ယခုဘဏ္ဍာရေးနှစ် နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ ဒေါ်လာခြောက်ဘီလီယံ ရရှိမည် ဟု ခန့်မှန်း





မြန်မာနိင်ငံကို နိင်ငံတကာရင်းနှီးမြုပ်နှံမူ တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း(၆၀၀၀)ကျော်ဟု မျော်မှန်းထားကြပြီး လက်ရှိ သြဂုက်လအထိ သန်း(၃၀၀၀)ကျော် ရရှိထားပြီး ဖြစ်ကာ သီလဝါအထူးစီးပွားရေးဇုန်ဖွင့်ပြီးပါက ပို၍ ဝင်လာကြမည် ဟု ခန့်မှန်းထားကြကြောင်း DICAမှ ညွန်ကြားရေးမူးချူပ်ဖြစ်သူ ဦးအောင်နိင်ဦးက ပြောကြားသည်။
တချို့က ချက်ချင်းကြီး မဝင်လာပါဖူး။ လုပ်ငန်းအကြီးကြီးတွေဆိုတော့ တဖြေးဖြေး ဝင်လာနေပါတယ်။ ကာလတူ နှစ်နဲ နှိုင်းရင်တောင် ဒီနှစ်က ပိုများနေပါတယ်။ ဟု MIC၏ အတွင်းရေးမူး ဖြစ်သူ ဦးအောင်နိင်ဦးက ဆိုသည်။
၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်အတွင်း လက်ရှိ ကာလအချိန်ထိ အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ဝင်ရောက်လာခဲ့ပြီး ဖြစ်ကာ မနှစ် ကာလတူနှင့် နှိုင်ယဉ်လျင် ယခု နှစ်က ပို၍ များနေကြောင်း၊ မကြာမှီ သီလဝါ အထူးစီးပွားရေးဇုန်ကိုလည်း ဖွင့်လစ်တော့မည် ဖြစ်ရာ နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ ပိုမို တိုးမြင့်သွားဖွယ် ရှိနေသောကြောင့် ယခု ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၆)ဘီလီယံခန့် နိင်ငံတကာမှ ရင်းနှီးမြုပ်နှံမူ ပြုမည် ဟု ခန့်မှန်းထားကြောင်း ဦးအောင်နိင်ဦးက ဆိုသည်။
လက်ရှိ အစီုးရ သတ်တမ်းကာလ(၅)နှစ်အတွင်း နိင်ငံတကာ ရင်းနှီး မြုပ်နှံမူ တန်ဖိုးမှာ ၂၀၁၀-၁၁ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၁၉.၉၉၉) ဘီလီယံ၊ ၂၀၁၁-၁၂ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄.၆၄၄)ဘီလီယံကျော်၊၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၄၁၉) ဘီလီယံကျော် ၊ ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်တွင်  ဒေါ်လာ(၄.၂)ဘီလီယံကျော် ၊၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ(၈)ဘီလီယံကျော် ရရှိခဲ့ကြောင်း DICA မှ သတင်းထုက်ပြန်ချက်များ အရ သိရသည်။
လက်ရှိ ဘဏ္ဍာရေးနှစ်တွင် နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ (၆)ဘီလီယံကျော် ရရှိမည် ဟု ခန့်မှန်းထားသော်လည်း လက်ရှိ နိင်ငံတကာ ရင်းနှီးမြုပ်နှံလာမူ အခြေအနေ၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လာမည် အခြေအနေတို့ကြောင့် ပိုမို များပြာလာဖွယ် ရှိနေသည် ဟု လည်း ဦးအောင်နိင်ဦးက ဆိုသည်။
ရင်းနှီးမြုပ်နှံထားသည့် ငွေ ပမာဏမှာ အချို့မှာ တဖြေးဖြေး ဝင်ရောက်လာခြင်း ဖြစ်ပြီး ချက်ချင်း ရရှိနေသေးသည့် နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ ဖြစ်ကာ အချို့မှာ ချက်ချင်းဝင်လာကြသည်ကို တွေ့ရကြောင်းလည်း သိရသည်။
သတ်တမ်းငါးနှစ်တာ ကာလအတွင်း နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ အခြေအနေမှာ ၂၀၁၀-၁၁ဘဏ္ဍာရေးနှစ်တွင် အကောင်းဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွှက်ရာတွင် ပွင့်လင်းမြင်သာခြင်း မရှိမူ၊မြေဈေး ကြီးမြင့်မူ၊အချိန်ကြာမြင့်မူ နှင့် လုပ်သားပြသာနာတို့ကြောင့် အခတ်အခဲ ရှိသသည် ဟု နိင်ငံတကာ ရင်းနှီးမြုပ်နှံသူတို့က သုံးသပ်ထားသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး