ရန်ကုန်ရှိ Taxi အဌားယာဉ်များကို စနစ်တကျလျော့ချရန် ရန်ကုန်တိုင်း အစီုးရ စီစဉ်


ရန်ကုန်တိုင်းတိုင်းဒေသကြီး အတွင်း ကားအဌား စာရင်းများ အရ Taxi စီးရေ(၇၀၀၀၀) ကျော် ရှိနေရာ ယာဉ်ကြောပိက်ဆို့မှုများ ဖြစ်သည့် အတွက် စီးရေ(၃၅၀၀၀)အထိ လျော့ချနိင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိ ပြည်တွင်းကားအဌားလုပ်ငန်းဈေးကွက်အတွင်း Taxi စီးရေ ပိုမိုများပြားလာနေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ရှိသင့်သည်ထက် ပိုများပြားရာ ADB ကဲ့သို့ စစ်တမ်း အရ ရန်ကုန်တွင်း Taxi စီးရေ (၃၅၀၀၀)သာ ရှိသင့်သည် ဟု ဆိုကြောင်း၊ ရန်ကုန်တိုင်း အစီုးရ အနေနှင့် Grab နှင့် Oway ကဲ့သို့ တက္ကစီ ကုပ္မဏီ များ နှင့် ပူးပေါင်းကာ စနစ်တကျ ရှိနေရန် ပြင်ဆင်ထားကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
အဌားကား အသင်းတွေကို ပြန်လည်ထူထောင်မူတွေ မလုပ်သေးပါဖူး။ ကုမ္ပဏီတွေနဲ ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွှက်ဖို့ လုပ်နေပါတယ် ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်မြို့ ယာဉ်ကြော့ပိက်ဆို့မူတို့ကို ဖြေလျော့ရန် အတွက် ဘက်စ်ကား လိုင်းစနစ်ကို လက်ရှိ ထက် ပိုအောင်မြင်စေရန် ဆောင်ရွှက်လျှက် ရှိနေပြီး ရန်ကုန်လူဦးရေ (၇)သန်း အနတ် (၂.၅)သန်းခန့်မှာ ဘက်စ်ကား ကို စီးနင်းလျက် ရှိရာ တခြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ စနစ်ထက် YBS စနစ်ကို ပိုမိုအောင်မြင်တိုးတက်လာစေရန် စီစဉ်ထားရှိကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်တွင် Taxi အဌားယာဉ်များမှာ ရန်ကုန်အပြင် ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းတို့မှ မော်တော်ယာဉ်များလည်း ပါဝင်လျက်ရှိနေပြီး Taxi ကား တစ်စီး၏ ၀င်ငွေမှာ တစ်စီးလျှင် ပျမ်းမျ ကျပ်(၃၀၀၀၀)၀န်းကျင်ရှိပြီး အုံနာခအတွက် တစ်နေ့ ကျပ်(၁၅၀၀၀)ခွဲ ပေးရကြောင်း အဌားယာဉ်မောင်းများထံမှ သိရသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး