မြန်မာအီမ်ခြံမြေအနာဂါတ်ဆွေးနွေးပွဲ ကို ရန်ကုန် UMFCCIတွင် ရှေ့လ ကျင်းပမည်




မြန်မာနိုင်ငံအနာဂတ်အိမ်ခြံမြေ ရေးရာကျွမ်းကျင်သူများနှင့် အိမ်ခြံမြေဆိုင်ရာ နားလည်တက်ကျွမ်းသူ များ မှ စုပေါင်းကာ မြန်မာနိုင်ငံအနာဂတ်အိမ်ခြံမြေရေးရာများကို ဆွေးနွေးတိုင်ပင်ဟောပြောကြမည် ဖြစ်သည့် မြန်မာ့အီမ်ခြံမြေဟောပြောပွဲကို လာမည့် အောက်တိုဘာ(၁၀)ရက်နေ့တွင် ရန်ကုန်မြို့ UMFCCIခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း House.com.mm မှ သတင်းထုက်ပြန် လိုက်သည်။
အဆိုပါဟောပြောပွဲတွင် ဟောပြောသူ ၃ ဦးနှင့်  အိမ်ခြံမြေကဏ္ဍ ဆိုင်ရာများမှ ၉ ဦး တို့ဟာ၎င်းတို့၏ အိမ်ခြံမြေနှင့်ပတ် သက်သောရှာဖွေမှုစစ်တမ်းများ၊ ဗဟုသုတများကို ဟောပြောဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ဒီဟောပြောပွဲကြီးကနေ လတ်တလောအခြေအနေများအတွက် အရေးကြီးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အဖြေများစွာပါဝင်မှာလည်းဖြစ်ကာ လတ်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ များကိုထည့်သွင်းသုံးသပ်ပြီး အနာဂတ်အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်း များနှင့် အိမ်ခြံ မြေရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အရေးများကိုနာလည်းသိရှိစေရန်ဖြစ်ပါတယ် ဟု House.com.mm မှ ဟောပြောပွဲစီစဉ်သူနှင့် ဖိတ်ကြားဧည့်ခံသူ Managing Director Mr.BalajiRamaswami က ဆိုသည်။
မြန်မာအီမ်ခြံမြေဟောပြောပွဲကြီးတွင်  အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ နှင့်အိမ်ခြံမြေဒီဇိုင်းလုပ်ငန်းများအပြင် တနိုင်တပိုင်ရင်းနှီးမြုပ်နှံသူများ နှင့် အိမ်ခြံမြေပိုင်ရှင်များ အတွက်ပါ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပုဂ္ဂိုလ်များမှရှာဖွေထားတဲ့ ကျယ်ပြန်တဲ့သတင်း အချက်များကို ရရှိနိုင် မှာဖြစ်တဲ့အပြင် ၎င်းတို့ထံမှ သိရှိလိုသော အကြံညဏ်များကို မေးမြန်းနိုင်မည် ဖြစ်ရာ အိမ်ခြံမြေကဏ္ဍများတွင် စိတ်ပါဝင်စားသူများနှင့် ရင်းနှီး မြုပ်နှံသူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း House.com.mmမှ သတင်းထုက်ပြန်ထားသည်။
အဆိုပါ အီမ်ခြံမြေဟောပြောပွဲတွင် တက်ရောက်ကာ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များမှာ ဦးသန်းဦး (Myanmar Real Estate Service Association မှဥက္ကဌ) ၊ Mr. Afred Moe (United GP Holding Co., Ltd မှငွေကြေးစီမံခန့်ခွဲရေးဒါရိုက်တာ) ၊ Rosehill Residences မှမန်နေဂျင်းဒါရိုက်တာ၊ Mr. SushantBihani (Senior Manager၊ Savills Myanmar Ltd) ၊ Mr. Joanna Barnard (Research Manager of Frontier Myanmar) နှင့် Mr. Robin Aung Saw Naing (Managing Director of Pronto Services) တို့ ဖြစ်ကြကြောင်း သိရသည်။
                     House.com.mm မှ Managing Director ကအခမ်းအနားကိုဖွင့်လှစ် သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအိမ်ခြံမြေကဏ္ဍအား အွန်လိုင်းတွင်ပိုမိုကျယ်ပြန့်စွာပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့အကျိုးသက်ရောက် မှုများနှင့် လက်ရှိဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက်ဆိုင်ရာ အခြေနေ များအတွက် ရှာဖွေထားသော အချက်အလတ်များကို ပြောကြားမည် ဖြစ်တကဲ့သို့ (CHDB) မှ မန်နေဂျင်းဒါရိုက်တာဦးဝင်းဇော်မှလည်း မြန်မာနိုင်ငံရဲ့ချေးငွေစနစ်နဲ့ ပတ်သက်သောအချက် အလတ်များ၊ တန်ဖိုးနည်းအိမ်ရာများနှင့်ပတ်သက်သော ၎င်း၏အမြင်များကို ပြောကြားသွားမည် ဖြစ်ပြီး ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြစီမံကိန်းရေးဆွဲရေးညွန်ကြားရေးမှူး ဖြစ်တဲ့ ဒေါက်တာတိုးအောင်မှလည်း အနာဂတ်ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ကိုပြော ကြားသွားမည် ဖြစ်ကြောင်း သတင်းထုက်ပြန်ထားသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး