ပြည်တွင်းစလစ်ဈေးနှင့် ကားဈေး ဈေးနူန်း အရှိန်နှင့် ကျဆင်း
Mg.Chin
Yangon
ပြည်တွင်း စလစ်ဈေးများ ကျပ်(၅၅)သိန်း အထိ ဆက်တိုက် ကျဆင်းနေပြီး ကားဈေးမှာလည်း ကျပ်သိန်း(၃၀)၀န်းကျင်အထိ ဆက်လတ်ကျဆင်းလျက် ရှိနေကြောင်း ကားပွဲစားတို့က စက်တင်ဘာလ(၁၁)၇က်နေ့တွင် ပြောကြားသည်။
လက်ရှိက စလစ်ဈေးက ကျနေတယ်။ဂျစ်ကားတွေကို အပ်နှံခွင့်ပြုလိုက်တာလည်း ပါပါတယ်။ အတော်ကို ထိုးကျသွားတလို ကားဈေးလည်း အထိုက်အလျောက် ကျလာတယ်။ ဟု ကားအကျိုးဆောင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဂျွန်၊ဂျွန်လိုင် လခန့်က စလစ်တစ်စောင်လျင် ကျပ်(၁၁၅)သိန်းအထိ ရောက်ရှိနေခဲ့ရာမှ ဇုန်ထုက်ဂျစ်ကားများ အပ်နှံခွင့် ပြုမူနှင့် ၂/က ကားများကိုပါ ဆက်လတ် အပ်နှံခွင့် ပြုနေမူတို့ကြောင့် ဇုန်ကား စလစ်ဈေးမှာ ကျပ်(၃၇)သိန်း၊၂/က စလစ်ဈေးမှာ ကျပ်(၅၅)သိန်းဝန်းကျင် သို့ ရောက်ရှိသွားခဲ့တလို ကားဈေးနူန်းများမှာလည်း ကျပ်သန်း(၃၀)၀န်းကျင်ခန့် လျော့ကျဆင်းသွားခဲ့သည်ဟု အကျိုးဆောင်တို့က ဆိုသည်။
ကားစလစ်ဈေးများ ကျဆင်းသွားခဲ့သော်လည်း ကားအရောင်းအ၀ယ် အေးစက်နေဆဲဖြစ်ကာ ကားအကျိုးဆောင်အများစုမှာ နယ်ဝယ်လတ်များကို မျော်နေကြပြီး အောက်တိုဘာလသို့ေ၇ာက်ရှိမှ အရောင်းအ၀ယ် ပိုကောင်းမွန်လာမည် ယူဆထားကြသည်။
ဂျပန်ကားလေလံဆွဲမူမှာ အနည်းငယ်လျော့ကျသွားခဲ့ပြီး လက်ကျန်ကားများကိုသာ အရောင်းအ၀ယ် ပြုနေကြပြီး နောင်နှစ်နှစ်မှ သုံးနှစ်အထိ ရောင်းချနေရဖွယ်ရှိနေသည် ဟု ကားပွဲစားဦးမင်းဦးက ဆိုသည်။
ကားတွေထဲမှာတော့ အမြင့်ကားတွေထက် အနှိမ့်ကား လေးတွေ အရောင်အ၀ယ်ပိုဖြစ်တယ်။စလစ်မလိုတဲ့ကားတွေပေါ့။သူတို့လည်း ဈေးကျသွားပါတယ် ဟု ၎င်းက ဆိုသည်။
ကားဈေးကွက်အတွင်း AD van၊ပရိုဘောက်ခ်ျ၊Swizz စသည့် ကားများမှာ ကျပ်သိန်း(၈၀)မှ (၈၅)သိန်း တပါတ်လည် ပေါက်ဈေး အသီးသီး ရှိနေကြသည်ဟုလည်း ဈေးကွက်အတွင်းမှ စုံးစမ်းသိရှိရသည်။
Comments
Post a Comment