်တွေကို တော့ ပြောဆိုခြင်း မရှိသေးပါဖူး။
Comments
Post a Comment