FACEBOOK ကသတင်းအစစ်လား အတုလား ခွဲခြားနိင်ရန် ပြင်ဆင်
လူမှု ကွန်ယက် တစ်ခုဖြစ်တဲ့ Facebook ဟာ သုံးစွဲ သူတွေရဲ့ Feeds မှာ ပြသမှု တွေကို သတင်း အစစ်လား ၊ ဟာသ သတင်းလား ဆိုတာကို လွယ်ကူစွာ ခွဲခြားနိုင်အောင် ကြိုးစားနေ ပါတယ်။
အဲ့ဒီလို သတင်း အစစ်နဲ့ နောက်ပြောင်ထားတဲ့ သတင်းတွေ မကွဲပြားတဲ့ ပြသနာ အတွက် Facebook က “သရော်စာ (Satire)” လို့ အမည် ပေး ထားတဲ့ Tag တစ်ခုကို စမ်းသပ် နေပြီ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
ကျွန်တော် တို့ အခု အသေးစား စမ်းသပ် မှုတွေ စတင် ပြုလုပ် နေပါပြီ ။ NewsFeed မှာ သရော်တဲ့ အရေး အသား မျိုးတွေနဲ့ ဆက်စပ်နေတဲ့ အရေး အသားတွေ အားလုံးရဲ့ link တွေ အရှေ့မှာ [satire] ဆိုတဲ့ စာသားလေး ပြနေအောင်ပါ။
ကျွန်တော်တို့ ဆီကို လှောင်ပြောင် သရော်တဲ့ အရေး အသား တွေကို တခြားအရေး အသားတွေက နေခွဲခြား သိမြင်ချင်တဲ့ အကြောင်း ကို ပေးပို့တောင်းဆိုထားတာတွေ အများကြီး ရောက်လာတဲ့အတွက်ပါ”လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
ဥပမာ အားဖြင့် လူမှု ကွန်ယက် တွေနဲ့ ချိတ်ဆက် ထားတဲ့ The Onion ဆိုတဲ့ သတင်း ဋ္ဌာနရဲ့ အရေး အသား တစ်ခု ဖြစ်တဲ့ လက်နက်မဲ့ ၁၈နှစ် အရွယ် တစ်ယောက် ကို ရဲအရာရှိ တစ်ဦးက သေနတ်နဲ့ ပစ်လိုက် တယ် ဆိုတဲ့ သတင်းမှာ comment ပေါင်း ၂၃၃ ခု ရရှိ ခဲ့ပြီး တစ်ချို့က အရေး အသား အပေါ် ဝေဖန် ထားသလို တစ်ချို့က ဒါဟာ လှောင်ပြောင် သရော်စာ ဟာသ တစ်ခု ဖြစ်တယ် ဆိုတာ သိရှိပုံ မပေါ်ပါဘူး။
Facebook အနေနဲ့ ယခု စမ်းသပ် နေတဲ့ [satire] ဆိုတဲ့ Tag အသစ် ဟာ ဘယ် သတင်း ဋ္ဌာနကို ရည်ရွယ်နေ သလဲ ဆိုတာနဲ့ အခြေခံ အားဖြင့် သုံးစွဲသူ အားလုံး အပေါ် သက်ရောက် နိုင်သလားဆို
တာကိုတော့ မသိရှိ ရသေးပါဘူး။
Credit : Trend Myanmar
Comments
Post a Comment