ကျောင်းသားတွေ ပြောတဲ့ တရုတ်အကြောင်း
တလောက တရုတ်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတွေနဲ ဆုံဖြစ်တော့ တရုတ်အကြောင်းတွေ မေးဖြစ်တယ်။ ထူးခြားတာက ဘာတွေ့ရလဲဆိုရင် မြန်မာကသာ တရုတ်ကို ဆန်းဆန်းတင့် ဖြစ်နေတာ တရုတ်ကတော့ မြန်မာကို သိပ်ဂရုမစိုက်ဘူး ဆိုတာပဲ။တရုတ်အကြောင်းကြားရတာက ဒီကကြားရတာနဲ ကွဲလွဲနေတာတွေ ရှိတာပဲ။
ပြောရရင် မြန်မာတပြည်လုံးက တရုတ်အကြောင်း သိပေမယ့် တရုတ်တပြည်လုံးက မြန်မာအကြောင်း သိတောင် မသိတာပါ။ မြန်မာကို အသိများဆုံးက ယူနန်ပြည်နယ်လောက်ပဲ ရှိမှာပါ။ ဒီတော့ သတင်းဆောင်းပါးတွေက ဂျင်းထည့်ခဲ့တာ သဘောပေါက်လာတယ်။
မြန်မာအတွက် တရုတ်ဟာ အရေးပါလှပေမယ့် တရုတ်အတွက်တော့ နိုင်ငံရေးအရဆက်နွှယ်တဲ့ ဒေသတခုအဖြစ် ရူမြင်ပုံပဲ ရပါတယ်။ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွေ အဆင်မပြေ ဖြစ်နေတာပါ။
နောက်ပြီး တရုတ်လူမျိုးအများစုဟာ နိုင်ငံရေးကို မသိကြပါဖူး။စီးပွားရေးပဲ သိပြီး အပြင်းအထန်လုပ်ကြတယ် လို့ ဆိုတယ်။ တိုင်းပြည်စီးပွားရေးကောင်းတော့လည်း လူတွေက နိုင်ငံရေးကို သိပ်စိက်မဝင်စားကြတာလည်း ဖြစ်နိင်တယ်။ အစီုးရက ပိက်ပင်မူတွေကြောင့်လည်း ဖြစ်နိင်ပါတယ်။
ပြောရရင် မြန်မာကို ပြည်မကြီးက တရုတ်တွေ မသိပါဖူး။ ကြားတောင် မကြားဖူးကြတာလည်း ဖြစ်နိင်တယ်။ တရုတ်မှာလည်း တရုတ် brand တွေဟာ စျေးကြီးတယ်။ ပညာရေးက အတော်ကို ကောင်းလွန်းတယ်။ ပါမောက္ခအများစုဟာ အနောက်နိုင်ငံတွေကနေ ဒေါတ်တာဘွဲ့ရတာ များတယ်။
ကိုယ်အမြင်ပြောရရင် သူတို့ဟာ အနောက်တိုင်းပစ္စည်းတွေ ကြိုက်နှစ်သက်ကြတယ် ထင်တယ်။
အစီုးရက fbကအစ အကုန်ပိက်ထားတော့ သူတို့နိုင်ငံနဲ သင့်တော်မယ့် နည်းပညာလုပ်ငန်းတွေ ထွန်းကားတယ်။ သူတို့ လူဦးရေကလည်း မနည်းကို။ စတားဘက် ကော်ဖီကို ပြိုင်ဖို့ သူတို့မှာ ကိုယ်ပိုင်ကော်ဖီbrand ရှိတယ်။ Grab လို ကားခေါ် လုပ်ငန်းကို ပြိုင်ဖို့ ကိုယ်ပိုင် လုပ်ငန်းတွေ ရှိတယ်။
သိတဲ့အတိုင်း Tik tokလို တွေက တရုတ်ကဟာတွေ။
ဂီမ်းဆိုလည်း ကိုယ်ပိုင် ဖြစ်လာဖို့ နည်းပညာတွေ ရှိတယ်။
အစီုးရတွေကတော့ မြန်မာဟာအရေးပါတယ် လို့ ပြောမှာပဲ။ နောက်ဆုံး အီသီယိုးပီးယား လို အာဖရိကနိုင်ငံလည်း တရုတ်အတွက် အရေးပါတာပဲ။ဆိုတော့ တရုတ်အစီုးရက အရေးပါတယ်လို့ ပြောတာ ကိုယ့်နိုင်ငံတခုထဲတင် မဟုက်ဘူး။
မြန်မာကလည်း ကိုယ်နဲ ဆက်ဆံရတဲ့ နိုင်ငံတွေအားလုံးကို အရေးပါတယ် လို့ ဆိုမှာပဲလေ။အရေးမပါဘူး လို့ ပြောလို့မှ မရတာ။ ပြီးတော့ အစီုးရပေါ်လစီတွေ အရ နိုင်ငံရေးအရ ဆက်ဆံရတဲ့အနေအထား ရှိမယ်။
ဒါပေမယ့် တရုတ်ပြည်သူတွေအတွက်ကတော့ မြန်မာဟာ သိပ်အရေးမပါလှဘူး။
ကိုယ်သိရလောက် တရုတ်က မြန်မာမီဒီယာတွေကို နှစ်စဉ် ခေါ်လေ့ရှိတယ်။မီဒီယာတွေထဲက နီးစပ်ရာလူတွေ အလည်သွားကြတာပေါ့လေ။ ဒါပေမယ့် တရုတ်နဲ ပါတ်သတ်တဲ့ အချက်အလတ်အမှန်တွေ ဘယ်သော်အခါမှ မကြားဖူးဘူး။
အတော်ကို ဆီုးပါတယ်။
ဥပမာ မြန်မာအများစု တရုတ်ကို မကြိုက်ကြဘူး။ဒီအမြင်ဟာ တကယ်တော့ မီဒီယာတွေဆီက ရတဲ့ သတင်းအရ ဖြစ်ပေါ်လာတာ။ တရုတ်ဘက်က အခြေအနေကျပြန်တော့ မြန်မာဟာ သေးသေးလေးသာသာ ရှိတယ်။ လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေဟာလည်း အကျိုးအမြတ်ရှိလို့ လုပ်တာ။ အပြစ်တင်ရမှာက စာချူပ်တွေ အလွယ်တကူချူပ်ခဲ့တဲ့ အစီုးရကိုသာ ပြစ်တင်ရမှာပဲ။
ထား တရုတ်အစီုးရဟာ သူတို့ ပြည်သူတွေ social media သုံးတာကို စောင့်ကြည့်ထောက်လှမ်းလေ့ရှိတယ်။ လူဦးရေ အတော်များရင် နိုင်ငံရေးစကားလုံးသုံးရင် အဲတာတွေကို စောင့်ကြည့်လေ့ရှိတယ်။ သိရတာက အဲလို ပြောသူတွေဟာ တရုတ်အစီုးရရဲ့ ပါတီမှာ အလုပ်မရနိင်ဘူး ဆိုတာပဲ။
ဥပမာ နိုင်ငံရေးစကားလုံးတွေ တီယီမင် ရင်ပြင်လို ကိစ္စတွေ social မှာ ပြောမိရင် ပါတီဝင်လို့ မရတော့ဘူး။
တရုတ်ပြည်ဟာ တပါတီစနစ် ဖြစ်တယ်။ကွန်မြူနစ်ကို ဆုပ်ကိုင်ထားတယ်။စစ်တပ်ဟာ ပါတီအောက်က လက်ခွဲလေးတစ်ခုသာ ဖြစ်တယ်။ ဒါကြောင့်လည်း တိုင်းပြည်တိုးတက်တာ နေမယ်။
ကမ္ဘာမှာ စစ်တပ်သြဇာရှိတဲ့ ဘယ်နိုင်ငံမှ မတိုးတက်ဘူး။မြန်မာအပါအဝင်ပါ။
တပါတီစနစ်ဖြစ်တော့ ပါတီဝင်ဖြစ်ရင် ကောင်းစားတာ များတယ်။ပြောရရင် လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် လက်ရှိမှာ တရုတ်အစီုးရက အကျင့်ပျက်ခြစားမူတွေကို အပြင်းအထန်တိုက်ဖျက်နေတာ တွေ့ရတယ်။
တရုတ်နိုင်ငံရေးဖြစ်စဉ်တွေကို ကျွှန်တော်တို့ သိကြပေမယ့် တရုတ်ပြည်သူအများစုက မသိကြဖူး။ဟောင်ကောင်လို ကိစ္စတွေ တိုင်ပေနဲ ရန်စောင်နေတာ ရှန်းကျန်းပြည်နယ်အရေးတွေဟာ တရုတ်ပြည်သူအများစု မသိကြဘူး။
ပြောခွင့်လည်း မရှိဘူး သိရတယ်။
သို့သော် လူငယ်တွေကို ဦးစားပေးတယ်။ ပညာရေးကို အရမ်းဂရုစိုက်တယ်။ သယ်ယူပို့ဆောင်ရေးနဲ မြို့ပြဖွံဖြိုးရေးကို အစီုးရက အရမ်းလုပ်တော့ တခြားစီးပွားရေးကဏ္ဍပါ တိုးတက်လာတာ တွေ့ရတယ်။ ပြောရရင် ပြည်သူတွေ ထမင်းမငတ်တော့ အစီုးရ ထိုင်ခုံကို လာမလှုပ်ဘူး ပေါ့လေ။
သိတဲ့အတိုင်း ကမ္ဘာမှာ လူသေအများဆုံးအငတ်ဘေးတွေကို တရုတ်တွေ ကြုံခဲ့ရဖူးတယ်။တရုတ်ကို ဦးဆောင်သူအများစုက ဒီအချက်ကို သဘောပေါက်တယ်။ဒါကြောင့် စီးပွားရေး လမ်းတွေ ဒီမိုကရေစီနည်းနဲ ဖွင့်ခွင့်ပေးလာတာ။
ပြောရရင် တရုတ်ပြည်မကြီးနဲ ပါတ်သတ်ပြီး ကျွှန်တော်တို့ သိတာ နည်းတယ်။လုပ်ငန်းရှင်နည်းနည်းလောက်ကသာ မြန်မာကို သိကြတယ်။ နယ်စပ်က လုပ်ငန်းရှင်တချို့ဟာ သူတို့နိုင်ငံမှာ Black list စာရင်းဝင်တွေလည်း ဖြစ်နိင်တယ်။ ဒါကြောင့် ဂျင်းတွေ ထည့်တာကို။
မြန်မာလည်း သိပ်မထူးပါဘူး။ နာမည်ပျက်ရင် နယ်စပ်ပြေးကြတာပဲလေ။
ဆိုတော့ တရုတ်နိုင်ငံရေးနဲ စီးပွားရေးတွေဟာ မြန်မာက သိပ်မသိဘူး။ သူတို့ဟာ မြန်မာကို သိပ်အရေးပါတဲ့အထဲ မထည့်ဘူး။OBOR ကြည့်ရင် သိနိင်တယ်။
မြန်မာကသာ အရေးပါနေတဲ့ အနေအထားပဲ။ အနောက်တိုင်းက လူတွေရဲ့ ပြောဆိုချက်တွေကလည်း ရာနှုန်းပြည့်မမှန်ပါဖူး။ တရုတ်အစီုးရပြောဆိုချက်တွေကလည်း အတည်လို့ ယူဆလို့ မရပါ။ အကောင်းဆုံးက သူတို့ ပြည်သူတွေ ဘာသိလဲ ဘာလုပ်လဲ ဆိုတာပဲ။
မြန်မာကို သိကြမှာ တခုပဲ။ ဇနီးလောင်း ရှာဖို့ပါ။ သိတဲ့အတိင်း တရုတ်မှာ အမျိုးသမီးဖြစ်ရတာ အပေါ်စီးကနေလို့တောင် ဆိုရမယ်။ ဒါပေမယ့် မြန်မာတွေထက် ဗီယက်နမ်တွေက ပိုချောတယ်။ တရုတ်စကားရတယ်။ ဒါလည်း ရှိသေးတယ်။
တော်သေးပြီ။
မောင်ချင်း
၆.၇.၂၀၁၉
Comments
Post a Comment