မြန်မာ့ထုက်ကုန်နှင့် ဈေးကွက်လေ့လာရန် UMFCCI နှင် NCRA ပူးပေါင်းလေ့လာမည်





မြန်မာနိင်ငံ၏ စီးပွားရေး အခြေအနေကို ခြုံငုံ သုံးသပ်မိစေရန် အတွက် ထုက်ကုန်၊ဈေးနူန်း နှင့် ဈေးကွက်ဆိုင်ရာ အခြေအနေများကို လေ့လာဆန်းစစ်ရန် UMFCCI နှင့် ပူးပေါင်းလေ့လာသွားမည် ဖြစ်ကြောင်း NEW CROSSROADS ASIA က သတင်းထုက်ပြန်လိုက်သည်။

အဆိုပါ သဘောတူညီမူကို ပြီးခဲ့သည့် နှစ် နိဝင်ဘာလကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် စတင်နိင်ရန် ပြင်ဆင်နေကာ ၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိင်ရန် ရည်မှန်းထားကြောင်း သိရသည်။

ကျွှန်တော်တို့ အခုလို လက်မှတ်ရေးထိုးနိင်ခဲ့တာ နှစ်ကာလများစွာ ကြာမြင့်နေတဲ့ မြန်မာနိင်ငံရဲ့ ဟာကွက်တခု ကို ဖြည့်ဆည်းပေးနိင်လီမ့်မယ် လို မျော်လင့်ပါတယ် ဟု NCRA မှ CEO Mr.Billy Selig က ဆိုသည်။

အဆိုပါ လေ့လာမူကို UMFCCI နှင့် NCRA တို့ ပူးပေါင်က အပါတ်စဉ် စီးပွားရေး သတင်းအခြေအနေ၊လစဉ် Thematic Report နှင့် လုပ်ငန်းကဏ္ဍာအလိုက် သီခြားလေ့လာဆန်းစစ်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုက်ပြန်ချက်တွင် ဖော်ပြထားသည်။

Myanmar Market Intelligence အမည်ဖြင့် မြန်မာဈေးကွက် လေ့လာသုံးသပ်ချက်ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွှက်သွားမည် ဖြစ်ကာ မြန်မာနိင်ငံအတွက်သာမကပဲ သီးခြား Report ကိုပါ ထုက်ပြန်သွားမည် ဖြစ်ကြောင်း Mr.Selig က ဆိုသည်။

လက်ရှိ မြန်မာ့ စီးပွားရေးအခြေအနေကို အထောက်အပံပြုနိင်ရန်အတွက် အဓီက သော့ချက်တခု အဖြစ် ဖော်ပြနိင်ရန်နှင့် Risk မြင့်နေရသည့် အကြောင့်ရင်းများကို ဖြေရှင်းနိင်ရန် နိင်ငံတကာ စံချိန်စံညွန်းများနှင့် အညီ လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း NCRA က သတင်းထုက်ပြန်ထားသည်။

NCRA သည် ငွေကြေးဆိုင်ရာများကိစ္စများကို လေ့လာသုံးသပ်နေသည့် အပြင် မြန်မာနိင်ငံကို ဗဟိုပြုလျက် အခြား အာဆီယံ ဒေသများကိုပါ စီးပွားရေးသုံးသပ်မူ ပြုလုပ်လျက် ရှိသော စကာင်္ပူ အခြေစိုက် အဖွဲ့တခု ဖြစ်ကာ လက်ရှိ ရန်ကုန်တွင်ပါ ရုံးခွဲဖွင့်လစ်ထားရှိသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး