အသေးစားအလတ်စားလုပ်ငန်းများ ရပ်တည်နိင်ရန် ဘဏ္ဍာရေးငွေကြေးရင်းနှီးမြုပ်နှံမူ လို





ဘဏ်များမှ ချေးငွေရယူရန် လက်လှမ်းမီမှုမှာ မကြာခဏဖြစ်တည်နေသော အခက်အခဲ တစ်ခုဖြစ်ရာ မြန်မာအပါအဝင် အာရှနိုင်ငံများ၏ အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ (SME) အနေဖြင့် နိုင်ငံတကာလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြုပ်နှံမှုများလိုအပ်ကြောင်း ADBက ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်က သတင်းထုက်ပြန်လိုက်သည်။
မြန်မာနိင်ငံတွင်လည်း အစီုးရက SME Lone များကို ချေးယူခွင့်ပြုသော်လည်း လုပ်ထုံးလုပ်နည်း အရကော ဆောင်ရွှက်မူ အနေအထားအရပါ လုပ်ငန်းရှင်အများအပြား ရယူနိင်ခြင်း မရှိသေးချေ။
ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြုပ်နှံမှုရယ်၊ ငွေကြေးအရင်းအနှီးရရှိနိုင်မယ့် ရင်းမြစ်မျိုးစုံကို လက်လှမ်းမီဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ရာ လိုအပ်ပါတယ်” ဟု ADB ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဌာန အကြီးတန်း အကြံပေး နိုရိတာကာ အာကာမဆု ကပြောကြားခဲ့သည်။
မတ်လ ၂၀၁၅ ခုနှစ်အထိ စာရင်းအရ မြန်မာနိုင်ငံတွင် SME ပေါင်း ၃၉,၀၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်း၏ ၈၇.၄% ရှိကာ ယင်းအရေအတွက်မှာ လွန်ခဲ့သော တစ်နှစ်ကထက် ၁.၁% တိုးတက်လာ ကြောင်း ဖော်ပြနေကာ  ထုတ်လုပ်မှုကဏ္ဍတွင် SME များအဓိက ပါဝင်နေပြီး အိမ်တွင်းလက်မှု လုပ်ငန်းများမှာ ၇၈% အထိရှိပြီး ၀န်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ၂၀.၈% ဖြင့် ဒုတိယအများဆုံးဖြစ်သည် ဟု သိရသည်။
ဘဏ်မဟုတ်သော ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍ တွင် ငွေရေးကြေးရေး ကုမ္ပဏီများနှင့် ငွေချေးငွေယူကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးသော အဖွဲ့အစည်းများ အပါအ၀င် အာရှနှင့် ပစိဖိတ်ဒေသတွင် လွန်စွာ သေးငယ် နေသေးပြီး SME များ၏ ငွေကြေးလိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်းနိုင်မှု မရှိသေးကာ  ယင်း ဘဏ်မဟုတ်သော ဘဏ္ဍာရေးလုပ်ငန်းများသည် SME များကို ငွေကြေးထောက်ပံ့နိုင်ရန် ဘက်စုံ မူဝါဒ မူဘောင်တစ်ခုကို အစိုးရ များက ချမှတ်ရေးဆွဲရန်လည်း လိုအပ်နေသည် ဟု ADB က ဆိုသည်။
အာရှ SME များ၏ ဘဏ္ဍာငွေကြေး အရင်းအနှီး အခြေအနေကို စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ၂၀၁၄ ခုနှစ်သည် အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ နိုင်ငံကို ဆန်းစစ်လေ့လာထားပြီး မှတ်ပုံတင်ထားသော လုပ်ငန်းများ၏ ၉၆% မှာ SME များ ဖြစ်ကြောင်းနှင့် ယင်းတို့သည် လုပ်သားထု၏ ၆၂% ကို ခန့်အပ်ထားနိုင်ကြောင်း အစီရင်ခံစာအရ သိရသော်လည်း ယင်းလုပ်ငန်းများမှာ စီးပွားရေးကဏ္ဍ၏ ၄၂% ကိုသာ အထောက်အကူ ပြုကြောင်း သိရသည်။
ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍများတွင် တစ်ဖြည်းဖြည်းတိုးတက်လျှက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများလည်း တိုးတက်လာနေသော မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခိုင်မာမှုအတွက် SME များက အဓိက အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိကြောင်း ယခုအစီရင်ခံစာက ဆိုပါသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

၂၀၄၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်ချက် ယူနစ်ပေါင်း ၄ ဒဿမ ၈ သန်း အထိရှိလာမည်