နိင်ငံတကာကုမ္ပဏီများထက် ပြည်တွင်းကုမ္ပဏီ ၀န်ထမ်းများက လစာ ၃ ဆ ခန့် လျော့နည်း

JobNet.com.mm ၏ စစ်တမ်းအရမြန်မာနိုင်ငံတွင် ပြည်တွင်းကုမ္ပဏီများတွင် လုပ်ကိုင်ကြသော ၀န်ထမ်းများနှင့် ပြည်တွင်းရှိ နိုင်ငံတကာ ကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော ၀န်ထမ်းများ၏ လစာနှုန်းထားကွာဟချက်သည် ပျမ်းမျှ ၆၀ ရာခိုင်နှုန်း အထိ ရှိကြောင်း လေ့လာတွေ့ရှိရသည်။
အဆိုပါ စစ်တမ်းကို နိုင်ငံအတွင်းရှိ ကုမ္ပဏီပေါင်းများစွာ၏ လူ့စွမ်းအားအရင်းအမြစ် (HR) ဌာနမှ တာဝန်ထမ်း ဆောင်နေ သူပေါင်း ၃၀၀ ၀န်းကျင်တို့ကိုမေးမြန်း၍ စစ်တမ်းများ ကောက် ယူခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာကုမ္ပဏီများတွင် ၀င်ရောက်လုပ်ကိုင်သူများသည် ညွှန့်ကြားရေးမှူး (Director) နှင့် အထက်ရာ ထူး များ အတွက်လစာ ကျပ် သိန်း ၅၀ ၀န်းကျင်ရရှိကြပြီး ပြည်တွင်းကုမ္ပဏီမျာတွင် လစာ ကျပ် ၂၄ သိန်းဝန်း ကျင်ပေးကြောင်း၊ နိုင်ငံတကာကုမ္ပဏီများတွင် မန်နေဂျာအဆင့်တာဝန်ယူထားသူများသည် လစာ ကျပ် သိန်း ၂၀ ၀န်းကျင်ရရှိကြပြီး ပြည်တွင်းကုမ္ပဏီများတွင် မန်နေဂျာများသည် လစာ ၁၂ သိန်းဝန်းကျင်ရရှိကြသည်။ အလုပ် စတင်ဝင် ရောက်ခါစ လူများအတွက် နိုင်ငံတကာကုမ္ပဏီများက ကျပ် ၅ သိန်းကျော် ၀န်းကျင်ပေးသော်လည်း ပြည်တွင်း ကုမ္ပဏီများ ကမှု ၃ သိန်းဝန်းကျင်သာ ပေးကြောင်း စစ်တမ်းက ဖော်ပြသည်။
“မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုတွေနဲ့ အတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဆက်တိုက်ဝင်ရောက်လာတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေတော်တော်များလာပါတယ်။ အဲ့ဒီကုမ္ပဏီတွေဟာပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို အများကြီး ဖန်တီး ပေးပါတယ်။ ကျွန်တော်တို့ရဲ့ စစ်တမ်းအရ နိုင်ငံတကာ ကုမ္ပဏီတွေက တကယ်သာ လုပ်ငန်း ကျွမ်းကျင်ရင်၊ ဘာသာ စကား ကောင်းကောင်းရထားရင် လစာငွေကို အများကြီးပေးဖို့ ၀န်မလေးဘူးဆိုတာ သိသာပါတယ်။ အင်္ဂလိပ်ဘာသာစကား ကလည်း အရေးကြီးလာတဲ့ အခါကြတော့ ကျွန်တော်တို့တောင် Wall Street English နဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်ရှာဖွေသူတွေကို သူတို့လိုအပ်တာတွေ ဖြည့်ဆည်းနိုင်အောင် ညွှန်ပြပေးနေပါတယ်။”ဟု JobNet.com.mm ၏ မန်းနေဂျင်းဒါရိုက်တာ ဖြစ်သူ Matt De Luca ကပြောသည်။
လုပ်ငန်းနယ်ပယ်အလိုက် လစာကွာခြားမှုအနေဖြင့်လည်း Engineering/ Technical/ Project Management နယ်ပယ်တွင် ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်း အထိ၊ IT/Software & Hardware နယ်ပယ်တွင် ပျမ်းမျှလစာ ၈၁ ရာခိုင်နှုန်း အထိ၊ Marketing/Media/Creatives နယ်ပယ်တွင် ပျမ်းမျှလစာ ၅၂ ရာခိုင်နှုန်း အထိ ၊ Banking/Finance/ Professional Services နယ်ပယ်တွင် ပျမ်းမျှလစာ ၅၃ ရာခိုင်နှုန်း၊ Hospitality/ F&B နယ်ပယ်တွင် ပျမ်းမျှလစာ ၁၀၆ ရာခိုင်နှုန်း အထိ၊ Sales/ Business Development နယ်ပယ်တွင် ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်း အထိ နိုင်ငံတကာ ကုမ္ပဏီ ဝန်ထမ်းများသည် ပြည်တွင်းကုမ္ပဏီ ဝန်ထမ်းများ ထက်ပိုမို၍ လစာနှုန်းထားများရရှိနေကြသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး