နိင်ငံခြားရင်းနှီးမြုပ်နှံမူ တိုးတက်လာ တရုက်နှင့် ထိုင်း ဦးဆောင်ဆဲ
မြန်မာနိင်ငံတွင် ရင်းနှီးမြုပ်နှံမူမှာ ၂၀၁၅ခုနှစ်ဆန်းပိုင်းတွင်
အမေရီကန်ဒေါ်လာသန်းပေါင်း(၅၃၁၇၀.၈၀၈)အထိရောက်ရှိလာခဲ့ကာ ထိပ်သီးရင်းနှီးမြုပ်နှံမူတွင် တရုက်၊ထိုင်း၊စကာင်္ပူနှင်
ဟောင်ကောင်တို့က ဦးဆောင်နေဆဲ့ ဖြစ်ကြောင်း မြန်မာနိင်ငံရင်းနှီးမြုပ်နှံနှင့် ကုပ္မဏီများ
ညွန်ကြားမူဦးစီဌာနမှ သတင်းထုက်ပြန်ချက် အရ သိရှိရသည်။
မြန်မာနိင်ငံတွင် ထိပ်သီးရင်းနှီးမြုပ်နှံသူအဖြစ် တရုက်က
အမေရီကန်ဒေါ်လာသန်း(၁၄၄၉၃.၉၁၀)ဖြင့် (၂၇)ရာခိုင်နူန်းကျော် ရှိနေခဲ့ကာ ယင်းနောက်တွင်
ထိုင်းနိင်ငံ မှ အမေရိကန်ဒေါ်လာသန်း(၁၂၄၇.၉၄၄)၊စကာင်္ပူနိင်ငံမှ ဒေါ်လာ(၈၄၈၆.၃၀၅)သန်း၊ဟောင်ကောင်မှ
ဒေါ်လာသန်းပေါင်း(၇၁၁၈.၀၁၅)ဖြင့် အသီးသီး ရှိနေကြသည်။
မြန်မာနိင်ငံတွင် နိင်ငံပေါင်း(၃၇)နိင်ငံရှိပြီး လုပ်ငန်းပေါင်း(၈၆၆)ခု
အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၃၁၇၀.၈၀၈)ရှိနေကာ ထိပ်သီး (၁၀)နိင်ငံမှာ တရုက်၊ထိုင်း၊စကာင်္ပူ၊ဟောင်ကောင်၊ဗြိတိသျှ၊တောင်ကိုရီးယား၊မလေးရှား၊ဗိယက်နမ်၊နယ်သာလန်
နှင့် ပြင်သစ်နိင်ငံတို့ ဖြစ်ကြကာ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ထူထောင်နေသည့် ဂျပန်နိင်ငံမှာ
အဆင်(၁၂)တွင်သာ ရပ်တည်နေသည်။
မြန်မာနိင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံမူတွင် လျှပ်စစ်ကဏ္ဍတွင် (၃၆.၃၄)ရာခိုင်နူန်းဖြင့် ဦးဆောင်နေပြီး
ယင်းအောက်တွင် Oil and Gas၊အခြေခံအဆောက်အဦး လုပ်ငန်းများ၊သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊သတ္တူလုပ်ငန်း
နှင့် အီမ်ခြံမြေလုပ်ငန်းတို့ ပါဝင်လျှက် ရှိနေကြကာ အလားအလာ အကောင်းဆုံး ရင်နှီးမြုပ်နှံမူမှာ
ရေနံ နှင့် သဘာဝဓါတ်ငွေလုပ်ငန်း ဖြစ်သည်ဟု DICA ၏ ထုက်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
ယင်းရင်းနှီးမြုပ်နှံမူများ အရ မြန်မာနိင်ငံသည် လျပ်စစ်
နှင့် Oil and Gas လုပ်ငန်းများသာ ရင်နှီးမြုပ်နှံမူ ပြုနေကြဆဲဖြစ်ပြီ ၂၀၁၄ခုနှစ်အတွင်း
ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကုန်ထုက်လုပ်ငန်းများမှာ ရင်းနှီးမြုပ်နှံမူ တိုးတက်လာခဲ့သည်ကို
တွေ့ရှိရသည်။
ထိပ်တန်းရင်းနှီးမြုပ်နှံမူ အလိုက် လျပ်စစ်မှာ အမေရိကန်ဒေါ်လာ(၁၉၃၂၄.၅၄၂)သန်း၊ Oil
and Gas မှာ (၁၆၉၉၂.၅၇၈)သန်း၊ကုန်ထုက်လုပ်မူ (၅၁၆၅.၃၀၆)သန်း၊ ဆက်သွယ်ရေး (၃၁၈၃.၄၄၂)သန်း၊သတ္တူလုပ်ငန်း
(၂၈၆၈.၆၈၃)သန်း၊အီမ်ခြံမြေ (၂၂၇၇.၇၇၁)သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (၂၁၄၇.၉၇၀)၊
သားငါးကဏ္ဍ (၄၅၂.၈၃၅)သန်း၊ လယ်ယာစိုက်ပျိုးရေး (၂၄၂.၆၈၆)သန်း၊စက်မူဇုန်(၁၉၃.၁၁၃)သန်း
၊ဆောက်လုပ်ရေး (၃၇.၇၆၇)သန်း နှင့် အခြားကဏ္ဍာတို့မှ အမေရိကန်ဒေါ်လာ(၂၈၄.၁၁၅)သန်း တို့
အသီးသီး ရင်းနှီးမြုပ်နှံထားကြသည်။
Comments
Post a Comment