မြန်မာစီးပွားရေးကို လေ့လာသုံးသပ်သည့် အစီရင်ခံစာအတွက် Oxford business Group နှင့် ဗြိတိသျှကုန်သည်ကြီးအသင်း တို့ သဘောတူလက်မှတ်ရေးထိုး

မြန်မာနိင်ငံ၏ စီးပွားရေးနှင့် သက်ဆိုင်သော ကဏ္ဍပေါင်းစုံကို လေ့လာသည့် အစီရင်ခံစာကို လက်တွဲလုပ်ကိုင်လေ့လာရန် Oxford business Group(OBG)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကုန်သည်ကြီးများအသင်း (BritCham Myanmar) တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုက်ပြန်ထားသည်။
နိုင်ငံတွင်း အခြေခံ အဆောက်အအုံကဏ္ဍပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရန်နှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပိုမို ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်း ဖြစ်သော Oxford Business Group (OBG) ၏ မကြာမီ ထုတ်ဝေသွားရန် ရှိသည့် အစီရင်ခံစာ တွင် ဆန်းစစ်လေ့လာ ဖော်ပြသွားမည် ဖြစ်သည်ဟု သတင်းထုက်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကုန်သည်ကြီးများအသင်း (BritCham Myanmar) သည် OBG မှ ထုတ်ဝေသွားမည့် အစီရင်ခံစာ အသစ်အတွက် လက်တွဲလုပ်ကိုင်သွားရန် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ချူပ်ဆိုခဲ့ကာ အဆိုပါ နားလည်မှု စာချွန်လွှာအရ ကုန်သည်ကြီးများအသင်း အနေနှင့် The Report: Myanmar 2019 အစီရင်ခံစာ အတွက် သုတေသနများ၊ ဆန်းစစ်လေ့လာချက်များ ပြုလုပ်ရာတွင် OBG အား ကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်သည် ဟု သိရသည်။
မြန်မာနိင်ငံအနေနှင့် ဖွံဖြိုးတိုးတက်နေဆဲ ကြီးမားသော ဈေးကွက်ကြီးတစ်ခုအဖြစ် ရူမြင်နေဆဲ ဖြစ်သော်လည်း နည်းဥပဒေပိုင်းဆိုင်ရာ ကဏ္ဍများတွင် အားနည်းနေဆဲ ဖြစ်ကြောင်း OBG၏ မြန်မာနိင်ငံဆိုင်ရာ Country Director ဖြစ်သူ Naiade Freitas က ဆိုထားသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး