ရန်ကုန်မြို့ ကို သဘာဝဘေးအန္တရယ် ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွှက်ရန် ကမ္ဘာဘဏ်နှင့် ဂျပန်မှ USD (၁၁၇)သန်း ချေးမည်


ကမ္ဘာဘဏ်နှင့် ဂျပန်နိင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ(၁၁၇)သန်းဖြင့် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာလုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သတင်းထုက်ပြန်ချက်အရသိရသည်။

ကမ္ဘာ့ဘဏ်မှချေးငွေအမေရိကန်ဒေါ်လာ (၁၁၆)သန်းနှင့်ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း
စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၁၇)သန်းဖြင့်ရန်ကုန်မြို့၏ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့်လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်မည် ဟု သတင်းထုက်ပြန်ထားသည်။
စီမံကိန်းများ၏ Process များအရ ယင်းစီမံကိန်းသည်ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက်နိုင်သည့်စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းငွေကြေးကို နိုင်ငံခြားမှ ချေးယူရမည် ဖြစ်သည့်တွက် ပြည်ထောင်စုလွှတ်တော်တွင်တင်ပြပြီး အတည်ပြုချက်ယူရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းစီမံကိန်းအား လွန်ခဲ့သည့်နှစ်က ကမ္ဘာ့ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ရေမြောင်းစနစ် နှင့် အရေးပါသောအခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရန်အတွက် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။
ယခုစီမံကိန်းအား ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း ပူးတွဲထည့်ဝင်ထားသည် ဟု သိရသည်။
အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက တုန့်ပြန်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ချေ မြင့်မားသည့်နိုင်ငံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၈၄ )သန်းခန့်ဆုံးရှုံးလျက် ရှိကြောင်းဆင်းရဲနွမ်းပါးသည့် ပြည်သူများက အထူးသဖြင့် ပိုမိုထိခိုက်ခံစားရလေ့ရှိသည် ဟု ကမ္ဘာဘဏ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆သန်းဖြင့် ဆောင်ရွက်မည့် ယခုစီမံကိန်းသည် ရန်ကုန်မြို့တွင် ရေကြီးရေလျှံကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို လျော့ချနိုင်ရေးနှင့် အများပြည်သူများနှင့်သက်ဆိုင်သည့် အရေးပါသော အဆောက်အဦများအား ငလျင်ဒဏ်မှ ခံနိုင်ရည်ရှိစေရေး အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေများ တုန့်ပြန်ဆောင်ရွက်မှုလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု စီမံခန့်ခွဲရာတွင် ပြည်ထောင်စုအစိုးရ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် လုပ်ငန်းများအား ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအောက်တွင် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များ အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပြီး လူဦးရေ ၅ သိန်းခန့်အတွက် အကျိုးရှိစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး