တွေ့ရ ကြုံရ စီးပွားရေး မီဒီယာသမားဘဝ
ရန်ကုန် စရောက်ခါစ မမျော်လင့်ပဲ Politics Science သင်တန်း တက်မိပြီးနောက် မီဒီယာသမားတွေကို အားကျလို့သာ သတင်းသမားဖြစ်လာခဲ့တယ်။ သတင်းသမားစစ်စစ်ရယ်လို့တော့ မခံယူနိုင်သေးဘူး။ သင်ခဲ့ရတဲ့ အချက်တွေအရ ခံစားမူ မရှိပဲ သတင်းတွေဖော်ပြရဲဖို့ပဲ။
သို့သော်ကိုယ်ဆိုသည်မှာ သတင်းလိုက်တာ ကိုယ်လည်း သိချင်တာကို ပြန်ဝေမျတဲ့ သဘောဖြစ်ပြီး အတိုက်အခံလုပ်တာမျိုးတွေ သိပ်မကြိုက်လှတဲ့အတွက်ပဲ။ အကို တစ်ယောက် အပြောအရဆို အကောင်းမြင်စိက် များတယ် လို့ ဆိုတယ်။
တကယ်စိတ်အခံက အနုပညာဇန် ပိုးရှိတယ် လို့ပဲ တွေးမိတယ်။ တခုခုဆို လိုက်ခံစားပေးနိင်တဲ့ အချက်တခုနဲ့တင် ကိုယ့်ဟာ သတင်းသမားကောင်း တခု မဖြစ်နိုင်ဘူးလို့လည်း တွေးမိရဲ့။
ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စတွေ့တော့ တုန်လှုပ်မိသေးတယ်။
တခြားသတင်းသမားတွေက အေးဆေးဆိုတဲ့ အချိန်မှာ။ ကံကောင်းထောက်မလို့ သမ္မတ ဦးသိန်းစိန်ကို သမ္မတအိမ်တော်မှာ တွေ့ရတုန်းက မျောက်အုန်းသီးရသလိုပဲ။
ဒါမျိုးအခွင့်အရေးကလည်း သာမန်ပြည်သူသာဆို ရဖို့ မလွယ်။ ဒီလိုအချိန်တွေမှာ ငါနိုင်ငံကွ လို့ ဂုဏ်ယူမိသေးတယ်။ တချို့သတင်းသမားတွေနဲ့တော့ စိတ်မတူလောက်ပေမယ့် ကိုယ်တော့ ဂုဏ်ယူမိသေးတယ်။ အတော်ခံစားမိလိုက်တာ။
တကယ်တမ်းကျ ဒါဟာ နိုင်ငံရေးသတင်းသမားနဲ့တော့ သိပ်မကိုက်လှ။
ဒီလိုနဲ့ လူတွေ နိုင်ငံရေးနောက် လိုက်နေကြချိန် ကိုယ်က ဒုတိယတန်းက စီးပွားရေး သတင်းနောက်ကို လိုက်မိတာပဲ။ အဲတုန်းက စီးပွားရေးဟာ ဒုတိယတန်းမှာ ရှိတယ်။ ပထမတန်းက နိုင်ငံရေးပဲ။တတိယတန်းကတော့ အနုပညာလိုင်း။
သို့သော် အခုခါများတော့ တတိယလိုင်းက ဝင်ငွေအကောင်းဆုံးအချိန် ရောက်လာတယ်။အရင်ကလည်း ကောင်းပါတယ်။
ပထမတန်းက နိုင်ငံရေးအလွှာကတော့ အတော်ထုပေဒါဏ် ခံလိုက်ရတယ်။ စီးပွားရေး ကဏ္ဍကတော့ မလုပ်မရှုပ် မပြုက် ပဲ။
ကံကောင်းတာ တခုက ကိုယ့်ဟာ ဒုတိယတန်းမှာ ကျင်လည်ခဲ့ရတော့ စီးပွားရေးကဏ္ဍကို ပိုနားလည်လာတယ်။ ကိုယ်တွေ လုပ်တုန်းက စီးပွားရေးကဏ္ဍဆိုတာ မည်မည်ရရ ပြစရာမရှိ။
စီးပွားရေးဆိုတာ ဌာနဆိုင်ရာနဲ့ ပိုင်ရင် ပြီးတဲ့ ခောတ်ကို။ အဲချိန်တုန်းက အလုပ်ခေါ်စာ တချို့မှာ ဖော်ပြထားတာ ရှိတယ်။
"ဌာနဆိုင်ရာများကို ဝင်ထွက်သွားလာတက်သူ ဖြစ်ရမည် " တဲ့။
လစာ ကောင်းကောင်းပေးပြီး ခေါ်တာပါ။ အဲတုန်းက အားကျမိလို့ စိက်ကူးတောင် ယဉ်မိဖူးသေးတယ်။ အခုနေများ အဲလို အလုပ်ခေါ်စာတွေ ရှိရင် ချက်ချင်းလျှောက်မိမယ်။
စီးပွားရေးဆိုတာကလည်း ပြည်သူနဲ့ မသက်ဆိုင်လှသလို စီးပွားရေးဆိုတာက ကားအရောင်းအဝယ်၊ကုန်ဈေးနှုန်းသည်သာ သတင်းဆိုရုံပဲ။
၂၀၁၀-၂၀၁၅ လောက်အထိက ကုန်ဈေးနှုန်းနဲ့ ကားဈေးသတင်းကသာ စီးပွားရေးသတင်း ဖြစ်တာ သတိပြုမိလောက်တယ်။
အဲလိုကာလမှာ ကံကောင်းစွာနဲ့ ပြင်ပငွေကြေးဈေးကွက် နဲ့ ရွေဘုံသာ ရွေဈေးကွက်ထဲကို လေ့လာမိသွားတယ်။ သတင်းယူတယ် သာ ဆိုတာပါ။
သွားပြီး နားထောင် သူတို့ပြောတဲ့ ဈေးတွေကို သတင်းယူတင်ရုံအဆင့်ပဲ။
အမြဲသွားနေရတော့ ဈေးနှုန်းတွက်တာတွေ ပေါက်ဈေးခေါ်တာတွေ အရင်က ဈေးကွက်အကြောင်းတွေ နဲ့ ပြင်ပစီးပွားရေးသမားတွေရဲ့ အပေးအယူတွေ သိလာရတယ်။
ငွေကြေးဈေးကွက်မှာ အဲချိန်က လုပ်သက်(၂၅) နှစ်ကျော်ရှိတဲ့ ပွဲစား ခေါ် အကျိုးဆောင်ကြီးရဲ့ ဇက်လမ်းပမာ နားဆင်စရာတွေက အတော်ကို လေ့လာမှတ်သားစရာတွေ။ သို့သော် သတင်းရေးလို့ မရ၊ အသံဖမ်းခွင့်လည်း မရှိကို။
ငွေကြေးဈေးကွက်ဆိုတာ အဲတုန်းက ဟိုတယ်တွေမှာ မှောင်ခိုလဲရတဲ့ ခောတ်၊ ပန်းဆိုးတန်းတဝိုက်မှာ ဒေါ်လာလဲအုန်းမလား ဆိုပြီး ငလိမ်တွေ မွေတဲ့ ခောတ်ကာလကို။
ကိုယ်သိတဲ့ ပွဲစားတွေကျတော့လည်း တစ်ထောင် နှစ်ထောင် မလဲ။ အဲခောတ်က သိန်းချီ လဲကြသူတွေဆိုတော့ သာမန် ဒေါ်လာ(၁၀၀)(၂၀၀)လောက်ကို
မတွေးကြတော့ အပြင်မှာ ပြောရတာ လက်ပေါက်ကပ်ဖူးသေးတယ်။
ဒီလိုနဲ့ ရွေဈေး ငွေဈေး နားလည်လာတယ်။
စီးပွားရေးသတင်းတွေ ထွက်လာအောင် အရင်စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် လက်ချက်တွေ အများကြီးပါတယ်။
သူကြောင့် စီးပွားရေးသတင်းတွေ ပိုထွက်လာသလို လူတွေဟာ စီးပွားရေးကို ပိုစိက်ဝင်စားလာကြတယ်။ အရင်က တိက်တိက် ပါမစ်တွေဟာလည်း မည်သူမဆို လျှောက်လို့ ရနိင်လာတယ်။
သို့ပေမယ့် အစိုးရနဲ့ စကားပြောနိုင်ဖို့ လိုလာတယ်။
အဲတုန်းက ခရိုနီတွေက သီးသန့်၊ အဖွဲ့အစည်းတွေနဲ့ သိပ်မရောလှ။ အစိုးရဆိုတာကလည်း သူတို့ တိုက်ရိုက်ပြောနိုင်သည်ကို။
တခြားစီးပွားရေးသမားတွေ ပြောချင်လျှင်လည်း PSO ကတဆင့် ပြောလို့ ရသည်။ သို့သော် အကုန်အကျ ရှိသေးတယ်။ သတင်းသမားအချို့တောင် PSO ကတဆင့် သတင်းယူကြရတာလေ။
ဦးသိန်းစိန်လက်ထက်မှာ ဒီမိုကရေစီနိုင်ငံဖြစ်တာမို့ ပွင့်လင်းမြင်သာမူကို ပိုစောင်းပေးလာတယ်။ ဒီတော့ ပွင့်လင်းမြင်သာကြောင်းပြဖို့ နှစ်ခု လုပ်တယ်။ နံပါတ်တစ်က မီဒီယာတွေကို တံခါးဖွင့်ပေးလိုက်တာပဲ။ဌာနဆိုင်ရာတွေနဲ့ ထိတွေ့ဆက်ဆံစေတယ်။ မေးရင် ဖြေရမယ် ဆိုတာမျိုး။
နောက်တခုက အသင်းအဖွဲ့တွေကို အခွင့်အရေး ပေးတာ နေရာပေးတာ။ စီးပွားရေးကဏ္ဍမှာ ဝန်ကြီးဦးဝင်းမြင့်က UMFCCI လို အသင်းကို ဦးစားပေးလာတယ်။ အသင်းကလည်း ဩဇာအတော်ကြီးလာတယ်။နောက်တခုက သီလဝါကိစ္စပဲ။
အဲမှာ အသင်းအဖွဲ့တွေကို အစိုးရက မြေနေရာပေးတယ်။ခရိုနီတွေ အပြင် အသင်းအဖွဲ့က ဥက္ကဌတွေ မြေရကြတော့ စီးပွားရေးသမားတွေက အသင်းအဖွဲ့နေရာကို လုလာကြတယ်။ အခုခောတ်ချိန်ဆို ရေးလို့ ကောင်းလိုက်မယ့် ဆောင်းပါးတွေပဲ။
ရှိပြီးသား အသင်းတွေမှာ နေရာ မရရင် အသင်းထပ်ဖွဲ့တာမျိုး မရှိတဲ့ အသင်းတွေ ထောင်လာကြကုန်ကော။ အစိုးရကလည်း အသင်းအဖွဲ့ဆိုတာနဲ့ ချက်ချင်း ခေါ်တွေ့ တာ လုပ်တော့ စီးပွားရေးသမားတွေ ဂွင်ဖြစ်ကုန်ကော။
အဲချိန်မှာ ကိုယ်တွေ သတင်းသမားတွေက နိုင်ငံတကာက အဖွဲ့အစည်းတွေ လာဆွေးနွေးတာ ဟောပြောပွဲတွေ လုပ်တာကို သတင်းရေးကောင်းတုန်း။
ပြောရရင် စီးပွားရေးသမားတွေက သတင်းသမားတွေထက် အရှေ့ကို နှစ်ဆ သုံးဆ ပြေးနှင့်ပြီးသားဆိုတာ အခုမှ သဘောပေါက်တယ်။
အဲနောက် မှောင်ခိုတွေ ဖမ်းတာ၊ ကားတွေ တင်သွင်းခွင့်ပြုတာတွေ နဲ့ နိုင်ငံတကာက လူတွေ လာပြောတာ စီးပွားရေးသတင်းဖြစ်လာတယ်။
ကားသတင်းဆို ရေးနိင်သူ ဈေးကွက်နဲ့ ကညနကို သွားနိင်သူတွေက ဆရာကျလာတယ်။
နောက်တခုက နိုင်ငံတကာက အဖွဲ့အစည်းတွေ ဝင်လာတယ်။ သူတို့လာတော့ ကိုယ့်နိုင်ငံအခြေအနေ နဲ့ အချက်အလတ်တွေ သိလာရတယ်။ ဒေတာတွေ Infographic တွေဟာ စိက်ဝင်စားဖို့ ကောင်းလာတယ်။
ကိုယ့်တိုက်နဲ့ ကိုက်ညီတော့ ဒေတာသတင်းတွေက ကိုယ်ပိုလေ့လာစရာ ဖြစ်လာတယ်။
တသက်လုံး ဘာမှ မသိလာတော့ သူတို့ ပေးတာတွေက အင့်အားသင့်ဖွယ်ရာပဲ။ အစိုးရကတောင် ပြန်ကိုးကားလာရတော့ သူတို့ ထုတ်ပြန်ချက်တွေဟာ စီးပွားရေးသတင်း ဖြစ်လာတယ်။
နောက်တော့ မှောင်ခိုလမ်းကြောင်းတွေကနေ နယ်စပ်ကုန်သွယ်ရေး သတင်းတွေ ဖြစ်လာတယ်။
နိုင်ငံတကာ ရင်းနှံမြှုပ်နှံသူတွေ လာတော့ ရင်းနှီးမြှုပ်နှံမှုတွေဟာ သတင်းဖြစ်လာတယ်။
အစိုးရက ဘက်ဂျက်စာရင်းတွေ ပြောလာတယ်။
ဒီတော့ ပြောရရင် ကိုယ့်က ကိုယ်နားမလည်တဲ့ ကိန်းကဏန်းတွေကြားမှာ သတင်းရေးပြီး သတင်းတွေကပဲ ကိုယ့်ကို ပြန်သင်ပေးလာတယ် လို့ ဆိုရမယ်။
တခုခုဆို အဆုံး တွေးတာ ဘာနဲ့ ကိုက်ညီမလဲ စဉ်းစားတာမျိုးတွေ ဖြစ်လာတယ်။ ဒီတော့ ကိုယ်ဟာ တွေးမယ် စဉ်းစားယူမယ်။စာပြန်ရေးမယ်ဆိုတာပဲ ကြိမ်ဖန်များစွာ လုပ်လာတော့ အပြော သိပ်မရတော့။
တခါတလေ အလွယ်နားလည်နိုင်တဲ့ အရာတခုကို တခြားသူကို ပြန်ရှင်းပြရ ခတ်လာတယ်။
စာရေးပြောဆို ပြောနိုင်ပေမယ့် စကားနဲ့ ပြောဆို အတော်ပြောရခတ်တယ်။
ကိုယ်က တွေးတာနဲ့ ရေးတာပဲ တချိန်လုံးလုပ်နေခဲ့တဲ့ အတွက်ပဲ။ နောက်တခုက မသိသူကို ရှင်းပြရတာ အာပေါက်တာရယ်၊ မကြိုက်သူများတယ် ဆိုတာ သိလာတာနဲ့ စာပဲရေးဖြစ်တော့တယ်။
ဒီတော့ ကိုယ်အားနည်းချက်က စကားပြောပြီး ရှင်းပြနိုင်တဲ့ အရည်အချင်း ချွက်ချော်သွားခဲ့တယ် ဆိုရမှာပါ။
ဒီလိုနဲ ဦးသိန်းစိန် အစိုးရ သက်တမ်း(၅)နှစ်ဟာ ကိုယ့်အတွက်လည်း ပညာပြန်သင်ရတာပဲ။
တချို့ စီးပွားရေးအချက်အလတ်တွေဟာ အပြင်မှာ သက်သေပြုရ အတော်ခတ်တယ်။
မြန်မာစီးပွားရေးသမားအများစုက ယုံကြည်မူ တခုတည်းနဲ့ အလုပ်လုပ်ကြတာ ဖြစ်ပြီး ဒေတာအပေါ် အခြေမခံဖူး။ သူတို့ ဒေတာက ကုန်စည်တခုဟာ ဒီနှစ်အရောင်းသွက်ရင် နောင်နှစ်နှစ်ထိ ခံတယ်။အဲတာပြီးရင်တော့ တခြားပြောင်းပြီ ဆိုတာမျိုး။
ဒီသီအိုရီက စီးပွားရေးပညာရပ်မှာ ပါလားတော့ မသိ။မြန်မာ့စီးပွားရေးမှာတော့ မှန်ကန်နေဆဲ့ ဆိုတာပဲ။ပြီးတော့ ယုံကြည်မူနောက် လိုက်ပြီး အရောင်းအဝယ် လုပ်တယ်။
နိုင်ငံတကာလာတော့မှ ဒေတာတို့ တခြားပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားတို့ ပြလာကြရတာ။အဲနောက်ပိုင်း ကုမ္ပဏီထောင်တာ ခောတ်စားလာတယ်။နိုင်ငံတကာကို အထင်ကြီးတော့ သူတို့ဆီ လိုချင်တာ သင်ကြလာကော။ တချို့ကျတော့လည်း ပြန်ဂျင်းထည့်ပေါ့။
ဆက်သွယ်ရေးကုမ္ပဏီတွေ ဂျင်းထည့်တုန်း ကာလလည်း ဖြတ်သန်းရတယ်။အခုချိန်ထိ ရွေပြည်တံခွန် ကုမ္ပဏီကို ကျေးဇူးတင်ရတယ်။
ပြောရရင် ကိုယ့်ဌာနက စီးပွားရေးသတင်းပဲ ဆိုတော့ ခုနှစ် လုံးလုံး စီးပွားရေးပဲ လိုက်ခဲ့ရတာ အမြတ်တော့ အတော်ကျန်လာတယ်။
နောက်ပိုင်း စာသီအိုရီတွေ ဖတ်ဖြစ်တော့ လက်တွေ့လောကနဲ ချိန်ထိုးပြီး ယဉ်လို့ ရလာတယ်။သို့ပေမယ့် ကိုယ်ဟာ ဘောဂနဲ့ ကျောင်းပြီးတာ မဟုက်သလို ပညာရှင်လည်း မဟုက်ဘူး။ ဒီတော့ ကိုယ်ပြောတာ နားထောင်ချင်သူ မရှိသလို ဆောင်းပါးရေးလည်း အသုံးမဝင်ကို။
နောက်တော့ Social မှာ စာတိုပေစတွေ ရေးဖြစ်လာတာပဲ။ မှားတာလည်း ရှိနိုင်ပေမယ့် ကိုယ့်သိတာ တလုံးမချန် ပြောတာကတော့ အမှန်။
အဲလို ရေးရင်း ရေးရင်း တတိယအမြင်တွေကိုပါ တွေ့မိလာတာပဲ။
ဆိုလိုတာက ပထမတွေးသူနဲ့ ဒုတိယတွေးသူ အမြင်ကို နောက်အမြင်တခုနဲ့ ယဉ်တာမျိုး လုပ်တက်လာတယ်။ဒါလည်း ကောင်းတဲ့ အချက်ပါပဲ။
ဒီလိုနဲ့ ငါသာဆို ဘာလုပ်မလဲ ဆိုတာက တခုခုဆို တန်းတွေးပစ်တာ။နဂိုအခံကလည်း လိုက်ခံစားပေးတက်သူဆိုတော့ ဒါက ကိုက်ညီသပေါ့။
သို့ပေမယ့် လက်တွေ့မကျနိင်သေးတာတော့ ရှိတယ်။ စီးပွားရေးသမားဆိုတာ ဒါမျိုးတွေးလို့ မရဘူး လို့ ဆိုကြတာကို။
စီးပွားရေးသမားတွေ သုံးနေကြ
လက်သုံးစကားတွေ ပြောရရင်
(၁)ရိုးသားရမယ်
(၂)ရည်မှန်းချက် ထားရမယ်
(၃)အပေါင်းအသင်း မိက်ဆွေရှိရမယ်
(၄)လုပ်ချင်ကိုင်ချင်တဲ့ စိက်ရှိဖို့ လိုတယ်
(၅) ထိုက်သင့်တဲ့ အချိန်
သင့်တော်တဲ့ နေရာမှာ ရှိဖို့ လိုတယ်။
(၆)တခြားသူဆီက ယုံကြည်မူ ရဖို့ လိုတယ်
ဆိုတာပဲ။
ဒါတွေ ရှိဖို့ လိုတယ်တဲ့။ သူတို့ အားလုံးကတော့ ရိုးသားမူကို ထိပ်ဆုံးမှာ ထားကြတာ တွေ့ရတယ်။
အလုပ်လက်မဲ့ ဆိုတော့
အတိက်က အကြောင်းတွေ စဉ်းစားရင်း
ရေးမိရေးရာ
မောင်ချင်း
၁၄.၄ .၂၀၂၀
Comments
Post a Comment